Skip to main content

ဇွန်လ ဒုတိယပါတ် သတင်းစဉ်

 ၉.၆.၂၀၂၁
မြင်းခြံ
မနေ့ညက အမှတ်(၆)၊မန်ကျည်းပင်စုရှိနေအိမ်အချို့၌ ရခများ ဝင်ရောက်မွှေဒလံ
သိရ။
စခများ ကျေးရွာအားလှည့်ပတ်၊ အချို့ကျေးရွာများတွင် တပ်စွဲထား
မြင်းခြံဘူတာတွင် ဖွင့်လှစ်ရောင်းချခြင်း မရှိသော မီးရထားဆိုင်ခန်းများအား ရ ဇွန် ၃၀ နောက်ဆုံးထား၍
ဆိုင်ခန်း၃လစာ ပေးဆောင်ရန် ဆိုင်ခန်းများအား လိုက်လံဖိအားပေး

NUG
စစ်ကောင်စီ၏ ဘဏ္ဍာရေး၊ နည်းပညာကဏ္ဍ ဖြတ်တောက်ရန် G7 နိုင်ငံများကို NUG တောင်းဆို
တော်လှန်ရေးတွင် ကချင်တိုင်းရင်းသားများဆက်ပါဖို့ ဒုသမ္မတတိုက်တွန်း
နည်းပညာတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာ ကျောင်းသား၊ကျောင်းသူများအတွက် အွန်လိုင်းမှ ကာလတိုသင်ကြားရေးအစီစဉ်အား လာမည့် ဇွန်လ ၁၂ ရက်တွင်စတင်မည်ဟု NUGမှ ကြေညာထား

နိုင်ငံတကာ
US နိုင်ငံခြားရေးဝန်ကြီးမှ NUG အစိုးရအပေါ် The National Unity Government ဟု တရားဝင်စတင်သုံးနှုန်း
ကယားပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များကို တိုက်ရိုက်သွားရောက်ကူညီခွင့်ပေးရန် ကုလ တောင်းဆို
အာဏာသိမ်းပြီးနောက် ကလေးသူငယ် ၅၅ဦးသတ်ခံရဟု UNICEFဆို

တိုက်ပွဲ သတင်း
သင်တန်းပြန်ပေးနေတဲ့ PDFတွေနဲ့စကစတိုက်ပွဲဖြစ်
မင်းတပ်တွင် စစ်ကောင်စီမှလက်နက်ကြီးမနားတမ်းပစ်၊ CDF-MINDET ၁ဦးကျ
အကြမ်းဖက်စစ်ကောင်စီ အင်အား ၄၀၀ ဝန်းကျင် ဒီးမော့ဆိုဘက် ဝင်လာနေ
ဒီမော့ဆို၊ ဒေါငံခါးရှိ နေအိမ်များ ဖျက်ဆီးခံရမှု အခြေအနေဆိုးလာ၊ လွိုင်ကော်-ဆီဆိုင်လမ်းပေါ်ရှိ ထီးစဲခါး တံတား သွားမရ၊ မိုးဗြဲတွင် ယနေ့နံနက် တိုက်ပွဲပြင်းထန်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၁၃ မိုင်တွင် ယမန်နေ့ညက အမည်မသိလက်နက်ကိုင်အဖွဲ့နှင့် စကစအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊စစ်အုပ်စုဘက်က တစ်ဦး သေ

ဗုံးသတင်း
မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်က အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွား
မိုးကုတ်မြို့ မြို့မရပ်ကွက်ရုံးအနီး ည ၈ နာရီဝန်းကျင်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွား ၊ နေ့ခင်းပိုင်းကလည်း မြို့မအုပ်ချုပ်ရေးမှူးရုံးအနီးမှာ တစ်ကြိမ်ပေါက်ကွဲမှုဖြစ်
စမ်းချောင်း ၊ သံတံတားလမ်းထိပ်ရှိ ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင်တွင် ယနေ့ မွန်းလွဲ ၁၂း ၄၅ က ဗုံးပေါက်ကွဲ၊ လူ ၂ ဦးထိခိုက်ဒဏ်ရာရ ၊ ဒလံဆိုင်ဟု သိရ
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ 1717 ကားအရောင်းပြခန်းအနီးတွင် နေ့လယ် ၁က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့
ကညွတ်ကွင်းအနီး ရထားလမ်းပိုင်း မိုင်းခွဲခံရ၊ ရထားလမ်းပျက်စီး၊ လူထိခိုက်မှု မရှိ

