Skip to main content

Router Review

 Facebook ကို VPN နဲ့ သုံးမှ ရလာတဲ့ အချိန်မှာ ကျွန်တော့်အတွက် အဆင်မပြေတာတွေများလာတယ်။ ကျွန်တော့်မှာ devices တွေက များတယ်။ ဖုန်းတွေ laptop တွေ tablet တွေ အပြင် တခြား gadget တွေပါ ရှိနေတာကိုး။ အကုန်လုံးကို VPN ထည့်ဖို့ အလုပ်တခုကလည်း ပိုလာတယ်။ အဲ့တာနဲ့ အဆင်ပြေမယ့်နည်းလမ်းကို လိုက်ရှာရင်း facebook ပေါ်က ကိုကျော်စွာသွင် တင်ထားတဲ့ router လေးကို သွားတွေ့မိတယ်။ 



Router မှာ တခါတည်း VPN ထည့်လို့ရတဲ့ router ပေါ့။ အဲ့ router မှာ တခါတည်း VPN ထည့်ထားတော့ အဲ့ router က လွင့်တဲ့ wifi ကို ချိတ်တဲ့ devices တွေ အကုန် လုံး VPN ထည့်စရာမလိုတော့ဘူးပေါ့။ 

Router အကြောင်း product info အသေးစိတ်ကို သူ့ website မှာ ဖတ်လို့ရပါတယ်။

Click here for more info

Router Mode က ၄ မျိုးပါတယ်။

Lan Cable တပ်ပြီး AP router အနေနဲ့ သုံးလို့ရတယ်။

Wifi ကို ဖမ်းပြီး repeater, range extender အနေနဲ့လည်း သုံးလို့ရတယ်။ 

ဖုန်းက usb tethering လုပ်ပြီး USB မှာ ဖုန်းနဲ့ချိတ်ပြီး portable router အနေနဲ့လည်း ရတယ်။

3G/4G moden တပ်ပြီး portable router အနေနဲ့လည်း ရတယ်။



Router ထဲကို ထည့်ဖို့ VPN အတော်များများကိုလည်း support လုပ်တယ်။ တကယ်လို့ V2Ray ကို သုံးမယ်ဆိုရင် openwrt ကနေ လိုတဲ့ package ကို ထပ်ထည့်ပြီး သုံးလို့လည်း ရသေးတယ်။

Default အနေနဲ့ 1.1.1.1 လည်း ပါတယ်။ Tor လည်း ပါတယ်။ Open VPN ဆို drag and drop နဲ့ တန်းရတယ်။ Router ကို manage လုပ်ဖို့ app ကလည်း android ရော iOS ရော ရှိတယ်။ သဘောအကျဆုံးက router ဘေးဘက်မှာ switch တခုပါတယ်။ အဲ့ switch နဲ့ vpn ကို on off လုပ်လို့ရတာပဲ။



Port အနေနဲ့ Lan ပေါက် ၂ ပေါက်၊ WAN ပေါက် ၁ ပေါက်၊ USB 3.0 တစ်ပေါက်နဲ့ charging အတွက် Type-C တစ်ပေါက် ပါတယ်။ ဘေးဘက်မှာ micro SD card slot တစ်ခုလည်း ပါသေးတယ်။
 USB 3.0 တစ်ပေါက်ပါတော့ Local File Server အနေနဲ့ လည်း သုံးတယ်။ SD card slot ပါတော့ sd card ထဲ ရုပ်ရှင်တွေ ထည့်ထားပြီး DLNA ကနေ ရုပ်ရှင်လည်း ကြည့်လို့ရတယ်။ Router ထဲကို Plug In ထပ်ထည့်လိုက်။ ပြီးရင် ဖုန်းထဲမှာ VLC player ထည့်လိုက်တာနဲ့ SD card ထဲက ရုပ်ရှင်တွေကို ကြည့်လို့ရပြီ။



Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________