Skip to main content

ပျောက်ဆုံးသွားတဲ့ မနက်ခင်းလေးများ

ဒီစာကို ရေးမယ် ဆိုတော့ အရင်ဆုံး ဘယ်ဟာကို သတိရမိသလဲဆို ဆရာမဂျူး ရဲ့ စာအုပ်ပဲ။ ဆရာမဂျုးကို ကျွန်တော် စသိခဲ့တာ သူ့ရဲ့ အချစ်ဝတ္ထုနဲ့ မဟုတ်ခဲ့ဘူး။ ၂၀၀၉ တုန်းက လှည်းတန်းလမ်းဘေးက စာအုပ်ဆိုင်တစ်ဆိုင်မှာ စာအုပ်တစ်အုပ်ကို တွေ့မိလိုက်တယ်။ စာအုပ်နာမည်က နိုဝင်ဘာမိုး တဲ့။ ရေးတာက ဂျူး။ အဲ့စာအုပ်က နာမည်ကြီး english သီချင်းတွေကို မြန်မာလို ခံစားပြီး ပြန်ရေးဖွဲ့ထားတာ။ သီချင်းတွေနဲ့ သီချင်းတွေကို ဖန်တီးသီဆိုသူတွေရဲ့ နောက်ကြောင်းရာဇဝင်တွေကိုလည်း ထည့်ရေးထားတယ်။ အဲ့အချိန်တုန်းက ကျွန်တော်က သီချင်းတွေကို အငမ်းမရ နားထောင်နေတဲ့ အချိန်ဆိုတော့ အဲ့စာအုပ်ကို ရေရေလည်လည် ကြိုက်သွားတာပေါ့။ စာအုပ်နာမည်ဖြစ်တဲ့ နိုဝင်ဘာမိုး ဆိုတာက Guns & Roses ရဲ့ November Rain သီချင်းပေါ့။ အဲ့သီချင်းအကြောင်း သိချင်ရင်တော့ အဲ့စာအုပ်သာဖတ်ကြည့်တော့။ အဲ့မှာ ရေးထားတယ်။ ကြားထဲကဖြတ်ပြောရရင် အကြိုက်ဆုံးက slash ကြီး guitar solo တီးတဲ့နေရာပဲ။ မျက်လုံးထဲကကို မထွက်တာ။ 

Intro က နည်းနည်းရှည်သွားပြီ။ ကျွန်တော်က အဲ့စာအုပ်ဖတ်မိသွားပြီး သီချင်းတွေ အကြောင်း ရေးချင်လာတယ်။ အခု ကျွန်တော်ရေးမှာက အငဲ ရဲ့ပျောက်ဆုံးသွားတဲ့ မနက်ခင်းလေးများဆိုတဲ့ သီချင်းဗျ။ တေးရေးက နိုင်းနိုင်၊ ဇစ်မြစ် အခွေထဲမှာ ပါတာ။ ဇစ်မြစ် တစ်ခွေလုံးက Copy သီချင်းတွေချည်းပဲ ဆိုပေမယ့် မူလ သီချင်းတွေထက် မပိုရင်နေမယ် လျော့ကို မလျော့ဘူး လို့ ကျွန်တော် ပြောချင်တယ်။ ပထမဆုံး Track ကနွံတဲ့။ စာသားတွေကို တချက်ကြည့်လိုက်။ မူရင်း သီချင်းက Everyday, sinking into quicksand ကိုအငဲ ကနေ့တိုင်းလေ ကျွံဝင်နေတဲ့ အချစ်နွံဆိုပြီး ပြန်ဆိုထားတာ လုံးဝ လှပတဲ့ ရေးဖွဲ့မှု့ပဲ။ အတီးပိုင်း မှာလည်း မူလ သီချင်းတွေထက် သာအောင်ကို တီးထားတာ။ ကျွန်တော် ဆယ်တန်းနှစ်မှာ ကြိုက်လွန်းလို့ ဒီသီချင်း တစ်ခွေလုံး အလွတ်ရအောင် ကို တနေကုန် ဖွင့် နားထောင်ခဲ့တာ။ တစ်ခွေလုံး မကြိုက်တဲ့ အပုဒ် မရှိအောင်ကောင်းလွန်းခဲ့တာ။ ကဲ အဲ့တော့ ပျောက်ဆုံးသွားတဲ့ မနက်ခင်းလေးများကရော ဘယ်လိုလဲ ဆိုတော့





မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့ 

နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များက 

ခွဲခွါခြင်း တစ်နေ့ကို ကြုံလာခဲ့ပေါ့

မေ့မရသော အတိတ်က တို့နှစ်ယောက် အမှတ်တရ

မင်းနှုတ်ခမ်းဖျားက အပြာရောင် မနက်ခင်းတွေ

ငါ ပြန်လည် တမ်းတရင်း ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ။


မနက်ခင်းအိပ်ရာထတာနဲ့ morning လို့ ပို့ရမယ့် သူ မရှိတော့တဲ့ အခါ ဖုန်းကို ကိုင်ပြီး ကြောင်တောင်တောင်ကြီး ဘာလုပ်ရမယ် မသိ ငုတ်တုတ်ထိုင် ကြည့်နေရတဲ့ နေ့တွေများလာတဲ့အခါ ဒါဟာ used to ဖြစ်သွားပေမယ့် ရင်ဘတ်ထဲက ဟာ နေတဲ့ ကွက်လပ်က ဘယ်လိုမှ ဖြည့်လို့ မရတော့တာ သိသွားပြီ။အပြာရောင် လင်းပိုင်လေးတစ်ကောင်လောက် အိမ်မှာ မွေးပေးပါလား လို့ ပူဆာဖူးတတ်တဲ့ သူမက ကျွန်တော့်ကို အဝတ်အစားဝယ်ပေးရင် အပြာရောင် တီရှပ်တစ်ထည်က မပါမဖြစ်ပဲ။ သူမနဲ့ ပတ်သတ်သမျှဟာ အပြာရောင် တွေချည်းပဲ ဆိုတာ တေးရေးဆရာ ဘယ်လိုများသိနေခဲ့ပါလိမ့်လို့ ကျွန်တော် တွေးနေခဲ့တယ်။ 


