Skip to main content

ယူနီကုဒ်ခရီးစဉ်


ယူနီကုဒ်နဲ့ပက်သက်ပြီး သူတို့တွေ ဘာလုပ်ခဲ့ကြလဲ။
သူတို့အလုပ်မရှိလို့၊ အားနေလို့ လုပ်နေကြတယ်ထင်လား။
နည်းပညာပေါ်ကမြန်မာစာ ဒီလောက်နဲ့ပဲရပ်နေတော့မှာလား။
နောက်မျိုးဆက်တွေတွက် ထည့်မစဉ်းစားတော့ဘူးလား။
သမိုင်းတရားခံဖြစ်ခံကြမှာလား။
မြန်မာစာတိုးတက်ဖို့ သင့်မှာရော တာဝန်မရှိဘူးလား။

ယူနီကုဒ်နဲ့ပက်သတ်တဲ့ပြီးသိချင်တဲ့သူတိုင်းကြည့်သင့်တဲ့ ရုပ်သံမှတ်တမ်းပါ။
အချိန်ပေးပြီးကြည့်ပေးကြပါ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကိုသီဟ၊ ကိုဟန်ဇော် တို့အင်တာဗျူးခဲ့ပြီး ကိုမောင်ဆန်းက မှတ်တမ်းတင်ထားတာပါ။
တကယ်ကိုဗဟုသုတရပါတယ်။

မေးမြန်းတင်ပြပေးတဲ့အစ်ကိုများ၊ ပြန်လည်ဖြေကြားပေးကြသောပညာရှင်များနှင့် မြန်မာယူနီကုဒ်စနစ်တိုးတက်အောင် ကြိုးပမ်းပေးခဲ့ကြသူများအားလုံးကိုလည်း လေးစားဂုဏ်ယူပါတယ်။

မကြည့်ရသေးတဲ့သူတွေနဲ့ အခုမှယူနီကုဒ်စသုံးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။

မှတ်ချက်။ ။ မေးမြန်းဖြေကြားမှုအသေးစိတ်ဗီဒီယိုလင့်များကိုလည်းအောက်မှာတင်ပေးထားပါတယ်။

*Unicode Tourists
Thiha and Han Zaw  went all-day interviews to find out about history and development of Unicode standard for Myanmar languages. A documentary produced by Mg Sun 
https://youtu.be/FKPdDyHZshg

*Unicode Tourists: Interview with Dr. Daw Myint Myint Than 
https://youtu.be/9z79VAY2NCE

*Unicode Tourists: Interview with Ko Ravi (Novasteps) and Ko Ngwe Tun (Solveware Solution)
https://youtu.be/FKPdDyHZshg

*Unicode Tourists: Interview with Ko Zaw Htut (Myanmars.Net)
https://youtu.be/YkU5sZx0W6g

*Unicode Tourists: Interview with Ko Myat Thwin ( Ko Mayor)
https://youtu.be/UAB53SZ9LLE

*Unicode Tourists: Interview with Ko Phone Myint Khaing (Minn Yoon Thit)
https://youtu.be/C090HevKVq8

*Unicode Tourists: Spin-Off Interview with Chan Myae Khine 
https://youtu.be/ribH-gokrAw

Comments

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter