Skip to main content

နားဇိမ်ခံခြင်း

I.E.M ဝယ်ချင်နေတာ ကြာပြီ။ ဘာလို့ ဝယ်ချင်လဲ ဆို တော့ ဘာမှန်း မသိလို့ ဝယ်ချင်နေတာ။ အဲ့လိုနဲ့ မနှစ်က မွေးနေ့မှာ ကိုယ့်ဟာကိုယ် လက်ဆောင်ပြန်ဝယ် ပေးလိုက်တယ်။ ဝယ်တော့လည်း ဘာအမျိုးအစားဝယ်ရမယ်လည်း မသိဘူး။ ဘာက ဘယ်လို ရှိတယ်ဆိုတာလည်း မသိဘူး။ အဲ့တာနဲ့ ကိုယ်တတ်နိုင်တဲ့ ငွေ amount ထဲက ဈေးအနည်းဆုံးဟာ ကို ရွေးဝယ်မိလိုက်တယ်။ I.E.M ဝယ်ရင်း မထူးပါဘူးလေဆိုပြီး D.A.P ( Digital Audio Player ) ပါ ဝယ်ဖြစ်သွားတယ်။ ဟိုး ပြီးခဲ့တဲ့ နှစ်တွေကတည်းက Sony Walkman လေး လိုချင်နေတာ ပိုက်ဆံ မရှိတာနဲ့ မဝယ်ဖြစ်တာရော၊ နိုင်ငံခြားကနေ ဝယ်ပြီး သယ်လာပေးမယ့် သူ မရှိတာရော နဲ့ မဝယ် ဖြစ်ခဲ့ဘူး။ အဲ့တာနဲ့ပဲ Fiio M6 နဲ့ Fiio FD1 အတွဲ ကို ဝယ်ဖြစ်သွားတယ်ပေါ့။




သောတအာရုံကို စာနဲ့ ရေးပြရတာ အတော်တော့ မလွယ်ဘူးရယ်။ ဒီကောင်တွေနဲ့ သီချင်းနားထောင်ရင် သီချင်းတွေကို အီဆောင့်နေအောင် နားထောင်ရတာပေါ့ လို့ပဲ ပြောနိုင်တယ်။ လုံးဝ အနှစ်အရသာ အပြည့်ကို နားထောင်ရတာမျိုးပေါ့။ ဒီကောင်တွေနဲ့ နားထောင်ပြီးရင် ကျန်တဲ့ ဖုန်းနဲ့ နားထောင်တာတို့ ဘာတို့က အတော်ကို ပေါ့သွားတာ။ ပေါ့သွားတယ် ဆိုတာထက် ဘာမှ ကို မတူတော့တာ။ 



M6 ကို သေးတယ် ပြောတော့ ကျွန်တော် ပထမဆုံး ဝယ်ခဲ့တဲ့ ဖုန်းတွေ နဲ့ ယှဉ်ကြည့်မိတယ်။ အဲ့တုန်းက အဲ့ဖုန်းတွေကို အရူးအမူး လိုက်ရှာဝယ်ခဲ့ရတာပေါ့။ Size သေးတယ် ဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ အနေတော်ပဲ လို့ ပြောလို့ရတယ်။ နဂိုကတည်းက ဖုန်း အသေးလေးတွေကြိုက်တဲ့ကောင်ကိုး။  ဒါပေမယ့် Fiio music app version  အသစ် 3.0.5 မှာ font တွေက သေးသွားတော့ နှိပ်ရပြုရတာ အတော်လေးတော့ တိုင်ပတ်တယ်။ လက်ချောင်းကြီးတဲ့သူ ဆို အတော် ကို အဆင်မပြေဖြစ်မှာ သေချာတယ်။ App dev က dpi လွဲ ရေးတယ်လို့ထင်တာပဲ။ အရင် version အဟောင်းမှာကျ အဆင်ပြေတာကိုး။ M6 က Android OS နဲ့ ဆိုတော့ Tag လုပ်ထားတဲ့ meta data တွေမှာ မြန်မာလိုရေးထားတာလေးတွေကို လှတပတ မြင်ရတော့လည်း စိတ်ချမ်းသာပြန်ရော။ မကောင်းတာက Android OS ဆိုတော့ နည်းနည်းတော့ လေး တယ်။ Fiio က သူ့အတွက် သူကတော့ ရနိုင်သမျှ optimized လုပ်ထားပေမယ့် app တွေ ဖွင့်တာ က နည်းနည်းလေးတယ် လို့ ခံစားရတယ်။


ဒါကတော့ Xperia Z5 နဲ့ ယှဉ်ပြထားတာပါ။
မဝယ်ခင် သူ့ website မှာ ကြည့်လိုက်သေးတယ်။ Features တော်တော်များများရတယ်။ iPhone ရဲ့ Air Play ကနေ M6 ကို ထုတ်ပေးပြီး Bluetooth Amplifier အနေနဲ့ လုပ်လို့ရတယ်။ PC ကနေ Type C audio output ကနေ DAC အနေနဲ့ သုံးပြီးတော့ ထုတ်လို့ရတယ်။ Android OS နဲ့လာပြီး WiFi လည်း ပါတော့ Tidal, JOOX ကို streaming သုံးလို့ရတယ်။ ပြီးတော့ သူ့မှာ build in ပါတဲ့ korea က streaming app နဲ့ china က streaming app လည်း ပါသေးတယ်။ ကျွန်တော်ကတော့ ဖြုတ်ချပလိုက်တယ်။ ကျွန်တော်လည်း သုံးမှ မသုံးပဲကိုး။


Fiio link ကတော့ ဖုန်းမှာရော M6 မှာရော Fiio music app သွင်းထားရမယ်။ DAP မှာ ကို ဖုန်းကနေ လှမ်းပြီး remote လုပ်တဲ့ သဘောပါပဲ။ Fiio Link က ခု လောလောဆယ်မှာ Android Phone နဲ့ပဲ ရနေပေမယ့် နောက် Firmware update ထုတ်ပေးပြီးရင်တော့ iPhone တွေ ပါရမယ် ထင်တယ်။ WiFi နဲ့ ရော Bluetooth နဲ့ရော Fiio Link က အလုပ်လုပ်တယ်။ WiFi နဲ့ ဆို control လုပ်မယ့် ဖုန်းမှာ M6 ရဲ့ IP address ကို ရိုက်ရမယ်။ Bluetooth နဲ့က ကျ pair လုပ်ထားယုံပဲ။ Bluetooth ထက် စာရင် WiFi နဲ့ က ပိုမြန်တာပေါ့။

 Amazfit GTR2 watch မှာ ဘာသီချင်းဖွင့်ထားလဲ ဆိုတာပြနေပေမယ့် Next, Prev, Play, Pause တွေတော့ နှိပ်လို့မရဘူး။


USB audio output ကတော့ စမ်းစရာမရှိလို့ မစမ်းရသေးဘူး။

သူ့ပါတဲ့ Fiio music app ကို update လုပ်တာမှာ package ထည့်မရဘူးပြောနေလို့ နဂိုပါတဲ့ fiio music app ကို uninstall လုပ်ပြီးမှ version အသစ်ကို install လုပ်လို့ ရတယ်။ Version အသစ်မှာတော့ font တွေက သေးသွားတယ်။ နောက်ပြဿနာက battery က နေရင်းထိုင်ရင်းကုန်သွားတာပဲ။ သူ advertise လုပ်ထားတဲ့ နာရီ ရဲ့ တဝက်တောင် မရဘူးပဲ။ app version အသစ် ကြောင့်လို့တော့ထင်တာပဲ။ ပြီးတော့ နားကြပ်နဲ့ နားထောင်ရင် ဘက်ထရီက ခံသေးတယ်။ Bluetooth speaker နဲ့ ဖွင့်ရင် ဘက်ထရီ ကုန်တာ အတော် မြန်တယ်။ နောက်ပိုင်း Firmware update ရော Fiio app version update လုပ်လိုက်တော့ ဘက်ထရီက ပို ကုန်လာသလို ဖြစ်နေလို့ auto power off timer ပေးထားလိုက်ရတယ်။ မဟုတ်ရင် ညဘက် သီချင်းမဖွင့်ပဲ ဒီအတိုင်းထားပြီး မနက်ရောက်လို့ သီချင်းဖွင့်မယ် လုပ်လိုက်ရင် battery က ကုန်နေပြီ။ WiFi နဲ့ bluetooth ဖွင့်ထား ချိတ်ထားရင် battery ကုန်တာ ပိုမြန်တယ်။ ဒီ အတိုင်း သီချင်းနားထောင်တာကတော့ မကုန်ဘူး။ ခုနောက်ပိုင်း auto power off နဲ့ လုပ်ထားတော့မှ ဘက်ထရီက အတော်ခံတော့တယ်။ မသုံးဖြစ်တဲ့ အချိန်တွေဆို ပါဝါ ပိတ်ထားတာကိုး။


