Skip to main content

Project Treble အကြောင်း တစေ့တစောင်း

Android team ကနေပြီးတော့ Android version အသစ်တိုင်းကို ပိုကောင်းအောင် လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ရှိပြီးသား ဖုန်းတွေအတွက် ဗားရှင်းအသစ်ထုတ်မယ်ဆိုရင် အချိန်တွေ ငွေတွေ တအားကုန်ပါတယ် ဖုန်းထုတ်လုပ်သူတွေက ပြန်ပြောလာပါတယ်။
ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဖုန်းထုတ်လုပ်သူတွေ နဲ့ ဆီလီကွန်တောင်ကြားက ထုတ်လုပ်သူတွေ ပူးပေါင်းပြီး  Android O ကနေစပြီး Project Treble ကို ဖန်တီးလိုက်ကြပါတယ်။

ပထမဆုံး Android version အသစ်ထွက်လာပြီး အသုံးပြုသူတွေလက်ထဲ ရောက်လာဖို့ ဘယ်လို အဆင့်ဆင့်လုပ်ဆောင်ရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ် ။

  1. Android team ကနေ open-source code ကို ဖြန့်ချီလိုက်ပါတယ်။
  2. ဆီလီကွန်တောင်ကြားကထုတ်လုပ်သူတွေ ( android device တွေအတွက် chip ထုတ်လုပ်တဲ့သူတွေကို ခေါ်တာပါ) က သူတို့ထုတ်လုပ်တဲ့ chip တွေနဲ့ ကိုက်ညီအောင် ထွက်လာတဲ့ open source code ကို ပြုပြင်မှု့တွေလုပ်ရပါတယ်။
  3. ဆီလီကွန်တောင်ကြားကထုတ်လုပ်သူတွေက ပြုပြင်မှု့တွေလုပ်ပြီးတဲ့အခါမှာတော့ Android device တွေကို ထုတ်လုပ်တဲ့သူတွေ ဖြစ်တဲ့ Sony, Samsung, LG, Huawei, Xiaomi, စတဲ့ ဖုန်းထုတ်လုပ်သူကနေ ဆက်လက်ပြီး device တစ်ခုချင်းဆီအတွက် လိုအပ်တာတွေကိုပြုပြင်မှု့တွေဆက်လုပ်ကြရပြန်ပါတယ်။
  4. အဲ့ဒီနောက်မှာတော့ ဖုန်းထုတ်လုပ်သူတွေဟာ ရလာဒ်ကို စမ်းသပ် စစ်ဆေး ပြီး မှတ်ပုံတင်ရပြန်ပါတယ်။
  5. နောက်ဆုံး စစ်ဆေးမှု့တွေ အောင်မြင်ပြီးတဲ့အခါမှပဲ သုံးဆွဲသူတွေဆီကို ရောက်သွားပါတယ်။
Project Treble နဲ့ဆိုရင်တော့ အပေါ်ကအဆင့်တွေလိုမဟုတ်ပဲနဲ့ ဖုန်းထုတ်လုပ်သူတွေဟာ အသုံးပြုသူတွေဆီကို အချိန်ကုန် သက်သာစွာနဲ့ version အသစ်ကို ထုတ်လုပ်ပေးနိူင်မှာ ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် Hardware အတွက် Driver တွေကို သက်သက် layer တစ်ခုပေးထားပြီး OS အတွက် layer တစ်ခုပေးထားပါတယ်။ အဲ့တော့ System upgrade လုပ်တဲ့အခါမှာ OS layer ကိုပဲ တန်းလုပ်လိုက်ယုံပါပဲ။ Hardware ထုတ်လုပ်သူတွေက သက်သက် update လုပ်ပေးလိုက်ယုံပါပဲ။ Treble ကို support လုပ်တဲ့ Devices တွေအတွက် System Upgrade တွေက မြန်မြန်ထွက်လာနိူင်ပါတယ်။ အရင်ကလို Hardware ထုတ်လုပ်တဲ့သူတွေကပေးတဲ့ code တွေကို စောင့်စရာမလိုတော့ပါဘူး။
အောက်ကပုံလေးကိုကြည့်လိုက်ရင်  ရှင်းသွားမှာပါ။
Credit to XDA


 

 

 မှုရင်းလင့်ခ်

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...