အကြမ်းဖက်သမားအုပ်စု၏ ယုတ်မာရက်စက်မှုများ
ဒေါက်တာဇော်ဝေစိုးက အကြမ်းဖက်ခိုင်းပါတယ်ဆိုပြီး MRTV ကတင်ခဲ့တဲ့ Videoဟာ ဖြတ်ညှပ်ကပ် လုပ်ထားကြောင်း ပညာရှင်များ ရှင်းလင်းပြသ
ဒီပဲယင်းမြို့နယ် ရင်ခြင်းရွာတောရဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်ကဝင်မွှေပြီး ငွေကျပ် ၁၅ သိန်းကျော်ခိုးယူ
မတ္တရာမြို့နယ်တွင် စစ်တပ်က ပြည်သူပိုင် ငွေကြေးပစ္စည်းနှင့် ပရဟိတကားများကို လုယက်
ရန်ကုန် ဒဂုံ ကျောင်းသားသမဂ္ဂ ဥက္ကဌအိမ်ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး
မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း မိဝေသီဖြိုး ဘုရားသုံးဆူအနီးမှာ ပစ်ခတ်ခံရ သေဆုံး
မိုးညှင်း အထက ခွဲ နားခါးစာသင်ကျောင်းမီးလောင် ဓာတ်ဆီပုလင်းဖြင့် ပစ်ပေါက်ရှို့မီးဟုသိရ
ဟိုပင်မြို့ မြို့သစ်ကလေးကျေးရွာက စာသင်ကျောင်း ည ၈နာရီခန့်က မီးလောင် သေနတ်ပစ်ခတ်မှုများလဲဖြစ်
မြစ်ကြီးနား အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ကျောင်းဆင်းချိန် ဖမ်းဆီးခံရ
စစ်အုပ်ချုပ်ရေးကြေညာထားသည့် မင်းတပ်တွင် စစ်အုပ်စုဘက်က မိုင်းအသုံးပြုမှုများ ပြုလုပ်လာ
ကရင်နီ (ကယား) ပြည်နယ်တွင် စကစမှ ဖမ်းဆီးထားသူပေါင်း ၁၃၁ ဦးအထိ ရှိလာပြီဖြစ်သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထား

သူခိုးမှ လူပြန်ဟစ်ခြင်း
ပြည်တွင်းဖောက်ခွဲမှုတွေအပေါ် အာဆီယံနှုတ်ဆိတ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

CDM
ဆားလင်းကြီးမြို့နယ်တွင် CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအား လုပ်ငန်းခွင် ပြန်ဝင်ရန်အတွက် စစ်အုပ်စုကသုံးကြိမ်မြောက် အကြောင်းကြားစာပေးပို့
ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်သား မန်းဟရီဘိခ်ပြည်သူနှင့်ရပ်တည်ကာ ပြည်သူ့အစိုးရ အာဏာပြန်လည်ရယူပြီးသည့်အထိ CDM လုပ်သွားမည်

