Skip to main content

နွေဦး အတွေးစများ

ဘာလိုလိုနဲ့ တော်လှန်ရေးစတာ တစ်လပြည့်သွားပြီ။ နွေဦးတော်လှန်ရေးနဲ့ ၈၈ တုန်းကနဲ့ မတူတာတွေက အများကြီးပဲ။ ၈၈ တုန်းက ခေတ်က နဂိုကတည်းက အမှောင်ထဲကနေ အမှောင်ထဲကိုသွားတာ။ ခုက အလင်းထဲကနေ အမှောင်ထဲကို ရောက်သွားတာ ဆိုတော့ လက်ခံနိုင်တာ ပိုနည်းတယ်။ ၈၈ တုန်းနဲ့ မတူတဲ့ အဓိက အကြောင်းကတော့ နည်းပညာပဲ။ IT ခေတ်ကြီးရောက်နေတာလေ။ လူငယ်တွေကို အင်တာနက်ဖြတ်လိုက်တာက အများကြီး ပို အကျိုးသက်ရောက်တယ်။ အင်တာနက် မရှိတဲ့ ဒဏ်က အတော်ခံရခက်တာ။ လူတွေကို အင်တာနက်ပိတ်လိုက်တာက အမှောင်ခေတ်ကို ပြန်ခေါ်သွားတာပဲ။ အဲ့မှာတင် လူကြီးရော လူငယ်ရော ထ ပြီး ပေါက်ကွဲတာလို့မြင်တယ်။ ပြီးတော့ တရုတ်အားကိုနဲ့ Firewall ဆောက်တဲ့ ကိစ္စကလည်း developer တွေကို တော်တော် ဖိအားပေးလိုက်သလိုပဲ။ ဒါကြီးကို မတွန်းလှန်နိုင်ရင် ထမင်းငတ်မယ်ဆိုတာ ကို သူတို့ကပဲ ပြောပြလိုက်တာပဲ။ ပြီးတော့ ဘဏ်တွေကိုရောပဲ။ သူတို့ အသစ်ထုတ်လိုက်တဲ့ cyber law ဆိုတာကြီးက banking process တွေ အကုန် ခေတ်ဟောင်းကို ပြန်ပို့လိုက်တာပဲ။ ဒါကြီးနဲ့ စီးပွားရေး ဘယ်လို လုပ်မလဲဗျာ။ စဉ်းစားကြည့်ပေါ့။
Art သမားတွေလည်း သူတို့ လက်နက် ကလောင် ကိုင်စွဲပြီး တော်လှန်ကြတာ မြင်ရတာလည်း ၂၁ ရာစု မှာ Digital art က ဘယ်လောက်အထိ တာ သွားသလဲ ဆိုတာ ပြလိုက်တာပဲ။ သတင်းတွေ အချက်အလက်တွေကို art နဲ့ ပုံဖော်ကြတယ်။ Art နဲ့ တော်လှန်ကြတယ်။ Fact check က အစ Art သမားတွေ ကူညီတာ အများကြီး။ 
ပြီးတော့ သူတို့က ၈၈ တုန်းက သုံးခဲ့တဲ့ အကွက်တွေ အကုန် အစဉ်အတိုင်းပြန်သုံးတယ်။ တကယ် စိတ်ကုန်စရာကြီး။ Psywar လာထည့်တယ် ပြည်သူက သူတို့ကို psywar တောင်ပြန်ထည့်ပေးလိုက်သေးတယ်။ မှတ်ကရော။
ဟိုးခေတ်တုန်းကလို လူစုပြီး လူစုံ မှ meeting လုပ်လို့ ရတာမဟုတ်တော့ဘူးလေ။ Covid က ကျွန်တော်တို့ကို အများကြီး သင်ခန်းစာတွေ ပေးခဲ့ပြီးပြီ။ Zoom သုံးပြီး ထိုင်ရာမထ meeting တွေ လုပ်လို့ရပြီ ဆိုတာ Covid က သင်ပေးခဲ့တယ်။ Work From Home ဆိုတာ လူတိုင်း သိသွားတော့ တော်လှန်ရေးကိုလည်း Revolution From Home လုပ်တဲ့ ကီးဘုတ်ဖိုက်တာတွေလည်း အများကြီးပဲပေါ့။ အရင်ကလို သပိတ်ဖြိုခွဲ ခံရမှာကို ကြောက်နေစရာကို မလိုတာ။ ဒီနေရာ ဖြိုခွဲခံရရင် နောက်တစ်နေရာ လူပြန်စု