အစီးအနင်းများလွန်းတဲ့ နက္ခတ်ဆိုးတွေကြား

ရိုးသားခြင်းနဲ့ ဘဝကို ပုံခဲ့တယ်

ငါဟာ သိုးမည်း တစ်ယောက်ပါ

စိတ်ဓါတ်ကျလွန်းတဲ့ ငါ့ရဲ့ နေ့တွေထဲ

မင်းရှိနေရင် အားအင်တစ်ခုပဲကွာ

ငါလေ တမ်းတမိတယ်။


ဒီနှစ်ထဲမှာ ဆုံးရှုံးမှု့တွေက မနည်းမနောပဲ။ မိသားစုဝင်၊ သူငယ်ချင်း အစုံ အကုန်ပဲဗျာ။ တခါတလေ ကံ ကိုပဲ အပြစ်ပုံချ လိုက်ချင်တော့တယ်။ အချစ်ကို ပုံဖော်ပါဆိုရင် သစ္စာခံမှု့၊ ရိုးသားမှု့နဲ့ပဲ ပုံဖော်နိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အားနည်းချက်တွေလည်း ပါတာပေါ့။ စိတ်ဓါတ်ကျတိုင်း ဘေးနားက အားပေးခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါး ဖြစ်လာတော့ ဒီဆေးနဲ့မှ ပျောက်တော့မယ် ဆိုပြီး ဆေးယဉ်ပါး ရောဂါဖြစ်နေတာလည်း သူသိမယ် မထင်ဘူး။


မဆုံးတဲ့ အနမ်း မဆုံးတဲ့ ခရီး

မဆုံးတဲ့ အချစ် ဘယ်မလဲ

အို အခုတော့ ငါ့တစ်ယောက်တည်း

အထီးကျန်လွန်း ဘယ်လို ရပ်တည်မယ်


မတည်မြဲခြင်းတွေကသာ တည်မြဲခြင်း လို့ ဆိုကြတယ်။ အဲ့ဒီ မတည်မြဲခြင်းထဲမှာတော့ သူမ မပါခဲ့ဘူး။ ရုပ်က မရှိတော့ဘူး ဆိုရင်တောင် သူမရှိနေတယ်ဆိုတဲ့ အသိစိတ်ကလေးက ရှိနေဦးမှာပဲ။ ဒါပေမယ့်လည်း တခါတလေ မရှိတော့ဘူး ဆိုတဲ့ အသိကလေး ဝင်လာလိုက်တာ ယောင်ချာချာနဲ့ ရပ်နေတဲ့ ခြေထောက်တွေတောင် မခိုင်နိုင်တော့အောင် ခွေလဲ ကျသွားတယ်။

အရှေ့က အမှောင်ခြယ် လမ်းအလယ်

ငါလျှောက်လမ်းဖို့ ဘယ်သူ အလင်းပြပါ့မယ်

အရှေ့က အမှောင်ခြယ် လမ်းအလယ်

ငါ လျှောက်လှမ်းဖို့ တကယ်ကို အလင်းရောင်လိုတယ်

စမ်းတဝါးဝါးနဲ့ ဘာဆက်လုပ်ရမှန်း မသိတော့ရင် တိုင်ပင်ဖော် တိုင်ပင်ဖက်ဖြစ်တဲ့ အလွတ်ရနေတဲ့ ဖုန်းနံပါတ်ကို ကောက်နှိပ်မိနေတယ်။ ဖုန်းခေါ်လို့ ဝင်သွားမှာလည်း ကြောက်တယ်။ ဖုန်းကိုင်လိုက်ရင် ဘာပြောရမှန်း မသိဖြစ်သွားမှာလည်း ကြောက်တယ်။ ဒီလောက်လေးတောင် ပျော့ညံ့ရသလားဆိုပြီး ဆူနေမယ် ဆိုတာလည်း ကြိုသိနေတယ်။ ဒါပေမယ့် တခါတလေ conversation တွေက လိုအပ်တယ်လေ။ လူဆိုတာ ဘယ်လောက် intel ကောင်းတယ် ပြောပြော ဘာမဟုတ်တဲ့ ကိစ္စတွေမှာ ဘယ်လိုမှ အဖြေရှာမတွေ့တဲ့ အချိန် ဘေးနားက လူတစ်ယောက်ရဲ့ စကားလေးတစ်ခွန်းက ဉာဏ်အလင်းဖွင့်လိုက်လို့ ခေါင်းမှာ မီးသီးလေး လင်းသွားတဲ့ အချိန် ရှိကြတာပဲ မဟုတ်လား။ 


(ဒီသီချင်းကို ဆိုချင် တီးချင်လွန်းလို့ ကိုပြည့်ကို မနည်း ချောဆွဲပြီး sunday သူ အိပ်နေတဲ့ အချိန် အတင်းခေါ် တီး ခိုင်းရတယ်။ ဒါတောင် video မရိုက်နဲ့ ပြောထားတာ။ ဒီ video က သူ မသိအောင် ခိုးရိုက်ပြီး သူမသိအောင် ခိုးတင်ထားရတယ်။ အသံဖမ်းတော့ မောင်အောင်ယု အခန်းက air duct က ပိတ်မရတော့ လေသံတွေနဲ့ ဆူနေတယ်။) 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...