အထွေထွေ
KNUဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် KNLAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့၏ သဘောထားထုတ်ပြန်ချက်များသည် ပုဂ္ဂိုလ်ရေးသဘောထားသာဖြစ်ဟု KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါင်းက ပြော
ရှမ်းပြည်နယ်( မြောက်ပိုင်း) မုံကိုးနယ်မြေအတွင်း ကချင်အမျိုးသားအစည်းအရုံး မှ ဖွဲ့စည်းလိုက်တဲ့ တပ်မဟာ (၁၀၈)ကို KIO/ KIA မှ ကန့်ကွက်ကြောင်း ထုတ်ပြန်
တိုင်းရင်းသားတွေနဲ့ ထိရောက်စွာ တိုင်ပင်လုပ်ဆောင်ဖို့ NUG ကို SNLD ခေါင်းဆောင်တိုက်တွန်း
ဘုရားသုံးဆူအနီးမှာ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး
မနေ့က မန္တလေးတွင် အပစ်ခံရပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ ရဲ ၁ ဦး ထပ်မံသေဆုံး
ဘာသာရေးအဆောက်အဦးများကို တိုက်ခိုက်ခြင်းမပြုရန် လွိုင်ကော်ကက်သလစ်သာသနာ မေတ္တာရပ်ခံ
ရန်ကုန်မြို့ရှိ ဆိုင်ကယ်များ ဆီဆိုင်မှာ ဆီဖြည့်ခွင့်မရှိ၊ဆိုင်ကယ်စီးလျှင် ထောင်ဒဏ် 3 နှစ်
စစ်ကောင်စီကို ဝင်ငွေရှာပေးနေသည့် ရွှေကူမြို့ လောင်းကစားဝိုင်း နေရာရွှေ့
သီလဝါစီးပွားရေးဇုန်၌ယာယီရပ်ဆိုင်းသည့် စက်ရုံ ၃၀ခန့်ရှိလာ
ကလေးမှာ ၁ ရက်လူ ၂၀ လောက် ကိုဗစ်ပိုးတွေ့ရဟုဆို
တောင်ကြီးဆေးတက္ကသိုလ်ကို ထီရောင်းလိုကြောင်းစာပို့
ယမန်နေ့က ဖားကန့် ညသပိတ်ဖြိုခွင်းခံရ၊ ဝန်းကျင်အိမ်များကို ဝင်ရောက်စစ်ဆေး
မြစ်ကြီးနား ညမထွက်ရအချိန် ည-၉ မနက်-၄ သို့ပြောင်း
၄လအတွင်း နိုင်ငံတိုးတက်လာ၍ဘဏ္ဍာရေးနှစ်ပြန်ပြောင်းမည်ဟု စစ်ခေါင်းဆောင်ပြော
ဖမ်းမိသူနှင့်ဆက်စပ်သူကို ထောင်ခြောက်ဆင်ဖမ်းရန် စစ်ကောင်စီကြိုးပမ်းနေ
ရေစကြို ဇီးတောစံပြရွာ စစ်ကောင်စီခြိမ်းခြောက်မှုကြောင့် ရွာလုံးကျွတ်တိမ်းရှောင်
ပြည်သူလူထုတရပ်လုံးနှင့်အတူ ရပ်တည်ပေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တိုင်းရင်းသားတက္ကသိုလ်ကျောင်းများမဟာမိတ်အဖွဲ့မှ တိုက်တွန်း
AA တပ်မှူးချုပ်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူအပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်
NUGမှလက်နက် ရိက္ခာထောက်ပံ့ရန် မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဦးမျှော်လင့်
စစ်အုပ်စုက ဝါဒဖြန့်လုပ်ဆောင်မှုများတွင် ဗိုလ်ချုပ်ရုပ်ရှင်အား အသုံးမပြုရန် ဖမ်းဆီးခံထားရသူ မင်းသားလူမင်းက ပြောဆိုခဲ့ဟု ဂျပန်သတင်းထောက် ဘူကီကီတဇုမိက ပြန်လည်ပြော
ကယားပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဝမ်းရောဂါများ ဖြစ်ပွားနေကာ အရေးပေါ်ကုသမှုများ လိုအပ်လျက်ရှိသည်။
ကယားပြည်နယ်အတွင်း စက်သုံးဆီသယ် ယာဉ်များ မဝင်ရောက်နိုင်သည့်အတွက် လွိုင်ကော်မြို့တွင် စက်သုံးဆီ ပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိ
နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၈၅၈ဦး၊ ဖမ်းဆီးခံရသူ ၅၉၄၁ဦး ရှိဟု AAPPမှ ယနေ့ထုတ်ပြန်ထား