ပြန် သပိတ်မှောက် လို့ရပြီ။ ပြီးတော့ သပိတ်ကိုလည်း ခေါင်းဆောင်တွေ အချင်းချင်း ချိတ်ဆက်ပြီး နေရာအနှံ့ ဖြန့်ထားလို့ရတယ်။ ပြီးတော့ ကျွန်တော်ခံယူထားတာ ရှိတယ်ဗျ။ Game ဆော့တဲ့ သူတွေက ဉာဏ်ရည်ပိုကောင်းတယ် ဆိုတာပေါ့။ ၈၈ နဲ့ မတူဘူးဆိုတာ အဲ့တာတွေပေါ့။ စမ်းချောင်းမှာ ဆန္ဒပြတဲ့ လူငယ်တွေနဲ့ ဖြိုခွင်းတဲ့ စစ်သားတွေ ကို ကြည့်လိုက်။ ကိုယ့်ကောင်တွေက ဂိမ်းဆော့နေတယ် လို့ပဲ သဘောထားပြီး လုပ်နေတာ။ ကျွန်တော်ဆိုလည်း အတူတူပဲ။ ဂိမ်းထဲက အတိုင်း အပြင်မှာ လုပ်နေရတာ ဘယ်လောက်ပျော်စရာ ကောင်းလဲ ဆိုတာ တွေးကြည့်ပေါ့။ တကယ်တော့ ဂိမ်းဆိုတာ simulation ပဲလေ။ တချို့ဟာတွေကတော့ အလေ့အကျင့်လိုတာပေါ့။ ရန်သူကို ပြန်တိုက်တာ၊ ခံစစ်လုပ်တာ ဘာညာ ဆိုတာ က ဂိမ်းဆော့နေတဲ့ မျိုးဆက်လူငယ်တွေအတွက် အထူးအဆန်းမဟုတ်ဘူး။ Applied လုပ်ရတာ adopt လုပ်ရတာ နည်းနည်း နှေးတာပဲ ရှိမယ်။ လုပ်ရင်း သင်သွားတာ တတ်သွားတာမျိုး။ တစ်လပြည့်လာတော့ ဟိုကောင်တွေ ဒီနေ့ မျက်ရည်ယိုဗုံး ပစ်တာ နည်းလိုက်တာကွာ ဆိုတာမျိုးတွေ တောင် ဖြစ်လာတာဗျ။ 
ဒီ ၂၁ မှာက သူတို့ ချက်ချင်း အထိနာတာက boycott နဲ့ social punishment ပဲ။ ချက်ချင်း လက်ငင်းကို အထိနာတာ။ သတင်းပြန့်နှံ့မှု့ စီးဆင်းမှု့က မြန်လွန်းတော့ အကျိုးဆက်က မြန်တာပေါ့။ မြန်မာ ဘီယာကို boycott လုပ်မယ် ဟေ့ ဆိုပြီး စကတည်းက boycott လုပ်ကြတယ်။ ရန်ကုန်မှာ ရှိတဲ့ Winn Resturant တွေမှာ မြန်မာဘီယာ တင်နေသေးတယ် ဝင်း ကိုပါ သပိတ်မှောက်ကြဟေ့ ဆိုပြီး post တင်လိုက်တာ ဝင်း ဘက်ကနေပြီးတော့ မြန်မာဘီယာ မရောင်းတော့ပါဘူးဆိုပြီး ပိုစ့်တင်ရတဲ့အထိပဲ။ အဲ့တာ တစ်ရက်အတွင်းဖြစ်သွားတာနော်။ Mobile Developer တွေကလည်း လက်မြန်တယ်။ SHAUNG ဆိုတဲ့ web app တခု တန်းလုပ်တယ်။ စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကို အဲ့မှာ ရှာလို့ရတယ် ရှောင်လို့ရတယ်။ WAY WAY NAY ဆိုတဲ့ app ထွက်လာတယ်။ Android ရော iOS ရော အတွက်။ စောန SHAUNG နဲ့ အတူတူပဲ။ Social Punishment လည်း အတူတူပဲ။ စစ်တပ်ဘက်က ထောက်ခံတဲ့ အနုပညာရှင်ဆိုတဲ့ ဟာတွေလည်း ဘယ်သူဘာလဲ သိလိုက်ရတော့တာပဲ။ ပြည်ပအားကိုး ပုဆိန်ရိုး အော်တာလည်း အဘတို့ပဲ။ သားသမီး မြေးမြစ်တွေကျ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံခြားမှာပဲ ကျောင်းတက် နေ၊ အလုပ်လုပ်နေ တာတဲ့လား။ ဒါတွေကိုရော ပြည်သူက ၂၁ ရာစုကြီးမှာ မသိရအောင် တုံးနေတယ် လို့ အဘတို့ ထင်တာတော့ လွန်တာပေါ့။ Social Punishment အတူ ထွက်လာတာကတော့ Personal Attack ပါပဲ။ SP ဆိုပြီး တင်တဲ့ post တွေကြားမှာ PA လုပ်တဲ့ post တွေ အနည်းနဲ့ အများပါလာတယ်။ 
