Skip to main content

သဝေထိုး နောက်ရောက်ရခြင်း

"သ​ဝေထိုး" ဘယ်သ​ဝေထိုးပြီး သွားနေလဲ?
မြန်မာစာမှာ အက္ခရာတွေ စာလုံးတွေ အသံထွက်ဖို့ အခြား ဘာသာစကားတွေ နည်းတူ သရတစ်ခု အနည်းဆုံး လိုအပ်ပါတယ်။
က = က + အ
ကာ = က + အာ
ကိ = က +အိ(ဣ)
ကီ = က + အီ(ဤ)
ကေ = က + အေ (ဧ)
ကော = က + အော (ဩ)
ကော် = က + အော် (ဪ)
စသည်ဖြင့် အဲလိုတွေ ရှိပါတယ်။
ဘာသာစကားတော်တော် များများမှာ သ​ဝေထိုး (ေ) ဧ သရလို သရ​တွေ ရှိပါတယ်။ Pre Vowel လို့ ခေါ် ကြပါတယ်။ ဗျည်းရှေ့မှာ တွေ့ရတဲ့ သရပါ။ ပုံမှန်အားဖြင့်တော့ ဗျည်း + သရ ပါ။
မြန်မာ မှာ က + အေ [ ဗျည်း + သရ ] မှ ကေ ဟု အသံ ထွက်ပါတယ်။ ကွန်ပျူတာတွေမှာ တခြားဘာသာစကားတွေ နည်းတူ Pre Vowel တွေကို ဗျည်းနောက်မှာပဲ သိမ်းပြီး ရှေ့မှာပေါ်နေအောင် Shaping Engine လို့ ခေါ်တဲ့ စာလုံးပုံဖော်မှု လုပ်ဆောင်ချက်က လုပ်ဆောင်ပေးပါတယ်။
Pre Vowel တွေကို ရှေ့မှာ ထားရခြင်း ကြောင့် ကောင်းကျိုး ဆိုးကျိုး တွေ ရှိပါတယ်။
ကောင်းကျိုးတွေကို အရင်ပြောပါ့မယ်။
၁။ မြန်မာယူနီကုဒ် နှင့် အခြားဘာသာစကားတွေရဲ့ စာအက္ခရာ သိမ်းစီးပုံမှာ ဗျည်း + သရ + အသံ ဟု သိမ်းကြပါတယ်။ သိမ်းစီးမှု တသမတ်ထဲပဲ ဖြစ်ပါတယ်။ သ​ဝေထိုးမို့လို့ ရှေ့မှာသိမ်းမယ်။ ရရစ်မို့လို့ ရှေ့မှာသိမ်းမယ်။ ရေးချမို့လို့ နောက်မှ သိမ်းမယ် လို့ မဟုတ်ပါဘူး။ တသမတ်ထဲ မဟုတ်ပဲ အမျိုးမျိုး ရှေ့နောက်ကွဲနေတဲ့ သိမ်းစီးပုံမျိုး နှင့် အလုပ် လုပ်ဆောင်ဖို့ ကွန်ပျူတာမှာ ခက်ခဲပါတယ်။ တသမတ်တည်းသိမ်းစီးသည့်အတွက် (Unique) ဗျည်း သရ ခွဲခြားဖို့ အရမ်းလွယ်ကူသွားတဲ့အတွက် ကွန်ပျူတာတွင် မြန်မာစာအတွက် process လုပ်ဆောင်နိုင်ဖို့ အရမ်း ရှင်းလင်းလွယ်ကူသွားပါတယ်။
၂။ ဗျည်း သရ ခွဲခြားမှု ရှင်းလင်းလွယ်ကူသွားသည့်အတွက် ဒီလုပ်ဆောင်ချက်တွေကို အဓိကလိုအပ်တဲ့ အက္ခရာ စဉ်ခြင်း၊ စာရှာခြင်း၊ ပြင်ဆင်ခြင်း တွေမှာပါ ဆင့်ကူးပြီး ပိုမိုလွယ်ကူသွားပါတယ်။