၁၀.၆.၂၀၂၁
ယနေ့အထူး
ပြင်ဦးလွင် အနီးစခန်းအနီး ထောက်ပို့စစ်လေယာဉ်တစ်စီး နံနက် ၈ နာရီခန့်က ပျက်ကျ
မဘသထောက်ခံဘုန်းကြီးနှစ်ပါး
အဆင့်မြင့် စစ်အရာရှိ ၂ ဦး
ဗိုလ်မှူး ၂ ဦး ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၃ ဦး သေ ကလေး ၁ ဦးပဲအသက်ရှင်
အဆင့်မြင့် စစ်အရာရှိ ၂ ဦးစာရင်းပျောက်နေ

မြင်းခြံ
မြင်းခြံ ဇလပ်ကုန်းရွာ စကစ ခန့် အုပ်ချုပ်ရေးမှုး လည်ပင်းဓားခုတ်ခံရ သေဆုံး
စစ်ခွေးများ ကျေးရွာများသို့ပတ်၍ ကျောင်းတက်ရန် ကျောင်းသားမိဘများကို သေနတ်ပြ၍ အဓမ္မ သိမ်းသွင်းရန် ကြိုးစားမှုများရှိ
ယနေ့ညနေ့က အမှတ်(၁)မြို့သစ်သို့ စခများ လမ်းကြောင်း ၃ကြောင်းမှဝင်၊ အိမ်တချို့ အားဝင်မွှေ
မြင်းခြံဘူတာတွင် တပ်စွဲထားသော စခများ ၃နာရီခန့်က တပ်ရုတ်၍ မီးရထား ရခများ အစားဝင် တပ်စွဲ။
မြို့ပေါ်နေရာအနှံအပြားတွင် စစ်ခွေးများ နေရာခွဲ၍ ဆိုင်ကယ်များ ဖမ်းဆီးငွေညှစ်နေ

တိုက်ပွဲ သတင်း
မိုးဗြဲမှာ စစ်တပ်က ထိုးစစ်ဆင်မှု စစ်ရှောင်စခန်းဆီ ရောက်လာတော့မည်။
ရွှေကူသင်္ဘောဆိပ်တွင် စစ်တပ်ရိက္ခာတင်သင်္ဘော တိုက်ခိုက်ခံရ
ရွှေကူ ရဲစခန်းကို ညက KIA နှင့် ရွှေကူ PDF တို့ ပူးပေါင်းကာ ဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်
ရွှေကူရဲစခန်းနဲ့ သင်္ဘောဆိပ်တိုက်ခိုက်မှု KIA၊SPDFတို့နဲ့ မဆိုင်ကြောင်းကြေညာ
ချင်း ထန်တလန် ဆိုပွမ်းရွာ ကာကွယ်ရေးတပ်နဲ့ စစ်တပ်တို့ ပစ်ခတ်မှုဖြစ်
ကနီ မုံရွာ-ကလေး- ယာကြီး ကားလမ်းပေါ်မှာ PDF တပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို ပျောက်ကြား (၂) ကြိမ် တိုက်ခိုက်၊ အကြမ်းစကစတပ်သား (၁၀) ယောက်ခန့်သေဆုံး၊ PDF ဖက်မှ ထိခိုက်မှု မရှိ
ရှမ်းမြောက် သိန္နီအဝင်၌ စစ်ကောင်စီတပ်ကို အမည်မသိအဖွဲ့မှ တိုက်ခိုက်
ကွတ်ခိုင်နဲ့သိန္နီကြား စကစနဲ့TNLAတိုက်ပွဲဖြစ်
တိုက်ပွဲခေါ်သံအမြန်ဆုံးပေးရန် KNDFနှင့်CDF တောင်းဆို

ပေါက်ကွဲ၊မီးလောင်
သရက် အထက (၁) ဗုံးပေါက်ကွဲ
ကျောင်းထဲစခန်းချတပ်စွဲနေသည့်
အကြမ်းဖက်စစ်ကောင်စီစစ်သား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
သင်္ကန်းကျွန်း လိုင်စင်ရုံးအနီး ည ၁၀း၅၅ ခန့်က ပေါက်ကွဲမှုဖြစ်
မိုးညှင်းမြို့ နားခါရပ်ကွက် အထက(ခွဲ) ကျောင်းနှင့် မြို့သစ်ကလေးကျေးရွာ အထကကျောင်းတို့ မီးရှို့ခံရ
အင်းတော်ကြီးမြို့ (လုံးတုံ) အထက ကျောင်း မီးလောင်
နံနက် ၁၂း၂၅ အချိန် ဒလမြို့ကမ်းနားလမ်း ကမာကသွယ်ရပ်ကွက်ရှိ အာရဗီ စာသင်ကျောင်း တစ်ကျောင်း မီးလောင်