ဘယ်ဘက်က ဖောင်ဖျက်ပြီး တိုက်နေတယ် ဆိုတာလည်း အသိသာကြီး။ စစ်တပ်ဘက်က coup အတွက်ပဲ plan ထားတာ။ coup နောက်ဆက်တွဲ အတွက် ဘာ plan မှ ကို မရှိခဲ့တာ။ ဒီဘက်က ဆန္ဒပြတဲ့ သူတွေက ကျတော့ ဒါကြီးပြီးရင် ဘောက်ချာဆုတ်မယ် ဆိုပြီး စကတည်းက ကြွေးကြော်နေတာ။
၈၈ နဲ့ မတူတာနောက်တစ်ခုက စစ်တပ် အာဏာသိမ်းတဲ့ အချိန်ကစပြီး စင်ပြိုင်အစိုးရ CRPH ရှိနေတယ်။ စစ်တပ် ကျသွားတာနဲ့ တက်လာမယ့် ပြည်သူ့ အစိုးရက အသင့်ရှိနေပြီးသား။ ရှေ့မှာ ၅ နှစ် အတွေ့အကြုံလည်း ရှိပြီးသား။ CRPH က ခန့်လိုက်တဲ့ ဝန်ကြီးတွေကလည်း ပြည်သူကို ကိုယ်စားပြု ပြည်သူ့အသံ အမြဲနားထောင်နေတဲ့ ပြည်သူထဲက ပြည်သူတွေ ဥပမာ ဒေါက်တာ ဇော်ဝေစိုး။ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ။ ၈၈ နဲ့ မတူပဲ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ စစ်အင်အားအပြည့်အစုံနဲ့ စစ်မျက်နှာ တန်းဖွင့်ကြတယ်။ နိုင်ငံတကာဖိအားဆိုတာကလည်း အရင်နဲ့ လုံးဝ မဆိုင်တော့ဘူး။ စီးပွားရေးမှာလည်း စစ်တပ်က ဘာမှ မလုပ်တတ်တာ အသိသာကြီး။ ဘဏ်တွေကို ဇွတ်ဖွင့်ခိုင်းနေတာသာ ကြည့်ပေါ့။ Digital money တွေ ပိုသုံးဖို့ အမိန့်ထုတ်တယ်။ ပြီးတော့ အင်တာနက်ဖြတ်တယ်။ သူတို့ လုပ်နေတာကိုက ရှေ့နောက်မညီဘူး။ ရန်သူကို လျော့မတွက်သင့်တယ် ဆိုတာ မှန်ပေမယ့် ဒီလိုဟာတွေမှာ သူတို့ကို လျော့တွက်စရာကို မလိုလောက်အောင် သူတို့ အသုံးမကျတာ အသိသာကြီး။ စီးပွားရေးဆိုလည်း industry 4.0 ကို သွားနေတယ် ဆိုတာ သိဖို့ဝေးရော၊ ခုထိ ဝင်းသူဇာ ဇာတ်လမ်း က ဖို့ ကြံနေမှတော့ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားကြည့်ပေါ့။ 
မတ် ၁၄ ရက်နေ့မှာတော့ ဘယ်သူဆင်တဲ့ ခွင် ထဲ မှ မရောက်တော့ပဲ လက်နက်ကိုင်ပြီး တော်လှန်မှ ရတော့မယ် ဆိုတာ နားလည်လာတော့ အကုန် လက်နက်တွေ ကိုင်ပြီး တော်လှန်ကြတယ်။ ဆက်သွယ်ရေး သတင်းစီးဆင်းမှု့ မြန်ဆန်တဲ့ အကျိုးတွေ ပေါ့။ ဟိုဘက် သူပုန်တွေကလည်း အဲ့တာကို သိတယ်။ အင်တာနက် ဖြတ်ပစ်တယ်။ 
