Skip to main content

ယူနီကုဒ်ဆိုတာ


Unicode က font မဟုတ်ပါဘူး ဘာသာစကားအားလုံးပေါင်းစုထားတဲ့စနစ်တစ်ခုပါ နိုင်ငံတိုင်းမှာ ဘာသာစကားမျိုးစုံရှိပါတယ် မြန်မာနိုင်ငံမှာလဲ တိုင်းရင်သားများသလို ဘာသာစကား လဲများပါတယ် အဲ့ဒီဘာသာစကားအားလုံးကို စနစ်တစ်ခုထဲမှာစုပြီးထဲ့ထားတာ အဲဒါကိုunicode လို့ခေါ်တာပါ မြန်မာတွေလုပ်ခဲ့တာမဟုတ်ပါဘူး နိုင်ငံတကာ ပေါင်းစုထားတဲ့ အဖွဲ့အစည်း  ကလုပ်တာပါ အဲ့အဖွဲအစည့်းကသတ်မှတ်ပေးတဲ့ code point နေရာတွေမှာ ဗမာစာ အပါအဝင်တိုင်းသားဘာသာစကားအားလုံးကို သူ့နေရာနဲ့သူထည့်ထားတာ ဒါကို အစိုးရကဦးဆောင်ပြီး မြန်မာကွန်ပျူတာပညာရှင်များနဲ့ မြန်မာစာပညာရှင်များ၊ သက်ဆိုင်ရာတိုင်းရင်းသားဘာသာဆိုင်ရာပညာရှင်များက စုပေါင်းပြီး နေရာတကျထည့်သွင်းထာပါတယ် အဲ့လိုထည့်သွင်းပြီးတော့မှ နိုင်ငံ တကာစုထားတဲ့အဖွဲ့စီကိုပြန်တင်ရတာပါ သူတို့ရပြီ ဆိုပြီး unicode စနစ်ထဲကိုထည့်သွင်းပေးတော့မှ သုံးလို့ရခဲ့တာပါ အဆင့်ဆင့်ပြင်ဆင်ပြီးမှ နိုင်ငံတကာဘာသာစကားစနစ်ထဲပါဝင်နိုင်ခဲ့တာပါ unicode ကိုအသုံးပြုပြီးရေးထားတဲ့ စာတွေကို အင်္ဂလိပ်တွေလဲဖတ်လိုရတယ် ပြင်သစ်တွေလဲဖတ်လို့ရတယ် တရုတ်၊ ဂျပန်တွေလဲဖတ်လို့ရပါတယ်  သူတို့သာဗမာစာတတ်ခဲ့ရင်ပေါ့၊ မတတ်လဲကိစ္စမရှိဘူး translate လုပ် ဘာသာပြန်ပြီးဖတ်လို့ရပါတယ်၊ 
zawgyi က unicode စနစ်ထဲမြန်မာစာတွေပါဝင်နိုင်ဖို့လုပ်နေတဲ့အချိန်မှာ online မှာသုံးဖို့မလွယ်သေးတဲ့အချိန် အသုံးပြုနိုင်ဖို့အတွက်မူရင်းတီထွင်သူကရည်ရွယ် ပြုလုပ်ပေးတယ်လို့ထင်ပါတယ် ဘာလို့လဲဆိုတော့ unicode စနစ်ထဲမှာပါဝင်နိုင်ဖို့ ဘာသာစကားတွေစုစည်းပြီး အဆင့်ဆင့်လုပ်ခဲ့ရတော့ အချိန်အရမ်းကြာခဲ့ပါတယ် သူတို့အဖွဲ့အစည်း လက်ခံပေးတဲ့အချိန်မှာ zawgyi နဲ့ unicode ရဲ့ တစ်ချို့ code point နေရာတွေက လွဲနေပါတယ် ပြင်လို့လဲမရနိုင်ပါဘူး အဲတာကြောင့်မို့လို zawgyi/unicode ပြဿနာပေါ်ခဲ့တာပါ ရေးချာ၊ အသတ်၊ ရရစ်၊ရပင့် တွေလိုနေရာတွေမှာပါ။ code point နေရာတွေကို ပြန်ပြင်လို့မရပေမယ့် ၂မျိုးလုံးအဆင်ပြေအောင်ဖတ်နိုင်တဲ့ font ကို မြန်မာကပညာရှင်တွေ ပြုလုပ်ပေးထားတဲ့ zawdecode ဆိုတဲ့ font ရှိပါတယ် မြို့နယ် တိုင်းလောက်မှာ unicode အသုံးပြုသူတွေ ရှိပါတယ်  ph မှာအသုံးပြု ချင်တယ်ဆိုလဲ ကိုယ့်စရိတ်ကိုယ်စိုက်ပြီး ကူညီနေတဲ့သူတွေရှိပါတယ် 😀😀😀( end user နားလည်အောင်ရေးထားတာပါ အမှားပါခဲ့ရင် ခွင့်လွှတ်ပါ တစ်ခြားလူတွေမေးလာခဲ့ရင်အဲ့လိုဖြေပါတယ်)

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။