Skip to main content

ကယောင်ကတမ်းရေးမိတဲ့စာ

အစက ကိုယ် အသည်းကွဲနေတာကို လူသိအောင် ထုတ်ပြ ထုတ်ပြောဖြစ်တယ်။ နောက်ပိုင်းကျတော့ ကိုယ့်ဘေးက လူတွေပါ ပူလောင်လာတာကိုသိရတော့ ဘယ်သူ့မှ မပြောဖြစ်တော့ပဲ တိတ်တိတ်လေးပဲ အသည်းကွဲတော့တယ်။ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတဲ့ လူတစ်ယောက်က အခုကျတော့ ကိုယ်မပါပဲ ခရီးဆက်နေပြီပဲ မဟုတ်လား။ ကိုယ့်ကို မလိုအပ်တော့တဲ့ လူတစ်ယောက် အတွက်နဲ့ ကိုယ်လည်း စိတ်ညစ်မခံချင်တော့တာနေမယ်။ ဘာလို့အသည်းကွဲသလဲဆိုတော့ တခါတလေ သတိရမိသွားလို့ပေါ့။ သတိမရအောင်တော့ အတတ်နိုင်ဆုံးနေတာပဲ။ အကျိုးအကြောင်းတွေတိုက်ဆိုင်လာတဲ့အခါ သတိရမိသွားတာပေါ့။ 
Credit to Min PK


    သူနဲ့ပတ်သတ်သမျှ အရာရာ မေ့ပစ်ထားခဲ့ မတွေးမိအောင် နေခဲ့ပေမယ့် အိပ်မက်တွေကိုတော့ တားလို့မရခဲ့ပါဘူး။ တခါတလေ အိပ်မက်ထဲမှာ လာငိုနေတော့လည်း ကိုယ်က ဒီအတိုင်း မနေနိုင်ပြန်ဘူးကွယ်။ သတိရမိပြန်တာပေါ့။ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး တွေးပူနေမိပြန်ရော။ ကိုယ်မရှိလည်း ဖြစ်တဲ့ လူတစ်ယောက်က ဘာလို့ အိပ်မက်ထဲအထိ လာပြီး ငိုပြနေရတာပါလိမ့်ဆိုတာလည်း ဆက်စပ်တွေးလို့ မရခဲ့ပြန်ဘူး။ အိပ်မက်တွေက တကယ်လား။ ရုတ်တရက် နားထဲကြားလိုက်ရတဲ့ ခေါ်သံတွေကရော တကယ်ပဲလား။ ဘယ်လိုမှ တားမရ ဖြစ်နေတဲ့အိပ်မက်တွေ ခေါ်သံတွေကို ပိတ်ပင်ဖို့အတွက် တရားထိုင်နေရတဲ့ ကိုယ့်အဖြစ်က တွေးမိရင် ရယ်စရာကြီး။ 
အိပ်မက်တွေ ဆိုလို့ ပြောရဦးမယ်။ ကိုယ်က အိပ်မက် အကြီးကြီးမရှိဘူး။ ကိုယ့်ဘဝကြီးက အင်မတန်မှရိုးရှင်းတယ်။ ယှဉ်ပြိုင်မှု့တွေမရှိဘူး။ ဘယ်သူ့ကိုမှလည်း ကိုယ်က ပခုံးချင်းလိုက်မတိုင်းသလို ဘယ်သူကမှလည်း ကိုယ့်ကို လာမတိုင်းဘူး။ သူကျတော့ အိပ်မက်တွေက ကြီးတယ်။ အကြီးကြီးတွေဖြစ်ချင်တယ်။ သူ့ဘော်ဒါတွေမှာ အပြိုင်အဆိုင်များတယ်။ အဲ့လိုဆိုတော့ အိပ်မက် အကြီးကြီး မမက်တဲ့ကိုယ်နဲ့ ရထားချင်း လွဲခဲ့တာလည်း မထူးဆန်းဘူး ထင်ရတာပဲ။ 
    နောက်ဆုံးတခေါက်ဖုန်းပြောတော့လည်း ဘယ်သူမှ မျက်ရည်မကျတော့ပဲ ငိုနေကြတယ် ဆိုတာ နှစ်ယောက်လုံး မပြောပဲသိကြတယ်။ ဘယ်တော့မှ ပြန်မတွေ့ကြတော့ဘူးဆိုတာ သေချာသွားပြီလေ။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်း ကိုယ့်လမ်းကိုယ်လျှောက်ကြရတော့မယ်။ လာလည်းမနောက်နဲ့ နောက်လည်း မလာဘူး ဆိုတာမျိုးပေါ့။ ခွဲခွါခြင်းတွေနဲ့ အဆုံးသတ်တဲ့ ဘဝကြီးပဲလေ။ ကောင်းသောခွဲခွါခြင်းကို ကြိုဆိုရမှာပေါ့။ ဒီလိုပါပဲ။ ပူစီဖောင်းတွေတွေ ပွတ်တိုက်မိကြတယ်။ အရှိန်ပြင်းတော့ ပေါက်ကွဲသွားကြတယ်ပေါ့။ ဒီလောက်ပါပဲ။ 
    အခုရက်ပိုင်းတွေးမိတာက ကျွန်တော်တို့ ဘာအတွက်ကြောင့် အသက်ရှင်နေရတာလဲ ဆိုတာ။ ဘာအတွက် အပြင် ဘယ်သူ့အတွက် ဆိုတာလည်း ပါမယ်ထင်တယ်။ အမှန်အတိုင်း ဝန်ခံရရင် ဘာအတွက်ရော ဘယ်သူ့အတွက်ရော ဆိုတာကို ကျွန်တော် အခုထိ မသိသေးဘူး။ အဲ့အကြောင်းကို စဥ်းစားမိလိုက်ရင် တကယ်ကို ကယောင်ကတမ်းပါပဲ။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြန်တော့ ကိုဘ်အသက်ရှင်နေတာ သူများတွေ အတွက်ဆို မကောင်းဘူး ထင်တာပဲ။ ကိုယ့်အတွက် ကိုယ်ပဲ အသက်ရှင်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့်လည်း မြန်မာစကား ဆိုတာကလည်း ခက်သား။ ရှင်းလေ ရှုပ်လေပဲ။ 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။