ဒီနေရာမှာ သတိထားမိတာက ကျွန်တော်တို့တွေ ယူနီကုဒ် ရဲ့ အကျိုးကျေးဇူးတွေကို လက်ငင်းမြင်နေရတာပဲ။ နိုင်ငံတကာနဲ့ စကားပြောတဲ့ အခါ ကျွန်တော်တို့ မြန်မာလိုပဲ ယူနီကုဒ်နဲ့ပဲ ရေး တစ်ကမ္ဘာလုံးဖတ်လို့ရတယ်။ လုပ်ခဲ့ရကျိုးနပ်တယ်။ ကိုယ် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာရဲ့ အသီးအပွင့်ကို မြင်ရတာလည်း သုခ တစ်မျိုးပဲဗျ။

မြင်းခြံမှာလည်း ၁၉ ရပ်ကွက် စွန်းလွန်း လို နေရာမှာကိုပဲ စစ်ခွေးတွေက အကြမ်းဝင်တော့တာ။ ၁၉ ဆိုတာ လှိုင်သာယာလို ပေါ့။ တကယ့်ဇိုးတွေ နေတဲ့ နေရာ။ လူတွေ ကြောက်နေကြတဲ့ အချိန်မှာ သူတို့က ဘာလို့ ကြောက်စိတ် မရှိရတာလဲ လို့ တွေးမိတယ်။ တကယ်တော့ သူတို့က မှ ဘာနှောင်ကြိုးမှ မရှိလို့ ဆိုတာ သွားတွေ့တယ်။ ပြီးတော့ ဆင်းရဲ တာ။ တစ်နေ့လုပ် တစ်နေ့စား လက်လုပ်လက်စားလေးတွေ။ ပညာရေးကလည်း သိပ်မရှိကြရှာဘူး။ ဒီလို လူတန်းစားကပဲ လက်နက်ကိုင်ပြီး တော်လှန်ရဲတာ။ ကျန်တဲ့ လူတန်းစားက မတော်လှန်ဘူးလို့ မပြောဘူးနော်။ ပညာ တကယ် တတ်တယ်လို့ ကျွန်တော် ယူဆတဲ့ လူတန်းစားကလည်း တော်လှန်ကြတယ်။ လေပေါ အာထု နေတာကတော့ ဟိုမရောက် ဒီမရောက် လူတန်းစားတွေပဲ။ လေပေါ နေတာနဲ့ပဲ အချိန်ကုန်နေတယ်။ လူတန်းစာ ကို ဒီ အချိန်မှာ ခွဲ ရတာ အတန်းပညာ တတ်တာနဲ့ မဆိုင်တော့ဘူး။ သူတို့ လူတန်းစားတွေ အတွက် ဒီတော်လှန်ရေးပြီး ရင် တစ်ခုခု လုပ်ပေးရမယ်လို့တော့ မြင်တယ်။ ပညာရေး ဘက်က အဓိကပေါ့။ 
စစ်မှု့မထမ်း မနေရ ဥပဒေကို ထုတ်ကို ထုတ်သင့်တယ်၊ ရှိလည်း ရှိသင့်တယ်လို့ မြင်လာတယ်။ မဟုတ်ရင် စစ်သား စစ်ဗိုလ်ဆိုတာ လူတန်းစားတရပ်လို ဖြစ်လာပြီး စစ်တက္ကသိုလ်ရဲ့ institution အောက်မှာ အကုန် brainwashed ခံရတော့တာပဲ။ စစ်တပ်ကို ကြည့်ရတာ အထက်ပိုင်း အရာရှိပိုင်းမှာ သက်ဦးဆံပိုင် ပဒေဿရာဇ် လိုကြီး ဖြစ်နေပြီ။ အထက်က အမိန့်အရ လုပ်ရတာပါဆိုပြီး ဘယ်သူမှ အမိန့်ကို ပြတ်ပြတ်သားသား မငြင်းရဲကြဘူး။ အမိန့်ဆိုပေမယ့် မမှန်မကန် အမိန့်တွေကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ပိုင်ခွင့် ကို မရှိတော့တာ။ မရှိဆို အတွေးအခေါ်ပိုင်းကို instititionalize လုပ်ခံထားရတာကိုး။ သာမန်ပြင်ပက လူတွေက ကိစ္စတစ်ခုကို မှန်လား မှားလား ဆုံးဖြတ်ဖို့ ကိုယ့်အယူအဆ နဲ့ ကိုယ် စဉ်းစားဆင်ခြင်ရတယ်။  ဒါပေမယ့် စစ်တပ်မှာတော့ အဲ့လိုစဉ်းစားပြီး ပြန်မေးခွန်းထုတ်နေလို့ မရဘူး။ အထက်အမိန့်အရ ဒါလုပ်ဆို လုပ်ပဲ။ အထက်က ခိုင်းရင် အကြောင်းရင်းရှိလို့ပဲ လုပ်သာ လုပ် ဆိုတာကို အသက် ၁၆၊ ၁၇ အရွယ်ကတည်းက ရိုက်သွင်းခံခဲ့ရတဲ့ လူတွေက ကိုယ့်ဦးနှောက်နဲ့ ကိုယ်စဉ်းစားပြီး လုပ်သင့်လား မလုပ်သင့်လား စဉ်းစားဆုံးဖြတ်တဲ့ အကျင့် မရှိတော့ဘူး။ ငါတို့လုပ်တာ ဘာကြောင့်မှန်တယ် ဆိုတဲ့ မရှိ ရှိတဲ့ အကြောင်းပြချက်ကိုပဲ ရှာတော့တယ်။ ဖောက်ထွက်တဲ့ သူတွေတော့ ရှိတာပေါ့။​ ဒါပေမယ့် နည်းတယ်၊ ရှားတယ်။ 
ဒီ တော်လှန်ရေးကနေပြီး သင်ပေးသွားတာတွေလည်း အများကြီးပဲ။ နိုင်ငံတကာကို သိအောင် Twitter ကို သုံးရမယ် ဆိုတာမျိုးပေါ့။ အစပိုင်းကတော့ သတင်း အမှန်တွေရော အမှားတွေရောပဲ။ နောက် တစ်လ လောက်နေတော့ ကိုယ့်အချင်းချင်း ပြန်ထိန်းပြီး သတင်းမှန် ဘယ်လို လိုက်ရတယ်၊ သတင်းအမှားတွေကို ဘယ်လို ရှောင်ရတယ် ဆိုတာမျိုးတွေ ပြန်သင်ပေးလာကြတာတွေ့ရပြန်ရော။ ပြီးတော့ အင်တာနက်ခေတ်မှာ ရန်သူကို ဘယ်လို ပြန်ချရမယ် ဆိုတဲ့ pdf ကို အလွယ် တကူ share လို့ရသွားတာလည်း ၈၈ နဲ့ မတူတာပေါ့။ မကောင်းတာ တစ်ခုကတော့ ဘာလုပ်လုပ် social media တွေပေါ်တင်တာပဲ။ DIY gun တွေ ကို FB ပေါ် တင်လိုက်တာ ပစ်တောင် မပစ်ရသေးဘူး။ ခွေးတွေက လာဖမ်းသွားရော။ ပြီးတော့ အင်တာနက်ပိတ်တဲ့ ကိစ္စမှာလည်း အတူတူပဲ။ Mobile internet တွေ ပိတ်တော့ Myanmar Net WIFI က ရနေသေးတယ်။ အဲ့တာကို ရနေပါတယ် ဆိုပြီး facebook ပေါ် post တင်ကြတာ မြန်မာနက် လည်း ပိတ်သွားရော။ အဲ့စိတ်လေးတွေကတော့ ဖျောက်မှကို ရမယ်။ မပြီးခင် ဗမာ မမြင်စေနဲ့ ဆိုတာ ခုဆို နားလည် သွားကြမယ် ထင်တယ်။ 
ဒီတော်လှန်ရေးမှာ မြန်မာနိုင်ငံမှာ မရှိတဲ့ သူတွေ အနေနဲ့ ငါ မပါ လိုက်ရလို့ ကွာ ဆိုတဲ့ ခံစားချက်မျိုး တွေ တွေ့လာရတယ်။ တကယ်တော့ အဲ့တာက ပုံမှန်ပါပဲ။ ဆိုတော့ ပါလို့ ရတဲ့ တစ်ခြားနည်းတွေ အများကြီး ရှိပါတယ်။ CDM အတွက် အလှူငွေ လှူပေးတာတို့၊ သတင်း အမှန်တွေ ပြန်ရှာ တင်ပေးတာတို့၊ ကိုယ်ရောက်နေတဲ့ နိုင်ငံ မှာ ရင်ဘတ်ချင်းတူသူတွေ စုပြီး နွေဦးတော်လှန်ရေးအတွက် လှုပ်ရှားတာ တို့၊ (  US နဲ့ သြဇီ
က ကျွန်တော့် အသိတွေဆို နွေဦးတော်လှန်ရေး Logo နဲ့ T Shirt တွေ ရောင်းပြီး ရတဲ့ ငွေကို CDM အတွက် လှူတာ ) အများကြီး လုပ်လို့ ရတာတွေ ရှိသေးတယ်။ 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...