Skip to main content

Adding Myanmar Keyboard on Window8,8.1,10

 Microsoft ထုတ် Windows 8 တွင် ပထမဆုံးပါဝင်လာသော ယူနီကုဒ် စနစ်သုံးမြန်မာစာ စနစ်ဖြစ်သည်၊ ယူနီကုဒ်ဆိုသည် မှာ ကမ္ဘာပေါ်ရှိစာပေ နှင့် ဘာသာ စကားများအတွက် ISO အဖွဲ့မှ သတ်မှတ်ပေးထား စံထားရမည့် စနစ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့်စာပေမဆို ထိုစနစ်ကိုလိုက်နာ၍ ကွန်ပျူတာပေါ်တွင် အသုံးပြုကြရသည်။ထိုစနစ်ကို အသုံးပြုပါက မည့်သည် ကွန်ပျူတာ မည်သည့်နေရာတွင်မဆို Windows 8 နှင့်အထက်ဖြစ်ပါက မည်သည့်မြန်မာစာမှ ထည့်သွင်းစရာမလိုပဲ မြင်နိုင်သုံးနိုင်သည်။

Windows 8/10 တွင် ပါသော မြန်မာစာကို ထည့်သွင်းနည်း

  • Windows ကိုနှိပ်ပါ။  Command ရိုက်ရန် box ပေါ်လာမည်ဖြစ်သည်။
  • ပေါ်လာသော box ထဲတွင် add lang ဆိုသောစာသားကိုရိုက်ပါ။
  • Add a Language ကိုနှိပ်ပါ။

  • Settings တွင် Language ကိုနှိပ်ပါ။ Add a preferred language တွင် ” + ” sign ကိုနှိပ်ပါ။

  • Search Box တွင် my ဆိုသောစာသားကိုရိုက်ပါ။ မြန်မာစာ ကိုရွေးပေးပါ။ Next ကိုနှိပ်ပါ။  ( အခြားတိုင်းရင်းသား စာများကိုလဲထည့်သွင်းနိုင်ပါသည် )။

  • မြန်မာစာ ပေါ်လာသောအခါ Install ကိုနှိပ်ပါ။

  • မြန်မာစာ ထည့်သွင်းပြီး၍ အသုံးပြုနိုင်ပါပြီ။ Touch Screen အတွက်ပါ Handwriting  ၊ Speech recognition  နှင့် Text-to-speech  ကိုပါ တပ်ဆင်သွားပါတယ်။
  • ကီးဘုဒ်ထည့်ရန် Options  ကိုနှိပ်ပါ။

  • Add a keyboard  ကိုနှိပ်ပါ။ Myanmar (Visual order) မြန်မာစာ ( လက်နှိပ်စက် ) အားရွေးချယ်ပေးသွားပါမည်။

 

  • Myanmar(Phonetic order) မြန်မာစာ (အသံထွက်)
    အတိုင်းရိုက်ရခြင်းပုံစံကို အသုံးပြုလိုပါက အထက်ပါအတိုင်း ေရွး၍ အသုံးပြုနိုင်ပါသည်။

  • ကွန်ပျူတာအောက်ညာထောင့်တွင် ကီးဘုဒ်ပြောင်းနိုင်သော applet လေးကိုတွေ့ရမှာဖြစ်ပါတယ်။

    • ကျနော့်လို ကီးဘုဒ်လက်ကွက်မမှတ်ချင် သူများကတော့ ကြည့်ရိုက်ကီးဘုဒ် OnScreen Keyboard ကိုသုံးနိုင်ပါတယ်။

Search box တွင် osk ဟုရိုက်ပီး ဖွင့်သုံးပါ။ သို့ Pin to taskbar ဟုထားလျှင်အမြဲပေါ်နေပါမည်။

အင်္ဂလိပ်-မြန်မာလက်ကွက် အကူးအပြောင်းလုပ်ခြင်း

မူရင်းပါသော မြန်မာစာလက်ကွက် ထည့်သွင်းပြီးသောအခါ မြန်မာစာ နှင့် အင်္ဂလိပ်စာကို Window+Space သုံး၍ ဖြစ်စေ၊ Ctrl+Alt ကို သုံး၍ဖြစ်စေ အကူးအပြောင်းလုပ်၍ အသုံးပြုနိုင်ပါသည်။ သို့သော် မြန်မာစာ နှင့် အင်္ဂလိပ်စာကို Ctrl+Shift ကို အသုံးပြု၍ အပြောင်းအလဲလုပ် ခြင်း၌အသားကျခဲ့ပြီဖြစ်ရာ အောက်ပါအတိုင်းပြင်ဆင်အသုံးပြုနိုင်ပါသည်။

  • Type Windows Key + R ကို နိပ် ၍ Run Box ခေါ်ပါ။
  • control ဆိုသော စာသားကို ရိုက် ၍ Control Panel သို့ဝင်ပါ။
  • Change Input Method သို့သွားပါ။
  • Advanced Setting သို့သွားပါ။
  • Change Language Bar Hot Keys သို့သွားပါ။
  • Change Key Sequence သို့သွား ၍ Switch Input Language တွင် Ctrl+Shift ကို ရွေးပါ။

Ctrl+Shift ကို အသုံးပြု၍ အင်္ဂလိပ်-မြန်မာ လက်ကွက် အကူးအပြောင်းလုပ်ခြင်း။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။