Skip to main content

အပိုင်းအစများ

    ကျွန်တော်တို့ အမြဲတမ်း လမ်းဆုံတွေမှာ ရပ်နေမိကြတတ်တယ်။ လမ်းဆုံးသွားပြီလားဆိုပြီး အတွေးတွေ ဝင်မိတတ်ကြတယ်။ လမ်းဆုံကနေ ဘယ်လမ်းကို လိုက်ရမလဲ ဆိုတာလည်း အမြဲ ဝေခွဲမရဖြစ်မိတယ်။ 

    ကျွန်တော်အခု ဘယ် လမ်းဆုံ မှာ ရောက်နေတယ်ဆိုတာ ကိုယ်တိုင် မသိတော့ဘူး။ ကျွန်တော့်ဘေးမှာဘယ်သူမှ မရှိတော့ဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးကြပါလို့ ကျွန်တော် တောင်းဆိုလိုက်တော့ 

    လူတွေအကုန်ထွက်သွားကြတယ်။ ကျွန်တော့်မှာ ကြောင်တစ်ကောင်ပဲ ရှိတော့တယ်။ ကျွန်တော်ကြောင်နဲ့ပဲ အချိန်ကုန်တယ်။ 

By Tong Pak Fu


ကိုယ့်ဒဏ်ရာတွေကို ဘယ်သူ့မှ မပြောပြဖြစ်တော့ဘူး။ နားထောင်ပေးမယ့်သူလည်း မရှိတော့ဘူးလေ။ကြောင်ကို ပြောလည်း ကြောင်က နားလည် မှာ မဟုတ်ဘူးလေ။

ကျွန်တော့်မှာ အချစ်နဲ့ပတ်သတ်ပြီး ဖွင့်ဆိုချက်တွေ မရှိသလောက်နည်းတယ်။ အရင်ကလည်း မရှိခဲ့ဘူး။ မရှိခဲ့လို့လည်း အခုလို ဘဝမျိုး ရောက်သွားရတာနေမယ်။ နောက်ထပ် ကျွန်တော် တွေးနေမိတာက ထုံးတမ်းစဉ်လာတွေ ဘာလို့ ရှိနေရတာလဲ။ မရှိတော့ရင်ရော ဘာဖြစ်သွားနိုင်မလဲ။ 

ကျွန်တော် စာနဲ့ရေးလို့ မဖြစ်နိုင်တဲ့ အချိန်ကာလ တစ်ခုရှိတယ်။ အဲ့အချိန်မှာ ဖြစ်ခဲ့တာတွေကြောင့်ပဲကျွန်တော် အခုလို ဖြစ်သွားရတာ။ 

ပိစိ က ပြောဖူးတယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းဆီမှာ ကမ္ဘာတစ်ခုဆီ ရှိကြတယ်။ အဲ့ကမ္ဘာတွေအချင်းချင်းပွတ်တိုက်မိပြီး တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးတွေဖြစ်လာကြတာတဲ့။ ပြန်ကွာသွားတဲ့အချိန်ရောက်ရင် နဂိုအတိုင်းပဲ ပြန်ဖြစ်သွားပြန်ရောတဲ့။ ကျွန်တော် ကမ္ဘာ ဘယ်နခုနဲ့ ပွတ်တိုက်မိခဲ့ပြီလဲ။ ကျွန်တော် အချိန်အကြာကြီး ပွတ်တိုက်မိတဲ့ ကမ္ဘာကရော ဘာလို့ ကျွန်တော့်ကို ထားခဲ့နိုင်ရတာလဲ။ ကျွန်တော်က ပွတ်တိုက်မှု့ရှိတယ် ထင်ခဲ့ပေမယ့် တခြားတဖက်က ပွတ်တိုက်မှု့ မရှိဘူး ထင်သွားတာ နေမှာပေါ့။

ကျွန်တော်က ကိုယ်ချစ်ခင်ရတဲ့သူတွေကို အကောင်းဆုံး ဆိုတာတွေချည်းပဲ ပေးချင်နေတာ။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို မလိုချင်တဲ့သူတွေဆီမှာ တွယ်ကပ်နေမိချင်တယ်။ ကျွန်တော်တို့ကိုလိုအပ်တဲ့သူဆီကိုကျတော့ မသွားချင်ပြန်ဘူး။ ရတာမလို လိုတာမရ ဆိုတာ အဲ့တာပဲ ဖြစ်ရမယ်။ 

နောင်တဆိုတာ နောင်မှ ရတယ် ဆိုသလို အခုတော့ ကျွန်တော်လုပ်ခဲ့တဲ့ အမှားတွေအတွက် ကျွန်တော်နောင်တ ရနေတယ်။ ဘယ်လို တောင်းပန်စကားပြောရမလဲ ဆိုတာလည်း မသိတော့ဘူး။  နောက်ဆုံးတော့ လူဆိုတာ ကိုယ် စိုက်ပျိုးတဲ့ အပင်ကို ကိုယ်တိုင် ရိတ်သိမ်းရတာပဲ မဟုတ်လား။ နောင်တ ဆိုတာလည်း ခဏပဲ ထင်တာပဲ။ move on လုပ်ရမယ် မဟုတ်လား။ 

ပိစိ ပြောခဲ့တယ်။ အတွေးတွေက ရေစီးကြောင်းလို circuit လမ်းကြောင်းလိုပဲ။ ရေခဏတိုင်း စီးပြီး မြောင်းဖြစ်သွားတော့ရေစီးပိုသန်လာသလိုပဲ။ ဒီလိုနဲ့ မြောင်းကနေ ချောင်း၊ ချောင်းကနေ မြစ်၊ မြစ်ကနေ ပင်လယ်ဖြစ်လာတာ မဟုတ်လား။ ဆိုတော့ ကြာလာလေ အားသန်လာလေ၊ ပါဝါပြင်းလာလေ။

inception ရုပ်ရှင်ထဲကလိုပေါ့။ အတွေးတစ်စ ထည့်လိုက်တာနဲ့ နောက်ကနေ လူက အဲ့အတွေးနောက်ကို သူ့ဟာသူလိုက်တော့တာပဲ။ 

ကြိမ်ဖန်များစွာ တို့ရဲ့ အကျိုးဆက်တွေလည်း ရှိသေးတယ်။ မကောင်းတာကိုပဲ တွေးနေမိရင် အဲ့ဒီ မကောင်းတာက ကြာလာတဲ့အခါ negative energy ဖြစ်ပြီး ကိုယ့်ကို လွမ်းမိုးသွားတယ်။ ဒါ့ကြောင့်ကောင်းတာတွေကို တခါတလေမှာ တွေးပေးရတယ်၊ လုပ်ပေးရမယ်။ မကောင်းတာလည်း တွေးမိမှာပဲ။ ဒါပေမယ့် ကောင်းတာကို ပိုတွေးဖြစ်အောင် အားပေးရမယ်။ အတွေးတွေ အားပြိုင်တာပေါ့။ ကိုယ်က ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက မကောင်းဘူးလဲ သိနေတာပဲ။ ကောင်းတဲ့ အတွေးတွေကို ပိုပြီး ဖိအားပေးရမှာပဲ။ မကောင်းတာ တွေးမိရင် ချက်ချင်း ထုတ်ပစ်နိုင်ဖို့ ကြိုးစားရမယ်။ 


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။