Skip to main content

လူများ၊ မှတ်ဉာဏ်များ၊ အပိုင်းအစများ

 

ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့က အဆိုတော် တာရာ ဆုံးတာ ၈ နှစ်ပြည့်တဲ့ နှစ်ဆိုပြီးတော့

အဆိုတော် တာရာ အကြောင်း Garfield FM က တင်ထားတာတွေ့လို့ တာရာ သီချင်းခွေ နားထောင်တာနဲ့ ကြုံကြိုက်သွားတယ်။ အဲ့သီချင်းအခွေပေါ်မှာ နာမည် တစ်ခုရေးထားတယ်။ “လွင်လွင်ကျော်” တဲ့။ အဖေ့ သူငယ်ချင်း ကိုလွင်လွင်ကျော် ရဲ့ အခွေပဲ ဆိုတာ တန်းသိတယ်။


    ကိုလွင်လွင်ကျော်က အဖေ့ထက် အသက်ငယ်တယ်။ အဖေ့ညီ ကျွန်တော့ဦးလေး အငယ်ဆုံး နဲ့မှ ရွယ်တူတွေ။ ဒါပေမယ့် အဖေက ကိုလွင်လွင်ကျော်နဲ့လည်း ဘော်ဒါလို ပေါင်းတာပဲ။ ကျွန်တော် ကိုလွင်လွင်ကျော် ကို ဘယ်မှာ စ သိတာလဲ ဆိုတော့ ကျွန်တော် ဆယ်တန်းဖြေထားတဲ့ နှစ်မှာ စာမေးပွဲဖြေပြီး ယောင်ခြောက်ဆယ် ဖြစ်နေတာနဲ့ အဖေက ကိုလွင်လွင်ကျော် ကို အိမ်ခေါ်ပြီး ဒီကောင့်ကို မင်းနဲ့ထည့်လိုက်မယ် ဒီကောင့်ကို မင်း နည်းနည်းပါးပါး သင်ပေးလိုက် ဆိုပြီး ထည့်ပေးလိုက်တာကနေ စ တာပဲ။ မနက်မိုးလင်း အိပ်ရာထပြီဆိုတာနဲ့ ကိုလွင်လွင်ကျော်က လာခေါ်တယ်။ သူနဲ့ မနက် လက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ သူတို့ စကားဝိုင်း မှာ ဘာမှ မသိပေမယ့်လည်း လိုက်နားထောင်တယ်။

ကျွန်တော်တို့မြို့မှာ New Burma ဓါတ်ပုံဆိုင် ဆိုတာ မသိတဲ့သူ မရှိဘူး။ ကိုလွင်လွင်ကျော့် အဖေက New Burma ဓါတ်ပုံဆိုင်ပိုင်ရှင်။ ကိုလွင်လွင်ကျော်ကလည်း ဓါတ်ပုံရိုက်တယ်။ ကျွန်တော် ဆယ်တန်းဖြေထားတဲ့ နှစ်က Analog ကနေ Digital ကို ပြောင်းနေကြပြီ။ Analog ဖလင်နဲ့ မရိုက်ကြတော့ဘူး။ ဒါပေမယ့်လည်း ကိုလွင်လွင်ကျော်နဲ့ အဖေနဲ့က ကျွန်တော့်ကို analog ဖလင်ကင်မရာနဲ့ ဓါတ်ပုံရိုက်တာ သင်ပေးတယ်။ အဲ့တုန်းကတော့ ဓါတ်ပုံကို ဝါသနာ မပါသေးတဲ့အတွက် သေချာမသင် မလေ့လာခဲ့ဘူး။ အဖေတို့ သင်ပေးတာပဲ ရှိခဲ့တာ။ ကိုလွင်လွင်ကျော်က ဓါတ်ပုံဆိုင် ဖွင့်ထားတယ်ဆိုပေမယ့် သူ့အိမ်မှာ indoor studio နဲ့ set up တွေ ဘာတွေ လုပ်ထားတာ။ တစ်မြို့လုံး သူတစ်ယောက်ပဲ အဲ့သလို လုပ်ထားတာ ဆိုတော့ indoor ကိုပဲ ဆက်တင်တွေဘာတွေနဲ့ ရိုက်ချင်ရင် သူ့ဆီကိုပဲ သွားကြရတယ်။  သူက အဲ့အချိန်မှာ ဓါတ်ပုံတင်မကဘူး။ အလှူတွေ မင်္ဂလာဆောင်တွေမှာပါ video ရိုက်နေပြီ၊ edit လည်း လုပ်ရတာပေါ့။ အဲ့တာနဲ့ ပတ်သတ်ပြီး အဖေက ကျွန်တော့်ကို သင်ခိုင်းတာ။


သူက မြို့ပေါ်မှာနာမည်ကြီးယုံတင်မကဘူး။ မြို့ဘေးပတ်လည်က ရွာတွေမှာလည်း နာမည်က ရပြီးသား။ 

