Skip to main content

Keymagic ကို MacOS မှာ install လုပ်နည်း

Mac OS အတွက် keymagic ထည့်ပုံ ထည့်နည်းကို တဆင့်ခြင်း ရေးပေးထားပါတယ်။ Mac OS version နဲ့ keymagic version ပေါ် မူတည်ပြီး နည်းနည်းတော့ ကွဲတာတွေ ရှိနိုင်ပါတယ်။

အရင်ဆုံး keymagic ကို Download လုပ်ပါ။
Click here to download

Download လုပ်လို့ ရလာတဲ့ keymagic.pkg ကို double click နှိပ်ပြီး ဖွင့်လိုက်ရင် ခုလို ပြပါလိမ့်မယ်။
ဘာမှမဖြစ်ပါဘူး။ System Preference ထဲက Security & Privacy ကို ဖွင့်လိုက်ပါ။ အောက်ဘက်က သော့ ပုံလေးကို နှိပ်ပြီး ( password တောင်းရင် ရိုက်ထည့်ပေးလိုက်ပါ ) open anyway ကို နှိပ်ပါ။



နောက်ထပ် box တခု ပေါ်လာရင် open ကိုပဲ နှိပ်ပေးပါ။


ဒီလို error မျိုး တက်လာရင် installation location ကို ပြန်ရွေးပေးဖို့ လိုပါလိမ့်မယ်။ Quit ကို နှိပ်ပြီး အစကနေ ပြန်စပါ။


Install လို့ ပြီးသွားတဲ့ အခါ System Preference > Keyboard > ထဲက Input Source tab ကို သွားပြီး + ကို နှိပ်၊ keymagic ကို add လုပ်ပေးပါ။ ဒီတိုင်းမတွေ့ရင် Multiple Language ထဲမှာ ရှိပါလိမ့်မယ်။



Add ပြီးသွားရင်တော့ control + Space ကိုနှိပ်ပြီး keyboard switch ပြီး မြန်မာစာ ရိုက်လို့ရပါပြီ။
Keymagic မှာ ရွေးစရာ ကီးဘုတ်တွေ များနေတော့ ဘယ်ဟာရွေးရမှန်းမသိ ဖြစ်နေရင် Pyihtaungsu or မြန်စံ smart တခုခု ကို ရွေးပါလို့ အကြံပေးပါရစေ။

Keymagic ရဲ့ Official site ကနေလည်း update ဖြစ်တာ Down လို့ ရပါတယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________