ဒီဆောင်းပါးကို Wayan Vota က ၁၉−၈−၂၀၁၄ ရက်စွဲနဲ့ http://discover.isif.asia/ မှာရေးသားခဲ့ပါတယ်။ သူဟာ Discover ရဲ့ အယ်ဒီတာ ဖြစ်ပြီး ICTworks, Technology Salon, Educational Technology Debate, OLPC News, Kurante စသည်တို့ရဲ့ ပူးပေါင်းတည်ထောင်သူ ဖြစ်တယ်လို့ဆိုပါတယ်။ *//
// ကိုဆန်းထွန်း က ဘာသာပြန်ပါတယ်။ သဘောမကျရင် မူရင်းလင့်မှာ ဝင်ရောက်ဖတ်ရှုကြပါ။
// http://discover.isif.asia/2014/08/respect-myanmar-diversity-use-unicode-fonts/
မြန်မာနိုင်ငံမှာ ဗမာဘာသာစကား သုံးစွဲမှု အများဆုံး ဖြစ်နေတာကြောင့် ဒစ်ဂျစ်တယ် နည်းပညာနယ်ပယ် မှာ ရှည်လျား ထွေပြားတဲ့ ခရီးရှည်ကြီး တစ်ခုဖြစ်နေပြီး အော်လိုင်းမှာ ဖေါ်ပြသုံးစွဲဖို့ရာ ယှဉ်ပြိုင်နေတဲ့ စနစ်၂ခုကြား သို့လောသို့လော ယုံမှား သံသယတွေ ရှိနေခဲ့ကြပါတယ်။
လက်တင်စာ, တရုတ်စာတွေလို မဟုတ်ပါဘူး ဗမာစာက စကားလုံးတစ်လုံးစီရဲ့ကြားမှာ ကွက်လပ် (Space) မသုံးပါဘူး။ ကွန်ပျူတာက စကားလုံး အစိတ်အကျဲ အဖြတ်အတောက် စီစီရီရီ ဖော်ပြပေးဖို့ လုပ်ဆောင်ချက်တွေ လွယ်ကူအောင် စကားလုံး အဖြတ်အတောက်တွေယေဘုယျအားဖြင့် မှန်ကန်အောင် လုပ်နိုင်ဖို့လိုပါတယ်။
အဲဒီလို စာသားတွေကို ပြန်လည်ပုံနှိပ်ဖော်ပြဖို့ရာ ကွန်ပျူတာစနစ်က ကိုင်တွယ်နိုင်ဖို့ လို့ပါတယ်၊ ကွန်ပျူတာနားလည်နိုင်သော တသမတ်တည်းသော သိုမှီးသိမ်းဆည်းမှု စနစ်ဖြစ်နေဖို့လို့ပါတယ်။ ဒါကြောင့် ဖောင့်ရှိတဲ့ ဘာသာစကား အကုန်လုံးနီးနီးက ယူနီကုဒ် စံစနစ်ကို သွားနေပါတယ်။
မြန်မာနိုင်ငံမှာတော့ ယူနီကုဒ်သုံးစွဲမှုကို အလွန်နှေးကွေးစွာ စတင်ခဲ့ရပြီး အခုချိန်ထိလည်း လျင်လျင်မြန်မြန် မတိုးတက်နိုင်သေးပါဘူး။
ဒစ်ဂျစ်တယ် ခေတ်ဦးမှာ လူတစ်စုအဖွဲ့က ဗမာစာတွေသုံးနိုင်အောင် ဇော်ဂျီကို ထုတ်လုပ်ခဲ့ပါတယ်။ ဇော်ဂျီဖောင့်ကို ရိုက်နှိပ်ဖို့ Qwerty ကီးလက်ကွက်လို ရိုက်နိုင်အောင် လေ့လာပြီး ထုတ်ခဲ့ကြတာကြောင့် ဇော်ဂျီကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာကြပါတယ်။ သို့သော်လည်း, လူအများသုံးတယ် ဆိုတိုင်း ဇော်ဂျီက အကောင်းဆုံးဖောင့် ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။
နည်းစနစ် နည်းပညာရှုထောင့်အရ ဆော့ဝဲဖွံ့ဖြိုးတိုးတက်မှုအတွက် ဇော်ဂျီက မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဖောင့်အမှန်မြင်ရဖို့အတွက် လိုသလို ပြုပြင်ထားတဲ့စာလုံးတွေချဲ့ထွင်သုံးစွဲဖို့ လိုအပ်နေလိုပဲဖြစ်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းတွေမှာ ရှိပြီးသားမဟုတ်တဲ့အတွက် ကိုယ်ဟာကိုယ် ထည့်သွင်းသုံးစွဲဖို့လိုပါတယ်။ ဒါဟာ သာမန်သုံးစွဲသူများ အတွက် နည်းပညာ အခက်အခဲ ဖြစ်စေပါတယ်။
ဇော်ဂျီအစားယူနီကုဒ်သုံးဖို့ အရေးတကြီး လုပ်ဆောင်ဖို့လိုပါတယ်။ ဇော်ဂျီဖောင့်က အခြားသော တိုင်းရင်းသား ဘာသာ အက္ခရာတွေအတွက် သုံးစွဲလို့မရပါဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုများနဲ့ ပတ်သက်ပြီး အလွန်အကဲဆတ်တဲ့ သမိုင်းကြောင်း ရှိနေပါတယ်။ (အတိတ်ကရော − အခုရော) တိုင်းရင်းသားလူမျိုးစုများအတွက်ကို ဖယ်ရှားထားတဲ့ မည်သည့် ဒစ်ဂျစ်တယ် ပစ္စည်းကိုမျှ ကျွန်တော်တို့ မသုံးသင့်ပါဘူး။ နည်းပညာနဲ့ပတ်သက်တဲ့ ပြောတဲ့အသံတွေကိုလည်း ကန့်သတ် ထားဖို့မသင့်ပါဘူး။
မြန်မာယူနီကုဒ်ဖောင့်က ဘာသာစကား ၁၁ မျိုးပါဝင်ပါတယ်။ ဗမာ၊ ပါဠိ၊ သက္ကတ၊ မွန်၊ ရှမ်း၊ ကယား၊ ရူမည်းပလောင်၊ နှင့် ကရင်ဘာသာ ၄ မျိုး တို့ပါဝင်ပါတယ်။ အခုဆိုရင် ယူနီကုဒ်က အင်ဒရိုက်ပစ္စည်းတွေရဲ့ စံဖောင့် ဖြစ်နေပါပြီ။ အော်လိုင်းသုံးစွဲမှုအတွက် လူကြိုက်အများဆုံးဖြစ်လာမှာပါ။ အစိုးရ ဝက်ဘ်ဆိုဒ် တွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က ယူနီကုဒ်ကို သုံးစွဲပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ကြဖို့ ယူနီကုဒ်သုံးစွဲဖို့ အချိန်ရောက်နေပါပြီ။ ဒါမှ ကျနော်တို့ လူတိုင်းလူတိုင်းနဲ့ အမှန်တကယ် ဆက်သွယ်နိုင်ကြမှာပါ ခင်ဗျား။
Comments
Post a Comment