Skip to main content

Why unicode? Part 2

မြန်မာ နိုင်ငံမှာ ယူနီကုဒ် က မရှိမဖြစ်လိုအပ်နေပါတယ်။
အခြားသော ငြိမ်းချမ်းရေး၊ ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး စွမ်းအင်ကိစ္စမျိုးတွေက အရေးကြီးသိလို ဒီကိစ္စကလည်း အရေးကြီးတယ်ဆိုတာ ကို နိုင်ငံရေးလုပ်နေကြသူတွေ လက်ခံစေချင်တယ်။
ဒါပေမယ့် တော်တော်များများ ကမရောင်ရာဆီလူးတယ်။ အလုပ်မရှိကြောင်ရေချိုးနေကြသူများဆိုပြီး ယူနီကုဒ်ဆိုတာမရှိလည်းဖြစ်တယ်။ နောက်မှ လုပ်လည်းဖြစ်တယ်ဆိုတာမျိုးခဏခဏပြောနေကြတာမြင်တော့ ကျွန်တော်တော်တော်ခံစားရပါတယ်။
အခုပဲရေးလို့ဖတ်လို့ရနေရင် အဆင်ပြေပြီလေ ဒီထက် ဘာများပိုထက်လိုသေးလို့လည်းဆိုတဲ့ ပုံစံတွေနဲ့ပြောနေကြတာမြင်တော့ ကျွန်တော့်မှာ ပြောစရာစကားတွေဆွံ့အလို့နေတယ်။
ကျွန်တော်အောက်မှာဆက်လက်ပြောသွားမယ့်အကြောင်းအရာက ဘာလို့ကျွန်တော်တို့ စံစနစ်တစ်ခုကိုအရေးတကြီးလိုအပ်သလဲဆိုတာလေးတွေ ဥပမာတွေနဲ့ဖော်ပြသွားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၈နှစ်လောက်က ကျွန်တော်က ကွန်ပျူတာအရမ်းရူးသွပ်သူတစ်ဦးပါ။
ပေါက်ဖွားလာတဲ့ပတ်ဝန်းကျင်က ခေတ်မီတဲ့ပတ်ဝန်းကျင်တော့မဟုတ်လားဘူး။ မထင်မရှားနယ်မြို့လေးတစ်မြို့မှာ ကလေးဘဝကုန်ဆုံးခဲ့ရတာပေါ့။ ကွန်ပျူတာဆိုတာစကိုင်ဘူး။ အင်တာနက်ဆိုတာတွေမြင်ဖူးနေတော့ ကျွန်တော် တန်းတန်းစွဲဖြစ်ခဲ့တာပေါ့။
ကျွန်တော်ကွန်ပျူတာလိုချင်တယ်လို့ ပြောတိုင်း အမေက နင့်ကွန်ပျူတာက ဘာလုပ်လို့ရလဲဆိုပြီးမေးတယ်။ကျွန်တော်ဘယ်လိုဖြေရမလဲမသိဘူး။ လုပ်လို့ရတာတွေ ကိုပြောရင် မကုန်နိုင်ဘူးလေ။
အင်တာနက်ဆိုတာဘာလည်းဆိုတာလည်းအမေမသိဘူး။
ဒါပေမယ့်10နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ သူ့ဖုန်းထဲက နေ အင်တာနက်ဖွင့်ဖေ့စ်ဘွတ်သုံးနေပြီ.
ဒီလိုပဲ
အခုနေ မင်းတို့ယူနီကုဒ်ကြီးဘာလုပ်လို့ရမှာလဲ ... ငါတို့လိုတာမှန်သမျှ အတွက် အဆင်ပြေပြေသုံးနိုင်တဲ့ ဇော်ဂျီရှိနေပြီ သွားတော့ ဂျောင်းတော့ဆိုပြီး ပြောနေကြသူတွေအတွက်.. သူတို့စိတ်ကူးဖူးတာထက်ပိုပြီး အသုံးချနိုင်လာပါလိမ့်မယ်လို့ ရဲရဲ ပြောရဲပါတယ်။
လောလောဆယ်မှာဘာလုပ်လို့ရလဲဆိုတာကိုကျွန်တော် ပြောရင် ၄ ခု ၅ ခုထက်မပိုပါဘူး။
ဥပမာ ဘာသာပြန်စနစ်တို့၊ စကားလုံးကိုအသံထွက်ဖတ်ပြတာတို့၊ လိုချင်တာမှန်သမျှ ၏ သည် မလွဲရှာတွေ့နိုင်တာတို့ စသဖြင့်ပေါ့်။
ဒါတွေက ဇော်ဂျီဖောင့်မှာလုပ်လို့မရဘူး။.. ယူနီကုဒ်မှာပဲ လုပ်လို့ရတယ်။
ဒါပေမယ့် တကယ် နေ့စဉ် သုံးနေတဲ့သူတွေအတွက် ကျတော့ ဒါတွေက အဓိက မကျဘူး ဆိုတာလည်းကျွန်တော်သဘောပေါက်လက်ခံပါတယ်။ သူတို့အတွက် စာရေးစာဖတ်ဖို့ ဆိုတာ ဦးစားပေးနံပါတ် ၁ ပါ၊
ဒီနေရာမှာ ပြေလည်အောင်မလုပ်နိုင်ပဲနဲ့ကျန်တဲ့အဆင့်တွေကိုလှည့်တောင်မကြည့်ပါဘူး။.
