Skip to main content

နွေဦးဒိုင်ယာရီ (၂)

နွေဦးတော်လှန်ရေး စတာ တစ်လပြည့်သွားပြီ။ 



မနေ့က ရန်ကုန်ကို လူတွေ အာရုံစိုက်နေတော့ မြိတ်မှာ သတင်းထောက်အိမ်ကို ည ဘက်ကြီး လာဖမ်းတာ လူတွေ သိပ်မသိလိုက်ကြဘူး။ တခြားမြို့တွေလည်း အတူတူပဲ။ သတင်းထောက်က မြို့နယ်တိုင်းမှာ ရှိတာက ရှိတယ်။ ရန်ကုန် မန္တလေးလောက် အင်အားမများဘူး။ နယ်တွေက သတင်းထောက်တွေကို လိုက်ဆွဲတော့ ကြာလာရင် နယ်က သတင်းတွေ မမြင်ရတော့မှာ စိုးတယ်။  ကနေ့ မတ်လ ၁ ရက်နေ့မှာ မနေ့က စမ်းချောင်းကို မကျေပွဲနွဲပြီး အသည်းအသန်ကို နှိမ်နင်းနေတယ်။  ရန်ကုန်မှာတော့ war zone ကျနေတာပဲ။ စစ်ကားတွေ အများကြီး အင်းစိန် လှိုင်ထဲ ဝင်လာတာ။ တချို့နေရာတွေမှာ စစ်ကား ရဲကားမသုံးပဲ 4 Wheel double cab တွေနဲ့ နံပါတ်ပြားတွေ တိတ်နဲ့ ကပ်ပြီး ဝင် စီးကြတယ်။ လုံးဝ သူပုန်ဆန်ဆန် ကိုလုပ်နေတော့တာ။ 

CRPH က စစ်ကောင်စီ ကို အကြမ်းဖက်အုပ်စု လို့ စာထုတ်ပြီး ကြေညာလိုက်ပါတယ်။ လွတ်လပ်သော သတင်းသမားများ အဖွဲ့လည်း ဖွဲ့လိုက်ပြီး စစ်ကောင်စီကို ကန့်ကွက်တဲ့ စာထုတ်တာ တွေ့လိုက်ပါတယ်။ စာအတုတွေလည်း ထွက်လာတာတွေ့ရတယ်။ 

ရန်ကုန်မြို့ထဲမှာ ရော Toll Gate တွေ မှာရော ကားတွေကို ရှောင်တခင်စစ်ပြီး ဖုန်းတွေကိုပါ ဖွင့်ကြည့်တယ် ဖွင့်စစ်တယ်လို့ လူတော်တော်များများရဲ့ post တွေ အရ သိရတယ်။ 


မတ်လ ၂ ရက်နေ့ မှာ ရန်ကုန်မှာ မြင်တာနဲ့ဆော် တွေ့တာနဲ့ ဆော်ပဲ။ မနေ့ကလိုပဲ အရပ်ကားတွေနဲ့ ပဲ လာတော့တယ်။ စစ်တပ်မှာ ကားမရှိတော့လို့လားမသိ။ ရဲတွေ CDM လုပ်တာ ပိုတွေ့လာရတယ်။ CDM လုပ်တဲ့ ရဲတွေ ကို လိုက်ဖမ်းတာလည်း တွေ့ရတယ်။ အာဆီယံ အစည်းအဝေး လုပ်တယ်။ အဲ့မှာ မလေး၊ အင်ဒို၊ စလုံး၊ ဖိလစ်ပိုင် ကပဲ ဖမ်းထားတဲ့ သူတွေကို ပြန်လွှတ်ဖို့ တောင်းဆိုတာတွေ့တယ်။ ကျန်တဲ့နိုင်ငံတွေက နှာစေးနေကြတုန်း။ စလုံး က ထူးထူးခြားခြား အသံထွက်လာတာက သူ့စီးပွားရေးတွေကြောင့်လို့ပဲ မြင်တယ်။ စစ်တပ်ကို အစိုးရ အဖြစ် အသိအမှတ်မပြုဘူး လို့လည်း စလုံးက ပြောသွားတာ တွေ့ရပါတယ်။ 

ညဘက်ကြီးကျတော့ ည မထွက်ရ အမိန့်ကို အခွင့်ကောင်းယူပြီး လမ်းမှာ ချထားတဲ့ အဟန့်အတားတွေကို သူပုန်တွေက လိုက်ဖျက်တယ်။ မနက်ဖြန်ကျ ဘယ်လို ဖြစ်မယ် မသိသေးဘူး။ စောင့်ကြည့်ရမှာပဲ။ ကျွန်တော့် အနေနဲ့ကတော့ ဒီကောင်တွေကို နည်းနည်းချင်းဆီ ပြန်ချ သင့်နေပြီလို့ မြင်နေတယ်။ တာမွေမှာ ကောင်လေးတချို့ ကောက်တေးနဲ့ သူပုန်ကို ပစ်လိုက်တာကို ဒလံ ဆိုပြီး ဝိုင်းရိုက်ကြတာ မြင်လိုက်ရတော့ လီးတော်လှန်ရေးကြီး ဖြစ်နေတာပဲ ဆိုပြီး စိတ်ညစ်သွားတယ်။ 

အဖမ်းဆီးခံခားရတဲ့ သတင်းထောက်စာရင်း တက်လာလို့ ဒီမှာ ကူးတင်ထားလိုက်ပါဦးမယ်။

၁။ မကေဇွန်နွေး

(Myanmar NOW ရုပ်သံ သတင်းထောက်)

၂။ ကိုစိုးရာဇာထွန်း

(အလွတ်တန်း သတင်းထောက်)

၃။ ကိုဟိန်းပြည်ဇော်

(ဇီးကွက်သတင်းဌာန သတင်းထောက်)

၄။ ကိုရဲမျိုးခန့်

(Myanmar Press Agency ဓာတ်ပုံ သတင်းထောက်)

၅။ ကိုအောင်ကျော်

(DVB ရုပ်သံ သတင်းထောက်)

၆။ ကိုအောင်ရဲကို

(7Day News သတင်းထောက်)

၇။ ကိုသိန်းဇော်

(AP ရုပ်သံ သတင်းထောက်)

မတ် ၃ ရက်နေ့၊ တစ်နိုင်ငံလုံး ငိုကြတဲ့နေ့ပဲ။ မြင်းခြံ လို နယ်မှာတောင် သေနတ်နဲ့ ဆက်တိုက်ပစ်တော့တာ။ မြင်းခြံမှာ တပ်မ ၈၈ ကို သုံးသွားတာ။ အကြမ်းမဖက်ပဲ ဆန္ဒပြတဲ့ ပြည်သူတွေကို သေနတ်နဲ့ ဗလိုင်းကြီး ပစ်တယ် ဆိုတာ တော်တော် အခြေအနေဆိုးနေလို့ပဲ။ စစ်အစိုးရ က တကယ်ကို နိုင်ငံခြား အဖွဲ့အစည်းကို ဂရုမစိုက်တော့တာပဲ။ မကွေးမှာလည်း အတူတူပဲ။ ရန်ကုန်မှာ တာမွေ ကျောက်မြောင်းသပိတ်ကို ဖြိုခွဲပြီး လူ ၃၀၀ ကျော်ကို ဖမ်းသွားတယ်။ လူတွေကတော့ ပြန်ချတော့မယ့် အနေအထားဖြစ်နေပြီ။ ပြန်ချဖို့ ခွန်အားလည်း အလုံအလောက်ရနေပြီ။ ချဖို့ အမိန့်တခုကိုစောင့်နေတာလို့ မြင်တယ်။ ညဘက်ကြီး နာရေးကူညီမှု့အသင်းကို ဝင်စီးပြီး သောင်းကျန်းသွားသေးတယ်။ CRPH ဘက်က စစ်အစိုးရကို သူပုန်လို့ ပြောပြီးသွားပြီ။ CRPH က တရားဝင် ကိုယ်ပိုင်စစ်တပ် ဖွဲ့ဖို့တော့လိုနေပြီ။ 


မတ် ၄ ရက်နေ့။ စစ်တပ်ဘက်က ငြိမ်နေတယ်။ အပစ်အခတ် အဖမ်းအဆီး နည်းတယ်။ CRPH ဘက်က တလှမ်းချင်း လှမ်းနေတယ်။ မန္တလေးက ၁၉ နှစ် ကောင်မလေး အပစ်ခံလိုက်ရတဲ့ သတင်းက တော်တော် hot ဖြစ်နေတုန်းပဲ။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် က မြန်မာကိုဖုန်းဆက်တော့ စစ်ဦးစီးချုပ် စိုးဝင်း က ဖုန်းပြန်ပြောတယ်တဲ့။ ကိုယ်စားလှယ်က စစ်အာဏာသိိမ်းမှု့ကြောင့် ပိတ်ဆို့မှု့တွေ ကို ခံရမယ် ပြောတော့ ကို စိုးဝင်းက ပိတ်ဆို့မှု့တွေ ခံခဲ့ရပေမယ့် အသားကျနေပါပြီ၊ အရင်ကလည်း လုပ်ခဲ့တာပဲတဲ့။ ပြီးတော့ ပြောသေးတယ်။ ကျွန်တော်တို့ မိတ်ဆွေတစ်ချို့နဲ့လည်း အလုပ်လုပ် လို့ ရပါတယ်တဲ့။ မိတ်ဆွေတစ်ချို့ ဆိုတာ တရုတ်ကြီးနဲ့ ရုရှားက လွဲလို့ ဘယ်သူရှိဦးမလဲ။ ပြောတာတောင် မကြာသေးဘူး။ စစ်ကောင်စီက စီးပွားရေး အတွက် meeting လုပ်ဖို့ UMFCCI ကို ခေါ်တယ်။ ဟိုက ရုံးပိတ်ထားလို့ လူမရှိလို့ မတက်နိုင်ဘူး အကြောင်းပြန်တယ်။ European chamber of Commerce ကိုလည်း ဖိတ်တယ်။ ဟိုကလည်း ငြင်းလိုက်တယ်။ နက်ဖြန် UN တံခါးပိတ်အစည်းအဝေးမှာ R2P ဝင်ဖို့ ဒေါက်တာဆာဆာ က တောင်းဆိုထားတဲ့ စာကို သူ့ page ကနေ တင်လိုက်တယ်။ ကနေ့ ထူးခြားဖြစ်စဉ်ကတော့ Mratt Kyaw Thu ရဲ့ Facebook ကနေ တပ်မတော်ကနေ CDM လုပ်လာတဲ့ ဗိုလ်ကြီး ညီသုတ နဲ့ အင်တာဗျုးတာကို Live လွင့်ပါတယ်။ တော်တော်လေးကို အားရှိပါတယ်။ အဆင်သင့်ဖြစ်နေတဲ့ အလင်းဝင်ချင်နေတဲ့ စစ်တပ်က လူတွေကို လမ်းဖွင့်ပေးလိုက်တယ် လို့ မြင်ပါတယ်။ 