၃။ မြန်မာစာ ဝဏ္ဏဖြတ်ခြင်း (Voice)၊ စကားလုံး ဖြတ်ခြင်း (Word)၊ စကားစု ဖြတ်ခြင်း (Phrase) တွေမှာပါ ဒီ ဗျည်းသရ ခွဲခြားမှုက အ​ရေးပါသည့်အတွက် ဒါတွေကို အသုံးပြုတဲ့ auto translation ဘာသာပြန်ခြင်း ၊ text to speech၊ auto spelling correction စာရိုက်အမှား ပြင်ဆင်ခြင်း စာသားမှ အသံ ပြောင်းလဲခြင်း မှာပါ ပိုမို အဆင်ပြေသွားပါတယ်။
၄။ မြန်မာစာကို word processing DTP စာစီစာရိုက်ခြင်းဆိုင်ရာ ကိစ္စ​တွေမှာလဲ အဆင်ပြေသွားပါတယ်။
ဒါတွေ အားလုံး ရနိုင်တယ် အဆင့်မှာပဲ ရှိပါသေးတယ်။
နည်းပညာရှင် ပညာရှင်တွေရဲ့ စေတနာ အ​ပေါ်မမှာ မူတည်ပါတယ်။
ဆိုးကျိုးတွေက​တော့
၁။ Prevowel တွေကို ဗျည်းနောက်မှာ သိမ်းပြီး ရှေ့မှာပေါ်နေဖို့ Shaping Engine စာလုံးပုံဖော်မှု စနစ်တစ်ခု လိုအပ်ပါတယ်။ Contextual shaping ၊ Complex script တွေတိုင်းက မြန်မာစာကဲ့သိပဲ Shaping Engine လိုအပ်ပါတယ်။
လက်ရှိ အခြား ဘာသာစကားနည်းတူ OS တော်တော်များများမှာ မြန်မာစာကို အ​ထောက့်အပံပေးနေပါပြီ။
၂။ သုံးစွဲရ ခက်ခဲသွားသ​ယောင်ရှိပါတယ်။ အသုံးပြုသူနားလည်ဖို့ အချိန်ခဏ လိုအပ်ပါတယ်။
ကီးဘုတ် software တွေရဲ့ အကူအညီနဲ့ ပြေလည်နိုင်ပါတယ်။
သ​ဝေထိုး ကဲ့သို့သော Pre Vowel တွေကို ရှေ့မှသိမ်းမည် ဆိုလျှင် အ​ပေါ်က ကောင်းကျိုးတွေ မရ​တော့ပါဘူး။
ဆိုးကျိုးထဲမှ ပထမတချက်က​တော့ အဆင်ပြေပြီး ဒုတိယအချက်က​တော့ သုံးစွဲသူနဲ့သာ ဆိုင်ပါတယ်။
နောက်တစ်ခုက ဒီ Pre Vowel က မြန်မာယူနီကုဒ် စလုပ်တော့မှ ဖြစ်လာတဲ့ နည်းပညာ။ မြန်မာယူနီကုဒ်ဖန်တီးတဲ့ အချိန်မှ သူများထက်ထူးပြီး ထွင်ထားတာ မဟုတ်ပါဘူး။
အခြားဘာသာစကားတွေမှာ Pre vowel ဗျည်းနောက်မှာ သိမ်းပြီး အဆင်ပြေလွန်းနေတာ နှစ် များစွားကြာလို့ ဘာသာစကားဆိုင်ရာ နည်းပညာ ပစ္စည်း တွေ များစွာထွက်ပေါ်လာနေပါပြီ။
Programming logic တွေအတွက် နည်းပညာသမားတွေက ပိုမို နားလည်လွယ်ကူပါတယ်။ ထိုသူတွေ ရှင်းပြမှ သုံးစွဲသူ အသုံးပြုသူတွေ က နားလည်နိုင်မည် ဖြစ်ပါသည်။
နည်းနည်းသိတဲ့သူ နည်းနည်းတာဝန် ရှိပါသည်။
များများ သိတဲ့သူ များများ တာဝန်ရှိပါသည်။
MUA ထဲမှာ ကိုဆန်းလင်းနိုင်ဖြေထားတာလေးပါ။

Comments