Meizu တွေအတွက် ယူနီကုဒ်ပြောင်းဖို့ app

Root ရှိထားတဲ့ ဖုန်းတွေအတွက် အလွယ်တစ်ကူ Unicode ပြောင်းဖို့အတွက်ရေးလိုက်တာပါ။
အဓိကကတော့ Meizu တွေအတွက်ပေါ့။
Meizu တွေမှာ Unicode ပြောင်းဖို့အတွက် Rename လုပ်ရတာတွေ
Explorer တစ်ခုခုနဲ့ Replace လုပ်ရတဲ့ဒုက္ခတွေကို အခု App က တစ်ချက်တည်းနဲ့ ပြောင်းပေးပါလိမ့်မယ်။

ပြီးတော့ အခု App ထဲမှာ -
#Pyidaungsu Font Version နှစ်မျိုး
#Zawdecode Font Regular / Bold နှစ်မျိုးနဲ့
#Unicode ကနေ Zawgyi ပြန်ပြောင်းချင်တဲ့သူတွေအတွက် Meizu မှာပါတဲ့ Zawgyi font တွေကို ထည့်ပေးထားပါတယ်။


( အခြား Root ရှိတဲ့ဖုန်းတွေမှာလည်း အကုန်အလုပ်လုပ်ပါမယ်။
Logo ရပ်မှာလည်း မပူပါနဲ့။ သူချိန်းလို့ရရင် ချိန်းသွားပေးမယ်။
မရရင်လည်း အရင်အတိုင်းပဲ 😊
Roboto Font တွေကို Replace လုပ်ပေးတာမထည့်ထားတဲ့အတွက် တစ်ချို့ Zawgyi သွင်းတုန်းက Roboto တွေကို Replace လုပ်ထားခဲ့မယ်ဆိုရင် အခု App နဲ့အဆင်ပြေမှာမဟုတ်ပါဘူး)

နောက်ဆုံးပြောချင်တာကတော့ Use at your own Risk ပါ 😊

သုံးပြီးလို့ အဆင်ပြေခဲ့ရင်လည်း Comment လေးတွေရေးပေးသွားနိုင်ပါတယ်။
Error တစ်စုံတစ်ခုတွေ့ရင်လည်း Comment or Message ကနေ ကျေးဇူးပြုပြီး ပြောပေးကြပါ 😁

လောလောဆယ်တော့ Playstore ပေါ်မတင်ရသေးလို့
အပြင်က Host တွေမှာပဲ တင်ပေးထားပါတယ်။

Download
Mediafire : https://bit.ly/municode2
Direct : https://bit.ly/municode1

Developed by နေရှိန်းဦး
All credit go to him.

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