စစ်သားတွေက ထမီကို ကြောက်တယ် ဆိုပြီး ကာကွယ်ရေးစည်းတွေမှာ ထမီတွေပါ ထုတ်လှန်းကြတယ်။ လူတွေက ဘာရယ်မဟုတ်ဘူး လုပ်လိုက်ကြတာပဲ။ ဟိုကောင်တွေ က တကယ်ကိုပဲ ထမီတန်းအောက် ဝင်ကို မဝင်ရဲတာဗျ။ အကုန် လိုက်ရုတ်တာ။ လုံးဝ ကို ထမီတန်းအောက်ကို မဝင်တာ။ 


မတ် ၅ ရက်။ မနက်စောစောမှာ Mizzima က နေပြည်တော်ရဲ့ satellite photos ဆိုပြီး စစ်ကားတွေ တန်းစီထားတဲ့ ပုံတင်တယ်။ နေပြည်တော် ကို Google map ကနေကြည့်တော့ လမ်းမကြီးက traffic ဖြစ်နေတယ်။ အမြန်လမ်းမှာ ကားတွေ ပိတ်နေတယ်လို့လည်း ပြောကြတယ်။ ဘဏ်တွေ ၈ ရက်နေ့ကျရင် မဖြစ်မနေ ဖွင့်ရမယ် ဆိုတဲ့ စာ ထွက်လာတယ်။ CRPH ကထုတ်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကတော့ အားရတယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး တွေက တကယ့်ကို ပြည်သူ့ အသံနဲ့ တစ်ထပ်တည်းပဲ။ ဘဏ် တွေ internal transfer တွေ လုပ်နေတာကို စောင့်ကြည့်တဲ့ လူတွေက မြင်နေရတယ် လို့ facebook မှာ မြင်ရပြန်တယ်။ ဒေါက်တာ ဆာဆာ နဲ့ KNU နဲ့ Zoom meeting လုပ်တယ်။ မနေ့က R2P ခေါ်ဖို့ အဆိုပြုတဲ့ စာပဲ တင်ရသေးတယ်။ ကနေ့ နေပြည်တော်မှာ ပြေးတဲ့သူတွေ ဘာတွေ ရှိနေပြီလို့ ပုံတွေအရ ပြောကြတယ်။ 


မတ် ၆ ရက်။ တော်လှန်ရေးက လီးတွေကို ဖြစ်နေတာပဲ။ ဘာမှကို မစရသေးဘူး။ အကုန် တဖွဲ့စီ ကွဲကုန်တာပဲ။ ဒီအချိန်မှာ ဘုံ ရန်သူကိုပဲ တွန်းလှန်ကြရမှာ မဟုတ်လား။ ကနေ့လည်း အပစ်အခတ် အဖမ်းအဆီးနည်းတယ်။ စစ်ခွေးတွေ ဘာတွေ ကြံနေလဲ မသိဘူး။ ဒီကောင်တွေ ငြိမ်နေရင် ကြောက်ရတယ်။ RCSS က ဒေါက်တာဆာဆာနဲ့ တွေ့ခွင့်တောင်းတယ်။ ညဘက်ကြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ စစ်တပ်က တပ်စွဲဖို့ ကြိုးစားကြတယ်။ ဒါလည်း စစ်တပ်ဘက်က ခြေလှမ်း မှားတယ်လို့ မြင်တယ်။ ပန်းပဲတန်းက NLD က ဦးခင်မောင်လတ် ကို ညဘက်ကြီးဖမ်းသွားတယ် လို့ သတင်းတက်လာတယ်။ 

(တစ်ရက်တစ်ရက် တက်လာတဲ့ သတင်းတွေက အများကြီး၊ ဘယ်ဟာ အမှန်လဲ လိုက်ရှာရတာနဲ့ တင် အချိန်က ကုန်နေတော့ ရှေ့ကို မရောက်တော့ဘူး) 

 မတ် ၇ ရက်နေ့။ ဆေးကျောင်းသား တစ်ယောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားတာ တွေ့လိုက်ရတယ်။ ဖက်ဒရယ် ဥပဒေမူကြမ်းထွက်လာတယ်။ ရဲ တွေ အတွက် CDM လုပ်လို့ရအောင် CRPH က ဥပဒေ အသစ်ထုတ်လိုက်တယ်။ စစ်တပ်ဘက်မှာ တော်တော်တင်းကျပ်လာတယ်။ မေမြို့က murder go to hell လို့ ပိုစ့်တင်တဲ့ ဗိုလ်မှုးတစ်ယောက် ကတော့ အဖမ်းခံလိုက်ရတယ် လို့ သတင်းရတယ်။ မနေ့ညက ဖမ်းသွားတဲ့ဦးခင်မောင်လတ် က ဆုံးသွားတယ်။ ဖမ်းပြီး ဘယ်လောက်တောင် နှိပ်စက်လိုက်လဲ ဆိုတာ အဲ့တာပဲ။  ညဘက်ကတော့ ရန်ကုန်တစ်မြို့လုံး ဆူညံနေအောင်ကို ပစ်ခတ်နေတော့တာပဲ။ တစ်ဖက်မှာလည်း လိုက်ဖမ်းနေတာတွေ့ရတယ်။ သေနတ်သံဆူညံနေတော့ လာဖမ်းလို့ သံပုန်းတီးတော့လည်း လာ ဝန်းရံမယ့်သူတွေ မရှိ ဖြစ်သွားတာပေါ့။ ဝန်ထမ်းတွေကို Covid ကာလတုန်းက ၂ လစာ ချေးငွေထုတ်ထားတာကို ပြန်ဆပ်စရာ မလိုတော့ဘူးဆိုပြီး CRPH က စာထုတ်လိုက်တယ်။ ဒါက CDM မလုပ်သေးတဲ့ ဝန်ထမ်းတွေကို ပါလာအောင် ဆွဲဆောင်လိုက်တာလို့ မြင်တယ်။ CDM လုပ်လက်စ ဝန်ထမ်းတွေကိုလည်း အားပေးတဲ့ သဘောပေါ့။ 


မတ် ၈ ရက်နေ့။ နေ့လည်မှာ မြစ်ကြီးနားမှာ ပစ်ကြခတ်ကြနဲ့ ၂ ယောက်သေတယ်။ စစ်သားတွေက မီးသတ်ကားတွေနဲ့ ချက်ချင်း လမ်းမပေါ်က သွေးတွေကို ဆေးပစ်ကြတယ်။ 

KNU က ထားဝယ်မှာ သပိတ်စစ်ကြောင်းနဲ့ပါလာတာကို တွေ့လိုက်ရတယ်။ တခုခု တော့ တခုခုပဲ။ မြန်မာနိုင်ငံထဲ ကို နိုင်ငံခြားက စစ်ရေး အရ ဝင်လာဖို့ ရှိလို့ ရေလမ်းကြောင်း ကို လာဖွင့်တာလားလို့ တွေးမိတယ်။ TNLA ကလည်း စစ်တပ်ဘက်ကို ယိမ်းသလိုလို ရှိနေရာကနေ  ကွက်ခိုင်မြို့ပေါ်ကို ဆန္ဒပြသူတွေဘက်က ရပ်တည်ဖို့ ဆိုပြီး ရောက်လာတယ်။ သပိတ်စစ်ကြောင်းတွေကို လိုက်စောင့်ပေးတယ်။ နာရေးကူညီမှု့ အသင်း အသိမ်းခံလိုက်ရတယ်။ သတင်းဌာနတွေအကုန် လိုင်စင် သိမ်းတယ်လို့  MRTV က ကြေညာသွားတယ်။ မြစ်ကြီးနားဘက်က rare-earth ကြောင့် လို့ ထင်တယ်။ တရုတ်ရဲ့ rare-earth က မြန်မာနိုင်ငံကနေပြီး အများဆုံးရတယ်။ Feb 20 ရက်နေ့တုန်းက ပူတာအိုကို ကား ၇စီး နဲ့ လားတွေတင်ပြီး တက်သွားတယ်ဆိုတာကိုလည်း မျက်မြင်တွေ့ခဲ့တဲ့ ကျွန်တော့်ညီ တစ်ယောက်က ပြောတာ ပြန်သတိရသွားတယ်။ မြန်မာပြည်က rare-earth တွေကို သံရှာတယ် ရွှေရှာတယ်ဆိုပြီး ခိုးထုတ်ကြ၊ တာဝန်ရှိသူတွေက အရိုးအရင်းလေးတွေကိုက်ရတော့ မသိချင်ယောင်ဆောင်နေကြနဲ့။

Facebook ပေါ်မှာလည်း မလိုအပ်တဲ့  #hashtag တွေနဲ့ post တွေ ဖောင်းပွနေတယ်။ အကုန်လုံး ပြန်ကူးတင်နေတာနဲ့ပဲ အချိန်တွေကုန်နေကြတယ်။ သတင်းအမှားတွေကို ပြန်ကူးတင်နေကြတာလည်း အများကြီး ရှိနေသေးတယ်။ Fact check လည်း မလုပ်ကြတော့ဘူး။ အစကတည်းက မလုပ်ကြတဲ့ သူတွေ ဆိုပိုဆိုးသေး။ ညနေရောက်တော့ စမ်းချောင်းမှာ ဆန္ဒပြတဲ့ လူတွေ လိုက်ဖမ်းတာကို အိမ်တွေထဲ ပိတ်မိနေကြတယ်။ သွားကူကြ ကယ်ကြမယ့်သူတွေက နည်းတယ်။ သတင်းအမှား  post တင်တဲ့ သူတွေကပဲ များနေတယ်။ စမ်းချောင်း ညဘက် မှာ လမ်းတွေထဲ စစ်သားတွေက ဆဲဆိုပြီး သေနတ်နဲ့ လိုက်ပစ်နေတာ တော်တော် ရုပ်ပေါက်တယ်။ 

ကနေ့ည စမ်းချောင်းဖြစ်တာကို ကြည့်ရရင် လူတွေ facebook သုံးတာကို ရပ်သင့်ပြီ လို့ မြင်တယ်။ Facebook ဟာ social media platform ပါ။ Telegram ကမှ communiation platform ပါ။  Android, iOS ဖုန်းတွေအပြင် Window, MacOS, Linux တွေ အတွက် desktop version ပါ ရှိပါတယ်။ Smart watch တွေအတွက်လည်း ရှိမယ်ထင်ပါတယ်။ ကျွန်တော့် wearOS က ပျက်နေလို့ မစမ်းနိုင်ဘူး ဖြစ်နေလို့ ရှိတဲ့ သူတွေ စမ်းပေးကြပါဦး။  Telegram Group ထဲကို လည်း ကိုယ် စိတ်ချရတဲ့သူ အချင်းချင်း သွင်းပေးထားတာမျိုး လုပ်ကြရမှာပါ။ Telegram က  channel တွေက သတင်းက ပိုပြီး စိတ်ချရတယ် ဆိုတဲ့ အနေအထားမှာ ရှိတယ်။  တစ်ချို့ channel တွေဆို လူသိများနေပါပြီ။ ဥပမာ ကို Mraat ပေါ့။ ပြီးရင် Scout for your Route YGN လို channel မှာ ဆိုရင် voting ပါ ထည့်ပေးထားတော့ သတင်း အမှန် အမှား ဆိုတာကို တန်းပြီး သိနိုင်ပါတယ်။ ပြည်သူ့ အစိုးရ CRPH လည်း Telegram မှာ ရှိနေပါပြီ။ အချင်းချင်း chat ထားတာတွေ ဆိုလည်း ဒီဘက် တစ်ယောက်က ဖျက်လိုက်တာနဲ့ ဟိုဘက်တစ်ယောက်မှာလည်း ပျက်ပါတယ်။ ဆိုလိုတာက ကိုယ့်သူငယ်ချင်း အဖမ်းခံရပြီ ဆိုတာနဲ့ သူနဲ့ ကိုယ်နဲ့ ပြောထားတဲ့ chat history ကို ကိုယ့်ဘက်ကနေ ဖျက်လိုက်တာနဲ့ သူ့ဖုန်းထဲမှာပါ ပျက်သွားတာပါ။ Video file တွေ ဆိုလည်း full resolution နဲ့ ပို့လို့ ရပါတယ်။ အတွင်းသတင်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ စစ်တပ် စစ်သူပုန်တွေဘက်က သတင်းက ဘယ်တော့မှ အပြင်မထွက်ပါဘူး။ သူတို့က အမိန့်စာ၊ ဖုန်း၊ walkie talkie နဲ့ပဲ ဆက်သွယ်ကြတာပါ။ Facebook နဲ့ messenger ကို ဘယ်တုန်းကမှ မသုံးပါဘူး။ Telegram သုံး ဆိုလို့ Telegram က chat တွေ ss ရိုက်ပြီးတော့လည်း facebook ပေါ် တင်နေကြတဲ့ သူတွေလည်း အများကြီး။ 