WiFi နဲ့ ဆို battery ကုန်တာမြန်နေတော့ Tidal နဲ့ တခြား streaming services တွေကို မစမ်းဖြစ်တော့ဘူး။ Streaming ကို အားမကိုးချင်တာလည်းပါတယ်။ အစကတည်းက local က သီချင်းတွေကိုပဲ နားထောင်တာရယ်၊ ကိုယ်က အမြဲတမ်း အင်တာနက်မရတဲ့နေရာမှာ ရောက်နေတာရယ် နဲ့ ကြောင့်မို့ မစမ်းဖြစ်တာ။

အသံနဲ့ပတ်သတ်ပြီး ဂစ်တာသမားတော်တော်များများပြောနေကြတဲ့ noise clean လုပ်တယ်ဆိုတာကို အစက သဘောမပေါက်ခဲ့ဘူး။ DAP+ IEM နဲ့ နားထောင်တော့မှပဲ ဂစ်တာက noise သံတွေ ကို ကြားရတော့တာပဲ။ တော်တော် ဆူ၊ တော်တော် စိတ်အနှောင့်အယှက်ဖြစ်တာဗျ။ အဲ့ကျမှ ဘာလို့ noise ကို သတ်ရတယ် ဆိုတာ နားလည်တော့တယ်။



မြန်မာသီချင်း ခွေ တွေကတော့ ကိုယ်တိုင် rip တာရော သူများ ripped ထားတာတွေရော နားထောင်ဖြစ်တယ်။ ကိုယ်တိုင် CD တွေကို rip တော့မှ HiRes ဖြစ်အောင်  ripped လို့ မရဘူး ဆိုတာ သိတော့တယ်။ Rip လိုက်ရင် SQ တွေ ချည်းပဲ။ CD ကနေ HR ripped လို့ မရတာလားတော့ မသိဘူး။ ပြီးတော့ မြန်မာသီချင်းတွေက mastering ကို သေချာ လုပ်မထားကြတာများတယ်။ နားထောင်ရတာ အတော် ပေါ့ပေါ့ကြီး ရိုးရိုးကြီး။ တချို့ မြန်မာသီချင်းတွေဆို stereo တောင် ဘယ်ရော ညာရော အသံပြိုင်တူကြီးပဲ လာနေတော့ နားထောင်ရတာ အတော် ဆိုးတယ်။ 

နောက်ပြောရမှာက format ပေါ့။ ကျွန်တော်တို့ ရုပ်ရှင်ကြည့်တဲ့အခါ 1080 တို့ 720 တို့ 360 တို့ quality ကွာသလိုပဲ သီချင်းတွေမှာလည်း ကွာတာတွေရှိတယ်။ သီချင်း format တွေက အများကြီး ရှိတယ်ပေါ့။ အဲ့ထဲကမှ mp3 format တော့ လူတိုင်းသိကြမယ်ထင်တယ်။ နောက်ပြီး အခု သီချင်းတွေကျ Looseless audio format တွေလည်း အများကြီး ရှိတယ်။ အဲ့ထဲကမှ FLAC ကတော့ လူသုံးများကြတယ်ပေါ့။ ပုံမှန်ဆို အရင်က mp3 တပုဒ်က 9 MB လောက်ဆို တော်တော်ကောင်းပြီပေါ့။ မြန်မာက လူတွေ အများဆုံးနားထောင်တဲ့ 128 kbs mp3 တွေဆို တပုဒ်ကို 3MB လောက်ပဲ​ရှိတယ်။ FLAC ကျတော့ မြင်တဲ့အတိုင်းပဲ file size တွေက အကြီးကြီးတွေ ထွက်လာတယ်။ အကြီးကြီး ထွက်တိုင်းလည်း အဲ့ file ကို ဖွင့်တဲ့ player တို့ နားကြပ်တို့က ကောင်းဦးမှ။ မဟုတ်ရင် ဘာမှ မထူးဘူး။ အဲ့တော့ IEM တွေ ဝယ်ပြီး mp3 တွေ ဖွင့်နေရင်လည်း ဘာမှ မထူးဘူး။ 