ရွာက ဘုရားပွဲတွေ၊ အလှူပွဲတွေ ဆို သူ့ကို video ရိုက်ဖို့ လာငှားကြတယ်။ အဲ့လို အခါမျိုးဆို ကျွန်တော် က မီးထိုး မှန်ထိုး လက်တိုလက်တောင်းခိုင်းဖို့ ဆိုပြီး အဖေက သူနဲ့ ထည့်ပေးလိုက်တယ်။ သူ့ဆီက ရိုက်ကူးရေးပညာတော့ မရလိုက်ဘူး။ နားမလည်တာကြောင့် လည်းပါတယ်။ ပြီးတော့ အဲ့ခေတ်က analog တိပ်ခွေတွေနဲ့ရိုက်တဲ့ခေတ်ကိုး။ ခုလိုမျိုး edit လုပ်တယ်ဆိုတာက ဖြတ် ဆက် လောက်ပဲ။ ကျန်တာက ဘာမှ သိပ်လုပ်စရာမလိုဘူး။ အဲ့တော့ video edit ကတော့ သူသင်ပေးတော့ အဲ့ကတည်းက နည်းနည်းပါးပါး edit တတ်သွားတယ်ပေါ့။ 

 ကျွန်တော့် ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ လက်ဦးဆရာကလည်း ကိုလွင်လွင်ကျော်ပဲ။ crack ဆိုတာ ဘယ်လို၊ window တင်တာ ဘယ်လို၊ ဘယ် software က ဘယ်လို၊ ဘာလုပ်တဲ့နေရာမှာ သုံးတာ၊ capture card က analog ကနေ digital ကို ပြောင်းဖို့ အဲ့သလို အစုံ ကို သူက သင်ပေးခဲ့တာ။ သူ့ဆီက ဘယ်လို သင်သင် မကုန်ခဲ့ဘူး။ သူ သင်မပေးခဲ့တာတွေလည်း အများကြီး ဆိုတာ သိတယ်။ ကျွန်တော် absorb လုပ်နိုင်တဲ့ ပမာဏကိုပဲ သူက သင်ပေးခဲ့တာကိုး။ သူက အဲ့ ၂၀၀၈ မှာ ဆွဲကြီုး မဆွဲဘူး။ သူ့လည်ပင်းမှာ USB Memory Stick 1GB တစ်ချောင်းအမြဲ ဆွဲထားတာ။ အဲ့တုန်းက 1GB ဆိုတာ အတော်များတဲ့ ပမာဏ။ အဲ့ခေတ်က အများဆုံးပဲ။ ကျွန်တော်လည်း သူပိုးသွင်းလို့ လိုချင်လာတာနဲ့ မန်းလေး အထိ သွားဝယ်ရတယ်။ အဲ့တာတောင် ဆိုင်တိုင်း ဝယ်မရဘူး။ အဲ့ခေတ်က USB memory stick 1GB တစ်ချောင်းရဖို့ ဘယ်လောက် ခက်ခဲ ခဲ့တယ်ဆိုတာ လမ်းကြုံပြောပြတာပါ။ 



Music နဲ့ပတ်သတ်ပြီးတော့လည်း ကိုလွင်လွင်ကျော် ဆီကပဲ အတော် အမွေရလိုက်တယ်။ သူက rapper ဗျ။ Classical တွေလည်း နားထောင်ပေမယ့် Hip Hop တွေ နားထောင်တာများတယ်။ သူ့အခန်းကျဉ်းလေးထဲမှာ ဂစ်တာလေး တစ်လုံးရှိတယ်။ အိပ်ရာဘေးမှာ Desktop တစ်လုံး ရှိတယ်။ ပေါက်ကရ သီချင်းတွေလည်း သူ့ဆီကနေ ရတာ။ အဖေတို့က လေးဖြူ အငဲ နားထောင်နေတဲ့အချိန် သူက Alex တို့ The Ants တို့ နားထောင်နေပြီ။ အဖေတို့နဲ့စာရင် လူငယ်ပိုဆန်တာပေါ့။ သူ ဂစ်တာတီးတာတော့ မတွေ့ဖူး နားမထောင်ဖူးဘူး။ တလောကတော့ ကျွန်တော့်ဦးလေး အငယ်ဆုံးနဲ့ တွဲပြီး ဂစ်တာတီးပြီး Facebook ပေါ် တင်ထားတာတော့ တွေ့လိုက်တယ်။ နောက်ရက်မှ ပြန်ရှာကြည့်ရဦးမယ်။



အခုနေပြန်တွေ့ရင် ကျွန်တော် ဘာ အကြောင်း ပြောဖြစ်မယ် မသိဘူး။ သူတို့ကျ နယ်မြို့လေး ဆိုတော့ အခက်အခဲတွေ အများကြီး ရှိတယ်။ ကျွန်တော့်မှာ ရှိတဲ့ gadget တွေကို ပေးသုံးပစ်မယ်။ ပြောသာ ပြောတာပါ။ တွေ့ဖို့က မလွယ်ကြဘူးလေ။ 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...