မတ် ၉ ရက်နေ့။ သတင်းတွေက တော်တော်စုံတယ်။ မနက်စောစော မှာ တင် CRPH က စစ်တပ်ကို နိုင်ငံတော်ပုန်ကန်မှု့နဲ့ တရားစွဲတယ် ဆိုတာ တွေ့လိုက်ရတော့ " ဟမ်!!! ဘာအကွက်ကြီးလဲ " လို့ကို ထ အော်လိုက်မိတယ်။ နောက်မှ  တရားဥပဒေ စိုးမိုးရေးကို မီးမောင်းထိုးပြချင်တာလည်း ဖြစ်နိုင်သလို နိုင်ငံတွင်းမှာ တရားစွဲမရတော့မှ နိုင်ငံတကာ တရားခုံရုံးမှာ တရားစွဲမယ် လို့ တွေးမိလိုက်တယ်။ ပြီးတော့ မန်းဝင်းသက်ခိုင် ကို ဒုသမ္မတ ခန့်အပ်လိုက်ကြောင်းနဲ့ သမ္မတ အာဏာ ကိုပါထမ်းဆောင်ရန် တာဝန် အပ်နှင်းလိုက်သည် ဆိုပြီး CRPH က စာထုတ်တယ်။ RCSS နဲ့ CRPH meeting လုပ်တယ်။ တခြား နိုင်ငံတကာ အစိုးရတွေနဲ့လည်း CRPH က ဆက်သွယ်တယ်လို့ ဟောင်ကောင်က ဆရာ တစ်ယောက် ပြောတာ တွေ့ရတယ်။  CRPH အနေနဲ့ သူ့ခြေလှမ်း မှန်အောင် တစ်လှမ်းချင်း လှမ်းနေတယ်လို့ မြင်တယ်။ ရွှေပြည်သာက NLD ပညာရေးကွန်ရက် က ဖ္ငင့်ထားတဲ့ သက်မွေးဝမ်းကျောင်း ကို သူပုန်တွေ ဝင်စီးပြီး ကား၊ ဆိုင်ကယ်၊ ကွန်ပျူတာတွေ၊ ဖုန်းတွေ အကုန် ယူသွားတယ်။ ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်း ကို ဖမ်းခေါ်သွားပြီး ညနေကျ အလောင်းပဲ ပြန်ရတယ်။ သူပုန်တွေ ဖမ်းသွားရင် အလောင်းပဲ ပြန်ရတာက ၂ ခါရှိပြီ။ 

သူတို့ ဖမ်းခေါ်သွားပြီး သတ်ပြီး သေလို့ အလောင်းလာယူပါ ဖုန်းဆက်တာကို သူတို့ သတင်းစာက ဘယ်လိုရေးသလဲ ကြည့်လိုက်။


 KNU ကလည်း စစ်မျက်နှာအသစ်ဖွင့်လိုက်တယ်။ ညဘက်ထိ ကျိုက်ထိုနဲ့ ကျိုက်ထီးရိုးနားမှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့ ရဲ့ သတ်ဖြတ်မှု့တွေ မရပ်မချင်း  မြန်မာနိုင်ငံကို အာဆီယံက ထုတ်ပယ်ဖို့ မလေးရှား အမတ်က စာတင်လိုက်တယ်။ မနေ့က စာနယ်ဇင်း လိုင်စင်သိမ်းလိုက်တဲ့ သတင်းတိုက်တွေကို ရဲအင်အားသုံးပြီး ဝင်စီးတယ်။ ကမာရွတ်မီဒီယာက တော့ တိုက်ခန်းမှာ နေတဲ့ ၂ ယောက် ဖမ်းခံရတယ် ပြောတယ်။ အကုန်ဖျက်ဆီးသွားပြီး CCTV တွေပါ ဖျက်ဆီးခဲ့တယ်။ ကျန်တဲ့ သတင်းတိုက်တွေကတော့ လွတ်တယ် ပြောတယ်။ အထူးခြားဆုံးက နိုင်ငံခြားရေးဝန်ကြီးဌာန ဝဏ္ဏမောင်လွင် ကနေ အမေရိက ကို ပို့တဲ့ email ပေါက်ကြားလာတာပဲ။ တနေ့က တရုတ်ရေနံ နဲ့ gas pipeline ဆွေးနွေးပွဲ သတင်းပေါက်ကြားတာနဲ့ အတူ နိုင်ငံခြားရေးက ညွှန်ကြားရေးမှုးချုပ် ဦးချမ်းအေး အဖမ်းခံလိုက်ရတယ် လို့ ကြားရပြန်တယ်။ လူကယ်ပြန် က NGO တွေနဲ့ တွေ့ဆုံပြီး meeting လုပ်တယ် ဆိုတဲ့ သတင်းတက်လာပြီး နောက်ပိုင်းမှာ NGO အဖွဲ့တွေ ကိုယ်တိုင် မတက်ပါဘူးဆိုပြီး facebook က သူတို့ page တွေမှာ သတင်းထုတ်ပြန်ချက် ထုတ်တယ်။ မြိတ်၊ ထားဝယ် နဲ့ မြင်းခြံ မှာ သူပုန်တွေ လိုက်ပစ်နေတယ်။ သေနတ်ကို အလကားသက်သက် ထောင်ဖောက်ပြီးတော့ကို မြို့က လူတွေကို ကြောက်စိတ်ဝင်အောင် လုပ်နေတာ။ အရပ်ဘက်အုပ်ချုပ်ရေး အသက်ဝင်သွားတဲ့ မြို့နယ်တွေကို ဦးစားပေး လုပ်နေတယ် လို့ ထင်တယ်။ NLD ကလည်း ၄ ယောက် အဖမ်းခံရတယ်။ လူ နာမည်တွေတော့မသိသေး။ 

မတ် ၁၀ ရက်နေ့။ မလွှကုန်းမီးရထားဝင်းကို သူပုန်တွေ ဝင်စီးတယ်။ CDM လုပ်တဲ့ သူတွေကို ဝန်ထမ်းအိမ်ရာက နှင်ချတယ်။ မီးရထားဝန်ထမ်းတွေ လစာက တစ်သိန်းကျော်လေးပဲ ရှိတယ်။ ဒီလို နှင်ချတော့ ဘယ်ကို သွားနေကြရပါ့မလဲ။ ဒါပေမယ့်လည်း ဝန်ထမ်းတွေ အိမ်ရာကနေ အထုတ်လေးဆွဲပြီး ထွက်လာကြတာပဲ။ 







ညနေဘက်ကတော့ စမ်းချောင်းဗျ။ စမ်းချောင်းမှာ သေနတ် ခိုးခံရပါတယ်ဆိုပြီး အိမ်တွေထဲ လိုက်ရှာကြတယ်။ ကြမ်းကြမ်းတမ်းတမ်း ပစ်ကြတယ်။ နောက် တော်တော်ကြာတော့မှ သေနတ်ပြန်တွေ့ပါပြီ ဆိုပြီး ပြန်သွားကြတာ။ လူတွေက စိတ်မရှည်တော့ဘူး။ ရရာလက်နက်ကိုင်စွဲပြီး ပြန်တိုက်ချင်နေကြပြီ။ ကျွန်တော်ကိုယ်တိုင်လည်း တိုက်သင့်တဲ့ အချိန်လို့ ယူဆ တယ်။ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ ပြန်ချရင် သူတို့ အကွက်ထဲ ဝင်သွားမယ် ဆိုတာကြီး နဲ့ လူကြီးတော်တော်များများက ငြင်းဆန်နေကြတယ်။ 

မတ် ၁၁ ရက်နေ့။ ကနေ့ အလှည့်ကျတာကတော့ မြိုင် နဲ့ ထားဝယ်ပါ။ ပစ်ခတ်ခံရတဲ့ လူနာသွားခေါ်တဲ့ လူနာတင်ယာဉ်ကိုပါ ဆွဲတယ် လို့ ဆိုတယ်။ သေဆုံးသူက အရံမီးသတ်က ဦးဝင်းနိုင် လို့ ဆိုပါတယ်။ မနက်စောပိုင်းက သူပုန်တပ်က AA ကို အကြမ်းဖက်အဖွဲ့အစည်း စာရင်းကနေ ထုတ်လိုက်တယ်လို့ ကြေညာပါတယ်။ AA ဘက်ကတော့ ဘယ်လိုမှ အကြောင်းပြန်တာကို မတွေ့ရသေးဘူး။ ကနေ့ သေဆုံးသူ စုစုပေါင်း ၁၀ ဦးထက်မနည်း ရှိပါတယ်။ Up to date သေဆုံးစာရင်း ကို အသုံးဝင်သော Link များ ပို့စ် မှာ ကြည့်နိုင်ပါတယ်။ 


မတ် ၁၂ ရက်နေ့။ မနေ့ညက ရထားတဲ့ သတင်းတွေ အရ ဒီနေ့ပြန်ချမယ် ဆိုတာ သိနေတယ်။ ပြန်ချတယ်။ နည်းတော့နည်းသေးတယ်။ အားမရဘူးဆိုပေမယ့် ဒီဟာလေးကနေစရမယ် ဆိုတာ သိနေတယ်။ Molotov တွေနဲ့ပြန်ပစ် တာ မီးသတ်ဆေးဘူးတွေသုံးပြီး ပြန်ချတာ ကို FPV (First person view) နဲ့ တောင် ကိုယ့်ကောင်တွေက ရိုက်ထားလိုက်သေးတယ်။ CRPH က ဒီရက်တွေ ဘာလုပ်နေတယ် မသိဘူး။ နည်းနည်း ငြိမ်နေတယ်။ တောင်သူလယ်သမားတွေကို ချေးငွေ ထုတ်ပေးထားတာ ပြန်ဆပ်ရမယ့်အချိန် ကို တစ်နှစ်နောက်ဆုတ်ပေးလိုက်တယ် ဆိုပြီးစာထုတ်တယ်။ KBZ bank ကတော့ ဝန်ထမ်းတွေကို စာထုတ်ပြီး အလုပ်ပြန်ဆင်းဖို့ပြောနေတယ်။ ဧရာဝတီသတင်းဌာနကို ၅၀၅(က) နဲ့ တရားစွဲတယ်။ ညဘက်ကြီး မိုးကုတ်မှာ မီးလောင်တယ်။ ရှို့မီး လို့ပြောကြတယ်။ ညနက်တော့ မီးနိုင်သွားတယ်။ 