ယူနီကုဒ်ဆိုတာ က တစ်ကမ္ဘာလုံးဆိုင်တဲ့နည်းပညာပါ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ အိမ်မက်တောင်မမက်ဖူးတဲ့ နည်းပညာအသစ်တွေပေါ်ထွက်နေပါတယ်။ လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံပြောဆိုနေကြရာမှာ အဲဒီဘာသာစကားတွေ သဟဇတဖြစ်ပြီး တည်ရှိနေဖို့ .တစ်ခုခုတီထွင်လို့. မူရင်းဘာသာစကား အင်္ဂလိပ်စာအတွက် အဆင်ပြေရင် ကျန်တဲ့ဘာသာတွေမှာလည်း ရရှိနိုင်ဖို့ဆိုတာ တွေက အားလုံးဝိုင်းဝန်းဆောင်ရွက်နေကြတာတွေပါ။
ကမ္ဘာပေါ်မှာ အင်္ဂလိပ်စာမတက်သော သူ၊ စာမဖတ်နိုင်သောသူ၊ မျက်စိမမြင်နိုင်သောသူတွေမြောက်များစွာ ကျန်နေပါသေးတယ်။
ဒါတွေကျွန်တော်တို့ လုပ်ရပါဦးမယ်။ ကိုယ်တိုင်မပါဝင်ရင်တောင် သူတို့တွေရှိနေတယ်ဆိုတဲ့အသိလေးထားရှိရပါဦးမယ်။
ကျွန်တော်တို့ လူမျိုးတွေ ပြောလေ့ရှိပါတယ်။ သူများနိုင်ငံတွေ မိခင်ဘာသာစကားနဲ့ စက်ရုပ်တွေထွင်နေပြီ။ ခလုပ်တချက်နှိပ်တာနဲ့ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာနဲ့ထွက်လာနေပြီ။ မျက်စိနဲ့စာဖတ်စရာမလိုအောင် အလိုလိုဖတ်ပြနေပြီ။ အသံနဲ့အမိန့်ပေးရုံနဲ့ ကိုယ်လိုချင်တာကိုလုပ်ပေးနေပြီ။
သူများနိုင်ငံတွေဒီလိုလုပ်လို့ရနေချိန်မှာ ငါတို့နိုင်ငံမှာ ဒီယူနီကုဒ် ဇော်ဂျီပြဿနာပဲတက်နေတယ်ဆိုပြီးတော့လေ။
အဲဒီလိုတွေ အဆင့်ဆင့်တည်ဆောက်ဖို့ ဆက်လက်တီထွင်ဖို့ ချဲ့ထွင်ဖို့အတွက် အခြေခံအကျဆုံး စနစ်တွေရှိပါတယ်။
အဲဒီထဲက အခြေခံအကျဆုံးစနစ်က ဘာသာစကားတွေအားလုံး သဟဇာတဖြစ်စွာအတူတူတည်ရှိနေဖို့လုပ်ထားတဲ့ယူနီကုဒ်စနစ်ပါ။ ကျွန်တော်တို့ ခြေတံရှည်အိမ်ဆောက်ပြီး ၁၀ထပ်တိုက်အဖြစ်အဆင့်မြှင့်ချင်လို့မရပါဘူး။ သစ်သားအိမ်ဆောက်ပြီး ကွန်ဒိုလိုနေချင်လို့မရပါဘူး.။
သူ့အဆင့်နဲ့သူ လုပ်ဆောင်နိုင်တာတွေရှိပါတယ်။
ဒီလိုပဲ ဇော်ဂျီ မြန်မာစာစနစ်မှာလည်း သူ့အဆင့်နဲ့သူရှိပါတယ်။ သူမိုင်ကုန်စွမ်းဆောင်နိုင်တာတွေရှိပါတယ်။
အဲဒီထက်ကျော်လွန်အောင်သူ မလုပ်ပေးနိုင်ပါဘူး။ အပေါ်မှာကျွန်တော်ပြောသွားတဲ့ အဆင့်မြင့်တီထွင်မှုတွေကိုဇော်ဂျီစနစ်ပေါ်အခြေခံပြီး ဖန်တီးလို့မရပါဘူး။
ဒါကြောင့် စံစနစ်ကလိုကိုလိုပါတယ်။
ဒါဆိုအခုချက်ချင်းကြီးလိုတာလားလို့မေးစရာရှိပါတယ်။
