Unicode ကို ဘာလို့သုံး

ဘာသာစကားတစ်ခုကို လေ့လာတဲ့ အခါမှာ အရေးအသားနဲ့ အသံရယ်လို့ရှိတယ်။ သေချာတာကတော့ အသံကသာ မူရင်းကျပါတယ်။ ပြီးတော့ သတိထားရမှာတစ်ခုက အသံနဲ့ အရေးထပ်တူကျဖို့ သိပ်မျှော်လင့်လို့မရဘူး။ အင်္ဂလိပ်စာမှာတောင်မှ အသံနဲ့ အရေးထပ်တူမကျတာတွေရှိပါတယ်။

ယူနီကုဒ်နဲ့ ပတ်သက်လာရင် သဝေထိုးနောက်ကရိုက်ရတာကို ရမယ်ရှာကြတယ်။ ယူနီကုဒ်မှာ အသံကို ဦးစားပေးထားတာ။ ဘာဖြစ်လို့လဲ ဆိုတော့ အသံက အရင်းမူလဖြစ်လို့ပါပဲ။ "မေ" ဆိုတဲ့ စကားလုံးကိုကြည့်ရအောင် မ နဲ့စတာလား သဝေထိုးနဲ့စတာလားလို့ တစ်ယောက်ယောက်ကို မေးကြည့်ရင် ဘယ်လိုဖြေမယ်ထင်သလဲ။ "မောင်" ဆိုတဲ့စကားလုံးကိုရော သဝေထိုးနဲ့စတာလား မ နဲ့စတာလား တစ်ယောက်ယောက်ကို မေးကြည့်ရင် ဘယ်လိုဖြေမလဲ။

အင်္ဂလိပ်လိုလဲ အသံလှယ်ကြည့်ရအောင်။ မေ = May >>>  M မ နဲ့ ay အေ ပေါင်းပြီး မေလို့ အသံထွက်လာတာဖြစ်တယ်။ မောင် = Maung >>>  M မ နဲ့ aung အောင် ဆိုတာ ပေါင်းပြီး မောင်လို့ အသံထွက်လာတာဖြစ်တယ်။ အင်္ဂလိပ်စာက ရိုးရှင်းတော့ မြင်သာတယ်။ မြန်မာစာလိုမျိုး ရှုပ်ထွေးတဲ့ အရေးအသားတွေမှာတော့ မြင်အောင်ပြဖို့ နည်းနည်းလေ့လာဖို့တော့ လိုတာပါပဲ။

နောက်တစ်ခု သတိပြုသင့်တာက မြန်မာသင်ပုန်းကြီးဆိုတာက မူလတန်းကလေးတွေကို သင်ဖို့ ရည်ရွယ်ထားတာပါ။ ပိုပြီးမြင့်တဲ့ ဗျည်းသရပေါင်းပုံတွေကို အထက်တန်းအဆင့်မှာ သင်ပါတယ်။ မယုံရင် မြန်မာသဒ္ဒါ အတွဲ ၂ ကို ပြန်ဖတ်ကြည့်လို့ရပါတယ်။

ဆိုတော့ကာ မြန်မာယူနီကုဒ်ရဲ့ သိမ်းတဲ့ စနစ်မှာ အသံကို ဦးစားပေးပြီးပဲ သိမ်းရပါတယ်။ အရေးအသားကတော့ စိတ်ကြိုက် ကီးဘုတ်သုံးလို့ရပါတယ်။ အရေးကြီးတာက သိမ်းတာပဲ။ သိမ်းတာ စနစ်ကျမှ ရှာဖွေခြင်း၊ အက္ခရာစဉ်ခြင်း ကနေစပြီး ပိုပြီးမြင့်တဲ့ ကွန်ပျူတာစနစ်တွေမှာ အသုံးချလို့ရမှာဖြစ်ပါတယ်။

Ye Zar Ni Aung

Comments

  1. ယူနီကုတ်နဲ့ရေးထားတဲ့ blogspot ကို web browser တွေမှာ ဖတ်လို့ရအောင် embed font  ဘယ်လိုသုံးရလဲ ခင်ဗျ? blogspot မှာ ဘယ်လို ဝင်ပြင်ရလဲ ခင်ဗျ။

    ReplyDelete
    Replies
    1. http://htetwaiaung.blogspot.com/2017/01/blogspot.html

      Delete

Post a Comment

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း