မတ် ၁၃ ရက်နေ့။ မနက်မိုးလင်းတာနဲ့ သေဆုံးသတင်း ကြားရတာပဲ။ မန္တလေး စိန်ပန်း မှာ အပစ်ခံရတာ ၅ ဦးထက်မနည်းလို့ ကြားတယ်။ ပြည် သပိတ်မှာ ရေကြောင်းတက္ကသိုလ် က ပထမနှစ်ကျောင်းသား ထက်မြတ်အောင် အပစ်ခံရပြီး သေသွားတယ်။ နယ်စပ်တွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာတွေ့တယ်။ ပအိုဝ့်ရွာတွေဘက်မှာလည်း ထိုးပေးနေတယ် လို့ပြောတယ်။ ရွာသူရွာသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီး သူတို့ဘက်ပါအောင် မဲဆွယ်နေတာပဲ။ ခုထိ ပြန်ချမယ် မချဘူး အဖွဲ့က ကွဲနေတုန်းပဲ။ ကျွန်တော့်အမြင်ပြောရရင် လူသိများ ထင်ပေါ်တဲ့ သူတွေထဲက တစ်ယောက်ယောက်က ဦးဆောင်မှု့ပေးတာကိုပဲ လူထုက စောင့်နေကြတုန်းပဲ။ မသိစိတ်ကရော သိစိတ်ကရော အဲ့တာကို စောင့်နေကြတယ်။ လူငယ်တွေကတော့ မစောင့်တော့ပဲ ချမယ် ဆိုတာ ယုံတယ်။ 


မတ် ၁၄ ရက်နေ့ ကတော့ အလှည့်အပြောင်းတွေ ဖြစ်လာတယ်။ မနေ့က ထုတ်လိုက်တဲ့ CRPH က ခုခံကာကွယ်ခွင့် ဥပဒေကြောင့် ရော အစကတည်းက ပြန်ချချင်နေတာတွေကြောင့်ရော ကနေ့ အကုန် ပြန်ချကြတယ်။ ရန်ကုန်မှာ စစ်မျက်နှာ စဖွင့်လိုက်တယ်။ အစမို့ လက် သိပ်မရဲ သေးတာ တွေ့ရတယ်။ ကြာလာရင် လက်ယဉ်သွားမှာ ဆိုတာ သိနေတယ်။ ဒီကြားထဲ ဟိုလူ့ကို ဒလံထင် ဒီလူ့ကို ဒလံ ထင်နဲ့ ဆိုက်ဝါးတွေကလည်း ကြောက်ဖို့ကောင်းလာတယ်။  အဆိုးဆုံး ဖြစ်သွားတာက လှိုင်သာယာ နဲ့ ရွှေပြည်သာ ပဲ။ ရွှေပြည်သာမှာ တရုတ်ပိုင် အထည်ချုပ်စက်ရုံတွေက မီးလောင်ကုန်တယ်။ တရုတ်သံရုံးက အကြမ်းဖက်တာ ကို ဆန့်ကျင်ကြောင်းစာထုတ်လာတယ်။ ပြည်သူတွေက တော်တော် သင်လွယ် တတ်လွယ်ကြတယ်။ ပဲခူးမှာ လည်း ပြန်ချ ကုန်ကြတယ်လို့ ပဲခူးက သူငယ်ချင်းက ပြောတယ်။ သူပုန်တွေက ဒီတိုင်း လက်နက်မပါပဲ ပြန်ချတာကိုတောင် ကြောက်နေကြတယ် လို့ ပြောတယ်။ လှိုင်သာယာကတော့ အကြမ်းဆုံးပဲ။ လူတိုင်း ယောကျာ်း မိန်းမ မရွေး လက်ထဲမှာ ဓါးတွေနဲ့။ ရပ်ကွက် အပြင်ထွက်လို့ ဖုန်းကိုင်ပြီးထွက်ရင်တောင် ဝိုင်းပြီး ဘု ရှိုး ရှိုးကြတယ်။ သူသေ ကိုယ်သေ ပြန်ချ ကြပြီ။ လှိုင်သာယာ က ပြန်ချ နိုင်ပေမယ့် ကျန်တဲ့ မြို့နယ်တွေ က အဲ့လောက် မကြမ်း နိုင်ကြတာ စိတ်ထဲ တော့ အားမရဘူး။ ရွှေပြည်သာ မှာတော့ လှိုင်သာယာလောက် မကြမ်းနိုင်ကြဘူး။ ဒီ စစ်ပွဲပြီး ရင် လှိုင်သာယာက လူတွေ အတွက် တစ်ခုခု ပြန်လုပ်ပေးဖို့ သင့်တယ်။ ညဘက် အင်တာနက် ပိတ်ခါနီးမှာ နက်ဖြန် အင်တာနက် အကုန်ဖြတ်မယ် ဆိုပြီး သတင်းတက်လာတယ်။ စစ်ခွေးတွေက ယုတ်မာဖို့ကို မွေးလာကြတာပဲ။ 


မတ် ၁၅ ရက်နေ့။ ရန်ကုန်ဟာ မြို့ပျက်ကြီး တစ်ခုလိုပဲ။ စစ်တလင်း ကို မြင်တွေ့လိုက်ရတာ။ ကျွန်တော်ဆို ရန်ကုန် ကို သံယောဇဉ် ရှိတယ်။ ရန်ကုန်က လူတွေကို သံယောဇဉ်ရှိလို့ ကိုဗစ်တုန်းက မပြန်တာ။ ရန်ကုန်ကြီး ဘာဖြစ်နေနေ ထိုင်ကြည့်ချင်တယ်။ ရန်ကုန် နဲ့ အတူ အသက်ရှင် ရတာ ပိုကြိုက်တယ်။ ရန်ကုန်ကို စရောက်တုန်းက အသက်ရှူရတာ မဝဘူး။ နောက်ကျတော့လည်း နည်းနည်းပဲ ရှူရတာ အသားကျသွားတယ်။ ဒီ  တခါက အထိနာကြမှာပဲ။ အနာက အမြစ်တွယ်နေတာ ဘယ်လောက်ကြာနေပြီလေ။ အမြစ်ပြတ်ဖို့ဆို ဆေးခါးကြီး တိုက်ရတော့ စပ်တာ နာတာ က ရှိနေမှာပဲ။ ကနေ့ က အသေအပျောက် စာရင်းက ရေလို့ တောင် မရတော့ဘူး။ စစ်သားတွေ က လမ်းပေါ် သူ့ဟာသူနေတဲ့ သူကိုတောင် ပစ်သတ်တော့တာ။ မြင်းခြံ က တော့ ကနေ့ ၆ ယောက်နဲ့ စာရင်းပိတ်သွားတယ်။ ဖမ်းခေါ်သွားတဲ့ သူတွေကို အလောင်းပဲ ပြန်ပို့တာ မြင်းခြံမှာ ဖြစ်ခဲ့တယ်။ CRPH က လည်း ဒီရက်ပိုင်း ငြိမ်နေတယ်။ Federal Army အတွက် လုပ်နေတယ်လို့ ထင်တယ်။  

မတ် ၁၆ ရက်နေ့။ မနေ့က လှိုင်သာယာ မှာ တအားပစ်တော့ အဲ့က လူတွေ နယ်တွေကို ပြန်ကုန်ကြတယ်။ ကားတွေ ဆိုင်ကယ်တွေ နဲ့ ပြန်ကြတာ လူဦးရေ ၁ သိန်းကျော်တယ် ပြောတယ်။ စုစုပေါင်း သေဆုံးလူဦးရေ ၁၀၀ ကျော်သွားပြီ။ လှိုင်သာယာ ကို support ပေးဖို့တောင် တော်တော် ခက်သွားတယ်။ သေဆုံးစာရင်းလည်း အတိအကျလိုက်လို့ မရတော့ဘူး။တစ်နိုင်ငံလုံး မိုဘိုင်းဖုန်း အင်တာနက်တွေ ဖျက်ထားတယ်။ FTTH တွေပဲ သုံးလို့ ရနေတယ်။ ဒါတောင် banking နဲ့ တစ်ခြားဟာတွေ အတွက် လို လို့ ဖွင့်ပေးထားတာနေမယ်။ Mobile internet တွေ ဖြတ်လိုက်တဲ့ အတွက် POS စက်တွေ ATM တစ်ချို့ အလုပ် မလုပ်တော့ဘူး။  Hot ဖြစ်သွားတဲ့ သတင်းက KBZ ဘဏ် ပြန်ဖွင့်တယ်။ ငွေလာထုတ်တဲ့ သူတွေနဲ့ ပြဿနာတက်ပြီး ရဲကို ဖုန်းဆက်တော့ ငွေလာထုတ်တဲ့သူ ၅ ယောက်ကို ရဲ က ဖမ်းသွားတယ်။ 


မတ် ၁၇ ရက်နေ့။ CRPH က ကြေညာချက်တွေ ဆက်တိုက်ထုတ်တယ်။ မီတာခ ကင်းလွတ်ခွင့်ပေးတာတို့ အဲ့လိုတွေပေါ့။ ရန်ကုန်က လူတွေ တော်တော်များများ နယ် တွေ ပြန်ကုန်ကြတယ်။ ကိုယ့်် ဘော်ဒါတွေ လည်း ပါတယ်။ မန္တလေး မြတောင်ကျောင်းတိုက်ကို စစ်သူပုန်တွေ ဝင်ပြီး အော်ကြဟစ်ကြ ဖြစ်တယ် ကြားတယ်။ ရွှေဝါရောင် သံဃနာယက လည်း စာထုတ်လိုက်တယ် ပြောတယ်။ သံဃာတွေနဲ့ သာသနာရေးက လူကြီးတွေနဲ့လည်း စကား အခြေအတင်ပြောတယ် ကြားတယ်။ တစ်ချို့ ဘုန်းကြီးတွေကို အကျယ်ချုပ်တောင် ချ ထားတယ် လို့ ကြားတယ်။ 