ကျွန်တော့်အမြင်ကတော့ မြန်နိုင်လေကောင်းလေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ထက်တစ်နေ့ အင်တာနက်ပေါ်မှာ မြန်မာလိုရေးထားတဲ့အချက်အလက်တွေကပိုပိုများလာပါတယ်။
သေချာတာကတော့ ၉၀ ရာခိုင်နှုန်းက မြန်မာစာ ဇော်ဂျီစနစ်နဲ့ရေးသားထားတာတွေပါ။
ဒီနေ့ကျွန်တော်ရေးလိုက်တယ်။ဘာမှမထူးသွားပါဘူး။ မနက်ဖြန်ဆက်ရေးလည်းဘာမှမထူးပါဘူး။
ဒါပေမယ့် ၅နှစ်လောက်အတွင်းလူပေါင်း သန်း၂၀ လောက်က ရေးနေတဲ့အချက်အလက်တွေက .နောင်ဆိုရင်
ရှာရဖွေရခက် ထိန်းသိမ်းရခက် ။ အချက်အလက်ပြုစုရခက်တဲ့ စကားအရှုပ်အထွေးတွေဖြစ်လာပါတော့မယ်။
ဒါကိုသာမာန်သုံးတဲ့သူက ဘာမှ မသိနိုင်သလို သူ့အတွက်ဘာမှ လည်းမထူးသွားပါဘူး။.
ထူးသွားမယ့်သူတွေကတော့ နိုင်ငံတစ်ခုရဲ့ဖြစ်ပျက်နေတဲ့ အကြောင်းအရာ ၊ လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေး၊ စသဖြင့် ကဏ္ဍပေါင်းစုံမှာ ရရှိလာတဲ့အချက်အလက်တွေ Research လုပ်ဖို့၊ ဘာဆက်လုပ်မလဲစဉ်းစားဆုံးဖြတ်ဖို့ ဆိုတာတွေမှာ လုပ်ဆောင်နေတဲ့ပညာရှင်တွေအတွက် အခက်အခဲဖြစ်လာပါတယ်။
ဒေတာအချက်အလက်တွေပွစိနေရင် ထွက်လာတဲ့အဖြေတွေက လည်း မရေမရာ ဖြစ်ပြီးတကယ်အသုံးပြုလို့မရတာတွေဖြစ်လာမှာပါ။.
နောက်တစ်ခုကတော့ လူတိုင်းက စာရေးစာဖတ်ဖို့ပဲအားသန်တယ်ဆိုရင် တီထွင်သူတွေက အဲဒီဘက်ကိုပဲဆက်လက်တီထွင်နေမှာပါ။ ကျန်တဲ့အဆင့်မြင့် ကိစ္စတွေကို လုပ်ဖို့ဆိုရင် ယူနီကုဒ်စနစ်သုံးမှ ဖြစ်မယ့် ပုံစံပါ။ သုံးစွဲသူကလည်း ယူနီကုဒ်မသုံးတော့ သူတို့ဘာပဲတီထွင်တီထွင် မအောင်မြင်အလကားဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် အောင်မြင်လွယ် ၊ ငွေကြေးရလွယ်တဲ့ လမ်းကိုပဲ လိုက်ကြရင်းကျွန်တော်တို့ နိုင်ငံက နည်းပညာမှာခေတ်နောက်ကျကျန်နေခဲ့ပါတော့တယ်။ တစ်ခုခုတီထွင်တိုင်း စကားလုံးတွေမှန်မှန်ကန်ကန်မြင်ရဖို့ဆိုတာ အပိုစဉ်းစားရတဲ့အချက်တစ်ခုလိုဖြစ်နေကြမှာပါ။ အခြားနိုင်ငံတွေမှာဆို သူတို့ မှာအစိုးရကသတ်မှတ်ထားပြီးသား အားလုံးလက်ခံပြီးသား စနစ်ရှိလို့ ဘာမှ ပြဿနာပေါ်စရာမရှိပဲ ကျန်တဲ့ကိစ္စတွေမှာ မိမိဦးနှောက်ကို ပိုအသုံးချလို့ရနေမှာပါ။
ဒါဆိုရင် အသုံးပြုတဲ့သူတွေကပြောမယ် ၊ ဘာလို့ဒီအကြောင်းတွေကို ငါတို့လာပြောနေရသလဲ။ သိဖို့လိုမှမလိုအပ်တာလို့ထပ်ပြောပါလိမ့်ဦးမယ်။
ဒီစာကိုရေးတဲ့ရည်ရွယ်ချက်က အပေါ်မှာပြောခဲ့သလို ကျွန်တော်တို့ ဘာကြောင့်ပဲ ဇော်ဂျီစနစ်ကိုဆက်သုံးရ သုံးရ ..
