Skip to main content

ခရီးသွားမှတ်စုများ - ရုစကီး နဲ့ အင်တာနက်

ရယ်တော့ ရယ်ရသား။ အိမ်မှာ နေတုန်းက ညဘက်ဆို လက်နက်ကြီးသံတွေ ကြားနေရလို့ အိပ်မပျော်လို့ ရန်ကုန်ပြန်တော့မယ် ပြောတော့ အမေ ဆဲတာ ခံလိုက်ရတယ်။ အိမ်မှာက လက်နက်ကြီးသံပဲ ကြားရတာ အိမ်မှာ မနေပဲ ထွက်လာတော့ World War 3 အလယ်တည့်တည့်ရောက်ပြီး ယူကရိန်းက အသေခံ drone တွေ ကိုယ့်ဆီ တည့်တည့်ကြီး ပြေးဝင်လာတာလည်း ကြုံရတယ်။ (အဲ့နေ့က ကံကောင်းပြီး မသေလို့ အခု စာတွေ ဆက်ရေးနေနိုင်တာ။) တရွှီးရွှီး အသံကြားလို့ ခေါင်းပေါ် မော့ကြည့်မိတော့ missile တွေ ဟိုဘက် ဒီဘက် ဆော်နေကြတာလည်း မြင်ခဲ့ရတယ်။ Happy New Year ကို ကြိုဆိုနေပုံများ အင်မတန် ကို ပျော်စရာကောင်း ဆိုသလိုပဲ။ 
ပြောရင်း စကားလမ်းကြောင်းလွဲသွားလို့ ပြောချင်တာက အင်တာနက် အကြောင်း။ 
ရုရှား ရောက်တော့ အင်တာနက်က လုံးဝဖြတ်ခံလိုက်ရတယ်။ ရုရှားက SIM card ကို ဝယ်သုံးတာတောင် မနက် ၁၀ ကနေ ည ၈ အထိပဲ အင်တာနက်က ကောင်းကောင်းရတယ်။ ကျန်တဲ့အချိန်တွေဆို ရုရှားရဲ့ core service တွေပဲ သုံးလို့ရတယ်၊ ဥပမာ banking လိုမျိုးနဲ့ VK လို social media တွေပေါ့။ ပိတ်ထားတဲ့အချိန်မှာတော့ vpn လည်း ချိတ်မရဘူး။ တခြား ဘာဆို ဘာမှ သုံးမရဘူး။ ဖြစ်ချင်တော့ ရုရှားမှာ အင်တာနက် စ အဖြတ်ခံလိုက်ရတဲ့နေ့က မွေးနေ့မတိုင်ခင် တစ်ရက်အလိုပဲ။ 

ဆင်းကဒ်နဲ့ ပတ်သတ်တဲ့ myth တွေကလည်း အများကြီးပဲ။ ကိုယ်တိုင်ကြုံရတာတွေ ပြောပြရဦးမယ်။ ဝယ်နေကျ Joytel eSIM ကို ဝယ်ပြီး သုံးမယ်ဆိုတော့ ရောင်းတဲ့ အမ က ၂၄ နာရီ စောင့်ပြီးမှ သုံးလို့ ရမယ်တဲ့။ ခါတိုင်းလို တန်းပြီး သုံးလို့ မရဘူး ဆိုပြီး ပြောတယ်။ အဲ့တာနဲ့ စမ်းကြည့်ရတာပေါ့ဆိုပြီး Joytel eSIM တစ်ကဒ်ဝယ်လိုက်တယ်။ ၂၄ နာရီပြည့်လည်း သုံးလို့ မရခဲ့ပါဘူး။ အဲ့တာနဲ့ မြန်မာမှာ ရှိနေတဲ့ ဘော်ဒါတစ်ယောက်ကို ooredoo ရဲ့ roaming package list ထဲမှာ ရှိတဲ့ Russia roaming package ကို ဝယ်ခိုင်းပြီး သုံးမယ် လုပ်တော့လည်း သုံးမရပြန်ဘူး။ အဲ့တာနဲ့ ရုရှားတစ်ယောက်ဆီကနေ ငါ့ကို ဆင်းကဒ်လေး ဝယ်ပေးဆိုပြီး ဝယ်ပြီး သုံးတော့ ပထမနေ့ပဲ ရတယ်၊ ဒုတိယနေ့ကျ မရတော့ဘူး။ ပိုက်ဆံက တော်တော်ကုန်နေပြီ အင်တာနက်က အခုထိ အဆင်မပြေသေးဘူး။ အဲ့တာနဲ့ ပိုက်ဆံအိတ်ထဲ အမြဲထည့်သိမ်းထားတဲ့ AIS Sim2Fly SIM card လေးကို ထုတ်၊ ဘန်ကောက်က အမ ဆီကို အကူအညီတောင်းပြီး ငွေဖြည့်၊ roaming package ဝယ်လိုက်တော့မှ ဇာတ်ရည်လည်တော့တယ်။ အဲ့ကျမှ ပဲ အင်တာနက်လည်း ကောင်းကောင်း သုံးလို့ ရတော့တယ်။ 

