Skip to main content

လွတ်မြောက်ခြင်း နဲ့ မလွတ်မြောက်ခြင်းကြားမှာ

     တနေ့ကမှ ကိုယ့်ဟာကိုယ် အလုပ်ခွင်ထဲမှာ အရင်ကလို မဟုတ်တော့ပဲ စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါးနဲ့လုပ်နေမိတာပဲဟ ဆိုပြီး ရုတ်တရက် တွေးမိတယ်။ အရင်လို စိုးရိမ်ပူပန်ကြောင့်ကျနေစရာ ဘာမှ မရှိတော့ဘူးလား။ အရင်တုန်းကဆို အင်တာနက်လိုင်းပြတ်သွားပြီဆိုတာနဲ့ အဆက်အသွယ်ပြတ်သွားပြီ ဆိုတာနဲ့ လောင် တော့တာပဲ။ သူ အဆင်ရောပြေရဲ့လား။ နေရောကောင်းရဲ့လား။ မေးခွန်းပေါင်းများစွာနဲ့ ပူပန်သောက ရောက်နေရတဲ့ အဖြစ်ကနေ သူနဲ့ ကိုယ်နဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိတော့ဘူး ဆိုတဲ့ အခြေအနေကို ဝုန်းဒိုင်းကြီးရောက်သွားတယ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ကိုယ်လည်း အဲ့လို စိတ်ဒုန်းဒုန်းချပြီး စိတ်ပြတ်နိုင်မယ်လို့ မထင်မိခဲ့ဘူး။ Time will heal ဆိုတာတော့ လက်ခံလိုက်ရတယ်။ အချိန်တခုက ကုစားပေးသွားတာပါပဲ။ 

By Min Pk


     ခုတော့ ဘယ်သူ့ ဘယ်သူကိုမှ စိတ်ပူစရာလည်း မရှိတော့ဘူး။ ကိုယ်မရှိပဲ နေနိုင်သွားပြီဆိုတာလည်း သေချာသွားပြီလေ။ ကိုယ်က သူ့အတွက် ရှိနေစရာမလိုတော့ဘူး။ ကိုယ်က ကိုယ့်အတွက်ပဲ ဖြစ်သွားပြီ။ အဲ့ဒီစိတ်နဲ့အတူ အတ္တတွေလည်း ပိုကြီးလာတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တော့တာမျိုးပေါ့။ ဘယ်သူ့အတွက်မှ စိတ်ထဲ ထည့်မနေတော့ဘူး။ 

သူမအတွက် ရေးထားတဲ့ စာတွေကိုလည်း တခါတည်း ဖျက်လိုက်ရင် ကောင်းမလား စဉ်းစားနေတယ်။ ပုံတွေကတော့ အင်တာနက် မရသေးတော့ ဖျက်လို့ မရတာနဲ့ မဖျက်ရသေးတာ။ အင်တာနက် ရတာနဲ့ cloud က ပုံတွေ ဖျက်ပြီပဲ။ 


    တခါတလေ သူမ ပြောခဲ့ဖူးတဲ့ စကားတချို့ကို တွေးမိလိုက်တိုင်း ရယ်မိသေးတယ်။သူမ ပြောခဲ့တဲ့ စကားတွေဟာ အခုတော့ ဘာတန်ဖိုးမှ မရှိဖြစ်ခဲ့ရပြီ။ ဥပမာ “မင်းမရှိရင် မဖြစ်ဘူး” ဆိုတာမျိုးပေါ့။ ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ သူမ ပြောသလို ပြောလာတဲ့ စကားတွေကိုလည်း ဘယ်သူပြောပြော မယုံတော့ဘူး။ Trauma ဆိုတာက အစက နားမလည်ခဲ့ဘူး။ ကိုယ်တိုင်ကြုံမှ သိသွားတော့တာပဲ။ ရည်းစားစကားတွေနဲ့ပတ်သတ်ပြီး trauma ရသွားတယ်ပဲ ဆိုပါတော့။ 

     ဒီစကားတွေကို သူမ ဘာလို့ ပြောခဲ့ပါလိမ့်ဆိုပြီးလည်း တွေးမိသေးတယ်။ သူမကလည်း သူမ မဟုတ်တော့တဲ့ သူမ ဖြစ်သွားခဲ့တယ်လို့ ကျွန်တော် ထင်လိုက်ပါတယ်။ Inception ရုပ်ရှင် ကို ကျွန်တော် လက်ခံထားဆဲပဲ။ အဖြေကတော့ သူမ ကိုယ်တိုင်ပဲ သိမှာပေါ့လေ။ 