မတ် ၁၈ ရက်နေ့။ ပစ်တာခတ်တာနည်းနေတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ နယ်မြေချင်းထိနေတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့တော့ သတင်းတွေ တက်တယ်။ comfirm ဖြစ် မဖြစ်တော့ မသိရပေမယ့် ဖြစ်နိုင်ဖို့ များတယ်။ ညဘက်ကြီး NLD ပြန်ကြားရေးက ဦးကြည်တိုး အဖမ်းခံရတယ် ဆိုပြီး သတင်းတက်လာတယ်။ စိတ်မကောင်းဘူး ဆိုတာထက်ပိုတယ်။ လှိုင်သာယာကို စစ်အုပ်ချုပ်ရေး ကြေညာပြီးကတည်းက သေဆုံးစာရင်းက အတည်ပြုလို့ မရတော့ဘူး။ ဒီကြားထဲ အလောင်းတွေပါ ဟိုစစ်ခွေးသူပုန်တွေက ဆွဲသွားတာ ဆိုတော့ စာရင်းပြုစုဖို့တော်တော်ခက်တယ်။ Indian Ocean မြန်မာ့ရေပိုင်နက်နားမှာ စစ်သင်္ဘော ၃ စီး ရောက်နေတယ်။ India က ၂ စီး၊ ကျန်တဲ့ တစီးကတော့ မသိဘူး။ Lion Slayer ပြောတာကို ပြန်ပြောရရင် လာတာကတော့ တရုတ်ကို counter check အတွက်ပဲ။ သူဝင် ကိုယ်ဝင်ပဲ။ ဘယ်သူဝင်ဝင် တတိယကမ္ဘာစစ် ဖြစ်သွားမှာပဲ။ ကယ်တင်ရှင် မရှိ။ ကိုယ့်အားကိုယ်ကိုးပဲ။ အာဆီယံ ကာကွယ်ရေးချုပ် အစည်းအဝေး ကနေ့ လုပ်တယ်။ မအလ လည်း တက်တယ်။ အာဆီယံ က အချင်းချင်း ပတ်ပြီး ထောက်ခံနေကြတာ လို့ သဘောရတယ်။ 

မတ် ၁၉ ရက်နေ့။ အောင်ပန်းနဲ့ လွိုင်ကော် မှာ တော်တော် အခြေအနေဆိုးတယ် လို့ ကြားရတယ်။ မိုးကုတ်မှာလည်း ၂ ယောက် ကျဆုံးလို့ သတင်းရတယ်။ အခုချိန်ထိ တိုက်စစ်ဆင်ဖို့ နေနေသာသာ ပြန်ခုခံဖို့တောင် မလုပ်နိုင်ကြဘူးဖြစ်နေတယ်။ CRPH က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အကုန်လုံးကို ပယ်ဖျက်ကြောင်း စာထုတ်တယ်။ အဲ ဟိုရက်က စစ်သူပုန်တွေက AA ကို မတရား အသင်းမှ ပယ်ဖျက်ကြောင်းစာထုတ် ထားတာရှိသေးတယ်နော်။ အဲ့တာက AA တခုအတွက်ပဲ ထုတ်တာ။ ထုတ်သာ ထုတ်တာ ရခိုင်က တပ်တွေက ဒီတိုင်းပဲ။ တပ် တွေ အကုန် ရခိုင်မှာ အခိုင်အမာ တပ်စွဲထားတုန်း။ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်း တစ်ခုလုံးနီးပါး မီးဘေးသင့်တယ် လို့ ကြားရတယ်။  Mobile data ကလည်း ခုထိ ပြန်ဖွင့်မပေးသေးဘူး။ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံအမတ်ကြီးများ ကြေညာချက် မှာ စစ်သူပုန်တွေကို သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နဲ့ မညီ ဆိုပြီး ပြောထားတယ်။  လှိုင်သာယာ မှာ လူ အယောက် ၆၀၀၀ လောက်ရှိတဲ့ ရပ်ကွက်တစ်ခုက လူ ၂၀၀ နဲ့ ၃၀၀ လောက်ပဲ ကျန်တော့တယ်လို့ လှိုင်သာယာမှာ ရှိတဲ့ ကျွန်တော့် ဘော်ဒါ အညာသားက ပြောတယ်။ ရန်ကုန် ကနေ နယ် ကိုပြန်တဲ့ လူတွေများလာတယ်။ အမြန်လမ်း မှာ စစ်ဆေးရေးတွေ ပိုတင်းကြပ်လာတယ်။ ဖုန်းတွေ ယူစစ်တယ် လို့လည်းပြောတယ်။ ဖုန်း ယူစစ်ရင် ဖုန်းထဲက FACEBOOK ကို ဖွင့်ကြည့်ပြီး စစ်သူပုန် မကောင်းကြောင်း ရေးထားတဲ့ post တွေ့ ရင် ဖမ်း တယ် လို့ ဆိုတယ်။ ညပိုင်း လှိုင် ၆ ရပ်ကွက် က ဒိုင်းကိုင်တစ်ယောက်ကို ဖမ်းမိသွားတယ်။ အဲ့ တစ်ယောက်ရဲ့ ဖုန်းထဲမှာ ရှိတဲ့ ဓါတ်ပုံတွေကို သက်သေယူပြီး ကျန်တဲ့ ဆန္ဒပြတဲ့ သူတွေ ကို လိုက်ဖမ်းရော။ တကယ်ဆို ဒီလို အချိန်မှာ ဖုန်းတွေရဲ့ လုံခြုံရေးကို သတိထားရမယ်။ ဒီကောင်တွေ လာဖမ်းရင် keypad လို ဟာလေးပဲ လက်ထဲမှာ ရှိနေတာ အကောင်းဆုံးပဲ။ Smart phone ကိုင်ထားမိရင် ဖုန်းထဲက ဒေတာ တွေ ( ဓါတ်ပုံ၊ လိပ်စာ၊ ဖုန်းနံပါတ် ) သူတို့ လက်ထဲ မပါဖို့ အထူး သတိထားရမယ်။ Android phone တွေ မှာ ဆို Multi user profile လုပ်ထားလိုက်တာ အကောင်းဆုံး။ ဖမ်းမိတဲ့ အချိန်မှာ တခြား profile ထားလိုက်ရင် ကိုယ့် ဒေတာတွေ သူတို့ မြင်ရမှာ မဟုတ်ဘူး။ Xiaomi တွေ ဆိုရင်လည်း Second Space လို feature ကို သုံးလို့ရတယ်။ ဒါက အမြန်ဆုံး ဒေတာ ဖွက်နည်းပဲ။ 

မတ် ၂၀ ရက်နေ့။ ဒီအချိန်မှာ မြန်မာ့အရေးတင် မကပဲ ကမ္ဘာ့အရေးကိုပါ ကြည့်ရတော့မယ်။ အမေရိကန်နဲ့ တရုတ် ဆွေးနွေးပွဲ လုပ်တာ၊ ရုရှားနဲ့ အမေရိကန် စကား စောင် နေတာ တွေကို ပါ ကြည့်နေရပြီ။ ဒီနေရာမှာ ကျွန်တော်တစ်ယောက်တည်း အမြင်ကို ပြောရရင် အမေရိကန် က မြန်မာ ကို ဝင်လာနိုင်ပါတယ်။ စစ်ဖြစ်မယ့် အရိပ်အယောင်တွေ မြင်နေရတယ်။ အောင်ပန်းမှာ လူ ၈ ယောက် သေနတ်နဲ့ ပစ်ခံရပြီး ကျဆုံးတာကို ၂ ယောက်ပဲ အလောင်းပြန်ရတယ်။ ကျန်တဲ့ ၆ ယောက်ကို တပ်က အလောင်းယူသွားပြီး ကလောမှာ သင်္ဂြိုလ် လိုက်တယ် လို့ သိရတယ်။ ၃ ရက်နေ့ကတည်းက ဖမ်းခံထားရတဲ့ ကျောင်းသား ၃၀၀ ကျော်ကို တရားစွဲမယ် လို့ ကြားရပါတယ်။ ၅၀၅ (က) နဲ့ ၅၀၅ (ခ) ပုဒ်မတပ်ပြီး စွဲတယ်လို့ ဆိုတယ်။ ပဲခူးမှာလည်း ၂ ယောက် ကျဆုံး ၁၁ ယောက် ဒဏ်ရာရပြီး ၆ ယောက် အဖမ်းခံရတယ် လို့ ပဲခူးက ဘော်ဒါက ပြောတယ်။ နိုင်ငံနေရာ အနှံ့အပြား ကျဆုံးရဲဘော်တွေ ကို စာရင်းကောက်တာကို တော်တော် ကောက်ယူရပါတယ်။ မိုဘိုင်းအင်တာနက်တွေ ဖြတ်ထားတာရဲ့ အကျိုးဆက်ပါ။ သတင်းတွေ စီးဆင်းမှု့ နည်းသွားနှေးသွားပါတယ်။ ရန်ကုန်က သတင်းတစ်ခုကတော့ တော်တော်လေး ထူးခြားပါတယ်။ အထမ်းနဲ့ အသုပ်ရောင်းတဲ့ သူတွေ အဖွဲ့လိုက် ဒိုင်နာနဲ့ လာခေါ်တဲ့ သတင်းပါ။ ဒီ မတိုင်ခင်ကတည်းက စအဖ အဖွဲ့ အကြောင်းကို နည်းနည်း သိထားပါသေးတယ်။ အရင် ဦးခင်ညွန့်ရဲ့ စစစ ပျက်ဆီးသွားတော့ အဲ့ က လူတွေ နဲ့ စအဖ ပြန်ဖွဲ့ ထားတယ် ဆိုတာရယ် အာဏာမသိမ်းခင်မှာ နယ်မြို့တွေမှာတောင် အခြေစိုက်ရုံးထိုင်နေပြီ ဆိုတာရယ် ကို သတင်းကြားထားတာရှိပါတယ်။ စစ်သူပုန်ခေါင်းဆောင် မအလ က ကနေ့ နေ့လည်မှာ ကိုကိုးကျွန်းကို သွားတယ် လို့ MWD က သတင်းတက်လာပါတယ်။ Federal Army ဖွဲ့ဖို့ ပြင်ဆင်နေတာ ၈၀ ရာခိုင်နှုန်းပြီးပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ Federal Army အတွက် စစ်ဦးစီးချုပ် တာဝန်ကို ရွက်ဆစ် ကို ပေးထားတယ် လို့ လည်း ကောလဟာလ တွေ ထွက်နေတယ်။ 

