ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့က အဆိုတော် တာရာ ဆုံးတာ ၈ နှစ်ပြည့်တဲ့ နှစ်ဆိုပြီးတော့ အဆိုတော် တာရာ အကြောင်း Garfield FM က တင်ထားတာတွေ့လို့ တာရာ သီချင်းခွေ နားထောင်တာနဲ့ ကြုံကြိုက်သွားတယ်။ အဲ့သီချင်းအခွေပေါ်မှာ နာမည် တစ်ခုရေးထားတယ်။ “လွင်လွင်ကျော်” တဲ့။ အဖေ့ သူငယ်ချင်း ကိုလွင်လွင်ကျော် ရဲ့ အခွေပဲ ဆိုတာ တန်းသိတယ်။ ကိုလွင်လွင်ကျော်က အဖေ့ထက် အသက်ငယ်တယ်။ အဖေ့ညီ ကျွန်တော့ဦးလေး အငယ်ဆုံး နဲ့မှ ရွယ်တူတွေ။ ဒါပေမယ့် အဖေက ကိုလွင်လွင်ကျော်နဲ့လည်း ဘော်ဒါလို ပေါင်းတာပဲ။ ကျွန်တော် ကိုလွင်လွင်ကျော် ကို ဘယ်မှာ စ သိတာလဲ ဆိုတော့ ကျွန်တော် ဆယ်တန်းဖြေထားတဲ့ နှစ်မှာ စာမေးပွဲဖြေပြီး ယောင်ခြောက်ဆယ် ဖြစ်နေတာနဲ့ အဖေက ကိုလွင်လွင်ကျော် ကို အိမ်ခေါ်ပြီး ဒီကောင့်ကို မင်းနဲ့ထည့်လိုက်မယ် ဒီကောင့်ကို မင်း နည်းနည်းပါးပါး သင်ပေးလိုက် ဆိုပြီး ထည့်ပေးလိုက်တာကနေ စ တာပဲ။ မနက်မိုးလင်း အိပ်ရာထပြီဆိုတာနဲ့ ကိုလွင်လွင်ကျော်က လာခေါ်တယ်။ သူနဲ့ မနက် လက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ သူတို့ စကားဝိုင်း မှာ ဘာမှ မသိပေမယ့်လည်း လိုက်နားထောင်တယ်။ ကျွန်တော်တို့မြို့မှာ New Burma ဓါတ်ပုံဆိုင် ဆိုတာ မသိတဲ့သူ မရှိဘူး။ ကိုလွင်လွင်...
I keep all of my memos here.