အာဏာလုအဖွဲ့၏ ရက်စက်ယုတ်မာမှုများ
ပြည်ထဲရေးဝန်ကြီး ဒုဝန်ကြီးစိုးထွဋ်ရဲ့သား ရန်ဖြစ်တဲ့ စားသောက်ဆိုင်က ပိုင်ရှင်နဲ့ ဝန်ထမ်း ၁၆ ယောက် တရားစွဲပြီး ထောင်ပို့ခံရ
ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာ သပိတ်ခေါင်းဆောင်အပါအဝင် ၃ ဦး မတရားဖမ်းဆီးခံရ
မကွေး၊ နွားကူးရွာနေ လူငယ်တစ်ယောက်ကို မနေ့ ညက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီး သွား
စစ်ကိုင်းတိုင်း အရာတော်၊ ကဲဘာကျေးရွာတွင် မနေ့က လူနေအိမ်တွေကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့
ထားဝယ်မြို့တွင် MSF အဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိတ်သိမ်းခံရ
မင်းတပ်စစ်ရှောင်ပြည်သူတွေ ရှိတဲ့ရွာကို စကစ ထိုးစစ်ဆင်လို့ထပ်မံရှောင်ပြေးနေရ

သာရေး သတင်း
မတ္တရာမြို့နယ်က ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသူ သေနတ်ဖြင့် ပစ်သတ်ခံရ
ပြည်မြို့က အကြမ်းဖက်စစ်တပ်ဒလံတဦး ည ၈ နာရီခန့်က ရွှေတံခါးဈေးနားမှာ လေသေနတ်နဲ့ ပစ်သတ်ခံရ
မတ္တရာမှ ဒလန် ခင်ဝင်း (သန့်စင်ဆီဆိုင်ပိုင်ရှင်) ဆီလာထည့်ရင်း သေနတ်ဖြင့်ပစ်သတ်ခံရ
ဒဂုံဆိပ်ကမ်း ၁၆၅ ရပ်ကွက်၊ ဒလန်ရာအိမ်မှူး ဓားခုတ်ခံရ
ဗိုလ်တထောင်မှာ ကြံ့ဖွံ့ ၁ဦးပစ်သတ်ခံရ၊ သေဆုံးကြံ့ဖွံ့ ၇၀ခန့်ရှိပြီဟုဆို

