Why unicode??

အရင်က............
ကွန်ပျူတာက  မြန်မာစာဆိုရင်
က ခ ဂ ဃ င ... အစဉ်လိုက်ဆိုတာတောင် သိတာမဟုတ်ဘူး။
နောက်ပြီး
မြန်မာစာက မြန်မာအဘိဓာန်စဉ်တဲ့နေရာမှာ
က-ကြီး ပြီးရင် ခ-ခွေး တန်း မလာဘူး၊
အဲဒီ ပင်မအက္ခရာ က-ကြီးရဲ့ လေးဘက်လေးတန်ကနေ
(( ေ ြ -   ျ ိ  ီ ွ    ှ ံ ့  ု   ူ  ု  ူ  ာ ါ -် ))
တွဲလာနိုင်စရာတွေက အများကြီး၊
တခါ....
ကွန်ပျူတာပေါ်မှာက ယ-ရစ်တခုထဲကိုပဲ ၈မျိုးရှိတယ်။
အောက်မြစ်၊ ယ-ပင့်၊ ၁-ချောင်းငင်၂-ချောင်းငင် ...
စတာတွေကလည်း ၂မျိုး ၃မျိုး..။
ဆိုတော့...
Excel မှာ Filter နဲ့ တစ်သုတ်ချင်း ဆွဲထုတ်ပြီး
Manual ပြန်စဉ်ရင်တော့ ရတယ်။
အင်္ဂလိပ်စာမှာ
မောက်စ်ကလစ် တစ်ချက်နှိပ်လိုက်ရုံနဲ့
စက္ကန့်ပိုင်းအတွင်း ပြီးမယ့်အလုပ်မျိုးကို
ကိုယ့်မြန်မာစာမှာ
ဇယားကြီးရင် ကြီးသလောက်
အချိန်အများကြီး ပေးရလိမ့်မယ်။
ပုံက....
Excel မှာ
ဇော်ဂျီ၊ ဝင်း နဲ့ ယူနီကုဒ်တွေသုံးထားတဲ့ နာမည်စာရင်းကို
Sort တစ်ချက်စီ နှိပ်ကြည့်ထားတာပါ။
ပထမကော်လံမှာ
ဇော်ဂျီဖွန့်သုံးထားလို့ အဖြေမှန် မရပါ။
ဒုတိယကော်လံ
ဝင်းဖွန့် သုံးတဲ့အခါမှာလည်း
အင်္ဂလိပ်လက်ကွက်နဲ့ ဖလှယ်ပြီး A to Z စီတဲ့အတွက်
အဖြေမမှန်ပါ။
တတိယကော်လံမှာ
ယူနီကုဒ်သုံးတဲ့အခါ
အဘိဓာန်စဉ်ပြီးသား
လိုချင်တဲ့အစီအစဉ်အတိုင်း ရပါတယ်။
အဲဒါကြောင့် ခုနောက်ပိုင်း
ကွန်ပျူတာသုံးပြီး မြန်မာစာနဲ့ စာရင်းဇယားများလုပ်တဲ့အခါမှာ
ယူနီကုဒ်ကို မသုံးမဖြစ် သုံးလာကြရပါတယ်။
ရေးလို့ ဖတ်လို့ ရရုံပဲဆိုရင်တော့
ယူနီကုဒ် သုံးစရာ မလိုပါ။
By Win Ko

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း