ယူနီကုဒ်ကိုတော့ တစ်နေ့နေ့သုံးမှ ဖြစ်မယ်ဆိုတဲ့အသိဝင်စေချင်တာပါ။
ယူနီကုဒ် ကို အားလုံးအတွက် လိုအပ်မယ့်စနစ်တစ်ခုလို့ပဲ မြင်ထားလိုက်ပါ။ သူ့ဆီမှာ အားနည်းချက်တစ်ချို့ရှိပါမယ်။ ဒါပေမယ့် အကြီးစား အားနည်းချက်မဟုတ်တဲ့အတွက် ပြင်ဆင်လို့ရပါသေးတယ်။ အားလုံးဝိုင်းဝန်းလိုက်ကြရင်ဖြစ်နိုင်ပါတယ်။ လောလောဆယ်မှာ အစိုးရကိုယူနီကုဒ်အဖွဲ့တွေက စာတင်တယ်ကြားပါတယ်။ ဟုတ်ပါလိမ့်မယ်။
ပညာရှင်တွေကို စုစည်းပြီးအဖြေရှာဖို့ကော၊ တစ်ယောက်တစ်ပေါက်ပြောနေကြတာထက်စာရင် စနစ်နှစ်ခုရဲ့ အားသာချက်အားနည်ချက် နဲ့ ဖြေရှင်းပုံတွေကိုစဉ်းစားဖို့ အစိုးရကဝင်ကူမှရပါလိမ့်မယ်။ပြင်ပမှာတည်ရှိနေသော မည်သည့်အဖွဲ့အစည်းမှ ဖြေရှင်းနိုင်မယ့်ပြဿနာမဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီးစာတင်တယ်ဆိုပေမယ့်..
တကယ်တန်းတော့ ပြဿနာရဲ့အတိမ်အနက် ကိုသိစေချင်လို့ လိပ်မူခြင်းသာဖြစ်ပါတယ်။
အစိုးရကဦးဆောင်သော အဖွဲ့အစည်းတစ်ခုကသေသေချာချာ နားထောင် အဖြေရှာပေးရင်.. ဒီပြဿနာ ကို ကျွန်တော်တို ကျော်လွှားနိုင်မှာပါ။
တကယ်တော့ ဖြေရှင်းနည်းတွေကလည်းစုံနေအောင်ရှိပါတယ်။ အားလုံးလိုက်နာဖို့ကျတော့ အာဏာရှိတဲ့သူရဲ့စကားနဲ့မှ ထိန်းကွပ်လို့ရနိုင်ပါလိမ့်မယ်
ဒါကြောင့်အစိုးရ ပါဝင်ဖို့လိုအပ်ခြင်းပါ။ အခုအချိန်အထိ .. အစိုးရဝက်ဘ်ဆိုဒ်တွေ ဇော်ဂျီ၊ ယူနီကုဒ်နဲ့ အင်္ဂလိပ်စာ သုံးမျိုးတင်ရစမြဲပါ။ အစိုးရမပြတ်သားခဲ့လို့.. မက်ထရစ်စနစ်ရယ် အင်ပရီရယ် စနစ် ရယ်နှစ်ခုလုံးသုံးတဲ့ နိုင်ငံ၃ခုထဲမှာလည်းတစ်ခုအပါအဝင်ဖြစ်ခဲ့ပြီးပါပြီ။ First name ,Last name, Family name မရှိ၊ ကိုယ့်ဆွေစဉ်မျိုးဆက်ဘယ်သူမှန်းအစဖော်မရတဲ့လူမျိုးလည်းဖြစ်နေပြီးပါပြီ။
တစ်နိုင်ငံ စနစ်နှစ်ခုရှိနေခဲ့သော နေရာတော်တော်များလှပါပြီ။
ဒီဂျစ်တယ်ခေတ်မှာတော့ ကျွန်တော်တို့နှစ်ခုဆက်ရှိနေလို့မကောင်းပါ။ ကိုယ်အလေးချိန်ကို ကီလိုနဲ့ပဲပြောပြော
ပေါင်နဲ့ပဲ ပြောပြောကိစ္စမရှိပါ။ အပူချိန်ကို စင်တီဂရိတ်နဲ့ပဲပြောပြော၊ ဖာရင်ဟိုက်ပဲပြောပြောကိစ္စမရှိပါ။
