Skip to main content

Covid19 ရက်စွဲများ

မြန်မာနိုင်ငံမှာ Covid ဆိုးဆိုးရွားရွား မဖြစ်ခင် ဇန်နဝါရီ လကုန်မှာ ရန်ကုန်ကို ပြန်ရောက်တယ်။ ပြန်လာတဲ့ အချိန်မှာတောင် Singapore ကို ဝင်တာ  passport မှာ လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က တရုတ်ကိုရောက်နေတာမို့ လို့ ပေးမဝင်ပါဘူးဆိုပြီး စလုံးမှာ အတော်တိုင်ပတ်သွားသေးတယ်။ အဲ့တာနဲ့ ပြန်ရောက်ရောက်ချင်း နယ်ပြန် လိုက်သေးတယ်။ ပုဂံတောင်ရောက်သွားသေးတယ်။ မတ်လ ၅ ရက်နေ့မှာ သင်တန်းတခု တက်စရာရှိလို့ ရန်ကုန်ကို ပြန်လာတယ်။ အဲ့တာနဲ့ပဲ ရန်ကုန်မှာ သောင်တင်တော့ပဲ။ အိမ်ကတော့ ပြန်ခေါ်တာပေါ့။ ဒါပေမယ့် မပြန်ချင်ဘူးဗျ။ ရန်ကုန်ကြီးကို ဒီအတိုင်း ထိုင်ကြည့်နေချင်တဲ့ စိတ် အာသီသ က အတော်ဖြစ်နေတာ။ အဲ့တာနဲ့ပဲ သင်္ကြန်တွင်းကို အိမ်မပြန်တော့ပဲ ရန်ကုန်မှာပဲ နေတော့တယ်။ Covid ပြီးရင်တော့ လူက ဝက်ဖြစ်ယုံတင် မကဘူး။ မျက်စိပါ ပါဝါတိုးမယ်ထင်တယ်။ အားနေတော့ အရင်ကထက် ဖုန်းနဲ့ laptop ကို ပိုသုံးဖြစ်နေတယ်လေ။


အဲ့တာနဲ့ အတော်ကြာတော့ ကိုမောင်ဆန်း  က Covid အတွက် data တွေ လုပ်ကြမယ်၊ အကုန်ဝိုင်းဖြည့်ရင် ခဏလေးနဲ့ ပြီးမယ် ဆိုတာနဲ့  Myanmar Unicode Area က လူတွေနဲ့ ဝိုင်းလုပ်လိုက်ကြတာ ၁ ရက်တည်းနဲ့ ရုပ်တန်းထွက်လာတာပဲ။ ဘာလို့ မြန်လဲ ဆိုရင် Covid စဖြစ်ကတည်းက ကိုငြိမ်းချမ်းကိုကို က ဒေတာတွေ စုထားတဲ့ ဟာကို ကျွန်တော်တို့ကို ပေးလိုက်တာကိုး။




ဒေတာတွေကလည်း တကယ့်ကို ဗြောက်သောက်ပဲ။ အစိုးရက ဒေတာတွေရဲ့တန်ဖိုးကို နားမလည်သေးတာလားတော့ မသိဘူး။ ကြုံလို့ ပြောရဥ◌ီး မယ်။ Facebook ပေါ်က ခင်ရတဲ့ အကိုတွေ က အကူအညီတောင်းလို့ ဒေတာတွေ ဝင်ကူဖြည့်ပေးတာ။ ဘယ်က ဒေတာတွေလဲ ဆိုတော့ မြဝတီနယ်စပ်က ပြန်လာတဲ့ သူတွေကို စာရင်းလုပ်ထားတဲ့ဟာ ကို excel ထဲ ပြန်ထည့်ပေးရတာ။ အစိုးရက ဘယ်လိုစာရင်းလုပ်ထားလဲ ဆိုတော့ စာရွက်ပေါ်မှာ ချရေးထားပြီး scan ပြန်ဖတ်ပြီး pdf ပြောင်းထားတာကြီးဗျ။ ဟောရင်းနဲ့သာ ပျံလွန်တော်မူမယ် ဆိုတာ အဲ့တာကို ပြောတာနေမယ်။ အတော် ဆိုးဆိုးပဲဗျ။ ထားပါတော့။

Covid ရန်ကုန်မှာ ဆိုးဆိုးဝါးဝါး မဖြစ်ခင်တုန်းက မြို့ထဲ လျှောက်သွားထားတာလေး ကို အမှတ်တရ အနေနဲ့ ရိုက်ထားမိသေးတယ်။ တကယ်ဆို ဆူးလေဘက် ကို ဒီ အချိန် သွားရိုက်ရမှာ။ အခုလိုမျိုး လူသူရှင်း ကားလမ်းတွေ ရှင်းတယ်ဆိုတာ တကယ်ကြီးကို မြင်ရတွေ့ရ ကြုံရခဲတယ်လေ။ Video က တခါမှ မရိုက်ဖူးဘူး။ ရိုက်သာရိုက်ရတာ creativity က သိပ်မရှိဘူး။ EDIT လုပ်ရတာလည်း တခါမှ မလုပ်ဖူးပဲ လုပ်တော့ အတော် လုပ်လိုက်ရတယ်။







