Skip to main content

Posts

Showing posts from June, 2025

Mijia Coffee Capsule Machine

 ဒါကတော့ Xiaomi က ထုတ်တဲ့ mijia capsule coffee machine ပါ။ Nespresso capsule ထည့်ရပါတယ်။ espresso နဲ့ americano ၂ မျိုး ထုတ်လို့ရပါတယ်။ ဟိုးအရင်ကတော့ local ကနေ capsule တွေ မထုတ်တော့ Starbucks ကိုပဲ အားကိုးခဲ့ရတာပါ။ အခုတော့ Genius နဲ့ SawBwar Coffee ကနေပြီး nespresso capsule တွေ ထုတ်လာပါပြီ။ Genius က capsule တစ်ခုကို ၉၀၀ ဝန်းကျင် နဲ့ စော်ဘွားကတော့ တစ်ခုကို ၃၀၀၀ ဝန်းကျင်လောက် ကျပါတယ်။ Starbucks ကလည်း capsule တစ်ခုကို ၂၇၀၀ ဝန်းကျင် ကျပါတယ်။ Starbucks ကတော့ ရောင်းတဲ့ဆိုင် အပေါ်မူတည်ပြီး ဈေးကွာပါလိမ့်မယ်။ ကျွန်တော့် personal taste အရဆိုရင် စော်ဘွားကော်ဖီက Starbucks အရသာကို မှီပါတယ်။ ကော်ဖီ bean ကျ စော်ဘွားက Starbucks ထက် တစ်ဝက် ဈေးသက်သာပါတယ်။ Capsule ကျမှ ဈေးကြီးနေတာပါ။      ခလုတ်က ၂ ခါ ပါပါတယ်။ တစ်ခုက espresso ထုတ်ပေးပြီး နောက်တစ်ခုက americano ထုတ်ပေးပါတယ်။ ကော်ဖီသောက်ချင်လို့ အိမ်အလည်လာမယ်ဆို ကိုယ့်ဟာကိုယ် capsule ဝယ်ခဲ့ကြပါနော်။ ကျွန်တော်လည်း capsule ဖိုးမရှိလို့ ကော်ဖီ မသောက်ရတာ ကြာနေပါပြီ လို့။ 

Flashing Stock Pixel rom on Mac OS

အရင်ဆုံး stock rom ကို down ပြီး extract လုပ်ပါ။  Stock Rom ကို Download လုပ်ရန် Link https://developers.google.com/android/images ပြီးရင် Android SDK ဖြစ်တဲ့ adb and fastboot ကို down ပြီး extract လုပ်ပါ။  https://developer.android.com/tools/releases/platform-tools Android SDK ကို extract လုပ်ပြီး ရလာတဲ့ file တွေကို စောန stock rom ကို extract လုပ်ထားတဲ့ folder ထဲ အတူတူထည့်ထားလိုက်ပါ။  ပြီးရင် fastboot ကို permission ပေးရပါ့မယ်။  Sudo chmod +x fastboot  လို့ ရိုက်ပါ။  Permission ပေးပြီးရင် stock rom folder ထဲက flash all . sh file ကို text editor တစ်ခုခုနဲ့ ဖွင့်ပါ။ အထဲက command တွေကို terminal မှာ တစ်ခုပြီး မှ တစ်ခု ရိုက်ပါ။  

ဒါက လိုတိုရှင်းနဲ့ အမြန်ဆုံး stock rom flash တဲ့နည်းပါ။ ဒီနည်းကို Linux နဲ့ Window မှာလည်း သုံးနိုင်ပါတယ်။