Skip to main content

Unicode ကို ဘာလို့သုံး

ဘာသာစကားတစ်ခုကို လေ့လာတဲ့ အခါမှာ အရေးအသားနဲ့ အသံရယ်လို့ရှိတယ်။ သေချာတာကတော့ အသံကသာ မူရင်းကျပါတယ်။ ပြီးတော့ သတိထားရမှာတစ်ခုက အသံနဲ့ အရေးထပ်တူကျဖို့ သိပ်မျှော်လင့်လို့မရဘူး။ အင်္ဂလိပ်စာမှာတောင်မှ အသံနဲ့ အရေးထပ်တူမကျတာတွေရှိပါတယ်။

ယူနီကုဒ်နဲ့ ပတ်သက်လာရင် သဝေထိုးနောက်ကရိုက်ရတာကို ရမယ်ရှာကြတယ်။ ယူနီကုဒ်မှာ အသံကို ဦးစားပေးထားတာ။ ဘာဖြစ်လို့လဲ ဆိုတော့ အသံက အရင်းမူလဖြစ်လို့ပါပဲ။ "မေ" ဆိုတဲ့ စကားလုံးကိုကြည့်ရအောင် မ နဲ့စတာလား သဝေထိုးနဲ့စတာလားလို့ တစ်ယောက်ယောက်ကို မေးကြည့်ရင် ဘယ်လိုဖြေမယ်ထင်သလဲ။ "မောင်" ဆိုတဲ့စကားလုံးကိုရော သဝေထိုးနဲ့စတာလား မ နဲ့စတာလား တစ်ယောက်ယောက်ကို မေးကြည့်ရင် ဘယ်လိုဖြေမလဲ။

အင်္ဂလိပ်လိုလဲ အသံလှယ်ကြည့်ရအောင်။ မေ = May >>>  M မ နဲ့ ay အေ ပေါင်းပြီး မေလို့ အသံထွက်လာတာဖြစ်တယ်။ မောင် = Maung >>>  M မ နဲ့ aung အောင် ဆိုတာ ပေါင်းပြီး မောင်လို့ အသံထွက်လာတာဖြစ်တယ်။ အင်္ဂလိပ်စာက ရိုးရှင်းတော့ မြင်သာတယ်။ မြန်မာစာလိုမျိုး ရှုပ်ထွေးတဲ့ အရေးအသားတွေမှာတော့ မြင်အောင်ပြဖို့ နည်းနည်းလေ့လာဖို့တော့ လိုတာပါပဲ။

နောက်တစ်ခု သတိပြုသင့်တာက မြန်မာသင်ပုန်းကြီးဆိုတာက မူလတန်းကလေးတွေကို သင်ဖို့ ရည်ရွယ်ထားတာပါ။ ပိုပြီးမြင့်တဲ့ ဗျည်းသရပေါင်းပုံတွေကို အထက်တန်းအဆင့်မှာ သင်ပါတယ်။ မယုံရင် မြန်မာသဒ္ဒါ အတွဲ ၂ ကို ပြန်ဖတ်ကြည့်လို့ရပါတယ်။

ဆိုတော့ကာ မြန်မာယူနီကုဒ်ရဲ့ သိမ်းတဲ့ စနစ်မှာ အသံကို ဦးစားပေးပြီးပဲ သိမ်းရပါတယ်။ အရေးအသားကတော့ စိတ်ကြိုက် ကီးဘုတ်သုံးလို့ရပါတယ်။ အရေးကြီးတာက သိမ်းတာပဲ။ သိမ်းတာ စနစ်ကျမှ ရှာဖွေခြင်း၊ အက္ခရာစဉ်ခြင်း ကနေစပြီး ပိုပြီးမြင့်တဲ့ ကွန်ပျူတာစနစ်တွေမှာ အသုံးချလို့ရမှာဖြစ်ပါတယ်။

Ye Zar Ni Aung

Comments

  1. ယူနီကုတ်နဲ့ရေးထားတဲ့ blogspot ကို web browser တွေမှာ ဖတ်လို့ရအောင် embed font  ဘယ်လိုသုံးရလဲ ခင်ဗျ? blogspot မှာ ဘယ်လို ဝင်ပြင်ရလဲ ခင်ဗျ။

    ReplyDelete
    Replies
    1. http://htetwaiaung.blogspot.com/2017/01/blogspot.html

      Delete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...