Oppo ဖုန်းများတွင် ယူနီကုဒ် ပြောင်းနည်း

Color OS Version 6 တွင်ချိန်ညှိနည်း
လက်ရှိ Color OS 6 ရရှိနေသော model များမှာ F11,F11pro,A1k နှင့် Reno Series ဖြစ်ပါသည်။
လက်ရှိတွင် Color OS 6 မရသေးသော်လည်း F9,R17pro,FindX,F7 နှင့် F7youth model များအား ယခု စက်တင်ဘာလ မကုန်ခင်တွင် Color OS Version 6 update OTA များ ထုတ်လွှင့်မည်ဖြစ်ပါတယ်။System Update ပြုလုပ်ပြီးသောအခါ အောက်ပါ အတိုင်း Settings ထားပါ။
Color OS 6 ရရှိနေသော model များ Language - English တွင် Unicode ပေါ်စေရန် Settings ချိန်ပုံ
(a)Settings – Language & Region – Region – Myanmar
(b)Settings – Language & Region – Language – English
(c)Settings – Language & Region – Character Encoding – Unicode

Color OS 5 model များ Language - English တွင် Unicode စံ Font ပေါ်စေရန် Settings ချိန်ပုံ
(a)Play Store မှ 3rd party Font app download ပြုလုပ်ပါ။ (MMUni Font , ZFont)
(b)App  install ပြုလုပ်ပြီးပါက App ထဲမှ မိမိနှစ်သက်ရာ Unicode Font တခုအား install ပြုလုပ်ပါ။
(c)ထို့နောက် Settings – Language & Region – Region – Myanmar
(d)Settings – Language & Region – Language – English
(e)Settings – Display & Brigthness – Support Dai Characters – On
Color OS Version 3 နှင့် 3 အောက် Settings ထဲ Font ရွေးလို့ရသောကြောင့် ပြင်ပမှ 3rd party unicode font သွင်း၍ Settings ချိန်ညှိမည်။
(a)Play Store မှ 3rd party Font app download ပြုလုပ်ပါ။ (MMUni Font , ZFont)
(b)App  install ပြုလုပ်ပြီးပါက App ထဲမှ မိမိနှစ်သက်ရာ Unicode Font တခုအား install ပြုလုပ်ပါ။
(c)Settings – Display & Brigthness – Font ထဲတွင် Install ပြုလုပ်ခဲ့သော Font အားရွေးချယ်ပါ။

စာများမှန်စေရန် အောက်ပါအတိုင်း ချိန်ညှိရမည်။
         A83 model
(a)MMuni Font app အား download ပြုလုပ်ပါ။
(b)App  install ပြုလုပ်ပြီးပါက App ထဲမှ OPPO Font Install နေရာတွင် MyanmarUIoppo Font အား install ပြုလုပ်ပါ။
(c)Settings – Language & Region – Language – Myanmar
(d)ထို့နောက် ဆက်တင်များ - ဘာသာစကားနှင့် ဒေသ - ဘာသာစကား - ဗမာ (unicode)
(e)ဆက်တင်များ - ပြသမှုမြင်ကွင်း နှင့် တောက်ပမှု - Dai အက္ခရာများ ပံ့ပိုးပေးသည် - ဖွင့်ပါ။

မေး ၁။ ။ ကျွန်တော့် ဖုန်းက A1k (F9,R17pro,FindX,F7 နှင့် F7youth model)ပါ၊ Settings ထဲက Language & Region – Character Encoding ဆိုတာမတွေ့ဘူး။
ဖြေ ၁။ ။ (a)  Settings – About Phone – ColorOS version – 6 ဖြစ်လားစစ်ဆေးပါ။မဖြစ်သေးပါက Software Updates နေရာတွင် Version အသစ်ရပီလား စစ်ဆေးပါ။ရပါက Update ပြုလုပ်ပါ။
(b) Settings – Language & Region – Region – Myanmar ဖြစ်လားစစ်ဆေးပါ။

မေး ၂။ ။ ကျွန်တော့် ဖုန်းက (F9,R17pro,FindX,F7 နှင့် F7youth model)ပါ၊ model တူ တခြားလူတွေ Color OS Version 6 update ရနေပြီ။ကျွန်တော်က Update မရသေးဘူး။
ဖြေ ၂။ ။ ယခုမှာ စမ်းသပ် version ထုတ်လွှင့်ဆဲကာလဖြစ်သောကြောင့် Version ၏ Error အခြေအနေမှာ တည်ငြိမ်မှုမရှိသေးသောကြောင့် အချို့ User များမှာပဲ ရရှိတာဖြစ်ပါတယ်။။အောက်တိုဘာလ မတိုင်ခင်တွင် OTA Update များထုတ် ကြိုးစားပေးနေပါတယ်။ကျေးဇူးပြု၍ Software Updates နေရာတွင် မကြာမကြာ ၀င်စစ်ဆေးပေးပါ။
လက်ရှိ Version *#1234# နှင့် IMEI နံပတ်  *#06# တို့အားကျေးဇူးပြု၍ Feedback ပေးပါ။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း