Coivid ဖြစ်တုန်း သင်္ကြန်တွင်းကတော့ အိမ်တွင်းပုန်းနေတာ။ ၃ ရက်မှ တခါပဲ စက်ဘီးပတ်စီးတာလောက်ပဲလုပ်ဖြစ်တယ်။ အိမ်ထဲနေရတာ အညောင်းမိတယ်လေ။ အိမ်ထဲလည်း တနေကုန် ထိုင်မနိုင်ဘူး။ နဂိုကမှ အငြိမ်မနေတတ်တဲ့ သူဆိုတော့ ပိုဆိုးတာပေါ့။




သင်္ကြန်ပြီးတော့လည်း သိပ်မထူးပါဘူး။ လူတွေ လမ်းပေါ် ပြန်ထွက်လာကြတယ်။ Mask တွေလည်း လူတိုင်း မတပ်ကြဘူး။ တပ်တဲ့လူတွေလည်း ရှိနေသလို မေးချိတ်ထားတဲ့ လူတွေလည်း ရှိနေတယ်။

4 May မှာ curve က အောက်ကို ကွေးကျနေရာကနေ အပေါ်ပြန်တက်လာတယ်။ လူတွေ စိတ်ထဲမှာ ပိုးမတွေ့တော့ ပေါ့ပေါ့ဆဆ နေနေကြတယ်လေ။ First wave အပြီးမှာ လူတွေက ပေါ့သွားတဲ့ အချိန် ရုတ်တရက် second wave ရောက်လာတဲ့ အခါ ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ကုန်မှာ စိုးတယ်။ ခုလို ဘာမှ မဟုတ်တဲ့ first wave ( ဘာမှမဟုတ်တာတောာင် လူနာ 161 ယောက်ရှိတာနော်။ ) မှာတောင် frontliner  တွေ အသေအကြေ ပင်ပန်းကြရတာ။ ဒုတိယလှိုင်း သာဆို လူနာ ထောင်ဂဏန်း ဖြစ်သွားနိုင်တယ်။ ဒီ နောက်ဆုံး တွေ့တဲ့ လူနာ ၁၆၀ ဆို silence carrier တွေ ဆီကနေ ကူးတယ်လို့ ပြောတယ်။ ဘာတွေဆက်ဖြစ်မလဲ ရင် တမမနဲ့ ငွေရောင်ပိတ်သားပေါ်မှာ ဆက်လက် ကြည့်ရှရမှာပဲ။

စကားမစပ် ကိုဗစ်ဖြစ်တော့ lock down တွေ ရှိလာတယ်ပေါ့ဗျာ။ 
ဒီရန်ကုန် lock down ကလည်း သိတယ်မဟုတ်လား။ ထားပါတော့။ အဲ့တော့ lock down တွေ ဖြစ်ကုန်ကြတော့ အကုန် အိမ်တွင်းပုန်းကြရတယ်ပေါ့။ IG မှာ ပတ်ကြည့်မိတော့ ကိုယ်ငမ်းနေကျ ကြည့်နေကျ နိုင်ငံခြားက photo model တွေ အကောင့်မှာ မြင်ရတာလေး ပြောချင်လို့။ သူတို့လည်း lock down ဆိုတော့ အိမ်တွင်းပုန်းကြရတာပေါ့။ အဲ့တော့ ပြောရရင် ဝင်ငွေ မရှိကြတော့ဘူးပေါ့။ တချို့က မော်ဒယ် တွေ ဆိုရင် ကင်မရာတွေ ခုမှ ဝယ်ပြီး ဓါတ်ပုံ ရိုက်နည်း သင်ကြတယ်။ လေ့လာကြတယ်။ ပြီးရင် FaceTime or Video call ခေါ်ပြီး ဓါတ်ပုံဆရာ လိုချင်တဲ့ ပိုစ့်ပေး ကင်မရာ setting ချပြီး remote ဓါတ်ပုံ တွေရိုက်ကြတယ်။ သူတို့လည်း ဓါတ်ပုံပညာသင်ပြီးသားလည်း ရ မော်ဒယ်ပြန်လုပ်ရတော့ ဝင်ငွေလည်း ရ။ အဲ့တာနဲ့ New Normal ဆိုတာ ဂလိုကိုး ဆိုပြီး သဘောတောင် ကျမိသေးတယ်။ 

အဲ
တူနီးရှား နိုင်ငံက မော်ဒယ်တွေကျတော့ ဘာလုပ်သလဲ လိုက်ကြည့်မိပါတယ်။ Tiktok ဆော့တဲ့သူနဲ့ မုန့်ရောင်းတဲ့ သူနဲ့။ သူ့အရပ်နဲ့ သူဇာတ်ကတော့ ဟုတ်တော့ ဟုတ်သားဗျ။ 

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________