Skip to main content

မရှိတော့သော ကျွန်တော့်ရဲ့ အစိတ်အပိုင်း ဆီသို့ ပေးစာ



Artwork By Yuval Robichek


ကျွန်တော် Romania က 3rd Engineer တစ်ယောက်နဲ့ တွဲ အလုပ် လုပ်တုန်းက ကျွန်တော့်ကို တွေ့တိုင်း part of the ship , part of the crew ဆိုပြီး စ နေကြ။ ဘာလို့ စ သလဲဆိုတော့ ကျွန်တော်က အဲ့ သင်္ဘောပေါ်မှာ ရောက်နေတာ တနှစ်ပြည့်တော့မယ်လေ။
အဲ့ စကားလုံး ဘယ်ကလာသလဲဆိုရင် Pirate’s of the Caribbean ထဲမှာ ဇာတ်ဝင်ခန်း တခန်း ရှိတယ်။ Flying Dutchman ပေါ်မှာ Captain ရှိမှ ဖြစ်မယ် ဆိုပြီး Turner ရဲ့ နှလုံးကို ထုတ်တဲ့ အခန်းမှာ Part Of the Ship, Part of the crew ဆိုပြီး ပြောသွားတာ။ ဒါက ရုပ်ရှင်ထဲမှာပေါ့။ အပြင်မှာကျ ဘယ်လိုလဲ ဆိုတော့  သင်္ဘောပေါ်မှာနေလာတာ ကြာတဲ့ Engine ဌာနက လူတစ်ယောက် Engineer တစ်ယောက်က သင်္ဘောရဲ့ machine တစ်ခု အနေနဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ဖြစ်လာပါတယ်။ အဲ့ လူတစ်ယောက် နေမကောင်းဖြစ်လို့ နားရရင် သင်္ဘောရဲ့ စက်ပျက်တာနဲ့ အတူတူပါပဲ။ လူတစ်ယောက်မရှိတော့တာဟာ ဘယ်လောက် ဒုက္ခများတယ် ဆိုတာ သင်္ဘောပေါ်မှာ shortage နဲ့ နေဖူးတဲ့ သူတွေက ပိုသိပါလိမ့်မယ်။
လူတစ်ယောက်နဲ့ ဆယ်စုနှစ်တစ်ခုကျော် အတူနေလာတဲ့ အခါမှာလည်း အဲ့လူက ကိုယ့်ရဲ့ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း part of the body ဖြစ်သွားပါတယ်။ ဖြစ်မှန်းမသိကို ဖြစ်သွားတာပါ။ သူက ကိုယ်၊ ကိုယ်က သူ ဖြစ်သွားတာပါ။ နှစ်ကိုယ့်တစ်စိတ် လို့ ပြောရမလားပဲ။
အဲ့လူ မရှိတော့ဘူးဆိုတာဟာ အတော် တိုင်ပါတ်သွားတာပါ။ အစတော့ ခက်တာပေါ့။
မျက်လုံးကတည်း တစ်ဖက်ပဲ မြင်ရတော့တယ်။ နားကလည်း တဖက်ပဲ ကြားရတော့တယ်။ ( ဆိုလိုတာက အရင်က တခုခုဆို ၂ ယောက် တိုင်ပင်ပြီး လုပ်တော့ အမြင် ၂ ခု idea ၂ ခု ရတယ်၊ အဲ့လို ပေါ့။ )
လက်တစ်ဖက်တည်းနဲ့ ထမင်းစားတတ်အောင် ပြန်ကျင့်ရတယ်။ ခြေတစ်ဖက်တည်းနဲ့ လမ်းလျှောက်တတ်အောင် ကျင့်ရတယ်။ ခြေတစ်ဖက်တည်းဆိုတော့ ခရီးတော့ သိပ်မတွင်ဘူးပေါ့ဗျာ။ We must move on လို့ ပြောကြပေမယ့် ခြေတစ်ဖက်တည်းနဲ့ကတော့ သိပ်မတွင်ဘူးပေါ့။ ခြေ အတု တပ်၊ ခြေထောက် အစားထိုးလို့ရတယ် ဆိုပေမယ့်လည်း လမ်းလျှောက်ရင် နည်းနည်းတော့ ဆာတာတာ ဖြစ်နေမှာပါပဲ။ မေ့လိုက်လေ ဆိုရအောင်လည်း လမ်းလျှောက်နေရသ၍ ဟိုဘက်အခြမ်းက လွတ်ဟာနေတဲ့ ခြေတစ်ဖက်ကို တဆစ်ဆစ်နဲ့ သတိရနေဦးမှာပဲ မဟုတ်လား။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________