ဒီနေ့တော့ သီချင်းတွေနားထောင်ရင်း စာတစ်ပုဒ်ရေးဖြစ်သွားတယ်။ ဒီစာကို သီချင်းတွေနားထောင်နေရင်းနဲ့ ရေးဖြစ်ခဲ့တယ်။ ရေးမယ် ရေးမယ် တေးထားတာလည်း အတော်ကြာနေပြီ။ မရေးဖြစ်ပဲ စိတ်ထဲပဲ ချရေးနေဖြစ်တဲ့ စာတွေလည်း အများကြီးပဲ။ ( ဘာမှမဟုတ်ဘူး။ စာမကျက်ချင်လို့ သီချင်းခွေတွေလျှောက်ကြည့်ပြီး သီချင်းနားထောင်ရင်း ထိုင်ရေးတော့တာ) ဒီ သီချင်းတွေ အကြောင်းမှာတော့ သီချင်းစာသားတွေ အကြောင်းကို မပြောတော့ပဲ သီချင်းတွေကို ကျွန်တော် ဘယ်လို နားထောင်ခံစားမိတယ် ဆိုတာကို ရေးကြည့်တာပါ။ နာမည်အတိုင်းပဲ။ သီချင်းတွေအကုန်လုံး သူ့ခေတ်သူ့အခါတုန်းက ခေတ်ရှေ့ပြေးနေတယ်။ အဆိုတော်က အန်းတိတ်သမား။ “ဝင်သက်ထွက်သက်များ” က မျိုးကျော့မြိုင်ရဲ့ R&B နဲ့ စ ထွက်တယ်။ “ဒိုးရတော့မယ် အချစ်ရယ်” ကလည်း ပေါက်သီချင်းကို ပြန်လည်ဖန်တီးအသက်သွင်းထားကြတာ။ “အမိန့်” ကတော့ ကျော်ဟိန်းရဲ့ လေးလေးပင်ပင်နဲ့ ဆိုတာကို ပိုကြိုက်မိတယ်။ ဇော်ပိုင် ဆိုထားတာလည်း ရှိပေမယ့် ဘယ်လိုမှ နားထဲကို မတိုးဘူး။ ကျော်ဟိန်းရဲ့ “မင်းခိုင်းသမျှ သေတွင်းကို ဆင်းဆိုလည်း ငါဆင်းရမှာပဲ၊ မင်းအမိန့်တော်အတိုင်း” ဆိုပြီး အားမရှိတော့ပဲ တိုးလျှိုးတောင်းပန်နေတဲ့ အသံက နားထဲ မထွက်တေ...
I keep all of my memos here.