Skip to main content

ဇော်ဂျီ၊ ယူနီနဲ့ မြန်မာပြည်

"ဇော်ဂျီလား သိတာပေါ့၊ ရုပ်သေးပွဲတွေမှာတွေ့ဘူးတယ်၊ ဆေးဝိဇ္ဇာလေ၊ ယူနီတော့မသိဘူး ဒေါ်နီဘဲသိတယ်၊ သူလဲဆေးရောင်းတာဘဲလား"
နောက်နေတာ မဟုတ်ပါ၊ Low level တွေ high level တွေလဲ ဃဂနဏမသိလို့ ပညာရပ်ပိုင်းပြောချင်တာလဲမဟုတ်ရပါ၊ နီးစပ်ရာအသိုင်းဝိုင်းမှာ လုံးဝမကြားဘူးသူတွေလဲ သိစေချင်လက်ရှိလိုအပ်နေတာလေးကိုလဲ အရွေ့တခုဖြစ်စေချင်တာပါ။
ဇော်ဂျီနဲ့ယူနီကုဒ်ဆိုတာ ယခုလက်ရှိ ကွန်ပျူတာမှာ ဖုန်းပေါ်မှာ မြန်မာစာကိုဖတ်လို့ရ ရေးလို့ရအောင်သုံးနေတဲ့ စနစ်နှစ်ခုပါ။ ဒါတွေမသိရင် ဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူး၊ လက်ရှိလဲ ဖုန်းဝယ်ပြီးသုံးနေတာဘဲ ဆိုင်က လိုတာလုပ်ပေးလိုက်တာဘဲလေ၊ fb ကောင်းကောင်းဖတ်လို့ရရင်ပြီးတာပါဘဲ၊ စာတောင်ရိုက်စရာမလိုဘူး၊ ရယ်ပြ ငိုပြတောင် ရုပ်ပုံလေးတွေနဲ့လုပ်လို့ရသေး ဟေးဟေး။

