Skip to main content

VPN နဲ့ပတ်သတ်ပြီး ပြောစရာလေးတွေ

iPhone အတွက် ဘယ် VPN သုံးရမလဲ လို့ မေးလိုက်တာ၊ Samsung အတွက် ဘယ် VPN ကို သုံးရမလဲ မေးလိုက်တာက အတော်ကို အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ VPN က device နဲ့ မဆိုင်ပါဘူး။ ကိုယ်သုံးတဲ့ အင်တာနက်လိုင်း ISP ( Internet Service Provider ) နဲ့ပဲ ဆိုင်တာပါ။ ဥပမာ ပြောရရင် ကျွန်တော်က Express VPN ကို သုံးတယ်ဆိုပါတော့။ ကျွန်တော်က ooredoo နဲ့ ဆိုတော့ သုံးလို့ရတယ်။ ဒါပေမယ့် MPT နဲ့ ဆိုရင်တော့ မရတော့ပါဘူး။ အိမ်သုံး wifi တွေလည်း အဲ့သလိုပါပဲ။ တခုနဲ့တခုက ရတဲ့ VPN ချင်း မတူပါဘူး။ အဲ့တာကြောင့် VPN ဘယ်ဟာသုံးရမလဲ မေးချင်ရင် သိချင်ရင် ကိုယ်သုံးတဲ့ wifi သုံးတဲ့ သူကိုပဲ မေးကြည့်တာ အကောင်းဆုံးပါ။ ကျွန်တော်သုံးနေတဲ့ VPN က ကျွန်တော့်အိမ်က wifi နဲ့ ရနေပေမယ့် ခင်ဗျားသုံးနေတဲ့ wifi နဲ့ ရချင်မှ ရတော့မှာကိုး။ 

နောက်တခု ရှိတာက စကစ က VPN တွေကို လိုက်ပိတ်တာပါ။ ဥပမာ ကျွန်တော် express VPN ကို အခု သုံးလို့ရနေပေမယ့် နောက်တစ်ပါတ်လောက်ဆို မရတော့ပါဘူး။ သူတို့ နည်းပညာက အင်တာနက်သုံးနေတဲ့ ကိုယ့်ကို ငုတ်တုတ်ထိုင်ကြည့်နေတာပါ။ ကိုယ့် traffic ကို ထိုင်ကြည့်နေပြီး VPN လို့ သူတို့ သိလိုက်တာနဲ့ အဲ့ VPN ကို ban လိုက်ပါတယ်။ ဒါက ကျွန်တော် နားလည်လွယ်အောင် ရေးထားလို့ပါ။ Techanically ဆို ပိုရှုပ်ပါတယ်။ ဆိုတော့ ဘာဖြစ်သလဲဆို free VPN ဖြစ်ဖြစ်၊ ဝယ်သုံးတာပဲ ဖြစ်ဖြစ် အမြဲ မရပါဘူး။ ငါတို့က ဝယ်သုံးတာလေ ဘာလို့ မရတော့တာလဲ ဆိုတာ အဲ့တာကြောင့်ပါ။ ( ခုနောက်ပိုင်း IP နဲ့တင် မကဘူး protocol တွေ port တွေပါလိုက် ban ပါတယ် ) အဲ့တော့ ဝယ်သုံးချင်တယ် ဘယ် VPN ဝယ်သုံးရမလဲ လို့ လာမေးရင်လည်း အဖြေ မရှိပါဘူး။ ဒါပေမယ့် express VPN လိုကျတော့ ဝယ်သုံးပြီး စကစ က ip ban လိုက်လို့ သုံးမရတော့တဲ့အခါ complain တက်ရင် သူတို့က ဆာဗာအသစ်တွေ ပြန်ချပေးပါတယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။