ဖုန်းထဲကို ဆင်းကဒ်ထည့်လိုက်ပြီ ဆိုတာနဲ့ ဖုန်းကို Welcome to Russia. Click the link to unblock the internet,sms,ussd ဆိုပြီး SMS ဝင်လာတယ်။



 အဲ့ link ကနေ unblock လုပ်မှ အင်တာနက်တွေ၊ ဖုန်းဘေစစ်တဲ့ *124# ဘာညာတွေ က သုံးလို့ ရမှာ။ joytel esim တွေ က ဖုန်းနံပါတ် မပါတော့ အဲ့ sms က ဝင်မလာဘူး။ အဲ့တော့ အဲ့ အဆင့်မှာတင် သုံးမရဖြစ်နေတော့တာပဲ။ 

အခုထည့်ထားတဲ့ AIS ကျတော့ အင်တာနက် package ဝယ်မထားလည်း အဲ့ link ကို ဝင်ဖို့တော့ အင်တာနက် ဖွင့်ပေးထားတယ်။ အဲ့ link ကို ဝင်တာကလည်း တခြားဖုန်းက WiFi ကို သုံးပြီး ဝင်လို့ မရဘူး။ mobile data နဲ့မှကိုပဲ ရတာ။



ကျွန်တော်ကြုံရတာာတော့ ၂၄ နာရီ စောင့်စရာမလိုပါဘူး။ အဲ့ link ကို နှိပ်ပြီး Go ဆိုတဲ့ ခလုတ်ကလေးကို နှိပ်လိုက်တာနဲ့ အင်တာနက် သုံးလို့ ရပါပြီ။ 



(ကိုယ်ချိတ်တဲ့ Operator ပေါ်မူတည်ပြီး တခုနဲ့ တခု ကတော့ နည်းနည်းကွာတယ်။ ) ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပေးပါ ဆိုပြီး စာလေး ကပေါ်လာတော့တာပဲ။



 သူပြောတဲ့အတိုင်း phone ကို restart လုပ်လိုက်တာနဲ့ အင်တာနက်က သုံးလို့ ရသွားတော့တာပါပဲ။

Failed ပြလည်း မရမချင်း လုပ်လိုက်တာ ရသွားတာပဲ။ ၂၄ နာရီ စောင့်စရာ မလိုဘူး။



(တခြားတစ်ယောက်ဆီမှာ Joytel Physical SIM card ရှိလို့ သူသုံးတာကတော့ ၂၄ နာရီ စောင့်ရတယ် ပြောပါတယ်။)

နောက်ထပ် ဘာပြဿနာ ထပ်ရှိသလဲဆိုတော့ Operator နဲ့ ပြဿနာတက်တာ။ ပထမဆုံး ဖုန်းက beeline နဲ့ ချိတ်မိတယ်။ Beeline မှာ unblock လုပ်ပြီး အင်တာနက်သုံးတယ်။ ဖုန်းက နောက်တခါကျ MTS ဆိုတဲ့ operator နဲ့ ချိတ်မိတယ်ဆို တခါထပ်ပြီး unblock လုပ်ရမှာပါ။ အဲ့သလိုပဲ MTS နဲ့ မချိတ်တော့ပဲ T2 နဲ့ ထပ်ပြီး ချိတ်တယ်ဆိုရင်လည်း T2 မှာ unblock ထပ်လုပ်ရဦးမှာပါပဲ။

နောက်ပြီးတော့ အခု unblock လုပ်ပြီး သုံးနေတဲ့ ဆင်းကဒ်ကို နောက်ဖုန်းတစ်လုံးထဲ ပြောင်းထည့်လိုက်ရင်လည်း unblock လုပ်ရတဲ့ process ကို ထပ်လုပ်ရမှာပါ။ 

ဒါကတော့ ရုရှားမှာ အင်တာနက် သုံးရင်း ကြုံခဲ့ရတာတွေပါ။

ဘယ် SIM card တွေ အဆင်ပြေသလဲဆို AIS Sim2Fly အဆင်ပြေပါတယ်။ Joytel Physical Sim အဆင်ပြေပါတယ်။ မလေးရှား က hotlink အဆင်ပြေပါတယ်။ ဒါက ကျွန်တော်ကိုယ်တိုင် စမ်းခဲ့တဲ့ ဆင်းကဒ်တွေပါ။ တခြား အဆင်ပြေတဲ့ ဆင်းကဒ်တွေလည်း ရှိပါလိမ့်မယ်။ ဈေး အသက်သာဆုံးကတော့ hot link နဲ့ Joytel Physical sim တွေပါ။ AIS ကတော့ 4GB ကို 650 baht နဲ့ ဝယ်သုံးရပါတယ်။ 


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...