Skip to main content

Facebook နဲ့ Unicode migration

ဒီနေ့ Facebook နဲ့ တွေ့တဲ့ပွဲမှာ ကိုယ်ပြောမယ် လုပ်ထားတာတွေကို တခြားသူတွေ ပြောသွားတာနဲ့ ဘာမှတောင် မပြောလိုက်ရပါဘူး။ auto detect လုပ်တဲ့နေရာမှာ တိုင်းရင်းသားစာတွေ ကို detect လုပ်မိပြီး ဂဂျောင်တွေပြနေတာ ကို ကိုရာဗီနဲ့ မ Shwun Mi က ပြောသွားပါတယ်။
Facebook and messenger app တွေအတွက် auto convert ကို android အတွက် release လုပ်တာ 50% လောက်ပဲ သူတို့ပေးထားပါတယ်ပြောတယ်။ ဆိုလိုချင်တာ လူတိုင်း account တိုင်း မရသေးဘူးပေါ့။ အဲ့တော့ auto convert မရတဲ့သူတွေ၊ ရအောင် လုပ်ချင်တဲ့သူတွေ ကျွန်တော့်ကို ဆက်သွယ်ပါ။ ကျွန်တော် ရအောင် ပြောပေးကြည့်ပါမယ်။ နောက်ပြီး နိူင်ငံခြားကလူတွေ auto convert ရဖို့အတွက် ပြောတော့ ပြည်တွင်းကို ဦးစားပေးနေရလို့ပါတဲ့။ ပြည်ပအတွက် နောက်များကျရင် လုပ်ပေးသွားပါ့မယ်လို့ ပြောသွားပါတယ် ။ အဲ့တော့ ပြည်တွင်း ပြည်ပ detect လုပ်တဲ့ logic ကို ရေးတဲ့သူက တစ်ယောက် ဖြစ်နေလို့ အဲ့လူကလည်း ဒီနေ့ပွဲကို မလာလို့ ဘာမှ ရှင်းမပြနိူင်ပါဘူးတဲ့။ ( ပါရင်တောင် အဆဲခံရမှာစိုးလို့ ပုန်းနေမှာတဲ့ မShwun MI ပြောတာပဲ ဟိဟိ) ။ ဖုန်းလုပ်ငန်းရှင်များ အသင်းကလည်း မြန်မာနိူင်ငံ အနှံ့မှာရှိတဲ့ ဖုန်းဆိုင် (သူ့တို့ အသင်းဝင်တွေဖြစ်တဲ့ ၈၀% သော ဖုန်းဆိုင်) တွေကို auto convert အတွက် updated facebook app တွေထည့်ပေးနိူင်ဖို့ ကူညီပါ့မယ်တဲ့။
auto convert ရဖို့ကတော့ user ကနေ ဒီ ၄ ချက် နဲ့ ကိုက်ညီရပါမယ်တဲ့။
1. Device က unicode support ဖြစ်ရပါမယ်။
2. သူတို့ သတ်မှတ်ထားတဲ့ facebook and messenger version နဲ့ အထက် ကို သုံးနေရပါမယ်တဲ့။
3. unicode keyboard ကို အသုံးပြုပြီး post တွေတင် comment တွေပေး။ chat မှာ စကားတွေပြောထားရပါမယ်တဲ့။
4. မြန်မာနိူင်ငံအတွင်းမှာရှိရပါမယ်တဲ့။ (Device ရဲ့ Geolocation ကိုကြည့်ပြီး ဆုံးဖြတ်ပါတယ်)


iOS အတွက် auto convert ကတော့ in progess ဖြစ်ပါတယ်တဲ့။ offically release မလုပ်ရသေးပါဘူးတဲ့။ နောက်လ လောက်မှာ release လုပ်ပါမယ်တဲ့။

ကိုထူးမြင့်နောင် က Pages manager နဲ့ Facebook for workplace နဲ့ workplace chat မှာ auto convert မရတဲ့ အပြင် ဗရုပ်တွေ ပြနေလို့ အဲ့ဒါတွေ လုပ်ပေးပါဆိုပြီး ပြောသွားပါတယ်။

ကိုသီဟအေးကျော် က instant articles တွေမှာ embedded လုပ်တာ တခါတလေ လွဲနေတယ်လို့ ပြောသွားပါတယ်။

ကျွန်တော်က unicode ကူးပြောင်းရေး ကာလအတွင်းမှာ user တွေ သတိထားနိူင်စေဖို့ push notification အနေနဲ့ reminder ပို့ပေးဖို့ ပြောခဲ့ပါတယ် (Savage)
ကိုရာဗီက ပန်းစကား လိုမျိုး video ဒါမှမဟုတ် ကာတွန်းပုံတွေနဲ့ awareness ရအောင် ကန်းပိမ် လုပ်ဖို့ အကြံပေးသွားပါတယ်။

Auto convert ကိုလည်း minimum android version 4.4 လောက်က စပြီး ရအောင်လုပ်ပေးသွားမယ်လို့ ပြောပေမယ့် 5.0 ကတော့ ပိုပြီးသေချာတယ်လို့ ပြီးခါနီး ပြောသွားပါတယ်။

( converter လုပ်တဲ့သူက US ကလူဖြစ်ပြီး မြန်မာစာလည်း မတတ်ပါဘူး။ အာရှ ကိုတောင် အခု meeting မှ ရောက်ဖူးတာပါ ဆိုပြီး ကျွန်တော့်ကို ပြောသွားပါသေးတယ်။ သူ့ခမျာ virtual devices တွေ emulators တွေပေါ်မှာပဲ စမ်းခဲ့ရတယ် ပြောပါတယ်။ converter နဲ့ ပတ်သက်ပြီး သူ့ကို တိုက်ရိုက် ပြောလို့ရပါတယ်ဆိုပြီး သူ့ email ပေးသွားပါသေးတယ်။ )

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...