ကိုယ်တိုင် rip တော့ ဘာကောင်းလဲ ဆိုတော့ လုံးဝ quality ကောင်းတာ ရတာပေါ့။


နားကြပ် ကတော့ Fiio FD1 ပေါ့။ နားမှာ တပ်ရတာ တော်တော်ကို confort ဖြစ်တယ်။ သက်တောင့်သက်သာ ရှိတယ်။ In ear နားကြပ်တွေလို နားထဲ အတင်းထိုးဝင်နေတဲ့ feeling မပေးဘူး။ အသံထွက်မှာ အပြစ်ပြောစရာဆိုလို့ bass သံ ပျော့တာလေးပဲ ရှိတယ်။ Mid သံလို့ ပြောကြတယ့် vocal သံကတော့ တော်တော်လေးကို ကောင်းတယ်လို့ ဆိုရမယ်။ Mid သံ ကောင်း မကောင်းစမ်းချင်ရင် Billie Elish ရဲ့ Bad Guy ကို သာ နားထောင်ကြည့်။ ဆိုတဲ့ အသံက ၃ သံ ကွဲနေလိမ့်မယ်။ ဘယ် ညာ ရယ် အနောက်ဘက် ၄၅ လောက်က အသံ တသံရယ်ပေါ့။ သူ့ဈေးတန်းထဲမှာတော့ soundstage ကျယ်တယ် ဆိုပြီး နာမည်ကြီးတယ်။ Sound stage ကျယ်တယ်ဆိုတာက အဆိုတော်တွေ သီချင်းဆိုရင်း အသက်ဖွဖွ ရှူတဲ့ အသံလေးတွေ၊ ဂစ်တာကြိုး ကို လက်နဲ့ ပွတ်သံလေးတွေ၊ ဗုံသံထုတဲ့ Bass Echo အသံ ညက်ညက်လေးတွေ၊ ဗျတ်စောင်းတီးတဲ့ ကြိုး အသံပျောက်သွားတဲ့အထိ အသံ သဲ့သဲ့လေးတွေနဲ့ အသံ ချိုချိုလေးတွေ၊  ကိုယ်တိုင်တီးဝိုင်းထဲ ရောက်နေသလို ခံစားပြီး ဘေးနားမှာ ဆိုနေ တီးနေ သလို အကုန် ကြားနေရတာကို ပြောတာ။


နောက်ဆုံးပြောချင်တာကတော့ သီချင်းတွေထဲ ဒိုင်ဗင်ပစ်ချင်ရင် DAP + IEM ကို ဝယ်ပါ။ Music producer က ကြားစေချင်တဲ့ အသံတွေ အကုန် ကြားချင်ရင် DAP + IEM ကို ဝယ်ပါ။ နောက်ဆုံးကတော့ ဖင်ယားချင်ရင် DAP + IEM ကို ဝယ်ပါလို့ပဲ ပြောချင်ပါတော့တယ်။ ပိုက်ဆံကုန်တာကိုးနော့။



Facebook က page တခုမှာတော့ ကျွန်တော့်ထက်ပိုပြီး detail ကျကျ review လုပ်ထားတာ ရှိပါတယ်။ ဒီမှာ ဖတ်လို့ရပါတယ်။ သူကတော့ audio ပိုင်းကို သီးသန့်ပြောထားတာပေါ့။ 

LINK



Comments

  1. The molten plastic escapes from the cavities because of of} insufficient clamping pressure. Polycarbonates are transparent thermoplastics that contain carbonates within the structure of their polymeric CNC machining chains. The utility of polycarbonates includes eyewear lenses, bulletproof glass, automotive components, and containers.

    ReplyDelete

Post a Comment

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________