Skip to main content

Contextual Rendering @ Complex Shaping For Myanmar Unicode


Windows အတွက် Uniscribe ဆိုတဲ့ Shaping Engine ရှိတယ်။ ဒါပေမဲ့ သူက မြန်မာစာအတွက် Support လုပ်ပေးမထားဘူး။ ဒါကြောင့် လက်ရှိမြန်မာစာအတွက် သုံးလို့မရရအောင် Microsoft Volt သုံးပြီး တခြား Opentype Rule တွေနဲ့ Shaping Rule တွေကို အဆင်ပြေသလို တီထွင်ကြံဆပြီး သုံးထားရတာ။ ဂျပန်က နှစ်ထပ်ကားတွေကို မြန်မာပြည်ရောက်တော့ အမိုးဖြတ်၊ တံခါးပေါက် ဘယ်ညာပြောင်းတပ်ပြီး သုံးရတဲ့သဘောပေါ့။ Windows က မြန်မာစာအတွက် Uniscribe မှာ Support ပေးရင် အဲလို Hack စရာမလိုတော့ဘဲ အလွယ်သုံးနိုင်မယ်။ Shaping အတွက်သုံးရတဲ့ CPU usage လည်း သိသိသာသာ လျော့သွားမယ်။ မြန်မာ၂၊ ၃၊ ပုရပိုဒ်၊ ပိတောက်၊ ယွန်းချို၊ မိုင်မြန်မာ နဲ့ ဝင်းယူနီကုဒ်ဖောင့်တွေ Uniscribe သုံးတယ်။
Windows အတွက် Uniscribe ဆိုတဲ့ Shaping Engine ရှိတယ်။ ဒါပေမဲ့ သူက မြန်မာစာအတွက် Support လုပ်ပေးမထားဘူး။ ဒါကြောင့် လက်ရှိမြန်မာစာအတွက် သုံးလို့မရရအောင် Microsoft Volt သုံးပြီး တခြား Opentype Rule တွေနဲ့ Shaping Rule တွေကို အဆင်ပြေသလို တီထွင်ကြံဆပြီး သုံးထားရတာ။ ဂျပန်က နှစ်ထပ်ကားတွေကို မြန်မာပြည်ရောက်တော့ အမိုးဖြတ်၊ တံခါးပေါက် ဘယ်ညာပြောင်းတပ်ပြီး သုံးရတဲ့သဘောပေါ့။ Windows က မြန်မာစာအတွက် Uniscribe မှာ Support ပေးရင် အဲလို Hack စရာမလိုတော့ဘဲ အလွယ်သုံးနိုင်မယ်။ Shaping အတွက်သုံးရတဲ့ CPU usage လည်း သိသိသာသာ လျော့သွားမယ်။ မြန်မာ၂၊ ၃၊ ပုရပိုဒ်၊ ပိတောက်၊ ယွန်းချို၊ မိုင်မြန်မာ နဲ့ ဝင်းယူနီကုဒ်ဖောင့်တွေ Uniscribe သုံးတယ်။
Uniscribe Font တွေကို လင်းနက်မှာ ပန်ဂိုးက ဘာသာပြန်ပြီး Shaping ပြန်လုပ်တယ်။ ဆိုလိုတာက လင်းနက်မှာ Shaping က Windows မှာထက်တောင် နှေးနိုင်တယ်၊ သူက နှစ်ဆ အလုပ်လုပ်ရတာကိုး။ ဒါပေမဲ့ Pango မှာ Graphite အတွက် အပြည့်အဝ ထောက်ပံ့ပေးထားတယ်။ Padauk ဖောင့်က Uniscribe နဲ့ Graphite နှစ်ခုလုံး Apply လုပ်ထားတဲ့အတွက် Pango က Graphite ကို ဦးစားပေးပြီး Shaping လုပ်တဲ့အတွက် Padauk သုံးရတာ ပိုပေါ့ပြီး မြန်တယ်။ Masterpiece Uni Sans ကတော့ Pango ကို တိုက်ရိုက်သုံးတဲ့အတွက် အပေါ့ဆုံးနဲ့ အမြန်ဆုံး ဖြစ်မယ်။ Linux မှာ တိုင်းရင်းသားစာတွေ ဖတ်ဖို့လိုရင် Padauk ကိုသုံးပြီး၊ မလိုရင် Masterpiece Uni Sans ကိုသုံးဖို့ Recommend လုပ်ပါတယ်။ MyMyanmar လည်း Graphite သုံးတယ်ထင်တယ်။ Pango က Graphite ကို Support လုပ်ပေမဲ့ Shaping rule တွေက ဖောင့်ထဲမှာပဲ ရှိတယ်။ Masterpiece သွင်းလိုက်လို့ ပိတောက် အလုပ်မလုပ်ဘူးဆိုတာ မဖြစ်နိုင်ဘူးထင်တယ်။ သေချာစမ်းကြည့်ရဦးမယ်။