မတ် ၂၁ ရက်နေ့။ ကရင်နဲ့ ကချင်မှာ တော့ အပြန်အလှန်ပစ်ခတ်နေကြပြီး ရွာတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်။ ကနေ့ အကြမ်းဆုံးက မန္တလေးပဲ။ မနက်အစောကြီး ကျန်းမာရေး မိသားစုက အာရုဏ်ဦးသပိတ် ဆိုပြီး ၅ နာရီ ခွဲ မှာ လူစုပြီး ဆန္ဒပြကြတယ်။ မန္တလေး ဘူတာကြီးက CDM ဝန်ထမ်းတွေကို လိုင်းခန်းတွေပေါ်ကနေ စစ်တပ် က နှင်ချ ပါတယ်။ အောင်ပင်လယ် နဲ့ မနော်ဟရီဘက်မှာ ထိပ်တိုက်တွေ့ကြပြီး ည ၁၂ အထိ သေနတ်သံတွေ ဆက်တိုက် ကြားနေရပါတယ်။ စစ်တပ်ဘက်က အလုပ်ပြန်ဆင်းဖို့ ဖိအားတွေ ပေးနေချိန်မှာ CRPH ဘက်ကလည်း CDM အတွက် စာ တွေ ဆက်တိုက်ထုတ်နေပါတယ်။ CDM ကို မတ်လ ၃၁ ရက်နောက်ဆုံးထားပြီး ပူးပေါင်းပါဝင်ပေးကြဖို့၊ CDM မှာ မပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း အရေးယူမယ်၊ CDM ပါဝင်တဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုတာဝန်တွေ ပေးအပ်မယ် ဆိုပြီး ပြောတာ တွေ့တယ်။ ရန်ကုန်မှာ လူကြီးတွေက အကြောက်တရားဝင်ပြီး လမ်းအတားအဆီးတွေကို ပြန်ဖယ်ပေးနေတာ တွေ့လာရတယ်။ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒီလူကြီးတွေမှာ က အနာဂါတ်ဆိုတာ မရှိတော့ဘူး။ ကျွန်တော်တို့ က လူငယ်တွေ။ အနာဂါတ်တွေ အများကြီးနဲ့။ ကျွန်တော်တို့ တိုက်ပွဲ အတွက် ကျွန်တော်တို့ တိုက်ကြရမှာ။ အဲ့တော့ လူကြီးတွေကို မကူညီချင်နေ မနှောင့်ယှက်နဲ့ လို့ပဲ ပြောရတော့မယ်။ ညဘက် သံပုံးတီးတာတွေလည်း နည်းသွားတယ်။ တချို့နေရာတွေဆို လုံးဝ မတီးတော့ဘူးလို့ ကြားရတယ်။ CRPH ကလည်း ရှိတဲ့ လူလေးနဲ့ ပဲ လုပ်နေရတာ။ သူတို့ အနေနဲ့လည်း မလွယ်ဘူး။ လူငယ် တချို့က စာပဲထုတ်နေတယ်လို့ ဆိုပြီး မကျေနပ်တာ တွေ့ရတယ်။ အဲ့တာက တော်တော်ငယ်သေးတာမို့ အဲ့လို ပြောတာ။ စာထုတ်တာက ဘယ်လောက်အရေးပါတယ် ဆိုတာ သူတို့ မသိသေးဘူးလေ။ ဒီခရီး က တော်တော်လေး သွားရဦးမယ်။ ကျွန်တော့် အမြင်ဆိုရင် ရန်ကုန်ဟာ မြို့ပျက်ကြီး တခုလို ဖြစ်ပြီး ကျန်ခဲ့လိမ့်မယ်။ အရာရာကို အကုန် အသစ်က စ ရလိမ့်မယ်။ ဒါပေမယ့် နှစ် ၆၀ ကျော်အောင် ရှိနေခဲ့တဲ့ အနာကြီး ကို အမြစ်ကနေဆွဲထုတ်ရမှာ ဆိုတော့ ထိ တာ ခိုက်တာ နာတာ ကျဉ်တာ ရှိမှာပဲလေ။ ရင်းသင့်တာတော့ ရင်းရမှာပဲ။ နောက်ပြီးတော့ အခုက ဒေါ်အောင်ဆန်းစုကြည် အလွန် နိုင်ငံရေးကို မျက်မြင် မြင်တွေ့ရလိုက်တာပဲ။ ကျွန်တော် အရင်က တွေးပူခဲ့မိ မြင်ချင်ခဲ့မိတဲ့ အခြေအနေကို အခု ကိုယ်တိုင် မြင်တွေ့ရတော့ တော်တော်လေးတော့ စိတ်သက်သာရ ရ သွားတယ် လို့ ပြောလို့ရတယ်။

မတ် ၂၂ ရက်နေ့။ ရန်ကုန်မှာ အသံတိတ် သပိတ် ဆင်နွဲကြတယ်။ ဘယ်သူမှ လမ်းပေါ်မထွက်ကြပဲပေါ့။ ကားပိုင်ရှင်တွေကတော့ ကားသပိတ်ဆိုပြီး ကားတွေနဲ့ ဆူးလေမှာ ဟွန်းတွေတီးကြ ကားပြတင်းပေါက်မှန်ကနေ လက် ၃ ချောင်းထောင်ကြနဲ့ပေါ့။ စစ်ကောင်စီက CRPH ကို တရားမဝင်အဖွဲ့ ဆိုပြီး ကြေညာသွားတယ်။ CRPH က စစ်ကောင်စီ ပြုလုပ်မယ့် ကျောက်မျက် ပြပွဲ မှာ ဘယ် company မှ မပါဝင်ဖို့ ပါဝင်တဲ့ company တွေကိုလည်း အရေးယူမှု့တွေ လုပ်သွားမယ် ဆိုပြီး စာထုတ်တယ်။ KIA နဲ့ စစ်သူပုန် တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ဘေးရှောင်စခန်းတွေမှာ လူတွေ များလာတယ်။ မန္တလေး အောင်သာယာရပ်ကွက် မှာ စစ်ခွေးတွေပစ်လို့ ၁၃ နှစ်အရွယ် ကလေး တစ်ယောက်သေဆုံးရတယ်။ တခြား ကျဆုံးတွေလည်း အများကြီးပဲ။ စစ်ခွေးတွေက ဒေါ်အောင်ဆန်းစုကြည် ကို ဓါးစာခံ သဘောဖမ်းထားတာ ဖြစ်နိုင်လောက်တယ်။ သူတို့ အခြေအနေမကောင်းရင် ထုတ်သုံးဖို့ပေါ့။

မတ် ၂၃ ရက်နေ့။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ သက်သေခံချက်ဆိုပြီး စစ်ခွေးတွေက MRTV မှာ လွင့်တယ်။ သေချာတာကတော့ ဟိုလော်ဘီတွေ လက်ချက်ဆိုတာ တွေးလို့ရတယ်။ Video တက်လာပြီး မကြာပါဘူး deepfake ဆိုတဲ့ အကြောင်း အင်တာနက်ပေါ် ( အဲလေ facebook ပေါ် ) ပွထ သွားပါလေရော။ သူတို့ ဇာတ်လမ်းက အဘတို့ အချင်းချင်း ဂါတဲ့ အကွက်ကြီး။ သူတို့နဲ့ နီးစပ်ရာ ဂါ ဇာတ်လမ်းက ဒါမျိုးပဲ သိတာကိုး။ အမေစုနဲ့ ပါတီဝင်တွေရဲ့ ဆက်ဆံရေးဆိုတာ သားအမိ တူဝရီး အဒေါ်နဲ့ အမကြီး တစ်ယောက်လို ဆက်ဆံရေးဆိုတာ မေတ္တာနဲ့ အဆက်အဆံ မခံ ရဖူးတဲ့ အသိုင်းအဝိုင်းက လူတွေ ဘယ်နားလည် ကြမလဲဗျာ။ ဒါ့ကြောင့် ဒီလို ဇာတ်ညွှန်းမျိုး ထွက်လာတာပေါ့။ မထူးဆန်းပါဘူး။ သူတို့ ဇာတ်ညွှန်းက ကျွန်တော်တို့ အတွက်မှ မဟုတ်ခဲ့တာ။ ဟိုတလောက စစ်သူပုန်အဖွဲ့က AA ကို မတရားအသင်း ကနေ ပယ်ဖျက်ကြောင်း ကြေညာခဲ့တယ်။ ကနေ့ AA က တိုင်းရင်းသားတွေ ဘက်က ရပ်တည်ပါ့မယ် ဆိုပြီး AA ရဲ့ ပြောရေးဆိုခွင့်ရ ခိုင်သုခ က ပြောပါတယ် လို့ ရိုက်တာသတင်းဌာန မှာ သတင်းတက်လာတယ်။ 



Silent Strike ကတော့ နက်ဖြန် အတွက် သေချာသွားပါပြီ။ အစက လုပ်မယ် မလုပ်ဘူးနဲ့ ၂ ဖွဲ့ ကွဲနေတာ ကိုမရတ် ကွန်ဖမ်းမှပဲ လုပ်ကြတော့တယ်။ နောက်တာမဟုတ်ဘူးဗျ။ GSC မရှိတာ အဲ့တာတွေ ပြဿနာတက်တာပဲ။ တွဲတိုင်းက စက်ခေါင်းဆိုတဲ့ ဟာကြီး ကို အစကတည်းက ကျွန်တော် ဘဝင်မကျခဲ့တာ။ လူမဲ့ သပိတ်တွေလည်း မြို့တော်တော်များများမှာ တွေ့နေရပြီ။ စစ်ခွေးတွေကလည်း ဘယ်လောက်ကြောက်သလဲ ဆိုရင် ဘာဘီ ရုပ်တွေနဲ့ လုပ်တဲ့ သပိတ်တောင် အရုပ်တွေ လာသိမ်းသွားတယ်။ စစ်သူပုန်တွေက ပုဂံက ဟိုတယ်တွေကို ပြန်ဖွင့်ဖို့ ကြိုးစားနေတယ်။ ကျောင်းတွေ ကိုလည်း ပြန်ဖွင့်ဖို့ လုပ်နေတယ်။ တစ်နှစ်တည်းမှာပဲ ၂ တန်း အောင် အောင် လုပ်ပေးမယ် ဆိုပြီး ပြောနေတယ်။ တော်တော် ပညာမဲ့တဲ့ ခွေးတွေ လို့ ဆဲရင် ခွေးသိက္ခာတောင် ကျတယ် ဆိုပြီး ခွေးတွေ က နာ ရဦးမယ်။ တိုင်းပြည် ပုံမှန်ပြန်ဖြစ်ပါပြီ ဆိုတာ ကို နိုင်ငံတကာကို ပြချင်နေတယ်။ Coup အောင်မြင်တယ် ဆိုတာ သူတို့ စစ်သား ရဲ တွေကို ပြရဦးမယ်လေ။ စကားစပ်မိလို့ ပြောရရင် အပေါ်မှာ ပြောခဲ့သလိုပဲ။ သူတို့ ဇာတ်ညွှန်းက ကျွန်တော်တို့ အတွက်မှ မဟုတ်ခဲ့တာ ဆိုတာကို ပြန်ကောက်ရရင် သူတို့ MWD MRTV မှာ ဝါဒမှိုင်းတွေ သတင်းအမှားတွေ ဆက်တိုက် ထုတ်နေတာက သူတို့ကို အားပေးထောက်ခံ တဲ့ သူတွေ နဲ့ စစ်တပ်ဝန်း ရဲ တပ်ဝန်း ထဲက လူတွေ အတွက်ပဲ။ စစ်တပ်ထဲမှာ ခုဆို MRTV MWD ကို Projector ကြီးနဲ့ ကို ပြတော့တာ။ သူတို့ ဝါဒဖြန့်တာ သူတို့ လူတွေ အတွက်ပဲ။ သူတို့ လူတွေကို ဒါတွေပြမှ သူတို့လူတွေ အားတက်ပြီး ဆက်လုပ်မှာမို့ သတင်းအမှားတွေပြရတာ။ 

