MacBook Secondhand ဝယ်မယ်ဆိုရင်





 ဒီပုံလေးကို သတိထားမိတဲ့သူ သိတဲ့သူနည်းမယ်လို့ထင်မိပါတယ်


Intel base model မှာ firmware password ခံထားတဲ့ပုံလေးပါ။


သူက iPhone iPad တွေမှာ Apple ID lock  ကျတာ ( တနည်းအားဖြင့်  icloud  lock ) အဲ့တာနဲ့တူပါတယ်။ 

apple မှ လွဲပြီး ဘယ်သူမှ မဖွင့်ပေးနိုင်တဲ့ Lock ကျတာဆိုလည်း မမှားပါဘူး

( ဟို service ဆိုင်မှာရတယ် ဒီ service  ဆိုင်မှာ lock  ဖြည်လို့ရတယ်ဆိုတာ ကိုယ့်သမိုင်းနဲ့ကိုယ်ပါ  ) 


ဒီ firmware password ကို ဖွင့်ထားတဲ့သူ တော်တော်နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မသိကြတာကလည်း တပိုင်းပါတာကို

သူက တခြား password တွေလိုမျိုး  setting ထဲကနေ လွယ်လွယ်ဖွင့်ရတာမဟုတ်ပဲ recovery mode ထဲမှာ ဖွင့်ရတဲ့ password ဖြစ်နေတာဆိုတော့။ 


Secondhand ဝယ်ရင် အဲ့တာလေးကိုတော့ စစ်စေချင်တယ်။

မတော်တဆ အဲ့လိုအလုံးဝယ်မိသွားရင်  ဘာမှမဖြစ်ရင်တော့ ကံကောင်းတာပေါ့ဗျာ။ မတော်တဆ dead boot ဖြစ်သွားပြီး recovery ကနေ OS ပြန်တင်ရမယ်ဆိုရင် အဲ့  password မရှိရင် ဘာမှလုပ်မရတော့ဘူး။ လုပ်ရမယ့် နည်းကလည်း တစ်ခုပဲရှိတယ်။ အဲ့တာက  apple service ကို ကိုယ်တိုင်သွားပြီး အော်ရီဂျင်နယ် ဘောက်ချာပြနိုင်မှ apple က ဖြည်ပေးမှာပါ။ 

သတိထားစေချင်တာပါ။ 


မဝယ်ခင်မှာ ပိုင်ရှင်ရှေ့မှာ recovery mode ထဲဝင်ပြီး အရင် စစ်ဆေးသင့်ပါတယ်

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