Skip to main content

Gboard သုံးနည်း

Gboard သုံးနည်း ရေးမယ် ရေးမယ် လုပ်နေတာကြာပြီ။ ခုတော့ တနိုင်ငံလုံး ယူနီကုဒ် ပြောင်းကြတော့မယ် ဆိုတော့ recommend ပေးချင်တာတော့ Gboard ပဲ။ ပုဂံနဲ့ TT Keyboard ကလည်း ကောင်းတာပါပဲ။ Manic keyboard ဆိုလည်း အတော် အဆင်ပြေတယ်။ ဒါပေမယ့် ယူနီကုဒ် တခုတည်းပဲ သုံးမယ် ဆိုရင်တော့ Gboard က အဆင်ပြေဆုံးပေါ့။ စိတ်မကောင်းတာက Gboard က Android ရော iOS ရော သုံးလို့ရပေမယ့် မြန်မာကီးဘုတ်ကတော့ Android မှာပဲ ရသေးတယ်(ဒီစာ ရေးနေတဲ့အချိန်ထိပေါ့။ နောက်တော့ ထပ်ထည့်ပေးမယ်လို့ မျှော်လင့်ရတာပဲ)။

Download Gboard

Glide typing
Gboard မှာ English keyboard ကို Swype နဲ့ ရိုက်ရတာ အတော် အဆင်ပြေတယ်။ ကျွန်တော်က စာရိုက်ရင် လက်တဖက်တည်းနဲ့ ရိုက်နေကျဆိုတော့ ကျွန်တော့် အတွက်တော့ တကယ်ကို အသုံးဝင်တယ်။ Gboard setting ထဲက glide typing မှာ on လိုက်ယုံပဲ။ ဘယ်လို သုံးရမလဲ ဆိုတော့ hello လို့ ရိုက်ချင်တယ် ဆိုရင် လက်ကို h-e-l-o ရှိတဲ့နေရာတွေကို ပွတ်ဆွဲ လိုက်ယုံပဲ။



အဲ့ထဲက gesture delete က delete ကနေ ဘယ်ဘက်ကို ပွတ်ဆွဲ လိုက်တာနဲ့ စာ တစ်ကြောင်းလုံးကို ဖျက်ပေးတယ်။ ရုတ်တရက် မှားဖျက်မိရင်လည်း ဖျက်လိုက်တဲ့ စာကြောင်းကို suggestions box မှာ ပြပေးထားတော့ မှားဖျက်ရင်တောင် ချက်ချင်း ပြန်ယူလို့ရတယ်။



Gesture cursor control က ကျတော့ cursor ကို space bar လေးကို ဖိပြီး နေရာ ရွေ့လို့ရတဲ့ function ပေါ့။

မြန်မာကီးဘုတ်နဲ့ မြန်မာစာ ရိုက်နေရင် space bar ကို နှစ်ချက် နှိပ်ရင်လည်း ပုဒ်မ ချ ပေးတယ်။

အပေါ်က suggestion bar နေရာမှာ tools တွေ ထည့်ပေးထားသေးတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ clipboard manager နဲ့ translate ပဲ။ Translate က Google translate ကို ဖွင့်နေစရာမလိုပဲ ရိုက်နေတဲ့စာ ကို ချက်ချင်း translate လုပ်ပေးတယ်။

 clipboard မှာတော့ တစ်နာရီအတွင်း copy လုပ်ထားသမျှ စာတွေကို သိမ်းထားပေးတယ်။စာတွေ ကော်ပီ ကူးတာ များတဲ့လူတွေအတွက် အတော် အသုံးဝင်တာပေါ့။




အခုနှစ်ထဲမှာတင် မြန်မာအတွက် တိုင်းရင်းသား လက်ကွက်တွေပါ ထပ်ထည့် ပေးလိုက်သေးတယ်။ မွန် နဲ့ ကိုပါ ရိုက်လို့ရနေပါပြီ။




မြန်မာ အတွက်က voice typing နဲ့ handwriting ပါ ရနေပါပြီ။ ဖုန်းနဲ့ စာရိုက် ဖို့ အခက်အခဲ ဖြစ်တဲ့ သူတွေအတွက် အတော် အဆင်ပြေသွားတာပေါ့။ handwriting က ရာနှုန်းပြည့်နီးပါး မှန်ပေမယ့် voice typing ကတော့ အကုန် မမှန်သေးဘူး။ နောက်ဆိုရင် data များလာတဲ့အခါ မှန်သွားမှာပါ။

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. You've to download the Gboard app ​from here to use this keyboard app..

    ReplyDelete
  3. Your Blog is very nice. Wish to see much more like this. Thanks for sharing your information. Also make a post on GBWhatsapp APK.

    ReplyDelete
  4. If you are a fan of farming games especially Farmville on Facebook, Download Hay Day MOD APK.

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။