Skip to main content

သီချင်းများ၊ ခံစားချက်များ

 


ကိုမင်းပိုက် ဆွဲထားတဲ့ artwork လေးကိုမြင်တော့ အတော်ကြိုက်မိတယ်။ 30 Seconds to Mars ရဲ့ Hurricane သီချင်းထဲက စာသားပေါ့။ ဒီစာသားအရဆို လူတစ်ယောက်ကို သတ်ပစ်မှ ရမယ်။ အဲ့လူကကျွန်တော်ဖြစ်နေတာ တခုပဲ။ သတ်မယ့်သူကလည်း ကျွန်တော်၊ သေရမယ့် သူကလည်း ကျွန်တော်ပဲ။ ခင်ဗျား နားရှုပ်သွားပြီ ထင်တယ်။ နောက်ပြီးတော့ ခင်ဗျားထင်နေသလို suicide လည်း မဟုတ်ပြန်ဘူးဗျ။ သေဆုံးခြင်းက အရှုံးပေးခြင်းမဟုတ်သလို လက်နက်ချခြင်းလည်း မဟုတ်ဘူး။ ဆိုတော့ ဘယ်နည်းလမ်းနဲ့ သတ်မလဲ ဆိုတာကတော့ ကျွန်တော် ရွေးရမှာပေါ့။ 


သီချင်းတွေက အတော် လွှမ်းမိုးမှု့ရှိတယ်လို့ ပြောလို့ရတယ်။ အသည်းမကွဲခင်က အသည်းကွဲ သီချင်းတွေ တအားကြိုက် တအားနားထောင်တာပေါ့။ တကယ်လည်း အသည်းကွဲရော အသည်းကွဲ သီချင်း တပုဒ်မှကို နားမထောင်နိုင်တော့တာ။ လူက အီလည်လည်ကြီး။ Void ဖြစ်သွားတယ် ပြောရမလား။ ဘာမှ ခံစားချက်မရှိနိုင်တော့တာ။ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်နဲ့ ဖြစ်ကုန်တော့တာပဲ။ Depression ဝင်လု ဝင်ခါနီးဖြစ်သွားတယ်။ စိတ်က နေမကောင်းတော့ လူလည်း နေမကောင်းဖြစ်တော့တာပဲ။ အဲ့ ခံစားချက်ကြီး က အတော်ကို ဆိုးတာဗျာ။ ဘာနဲ့မှ ကုလို့လည်း မရဘူး။ လူကလည်း လစ်နေရော။ 

ချစ်သုဝေ ရဲ့ တိမ်တွေနေတဲ့ အရပ် album ထဲက အချစ်ရဲ့ချည်တိုင်များ သီချင်း လည်း အတော်မိုက်တာ။ အသည်းမကွဲခင်ကတော့ နားထောင်တာပေါ့။ အသည်းကွဲပြီးကျ နားမထောင်ရဲဘူးဖြစ်နေတယ်။ အဲ့သီချင်းလည်း My Immortal လိုပဲ၊ piano လေးနဲ့ စ လာပြီး အလယ်မှာ ပေါက်ကွဲထွက်သွားတာ။ Solo တီးတဲ့ guitar သံ နဲ့ လူက လွင့်ထွက်သွားတာ။

သီချင်းတွေနားထောင်ဖို့က ဘာ language မှ တတ်စရာမလိုဘူးဗျ။ ဒီ india သီချင်းဆိုရင် ပထမဆုံး ကြားလိုက်မိကတည်းက ရင်ထဲကို နှစ်နှစ်ကာကာ ငိုချင်မိသွားတာ။ 


ဒီဟာက music ဖြစ်နေလို့ပဲ။ music မှာ အသံတွေကို နားထောင်နိုင်တဲ့ နှလုံးသား ပဲ လိုတာ။ ဘာသာစကားတွေ မလိုဘူး။ 

လမ်းကြုံတုန်း ကိုဇာနည်ဇော်ဟိန်း ပြောတာ ပြန်ပြောရမယ်။ ဟိုးအရင်တုန်းက music က တီးလုံးတွေချည်းပဲ။ လူတွေက ခံစားမှု့အားနည်းလာတော့ တီးလုံးအပြင် စာသားပါ ထပ်ထည့်လာကြတယ်။ အဲ့တာကိုမှ အခု MTV လို အရုပ်တွေပါ ထပ်ထည့်လာကြပြန်ရော တဲ့။

Lana Del Rey ရဲ့ Young And Beautiful ကို နားထောင်ဖူးကြမယ်ထင်ပါတယ်။


Will you still love me when I'm no longer young and beautiful?

Will you still love me when I got nothing but my aching soul?

I know you will, I know you will, I know that you will

Will you still love me when I'm no longer beautiful?


လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ယေဘူယျအားဖြင့် ဘာကြောင့်ချစ်တယ် ဆိုတာ ပြောရခက်ပါတယ်။ reason ပေးဖို့ ဆိုရအောင်လည်း တကယ်လို့ အဲ့ဒီ ချစ်ရတဲ့ reason မရှိတော့ဘူး ဆိုရင် မချစ်တော့ဘူးလို့ အဓိပ္ပါယ်သက်ရောက်သွားမယ် မဟုတ်ဘူးလား။ Lana က လှပမှု့တွေ ငယ်ရွယ်နုပျိုမှု့တွေ မရှိ၊ ဘာဆိုဘာမှ မရှိတော့တဲ့ အပြင် ဝိဉာဉ် ဆိုတဲ့ စိတ်ပဲ ရှိတော့မယ် ဆိုရင်တောင်မှ ဆက်ချစ်နေဦးမှာပဲ မဟုတ်လား လို့ မေးထားပြီး ဆက်ချစ်နေမယ်ဆိုတာကိုလည်း ယုံကြည်နေပါတယ်လို့ သူ့ဟာသူပြန်ပြောထားတယ်။ 


ကျွန်တော်တို့ကရော လူတစ်ယောက်ကို ဘယ်အချိန်ထိ ချစ်နေနိုင်မှာလဲ။ ဘာအကြောင်းတွေနဲ့ ကြောင့် ချစ်နေနိုင်ရတာလဲ။ တချို့ မေးခွန်းတွေက ဖြေရခက်ပါတယ်။ ဖြေဖို့ စကားလုံးရှာရတာလည်း ခက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေမတူညီကြတဲ့ ကမ္ဘာမှာ အချစ်ကိုလည်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနေကြဦးမှာပါ။ ကျွန်တော်ကတော့ သီချင်းထဲကလိုပဲ soul ကိုပဲ ချစ်မယ့်သူလို့ ကျွန်တော့်ကို ကျွန်တော် ယူဆပါတယ်။ လူတစ်ယောက်ရဲ့ soul ကို ချစ်ဖို့ဆိုတာ အတော်မလွယ်တာလို့လည်း ကျွန်တော်သိပါတယ်။ soul ကို ချစ်မိသွားရင် ကျန်တာဘာနဲ့မှ အစားထိုးလို့ မရတော့ဘူး။ soul ကို မြင်နိုင်ကြပါစေ ချစ်တတ်ကြပါစေလို့ပဲ ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်။ 





Evanescence ရဲ့  My Immortal နားထောင်ဖူးကြတယ်မလား။ Piano လေးနဲ့ စပြီး အလယ်မှာ ဒရမ်သံခပ်ကြမ်းကြမ်း lead guitar ခပ်ပြင်းပြင်းနဲ့ ပေါက်ကွဲထွက်သွားတာ၊ အဲ့ အလယ်ပိုဒ် တီးလုံး စ တီးတဲ့ အချိန်မှာပဲ အသားကုန် ကို တနေရာရာကို ပြေးထွက်ပေါက်ကွဲချင်စိတ်တွေ ဖြစ်လာတယ်။

အဲ့သီချင်းကိုပဲ ကိုကြီးအငဲက မြန်မာလို ပြန်ရေးပြီး မဖြူဖြူကျော်သိန်း က ဆိုထားတယ်။ 

မူရင်း သီချင်းမှာ 

When you cried, I'd wipe away all of your tears

When you'd scream, I'd fight away all of your fears

And I held your hand through all of these years

But you still have all of me


လို့ ဆိုထားတာကို 


ကိုယ်မျက်ရည်တွေ အနူးညံ့ဆုံး သုတ်ဖူးတဲ့ လက်ရယ်

ကိုယ်အားငယ်တိုင်း တိုး ဝှေ့တဲ့ ရင်ငွေ့လေးထဲ

ကိုယ့်ကမ္ဘာငယ် ပြီးပြည့်စုံခဲ့ချိန်လေး

မဆုံးနိုင်တဲ့ ကိုယ်တို့အချစ် 


လို့ ပြန်ရေးထားတယ်။ ဘယ်လောက်လှလိုက်တဲ့ ဘာသာပြန်ရေးဖွဲ့မှု့လဲ။ ကိုကြီးအငဲ ကို အဲ့တာတွေ ခိုက်တာဗျာ။


မတည်မြဲခြင်းတွေကသာ တည်မြဲခြင်းလို့ ဆိုကြပေမယ့် ထာဝရတည်မြဲနေမှာကတော့ သူမပဲပေါ့။ 

These wounds won't seem to heal, this pain is just too real

There's just too much that time cannot erase


မူရင်း သီချင်းဆိုတဲ့ Amy Lee ရဲ့ အသံကို ပိုကြိုက်တယ်။ ဆွဲဆွဲငင်ငင် နဲ့ ဆွေးဆွေးမြေ့မြေ့ နဲ့ နားထောင်ရင်း ငိုရတာ အကြိမ်ကြိမ်ပဲ။ 

(နားထောင်ရင်း ငိုနိုင်ကြပါစေ ညိုကီတို့။)



မခင်ပျိုကို ကျနော် ချစ်တယ်။  ဘယ်လိုလဲရှင် လို့ မေးမလို့လား။ မမေးနဲ့မခင်ပျို။ ချစ်တယ်ဆိုတာ ရှင်းပြဖို့မဟုတ်ဘူး။ သက်သေထူဖို့မဟုတ်ဘူး။ ရှင်းပြလို့လဲရချင်မှရမယ်။ ထူစရာသက်သေလဲ ရှိချင်မှရှိမယ်။ ရှိတယ်ထားဦး။  ယုံလောက်အောင်လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ချစ်တာဟာ ချစ်တာပါပဲ။ ချစ်တယ်ဆိုတာ ချစ်တာပါပဲ မခင်ပျို။


ဇော်ဇော်အောင်
-ယုဇနမခင်ပျို  မှ


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...