သံလွင်ဖောင့်ကတော့ 1mb လောက်ရှိတဲ့အတွက် ဖောင့်ဆိုဒ်အကြီးဆုံးဖြစ်မယ်။ Opentype နဲ့ Graphite ရဲ့ Ligature ပြောင်းတဲ့ Rule တစ်ခုပဲသုံးထားလို့ CPU Usage အနည်းဆုံးဖောင့် ဖြစ်မယ်။ Windows မှာရော Linux ရဲ့ Harfbuzz နဲ့ Pango Module တွေမှာပါ အလုပ်လုပ်တယ်။ Windows က Adobe Software တွေမှာ အသုံးပြုလို့ရတဲ့ တစ်ခုတည်းသော ဖောင့် ဖြစ်မယ်။ Adobe က အခြေခံ Opentype Rule တွေကို နားလည်ပေမဲ့ Complex Shaping မှာ Uniscribe နဲ့ အလုပ်မလုပ်ဘူး။  Adobe က သူ့ကိုယ်ပိုင် အင်ဂျင်နဲ့ အလုပ်လုပ်တယ်။ AFDKO နဲ့ ရေးထားတဲ့ ဖောင့်တွေမှ အပြည့်အဝ Support လုပ်တယ်။ VOLT ထဲမှာ Standard Opentype Rules တွေသာသုံးပြီးရေးထားရင်လည်း Adobe ဆော့ဝဲတွေမှာ အလုပ်လုပ်တယ်။
Mac ရဲ့ Native က AAT ၊ သူက Graphite နဲ့ အလုပ်လုပ်ပုံချင်းတူတယ်။ Masterpiece Uni Sans က အရှေ့တောင်အာရှ ဘာသာစကားတွေမှာ ကိုယ့်အားကိုယ်ကိုး Develop လုပ်ပြီး ပထမဆုံး AAT သုံးနိုင်တဲ့ Opensource Mac Font ဖြစ်မယ်။ သူ့ရှေ့မှာ စီးပွားဖြစ်ဖောင့်တွေဖြစ်တဲ့ Xenotype နဲ့ MyMyanmar နှစ်ခုရှိတယ်။ တိုတိုပြောရရင် မြန်မာစာကို Linux ကလွဲပြီး ဘယ် OS ကမှ Support မလုပ်ပေးသော်ငြား အပတ်တကုပ်နဲ့ အားထုတ်ခဲ့တဲ့ ပညာရှင်တွေကြောင့် မြန်မာယူနီကုဒ်ဖောင့်တွေ ဒီလောက်ထိ အဆင့် မြင့်မြင့် သုံးနေနိုင်တာလို့ ပြောရမယ်။
ဒီဖောင့်က မပေါ်ဘူးဆိုရင် ဘယ်နေရာမှာ ဘယ်လိုမပေါ်တာ၊ အလုပ်မလုပ်ဘူးဆိုရင် ဘယ် OS ရဲ့ ဘယ် Software မှာ အလုပ်မလုပ်တာ၊ ဘယ်လို ဘယ်လိုရိုက်လိုက်လို့ မမှန်တာ ဘယ်နေရာမှာ မမှန်တာ စသည်ဖြင့် အသေးစိတ် Bug Report တွေကို Screenshot နဲ့တကွ အကြောင်းကြားပေးရင် Font Developer တွေ Troubleshoot လုပ်ရတာ ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
View Unicode font list here.
Download Myanmar unique syllable list here.
Myanmar unique syllable list ဖိုင်ထဲမှာ ပါတဲ့ ဝဏ္ဏ၊ ဝဏ္ဏတွဲ အကုန်လုံးနဲ့ အမှန်အတိုင်းမြင်ရတယ်ဆိုရင် အဲဒီဖောင့် ၁၀၀ ရာခိုင်နှုန်း အလုပ်လုပ်တယ်လို့ အကြမ်းဖျင်း ပြောလို့ ရပါတယ်။
Credit: myanmarlanguage.org

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________