မတ် ၂၄ ရက်နေ့။ Silent Strike လုပ်ကြတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပဲ။ အပြင်လည်း ဘယ်သူမှ မထွက်ကြပဲနဲ့ပေါ့။ ဟိုတလောက ဖမ်းထားတဲ့ ကျောင်းသား ၃၀၀ ကျော်ကို ပြန်လွှတ်လိုက်တယ်။ တစ်ချို့ ကလေးတွေ က တော့ အကြောက်တရား ဝင်သွားတယ်။ တစ်ချို့ကတော့ ပုံမှန်ပဲ။ Mobile phone operators တွေက sms တွေကို တချို့ keywords တွေ ပို့မရအောင် ban ထားတယ်။ End to End encryption ပါတဲ့  third party messaging တွေ ပြောင်းသုံးမှပဲ ရမယ်။ City Mart က ဝန်ထမ်းတွေကို meeting ရှိတယ် လို့ ခေါ်ပြီး မြို့တော်ခန်းမ မှာ ဖမ်းထားတယ် ဆိုတဲ့ သတင်းတက်လာတယ်။ တော်တော်ကြာတော့မှ  City mart က ဝန်ထမ်း ၄ ဦး အပါအဝင် Silent Strike လုပ်တဲ့ ဆိုင်တွေက လူတွေ ကို ဖမ်းခေါ်ထားတာပါ ဆိုပြီး သတင်းတက်လာတယ်။ City Mart က  အကို (ကျွန်တော်တို့ ဂိုဏ်းချုပ်) ကို မေးကြည့်တော့ ခေါ်ကြပ်တယ် လို့ ပြန်ပြောတယ်။ ရယ်ရမှာလား ငိုရမှာလား မသိတဲ့ သတင်းတခုက ရန်ကုန်မြို့ထဲ မှာ လက်နက် တင်သွင်း ဝယ်ယူသူ စာရင်း ထွက်တယ် ဆိုပြီး Facebook မှာ ပိုစ့်တက်လာတယ်။



 ဒီုလို လူမသိ သူမသိ လုပ်ရမယ့် ကိစ္စတွေ အပြင်ကလူတွေ သိအောင် ဘယ်လိုများ လုပ်ကြလဲ မသိဘူး။ တကယ်ကိုပဲ လီးတော်လှန်ရေးကြီး ဖြစ်နေတာ။  လူတွေက ဘာလုပ်လုပ် facebook ပေါ် တင်နေကြတာလည်း ပြဿနာ တစ်ခုပဲ။ စစ်သူပုန်တွေက ပုဒ်မ မရှိ အမိန့်စာ အမှတ် မပါပဲ ပိတ်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေကို ဒဏ်ကြေး ဆောင်ရမယ် ဆိုတဲ့ စာ ထွက်လာတယ်။ 


ကချင်မှာ တိုက်ပွဲတော်တော်ပြင်းထန်တယ်လို့ ကြားရတယ်။  Feb 11 ကတည်းက စခဲ့တဲ့ KIA နဲ့ စစ်သူပုန် တိုက်ပွဲ တွေ ထဲ ဒီနေ့ တိုက်ပွဲ က အပြင်းထန်ဆုံးလို့ ပြောတယ်။ စခက ၂၁ လက်အောက်က အလောတောင် Alaw Bum တပ်စခန်းကို KIA တပ်မဟာ ၅ လက်အောက် လှုပ်ရှားတပ်ရင်း ၂၅ က သိမ်းတယ် လို့ သတင်းရတယ်။ ဖမ်းထားတဲ့ သူတွေရော လွတ်နေတဲ့ သူတွေရော NLD ပါတီဝင်တွေ ကိုင်ခဲ့ပြီး လက်ရှိ မသုံးတော့တဲ့ ဖုန်းနံပါတ်တွေကို စစ်သူပုန်အဖွဲ့က reactivate ပြန်လုပ်ပြီး အဲ့ နံပါတ်တွေနဲ့ ဖုန်းတွေ ဆက်နေတယ် လို့ post တွေ့တယ်။ ကနေ့အတွက် လူသိများသွားတဲ့ သတင်းကတော့ အသက် ၇ နှစ်ပဲ ရှိတဲ့ ကလေး ကျည်ထိ ပြီး သေသွားတာပဲ။

မတ် ၂၅ ရက်နေ့။ မနေ့ကပဲ ရေးမိသေးတယ်။ ဘာကိစ္စနေနေ facebook ပေါ် ရေးကြလို့ ပြဿနာ တက်ကုန်တယ် ဆိုတာလေ။ ကနေ့ ဘာဖြစ်လဲဆိုတော့ တော်လှန်ရေးလုပ်ဖို့ စစ်သင်တန်းသွားတက်တဲ့ လူငယ်တွေ အဖမ်းခံရတယ် ဆိုတဲ့ သတင်း ကြေးမုံ သတင်းစာမှာ ပါလာတယ်။ စစ်တပ်ပိုင် သတင်းစာ ဆိုပေမယ့် ဒီသတင်းက အမှန်ကြီးဗျ။ တကယ်ကို လျှို့လျှို့ဝှက်ဝှက် နေရမယ့် သတင်းတွေ က မလျှို့ဝှက်နိုင်ရင် အကုန်လုံး ဒုက္ခရောက် ကုန်ရော။ ပြောနေရင်းနဲ့ သာ ပျံလွန်တော်မူမယ် ဆိုတာ အဲ့တာပေါ့။ CRPH က လူတွေတောင်မှ ဒီအချိုး ချိုး နေတာ ကျန်တဲ့ လူတွေ ဆို ပြီးရောပဲ။ တောင်ကြီးမှာတော့ ဆန္ဒပြတဲ့ သူတွေ ကို စစ်ခွေးတွေက သေနတ်နဲ့ ပစ်တာကို မခံနိုင်တဲ့ ပြည်သူတွေက ဓါးနဲ့ သူသေကိုယ်သေ ဝင်ပိုင်း တယ် ဆိုပြီး ကြားရတယ်။ စစ်သူပုန်တွေက အခု သုံးနေတာကို minimum force ဆိုပြီး ပြောနေတယ်၊ moderate တို့ maximum တို့ ဆို မြို့လုံးကျွတ် သတ်တာတွေ တောင် ဖြစ်လာနိုင်မလားပဲ။ CRPH ရဲ့ အလှူငွေ ကောက်ခံတဲ့ page ကနေ အလှူငွေပြန်ထည့်လို့ ရသွားပြီ။ ခါတိုင်းနဲ့ မတူတာက ဒီ ထည့်ဝင်တဲ့ အလှူငွေကို ဖက်ဒရယ် စစ်တပ် အတွက် အသုံးပြုသွားမယ် လို့ VOA က ရေးထားတယ်။ တစ်လကို 20 million စစ်အသုံးစားရိတ်လိုမယ် လို့ ဆိုတယ်။ ဖက်ဒရယ် တပ်မတော် အတွက် ခုထိ ရေရာတဲ့ သတင်း မကြားရသေးဘူး။ 

မတ် ၂၆ ရက်နေ့။ မနက် ၈ နာရီခွဲမှာ ကိုညီညီ ကျဆုံးသွားတဲ့ နေရာကို US သံရုံးကလာပြီး လွမ်းသူ့ပန်းခွေ လာရောက်ချီးမြှင့်တယ်။ ၉ နာရီမှာ ရဲကား ၅ စီးလောက် လာရပ်ပြီး ပန်းစီးတွေ လာယူသွားတယ်။အလုံမှာ ဘုန်းကြီးတွေက သဲပုံစေတီတွေ တည်ကြတယ်။ စစ်ခွေးတွေ က လာဖျက်သွားတယ်။ CRPH က ကနေ့ အသံတိတ်ဆန္ဒပြတယ်။ စာတောင် မထုတ်တော့ဘူး။  ကနေ့ သတင်းထူးတာက အော်စလိုတက္ကသိုလ်က ပါမောက္ခ ၆ ယောက်က မြန်မာနိုင်ငံက CDM Movement ကို နိုဘယ်ဆုအတွက်အမည်စာရင်းတင်သွင်းခဲ့တာ။ ဒလမှာ တနေကုန် ပစ်ကြခတ်ကြလုပ်နေတာ ညဘက် ၁၂ ထိ ပစ်သံခတ်သံ မရပ်သေးဘူး။မြိတ်မှာ ရဲစခန်းကို မီးရှိုးပြီး စစ်ခွေးတွေက ပစ်တာ ၄ ယောက်ကျဆုံးတယ်။ ထားဝယ်မှာလည်း အိမ်တစ်လုံးကို မီးရှို့တာ တစ်ယောက်သေတယ် ကြားတယ်။ စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ခွေးတွေက လက်ဝတ်ရတနာဆိုင်ကို ဖောက်ခွဲဖျက်ဆီးပြီး ပစ်ခတ်ကြတာ တစ်ယောက် ကျတယ်။ နောက်ပြီးတော့ ခုလို ပြည်သူတွေ ဘက်က ကျဆုံးသွားတဲ့ သူတွေ ကို စစ်ခွေးတွေက အလောင်းကို မရမက လိုက်ယူပြီး အလောင်းပါ ဖျောက်ပစ်နေကြတာပဲ။ သေတဲ့ သူတွေ တောင် ကောင်းကောင်းသေခွင့်မပေးဘူး။ မော်လမြိုင် ဒိုက်ဝန်းကွင်း ၄ ရပ်ကွက်မှာလည်း ဒန်ပေါက်ရှိတယ် ဆိုပြီး ညဘက်ကြီး သေနတ်သံ တဒိုင်းဒိုင်းနဲ့ပဲ ပစ်ခတ်နေတယ်။ အဲ့ဘက်ရပ်ကွက်မှာ KNU ဘက်ကို သင်တန်းသွားတက်တယ် လို့ ပြောသံကြားလို့လာပစ်တယ် လို့လည်း သတင်းတက်လာတယ်။

မတ် ၂၇ ရက်နေ့။ ဖက်ဆစ်တော်လှန်ရေးနေ့ပေါ့။ တပ်မတော်နေ့ ဆိုပြီး စစ်ရေးပြ အခမ်းအနားလုပ်ကြတယ်။ ညနေ  dinner ပါတီတောင် လုပ်လိုက်သေးတယ်။ ဒီဘက် ပြည်သူတွေကို ကျတော့ ရက်ရက်စက်စက်ကိုပဲ ပစ်တာ တစ်ရက်တည်းနဲ့ လူ ၁၀၀ ကျော် ကျဆုံးတယ်။ KNU တပ်မဟာ ၅ စခန်းချတဲ့နေရာကိုလည်း လေယာဉ်သုံးပြီး ဝင်တိုက်တယ် လို့ ကရင်သတင်းစာမှာ ပါတယ်။ အံ့သြစရာတော့ မရှိဘူး။ လွန်ခဲ့တဲ့ ရက်တုန်းက လေတပ်တွေ ကို နေရာရွေ့နေတာ သတင်းကြားရတယ် ဆိုတော့ လေတပ် ကတော့ ထုတ်မယ် ဆိုတာ သိနေတယ်။ 




မတ် ၂၈ ရက်နေ့။ မြင်းခြံမှာ စစ်ခွေးတွေ က မီးရှို့တယ်။ မြင်းခြံမှ မဟုတ်ဘူး။ တခြားမြို့တွေမှာလည်း အဲ့ကောင်တွေ အဲ့လိုတွေ လုပ်နေကြတာ။ သေဆုံးစာရင်းတွေ က လိုက်လို့ ကို မမှီတော့ဘူး။ အလောင်းတွေ ကို လိုက်လုနေတာ။ အသုဘချနေတာတောင် လာပြီး ပစ်ကြခတ်ကြနဲ့။


 မန္တလေး ပြည်ကြီးတံခွန် မှာတော့ မီးက တော်တော် များတယ်။ တော်တော်လေး လည်း မီးဘေးဒုက္ခသည်တွေကို ကူညီကြတယ်။ 


