ငြီးငွေ့ပြီ

 မြင်ယောင်ကြည့်မယ်ဗျာ။ သီချင်းအစ intro လေးမှာ အရက်သမားတစ်ယောက် ဒယီးဒယိုင်နဲ့ မလင်းတလင်း မှောင်ရိပ်ကျနေတဲ့ အခန်းထဲ ဝင်လာသလို ဂစ်တာပေါက်သံလေးနဲ့ ဝင်လာပြီး အရက်ပုလင်းရှာတွေ့တော့ ဖန်ခွက်ထဲ ငှဲ့ပြီး သောက်လည်း သောက်လိုက်ရော Electric ဂစ်တာသံကြီး ကြမ်းကြမ်းကြီး ထွက်လာတယ်။

သီချင်း ပထမအပိုဒ်မှာ သူဘာ့ကြောင့် အရက်သောက်နေရတယ်ဆိုတဲ့ အကြောင်း ရေရွတ်နေရင်း လက်ထဲက အရက်ခွက်ကို ခပ်တင်းတင်းဆုတ်ကိုင်ထားရာကနေ ဒေါသတွေ မာနတွေပါလာပြီး အရက်ခွက်က လက်ထဲမှာတင် ကွဲသွားတဲ့ အချိန်မှာ “မာယာတွေဖုံးတဲ့ ဒီအချစ်များ ငါလေ တွေ့ရှိခဲ့ပြီမို့ “ ဆိုပြီး pre chorus ကို ထ ဆိုတယ်။ 

Chorus မှာက 

“ဒီအဖြစ်တွေကို ငါ ငြီးငွေ့ပြီ”

“ဘဝတွေကို ငါငြီးငွေ့ပြီ”

“ဒီအချစ်တွေကို မလိုအပ်တော့ပြီ”

အဲ့ သုံးကြောင်းတည်း။ 

Chorus စာသားတစ်ကြောင်းကို အော်ဆိုလိုက် နံရံကို ဖန်ကွဲစတွေစိုက်နေတဲ့လက်သီးနဲ့ ထိုးလိုက်နဲ့ အရက်ကျွမ်းနေတဲ့ အသည်းက ဒဏ်ရာဟာ လက်က ဒဏ်ရာထက် နက်နဲနေတယ်ဆိုတာ မြင်အောင် နားထောင်ကြည့်စမ်းပါဗျာ။

Verse 3 မှာ  မျိုးကြီးရဲ့ ရှတတ အသံနောက်ကွယ်က ခပ်ပါးပါးလေး တီးနေတဲ့ ကိုဗညားရဲ့ ကီးဘုတ်က ထွက်တဲ့ Cello  အသံတွေက horror movie တွေထဲက  ခြေသံတွေလို ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ခြောက်ခြားဖွယ်ရာကောင်းတယ်။ 

လောကကြီးကို စိတ်ကုန်သွားတဲ့ အသည်းကွဲ အရက်သမား တစ်ယောက်အကြောင်း ကို ဒီလောက် ခံစားရတာ တော်ရောပေါ့။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