    လေးဖြူရဲ့ “တညလုံး ငါ့ရဲ့အနား သက်ပြင်းများခြွေချ ၊ ညတိုင်း အိပ်မက်ထဲမှာ တစုံတယောက် ရပ်စောင့်နေတယ်” ဆိုတဲ့ သူမအကြိုက်ဆုံး သီချင်းထဲကလိုပဲ အပြင်မှာ မတွေ့ရတော့ပေမယ့်လည်း အိပ်မက်တွေထဲတော့ အလည်လာပါတယ်။ လာတိုင်း ငိုကြီးချက်မနဲ့ ငိုပြီး ကလေးကြီးတယောက်လို ဟိုလူ့အကြောင်းတိုင် ဒီလူ့အကြောင်းတိုင် က တော့ လုပ်နေတုန်းပဲ။ ကိုယ်ကတော့ သူ အလည်လာတိုင်း ဘာမှမပြောပဲ ကြိုဆိုနေတုန်းပဲ။ အော် အိပ်မက်မိုလို့သာပဲ။


    ဒီစာရေးနေတဲ့ အချိန် ဖွင့်ထားတဲ့ သီချင်းက လင်းလင်းရဲ့ တကယ်ဝေးကွာခြင်း။ ရယ်တော့ ရယ်ရသား။ တကယ်လည်း ဝေးကွာသွားခဲ့ပြီပဲ။ ပြန်မလာတော့ဘူး လို့ သူမပြောခဲ့တုန်းက “Take care on your journey” လို ကျွန်တော်ပြန်ပြောခဲ့တယ်။ 

ကျွန်တော်က စက်တွေကို system update လုပ်နေပေမယ့် ကျွန်တော့်ကို ကျွန်တော်ကျတော့ update မလုပ်မိခဲ့ဘူး။ အခုတော့ update လုပ်ချိန်တန်ပြီ။ ကျွန်တော် စာတွေပြန်ဖတ်ရမယ်။ ရုပ်ရှင်တွေပြန်ကြည့်မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ ကျွန်တော် ဝါသနာပါတာတွေကို ဆက်လုပ်ရဦးမယ်။ ကျွန်တော် သေသွားရင် ချန်ခဲ့ရမယ့်အရာတွေ အများကြီးရှိတယ်။ အဲ့တာတွေ အတွက် စီစဉ်ရဦးမယ် မဟုတ်လား။


    နောက်ဆုံးမှာတော့ သူမ ရှိခဲ့ဖူးတယ်ဆိုတဲ့ memory ဟာ ပါးပါးလေးပဲ ကျန်ခဲ့တော့တယ်။ အရာရာက မှုန်ဝါးဝါးနဲ့ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့တယ်။ ဦးနှောက်ထဲက မှတ်ဉာဏ်တချို့ဟာလည်း ဝေဝါးလာခဲ့တယ်။ တချို့အရာတွေကတော့ မပျောက်ပဲ ကျန်ခဲ့တာတွေရှိတယ်။


    သူလည်းပဲ ကိုယ့်လိုပဲနေမယ်။ ကိုယ်ရှိခဲ့ဖူးတယ် ဆိုတဲ့ memory ဟာ တဖြည်းဖြည်းနဲ့ ဝေဝါးလာတယ် ထင်ပါရဲ့။ ဒါတွေကို သူလာပြောလို့ သိလာရတာလည်း မဟုတ်ဘူး။ ကိုယ့်စိတ်မှာ လာပြီး ခံစားနေရတာတွေပေါ့။ ကိုယ်လည်း သူမ ရှိခဲ့ဖူးတယ် ဆိုတာ သူများတွေပြောလို့ သိရတော့တဲ့ အထိ ဖြစ်လာမှာပဲ။ ကြိုးစားပြီး မေ့နေစရာကို မလိုအောင် အချိန်က memory တွေကို ဖျက်ဆီးသွားတာပဲ။

     အင်မတန်မှ ချစ်စရာကောင်းတဲ့ memory တချို့ကတော့ ကျန်ခဲ့သေးတာပေါ့။ ဥပမာ သူမကို မွေးနေ့လက်ဆောင် ဘာလိုချင်လဲ မေးတုန်းက “ဒုတ္ခိတ တစ်ယောက်တွေ့တိုင်း တစ်ထောင်လှူပေး” ဆိုပြီး ပြောခဲ့တဲ့ memory လိုမျိုးပေါ့။ 



    သူမ မသိခဲ့တာက ကိုယ်က “လူတွေဟာပြောင်းလဲတတ်တယ်ကွ” လို့ ကိုယ်ပြောခဲ့တာမှာ ကိုယ်ဆိုလိုတဲ့ ပြောင်းလဲခြင်းဆိုတာ evolve ဖြစ်လာတာကို ပြောချင်တာပဲ။ 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...