Skip to main content

Blog is ready NOW

 Blogger နဲ့ တခြားဟာတွေ ချိတ်လို့တော့ပြီးသွားပြီ။ Instagram, Flickr နဲ့ Youtube ဆိုတော့ စုံသလောက်ရှိနေပြီ။ တခြားဘာတွေနဲ့ ချိတ်ရဦးမလဲတော့ မသိဘူး။ အရင်က dropbox နဲ့ချိတ်ပြီး ပုံတွေတင်တာ dropbox က public folder access မရတော့ တော်တော်တိုင်ပတ်သွားတယ်။ Covid ဖြစ်နေတော့ ဘယ်မှ မသွားရ မလာရတဲ့ အတူတူ စာလေး ဘလော့လေး ရေးဖြစ်အောင်တော့ ရေးဦီးမှ လို့ စိတ်ကူးထားတာပဲ။ ပြီးတော့ ဒီတခါ satellite internet က inmarsat ပြောင်းလိုက်တော့ သုံးရတာ အဆင်ပြေသွားတယ်။ လိုင်းလည်း တော်တော်ကောင်းသွားတယ်။ အရင် FBB နဲ့ဆို အဝိုင်းလည်ဖို့ နေနေသာသာ အဝိုင်းတောင် မမြင်ရဘူး။ text message ပဲ ကောင်းကောင်းပို့လို့ရတယ်။ ပြီးရင် အဆိုးဆုံးက တစ်လ ကို 100MB ပဲ ပေးသုံးတာ။ ကုန်သွားရင် ဘာမှ ထပ်လုပ်လို့ မရ။ ခု inmarsat ကျ ကုန်ရင် visa or master card နဲ့ ထပ်ဝယ်လို့ရတယ်။ ဈေးကတော့ သက်သာတယ်ပြောလို့ရတယ်။ 1 GB ကို 15$ ဆိုတော့ အတော် သက်သာတယ်။ Telenor sim ကို roaming ဈေးနဲ့ သုံးရသလောက်ပဲ ရှိတာဆိုတော့ သက်သာတယ်လို့ ပြောလို့ရတယ်။

#yellow

ပုံကတော့ တွေ့တဲ့ ပုံ ထည့်လိုက်တာပဲ။ ပိုစ့်မှာ ပုံမပါရင် ကြည့် မကောင်းလို့။ အဝါရောင်ကိုက်ခဲမှု့ album အတွက် ရိုက်ထားတာတွေတောင် တော်တော်များနေပြီ။ တစုတဝေးတည်း မဖြစ်သေးတာ တခုပဲ။ သေသေချာချာ ပြန်လုပ်ရဦးမယ်။ 
Unicode migration လည်းပြီးသွားရော blog ကို လာကြည့်တဲ့သူတောင် မရှိတော့ဘူး ဖြစ်သွားတယ်။ သူ့တာဝန်တော့ သူကျေသွားတာပေါ့။ ဒီ blog ကို unicode နဲ့ ပတ်သတ်တာတွေ တစ်နေရာတည်းမှာ တစုတဝေးတည်း စုထားချင်လို့ လုပ်ခဲ့တာ။ အစက post တွေကို ဖျက်မလို့ လုပ်သေးတယ်။ Memory အနေနဲ့ ထားလိုက်ပါမယ်လေ ဆိုပြီး မဖျက်တော့တာ။ အားနေ ပျင်းနေရင် စာရေးမှာမို့ ဒီမှာပဲ လာရေးမယ် စိတ်ကူးထားလိုက်တယ်။
 

Comments

Post a Comment

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________