မတ် ၂၉ ရက်နေ့။  နမ္မတူတပ်ကို RCSS က ဝင်တိုက်တယ်။ ကရင်ဘက်မှာလည်း စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ များလာတယ်။ ထိုင်းဘက်ကို ထွက်ပြေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်း ကနေ မောင်းထုတ်တယ် အဝင်မခံဘူးလို့ ကြားတယ်။ ညဘက်ကြီး ၅၅ ရပ်ကွက်မှာ စစ်ခွေးတွေက တအိမ်တယောက် အပြင်ထွက်ခိုင်းပြီး လက်နက် ပျောက်တယ် ဆိုပြီး လိုက်ရှာတယ်။ ကနေ့ မြင်းခြံ တော်တော်ဆိုးဆိုးဝါးဝါးပဲ။ တောင်ဒဂုံမှာလည်း အတော်ဆိုးတယ်။ RPG နဲ့ ပါ ပစ်ကုန်တယ်။ လူတွေ သေတယ်။ အလောင်း လာကောက်ရင် လာကောက်တဲ့ သူကိုပါ ပစ်တယ်။ လားရှိုးနဲ့ တခြားမြို့တချို့ မှာ အလောင်းလိုချင်ရင် စစ်ခွေးတွေကြောင့် သေရတာ မဟုတ်ပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတယ် လို့ ဆိုတယ်။ 

CRPH ကို donate လုပ်ကြဖို့ ပြောကြပြီး digital drawing artist တွေ ဆို donate လုပ်ပြီး ကြောင်း receipt ပြပြီး ကာတွန်းပုံ အလကား ဆွဲပေးမယ် ဆိုသလို တခြား ဓါတ်ပုံဆရာတွေ ဆိုလည်း 20% off ပေးမယ် ဆိုတာမျိုးတွေပေါ့။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ CRPH ကို လှူတဲ့ သူတွေကို ပြန်ပြီး support လုပ်ကြတယ်။ လှူဖြစ်အောင်တွန်းအားပေးကြ ကူညီကြတာပေါ့။ 

ဒီအချိန်မှာ လူတိုင်းနီးပါး စိတ်ဓါတ်ကျနေကြတယ် ဆိုတာ သိလို့ ကျွန်တော် တတ်နိုင်သမျှ စိတ်ဓါတ်ကျစေမယ့် အရေးအသားတွေ ရှောင်နေရတာလည်း တော်တော်ဆိုးတယ်။ စစ်တပ်အခမ်းအနားကို တက်ခဲ့တဲ့ ရုရှားကာကွယ်ရေးဝန်ကြီး နောက်တစ်နေ့မှာ တောင်ကိုရီးယားကို သွားတဲ့ အခါ ကိုရီးယား ဒုကာကွယ်ရေးဝန်ကြီးက မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို သူ့ရှေ့မှာတင် ရှုံ့ချပြီး အခမ်းအနားသွားတက်တဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ လျော်ကန်သင့်မြတ်ခြင်း မရှိတဲ့ အကျင့်စရိုက်လို့ ဝေဖန်လိုက်တယ် ဆိုပြီး ကိုရီးယားသတင်းမှာ တက်လာတယ်။ 
မတ် ၃၀ ရက်နေ့။ မနေ့က တောင်ဒဂုံမှာ လူကိုမီးရှို့ပြီး သတ်တဲ့ ဓါတ်ပုံ တက်လာတယ်။ CNN သတင်းထောက် Clarissa Ward မြန်မာကို ရောက်လာတယ်။


 တပ်မတော်နေ့ စစ်ရေးပြပွဲပြီးပြီ ဆိုတော့ စစ်ခွေးတွေ အင်အား တွေ ဖြန့်တယ်။ ရန်ကုန်ကို စစ်ခွေးတွေ ထပ်ရောက်လာတယ်။ မူဆယ်ဘက်လည်း တက်သွားတယ် လို့ ကြားတယ်။ ကိုးကန့်၊ တအောင်း၊ ရခိုင် မဟာမိတ် ၃ဖွဲ့က နိုင်ငံရေးပြဿနာတွေကို ချက်ချင်းဖြေရှင်းပြီး ပြည်သူကို သတ်နေတာရပ်ဖို့ နဲ့ ဆက်ပြီး လုပ်နေမယ်ဆို နွေဦးတော်လှန်ရေးမှာ ဝင်ရောက်ပူးပေါင်းမယ် ဆိုပြီး စာထုတ်တယ်။ မြန်မာငွေဈေးထိုး ကျနေဆဲ။ ပစ်တာခတ်တာတွေတော့ နေရာအနှံ့မှာ ရှိနေဆဲ။ အိမ်သုံး ရုံးသုံး fiber internet တွေ တပ်ထားတဲ့ ဒေတာတွေကို စစ်သူပုန်က လိုက်ကောက်နေတယ်။ Mobile phone internet တွေ ကို ပိတ်ယုံတင်မကဘူး ကျန်တာတွေပါ လိုက်ပိတ်မယ့် သဘောရှိနေတယ်။ ပိတ်တာကတော့ ပိတ်မှာပဲ။ လူတွေကလည်းခက်တယ်။ ဘာဖြစ်ဖြစ် social media ပေါ်တင်နေကြတော့ ဆက်လုပ်ရမယ့်ဟာတွေ လုပ်မရ ပြုမရ ဖြစ်ကုန်တယ်။ အောင်ပွဲခံရမယ့် အချိန်က စောနေသေးတယ်ဆိုတာ သိကြဖို့တော့ကောင်းတယ်။  ဘဏ်တွေ  ATM တွေကနေ တစ်ရက်ကို အများဆုံးထုတ်နိုင်တဲ့ ငွေ ပမာဏက ၅ သိန်းကနေ ၂ သိန်းဖြစ်သွားတယ်။ ကျွန်တော်ပြောသလိုပဲ စစ်တပ်ရဲ့ အလုပ်ဟာ စစ်တိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ အလုပ်တွေ ကို ဘာဆို ဘာမှ မတတ်တာ။ စီးပွားရေး၊ အုပ်ချုပ်ရေး ဘာပညာမှ မတတ်ပဲ မိုးကျရွှေကိုယ် ဇာတ်လမ်းက ဒီနေ့ခေတ်ကြီးမှာ အလုပ်မဖြစ်တော့ဘူး။ CRPH ကိုလည်း အားမရလို့ ဝိုင်းတွန်းနေကြတာတွေ တွေ့နေရတယ်။ ၂၀၀၈ ကိုပဲ ဖက်တွယ်နေသေးတယ်ဆိုပြီး ပြောနေကြတယ်။ လူတွေကလည်း April ၁ ရက်နေ့မှာ အစိုးရသစ်ကြေညာတာကို စောင့်နေကြတယ်။ ဒီရက်ပိုင်း CRPH က တစ်ရက်ကို စာတစ်စောင်ပဲ ထုတ်တယ်။ ဘာတွေ လုပ်နေလဲတော့ မသိဘူး။ နိုင်ငံရေး အသိုင်းအဝိုင်းထဲ ကိုယ့်အသိတွေထဲလည်း မရှိတော့ ဘာသတင်းမှ မကြားရဘူးဖြစ်နေတယ်။

မတ် ၃၁ ရက်နေ့။ CNN သတင်းထောက်ကို ရန်ကုန်မြို့ထဲ ပတ်ပြတယ်။ ဆန္ဒပြတဲ့သူတွေ မရှိတဲ့ ရန်ကင်းတို့ downtown area လို နေရာတွေကိုပဲ လိုက်ပြပေးတယ် သတင်းယူခွင့်ပေးတယ်။ ရန်ကုန် အပါအဝင် တစ်ချို့မြို့ကြီးတော်တော်များများ မီးပြတ်နေကြတယ်။ Over Current Instant ကြောင့်လို့တော့ ရန်ကုန်လျှပ်စစ် ကော်ပိုရေးရှင်းက ဆိုတယ်။ အင်တာနက်လိုင်းတွေ ဖြတ်ထားတယ်။ အရင်က ရနေတဲ့ roaming နဲ့ သုံးလို့ရတဲ့ Sim card တွေပါ သုံးလို့မရတော့ဘူး။ လူတွေ အပြင်မထွက်နိုင်ပေမယ့် ကားတွေနဲ့ထွက်ကြပြီး ကားသပိတ် လုပ်ကြတယ်။ တစ်ချို့ မြို့နယ်တွေမှာတော့ လူကိုယ်တိုင် ဆန္ဒထွက်ပြကြတယ်။  အမေစု ကို အွန်လိုင်းကနေ ရှေ့နေနဲ့ ပေးတွေ့တယ်၊ အမေစု ကျန်းမာရေး အခြေအနေကောင်းတယ် လို့ သိရတယ်။ CDM ဝင်ဖို့ နောက်ဆုံးရက်ဖြစ်တဲ့ အတွက် CDM မဝင်တဲ့ သူတွေကို စစ်သူပုန်နဲ့ ပူးပေါင်းကြံစည်သူ အဖြစ်သတ်မှတ်လိုက်တယ်။ 

 စစ်သူပုန်တွေဘက်က တစ်လ အပစ်အခတ်ရပ်တယ်လို့ဆိုပြီး MWD မှာ ကြေညာတယ်။ ဘယ့်နှယ်ဗျာ။ စစ်တိုက်တာ သူတို့နိုင်တဲ့ အချိိန်ပဲ တိုက်မယ် ရှုံးတော့မယ်ဆို ခဏနားမယ် လုပ်လို့ ရတယ် ထင်နေလားမသိဘူး။ သတင်းမှာသာ ကြေညာတာ ရခိုင်ဘက်ကို စစ်ကူတွေ စစ်ခွေးတွေကို လေယာဉ်နဲ့ ကနေ့ ပို့နေတယ် လို့ ခေတ်သစ် မီဒီယာမှာ တက်လာတယ်။ KNU ကတော့ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို  ရုပ်သိမ်းကြောင်းထုတ်ပြန်ပြီး ပြည်တွင်းစစ်ဖြစ်မှာ ကို ရှောင်လွှဲလို့ မရဘူးလို့ ပြောလိုက်တယ်။ စစ်သူပုန်တွေက ဂျပန်ရဲ့ အကူအညီ ကို လိုတယ် ဆိုပြီး ပြောတာကို ဂျပန်ဘက်က ငြင်းလိုက်တယ်။ အဲ့ အချိန်မှာပဲ ဂျပန်က အာဏာရပါတီ အပါအဝင် တစ်ခြား EU  သံအမတ်တွေနဲ့ CRPH က ZOOM meeting လုပ်နေကြတယ်။


 
ညဘက်ကျမှ CRPH က ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းကြောင်း ကြေညာပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏဉ် (Federal Democracy Charter) ကို ထုတ်လိုက်တယ်။ ပြည်သူတွေစောင့်နေတာလည်း ဒါပဲလေ။ အမျိုးသားညီညွတ်ရေး အစိုးရ ကိုလည်း ဧပြီလ ပထမအပါတ်ထဲမှာ ဖွဲ့မယ် ဆိုပြီး ပြောသွားတယ်။


Comments

  1. အရာရာ အမြန်ဆံုးအဆင်ေပြနိုင်ပါေစ

    ReplyDelete

Post a Comment

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________