မြန်မာ ပြက္ကဒိန်နဲ့ပဲ နေ့တွက်တွက်.. ခရစ်ပြက္ကဒိန်နဲ့ပဲတွက်တွက် ဘာမှမဖြစ်ပါ။
နေ့တိုင်းအသုံးပြုနေရတာမဟုတ်သလို သုံးသူလည်းနည်းပါတယ်။
ဒါပေမယ့် ဒီကွန်ပျူတာဘာသာစကားစနစ်ကျတော့မတူတော့ပါဘူး ။ အင်တာနက်ခေတ်စားလာ စမတ်ဖုန်းတွေပေါလာတာနဲ့အတူ ကျွန်တော်တို့အသုံးအပြုဆုံး အရာ၊ အထိအတွေ့အများဆုံး။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာ နေရာအကြီးကြီးတစ်ခုယူထားသောအရာဖြစ်နေပါပြီ။
ဒီအတွက် ကျွန်တော်တို့နေ့စဉ်ရက်ဆက်အသုံးပြုသွားမယ့်အရာ ၊ နောင်ကိုပိုတောင်တိုးပွားလာမယ့်ကိစ္စတစ်ခုအတွက် ..
ရေရှည်ခိုင်မာသော အရာတစ်ခုကို မစဉ်းစားသင့်ဘူးလား။
ယခင် ရွေးကောက်ပွဲမဲစစ်ဆေးစဉ်ကလည်း. အွန်လိုင်းကနေမဲစာရင်းရှာမတွေ့တာမျိုးလည်းကြုံခဲ့ဖူးပါပြီ။ ရှာဖွေဖို့အတွက် ယူနီကုဒ်စနစ်ကိုပဲသုံးထားပြီး
အချက်အလက် ထည့်သွင်းတဲ့နေရာမှာတော့ မသိလို့ပဲဖြစ်စေ နားမလည်လို့ပဲဖြစ်စေ၊ အခြားစာရိုက်စနစ်တွေသုံးလို့လည်းဖြစ်နိုင်ပါတယ်။ မြန်မာစကားတည်ဆောက်ပုံက အင်္ဂလိပ်စာလိုမရိုးရှင်းတဲ့အတွက် . .. ရှာဖွေရာမှာရော .. အချက်အလက်ဖြည့်တဲ့နေရာမှာပါ တိကျအောင်မလုပ်ခဲ့ရင် နောင်မှပြဿနာပေါ်ပါတယ်။
လာမယ့်၅နှစ်မှာ
ဖုန်းထဲကနေအဆင်သင့်..မဲစာရင်းကောက်စစ်လို့ရတဲ့အခြေအနေဖြစ်သင့်ပါပြီ။ အကောင့်နံပါတ်တစ်ခုနဲ့ .. မိမိရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ စစ်လို့ရတဲ့အခြေအနေဖြစ်သင့်ပါပြီ။ လူတိုင်းရဲ့မှတ်ပုံတင်နံပါတ်၊ စာရင်းနဲ့ အချက်အလက်တွေကို ကွန်ပျူတာဒေတာဘေ့်စ်နဲ့ ရှာဖွေ လို့ရသင့်ပါပြီ။
ဒါတွေအားလုံးကို အင်္ဂလိပ်လိုပဲ မှတ်သားမယ်ဆိုတဲ့ စိတ်ကူးမရှိခဲ့ဖူးဆိုရင် ... အစိုးရရဲ့သက်ဆိုင်သော ဝန်ကြီးဌာန တစ်ခုခုက အခုအချိန်မှာ မြကျောက်ဖျာတင်းနေသင့်ပါပြီလို့ ဆိုရင်း. နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
အာသာ
၂၁.ဇူလိုင် ၂၀၁၆ခုနှစ်


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...