YHT walking tour

တစ်ရက်မှာတော့ ကိုဝေတစ်ယောက် ကိုရာပြည့် ခေါ်လို့ YHT က လုပ်ပေးတဲ့ Free walk tour လေးနဲ့ လိုက်လာမိတယ်။ ရန်ကုန်မြို့လယ် မှာရှိတဲ့ ရှေးဟောင်းအဆောက်အဦးတွေအကြောင်းနားထောင် ချင်တာရယ် ကိုယ်မသိသေးတဲ့ အရာတွေကို သိချင်တာရယ်ကြောင့်  လိုက်လာမိတာပါ။စုစုပေါင်း ၂ နာရီ ကျော်လောက် ရန်ကုန် downtown မှာလမ်းလျှောက်ပြီး ရန်ကုန်ရဲ့ သမိုင်းဝင် ဗိသုကာလက်ရာတွေကိုကြည့်ရပြီး tour guide က ရှင်းပြတာတွေကလည်း တကယ်ကို အဖိုးတန်ပါတယ်။ သွားရင်းလာရင်းရိုက်ခဲ့မိတဲ့ ပုံလေးတွေကို ပြရင်း ဒီပိုစ်လေးကို ရေးမိလိုက်တာပါ။



ဒါကတော့ YHT ရုံး ခန်း အတွင်းပိုင်း ပါ။

YHT ရဲ့ ရုံးခန်းထဲမှာတင်ပဲ ရန်ကုန်ရဲ့ ရှေးက ဓာတ်ပုံတွေ ချိတ်ဆွဲထားပါတယ်။ရှေးတုန်းက ရန်ကုန် ကို အမြင်အသစ်နဲ့ တွေ့ရမှာပါ။ ကျွန်တော်ကတော့အဲ့ခေတ်တုန်းက ဓာတ်ပုံတွေကို ကြည့်ရင် ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာတွေကို လေးစားပြီးရင်း လေးစားပဲ။




ဒါကတော့ ရန်ကုန်စာတိုက်ကြီး ပါ။ ရန်ကုန်စာတိုက်ကြီးကို ၁၉၀၈ ကစတင် ဆောက်လုပ်ခဲ့ပါတယ်တဲ့။ မှုလက စကော့လူမျိုးပိုင် Bulloch Bros & Co. ရဲ့ ရုံးအဖြစ် တည်ဆောက်ခဲ့ပြီး ၁၉၃၆ ကစပြီး ဗဟို စာတိုက်ကြီးအဖြစ် ပြောင်းလဲ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။


နောက်ထပ် ရောက်သွားတဲ့ နာမည်ကြီး အဆောက်အဦးကတော့ လောကနတ်အဆောက်အဦး လို့ လူသိများတဲ့ ဆိုဖဲရ်အဆောက်အဦး ပါ။ ဒီအဆောက်အဦးကို ၁၉၀၆  မှာ တည်ဆောက်ခဲ့ပြီး ဂျူးလူမျိုး  ကုန်သည်မိသားစု (ဆိုဖဲရ်မိသားစု) ကပိုင်ဆိုင်ခဲ့တဲ့အဆောက်အဦး ဖြစ်ပြီး နာမည်ကျော် စီးပွားရေးလုပ်ငန်းတွေ အဲ့ဒီမှာ ဖွင့်လှစ်ခဲ့ပါတယ်တဲ့ ။ ၁၉၇၁ ခုနှစ်မှာတော့  ပထမဆုံးခေတ်ပြိုင် အနုပညာပြခန်း  အဖြစ် လောကနတ်ကို စတင်ဖွင့်လှစ် ခဲ့ပါတယ်တဲ့။




Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း