Facebook ခေတ်ကြီးမှာ online ဈေးရောင်းတာတွေ အောင်မြင်နေတာတွေ့ရတယ်၊ ဈေးသက်သာလို့လားဆိုတော့ မဟုတ်၊ ပစ္စည်းကို ဘယ်လိုသုံးရလဲရှင်းပြထားတော့ အိမ်ကနေ fb လေးဖတ်နေရုံနဲ့သိနေတော့ ဟိုဟာလေးလိုချင် ဒီဟာလေးလိုချင် အလုပ်ကိုဖြစ်လို့၊(ဒါတောင် အများအားဖြင့်က ဘာအမျိုးစား ဘာမော်ဒယ် အသေးစိတ်တွေမပါသေးဘူး)။
ပညာရပ်တွေမေးမြန်းနေကြတဲ့ ခေတ်လူငယ်တွေလဲ အတော်များလာပါတယ်၊ အင်တာနက်မသိဘူး facebook ဘဲသိတယ်ဆိုတဲ့လူတွေလဲ ရှိတာပါဘဲ၊ ဖုန်းကိုင်ပြီးသုံးနေကြပြီဆိုတော့ ဖုန်းအကြောင်းအဓိက မေးကြမြန်းကြ၊ ကွန်ပျူတာအကြောင်း၊ နည်းပညာအကြောင်းလဲ မေးကြပါတယ်၊ လူငယ်ပညာတတ်တွေအားလုံးက Search Engine ထဲ ဝင်ရှာရကောင်းမှန်းမသိလို့တော့မဟုတ်ပါ ဘာသာစကားအခက်ခဲကြောင့်ကြောက်နေကြတာများပါတယ်၊ တချို့ကလဲ ခပ်လွယ်လွယ်ပေါ့။ ဒါပေမဲ့ fb မှာမေးတဲ့သူကလဲ အဖြေစောင့်နေရတယ်၊ ဖြေတဲ့သူကလဲ ထပ်ခါထပ်ခါဖြေပေးနေရတယ်၊ ပြည့်စုံအောင်ဖြေဘို့ဆိုတာလဲ မလွယ်၊ နှိုင်းယှဉ်စရာတွေ၊ ဆက်စပ်နည်းပညာတွေလေ့လာဘို့ဆိုတာလဲ မလွယ်ပါဘူး၊အချိန်တွေ အလဟဿဖြစ်လွန်းပါတယ်။ ဒါဟာ နိုင်ငံခြားဘာသာစကား အားနည်းချက်တခုထဲကြောင့်တော့မဟုတ်ပါဘူး၊ ပညာရေးစနစ်နဲ့တိုက်ရိုက်ဆိုင်ပါတယ်။ ဒီနေရာမှာ ဘာသာစကားအကြောင်းဘဲ ဆက်ဆွေးနွေးပါမယ်၊ နိုင်ငံခြားဘာသာစကားမတတ်ရင် မကျွမ်းကျင်ရင် လေ့လာချင်တာတွေ အင်တာနက်မှာလေ့လာလိုမရတော့ဘူးလား၊ အဲဒီအတွက် ဘာသာစကားကိုလေ့လာဘို့ အချိန်ထပ်ပေးရအုံးမလားမေးစရာဖြစ်လာပါပြီး၊ လေ့လာနိုင်ရင် အချိန်ပေးနိုင်ရင်တော့ကောင်းပါတယ်၊ ဒါပေမဲ့ ဂျပန်နိုင်ငံကိုကြည့်ပါ အားလုံးကိုဂျပန်လိုပြောင်းပစ်လိုက်တယ် သူတို့အတွက် ဘာသာစကားအခက်ခဲမရှိတော့ဘူး၊ သူတို့စနစ်အတိုင်းလိုက်လုပ်ရမယ်တော့မဟုတ် လောလောဆယ်အခြေနေအရ အချိန်တခုခိုးဘို့ လုပ်သင့်တယ်လို့မြင်ပါတယ်။ အဲဒီအတွက် နိုင်ငံခြားဘာသာကနေ မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာကို အဆင်ပြေပြေပြောင်းနိုင်မဲ့ စနစ်တခုလိုနေပါတယ်။
ဒီနေရာမှာ ဇော်ဂျီလား ယူနီလား ဘာသုံးရင် ကိုယ့်လူတွေနဲ့ အဆင်ပြေပြီး နိုင်ငံအတွက်ဘယ်လို အကျိုးပိုရှိနိုင်မလဲဆိုတာပြောဘို့ လုပ်ဘို့ သုံးဘို့ ခိုငိမာတဲ့စနစ်တခုကို အကောင်ထည်ဖော်ပြီးရွေးချယ်ဘို့ လိုလာပါပြီး။
လက်ရှိအများစုကဇော်ဂျီစနစ်သုံးပါတယ်၊ fb ပေါ်မှာသုံးနေတာ ဇော်ဂျီစနစ်ပါ။အစိုးရရုံးတွေမှာက ယူနီကုဒ်သုံးဘို့ သတ်မှတ်ထားပါတယ်၊ ဇော်ဂျီစနစ်က ဘာသာစကားတွေ ဘာသာပြန်ဘို့ အားနည်းချက်ပိုရှိနေပြီး ယူနီကုဒ်ကတော့ အားသာချက်ပိုရှိပါတယ်၊ တိုင်းရင်းသား ဘာသာစကားတွေကိုပါ အထောက်ပံံံ့ပေးနိုင်တာက ယူနီကုဒ်ပါ၊ လက်ရှိယူနီကုဒ်စနစ်မှာလဲ လိုအပ်ချက်တွေရှိသေးတယ်လို့ ပညာရှင်တွေကပြောပါတယ်၊
အားလုံးအကျွမ်းဝင်ပြီးသား ZG စနစ်ကို ယူနီပြောင်းသုံးပါလို့ အမိန့်ပေးပြောလိုက်ရုံနဲ့ပြောင်းသုံးကြမှာမဟုတ်ပါဘူး၊ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်သူ့အတွက်လဲ၊ဘယ်သူတွေက လုပ်ကြမလဲ၊ သေချာတာကတော့ အဆင်ပြေမဲ့စနစ်တခုပြောင်းနိုင်ဘို့ လိုအပ်နေပါတယ်။
ပညာရှင်ကြီးတွေက လိုအပ်ချက်တွေကို အဓိကထား စဉ်းစားပြီးပြောင်းခဲ့ကြ လုပ်ခဲ့ကြပါတယ်၊ မအောင်မြင်သေးဘူးပဲ ပြောရမှာပါ၊
ZG, Uni အားပြိုင်ပွဲတွေဟာအကျဘက်ကိုရောက်လို့ အမောတောင်ဖောက်နေကြပြီးထင်တာပါဘဲ၊ ကိုယ့်ဆီကဆရာတွေအကြောင်းလဲအားလုံးသိကြပါတယ်၊ ဆရာတွေကတော့ ဆရာတွေပါဘဲ၊
လက်ရှိလူတိုင်းရင်းနှီကျွမ်းဝင်ပြိးသား ဇော်ဂျီလက်ကွက်နဲ့ ယူနီကုဒ်စနစ်ကိုပြောင်းလဲနိုင်ရင်တော့ အသုံးပြုသူတွေအနေနဲ့ ပြောင်းလိုက်မှန်းတောင်သိမှာမဟုတ်ဘူးပေါ့၊ ဒါကလဲ နည်းပညာအရ အခက်ခဲတွေတော့ရှိနေမှာပါ၊ ဘယ်လိုဘဲ စိန်ခေါ်မူတွေရှိနေပါစေ ရွေ့နိုင်မှရေရှည်အတွက် ပိုအကျိုးရှိမဲ့ ကိစ္စပါ။
ဇော်ဂျီ၊ ယူနီကုဒ် ဒါမှမဟုတ် စနစ်သစ်တခုကို
အခွင့်အာဏာရှိတဲ့အဖွဲ့ ဒါမှမဟုတ် အစိုးရမှဦးဆောင်ပြီး ပညာရှင်များကို မေတ္တာရပ်ခံ
အမြန်ဆုံးအကောင်ထည်ဖော်မယ်ဆိုရင် သေချာပေါက်အောင်မြင်မယ်လို့ ယုံကြည်မိပါတယ်။

(ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလဲမလုပ်တတ်ဘူး 😃)
Phyo Zaw Thein

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...