အထွေထွေ
ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်ဦးနဲ့ ဦးမင်းသူတို့ကို အဂတိလိုက်စားမှုပုဒ်မနဲ့ စစ်တပ်က အမှုဖွင့်
ဒေါက်တာတေဇာဆန်းကို ကိုရီးယားနိုင်ငံက ဇွန်အရေးအခင်းဂုဏ်ထူးဆောင်ဆု ချီးမြှင့်
မြန်မာ၏ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အကာကွယ်ပေးရန် G-7 တို့ ဆုံးဖြတ်ချက်ချမှတ်လုပ်ဆောင်ကြရန် မြန်မာ့အရေး အထူးအကြံပေးကောင်စီ ကြေညာချက်ထုတ် တောင်းဆို
မြန်မာနိုင်ငံအပေါ် ပေါ်လစီမပြောင်းပဲ ဆက်ထောက်ခံသွားမည်ဟု တရုတ်ပြော
၅၀၀ ကျပ်ပဲလှူပါကမ်ပိန်းမှ ရသည့် ကျပ် ၁၇၁ သိန်းကို CDM ဝန်ထမ်းနှင့် စစ်ဘေးရှောင်များထံ လှူဒါန်း
ရွှေကူမြို့နယ်က သစ်မာတန်ချိန် ၅,၀၀၀ ကို အမြန်ထုတ်ရောင်းရန် စစ်တပ် ကြိုးစားနေ
ကိုရီးယား လူ့အခွင့်အရေးကော်မရှင် မြန်မာ့အရေး ဝမ် ၁၀ သန်းလှု
ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပက် ဖ.ဆ.လ.တ ဖွဲ့
ရှမ်းမြောက် နမ့်လန်၌ RCSS/SSAမှ ဘိုးဘွားပိုင်မြေဧက ၆၀၀ကျော်ကို အဓမ္မသိမ်း
MAPCOက Mytelနဲ့ လက်တွဲဖြုတ်တဲ့ ၃ခုမြောက်အများပိုင်ကုမ္ပဏီဖြစ်လာ
စစ်ကောင်စီဖွင့်လှစ်တဲ့ကျောင်းတွေမှာ ကျောင်းမတက်ဘဲ အွန်လိုင်းကနေသင်ကြားတဲ့ ကျောင်းသားတွေ အများအပြားရှိလာ
ပိုင်တံခွန်ကို Facebook ပေါ်ကအထောက်အထားတွေနဲ့ စွပ်စွဲ
စိုက်ပျိုးရေးအခြေခံသွင်းအားစုတွေဈေးတက်နေလို့ လာမယ့်မိုးစပါးရာသီမှာ အထွက်နှုန်းထိခိုက်နိုင်တယ် လို့ တောင်သူများပြော
COVIDကြောင့် စစ်ကိုင်း ကလေးမှ ၁၀ဦး၊ မွန် ချောင်းဆုံ ရွာလွတ်မှ ၁ဦးသေဆုံး
နိုင်ငံအနှံ့ ၄လအတွင်း စစ်ဘေးရှောင် ၂သိန်းကျော်ရှိလာ
နွေဦးတော်လှန်ရေးတွင် ကျဆုံးသူ ၈၆၀၊ ဖမ်းဆီးခံခဲ့ရသူ ၅၉၆၅ နှင့် အချုပ်အနှောင်ခံထားရဆဲ ၄၈၀၄ရှိဟု ယနေ့ AAPPမှ ထုတ်ပြန်ထား

၁၁.၆.၂၀၂၁
မြင်းခြံ
မြို့ပေါ်တွင် စစ်ခွေးအုပ်များ နေ့စဥ်ဆိုင်ကယ်၊ကားများအား စစ်ဆေးသည်ဟုဆို၍ နေ့စဥ်နှင့်အမျှငွေညှစ်နေ
ယနေ့မနက် စစ်ခွေးများ ဆိုင်ကယ်၊ကားများကို တားဆီး ငွေညှစ်နေသော အမှတ်၁၉ လမ်းဆုံတွင် ဗုံးပေါက်ထိခိုက်မိသူမရှိ
ကျေးရွာများသို့ ပတ်၍ ကျောင်းတက်ရန်စည်းရုံးသည်ဟုဆိုကာ စစ်ခွေးများ သေနတ်ပြခြိမ်းခြောက်နေ့မှု ရက်ဆက်ဖြစ်လာ
သားဖွားမီးယပ်အထူးကု ဒေါက်တာရဲဇင်အောင်အား ယနေ့ညနေက အောက်တန်းစား စစ်ခွေးအုပ်ဖမ်းဆီး၊ မိသားစုဝင်အချို့ပါဖမ်းခံရဟု သတင်းထွက်နေ

တိုက်ပွဲ သတင်း
ချင်းပြည်နယ် ထန်တလန်မြို့တွင် ချင်း CDF နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၇ ဦးသေဆုံး၊ CDF ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိ၊ ချင်း CDF မှ ထုတ်ပြန်
ဟားခါးနဲ့ ဂန့်ဂေါအကြားမှာ အကြမ်းဘက်စစ်တပ်နှင့် ချင်း CDF တို့ ဒီနေ့ ဇွန် ၁၀ ရက် ညနေမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ ၁၀ ဦးသေ၊ CDF က အကျဆုံးမရှိ
NCA အတိုင်းသွားမယ်ပြောပေမဲ့ စစ်တပ်နဲ့ ကေအန်ယူတို့ တိုက်ပွဲဆက်ဖြစ်နေ

ပေါက်ကွဲ တမီးလောင်
မန္တလေး ကညန ရုံးရှေ့မှာ ၁၁း၃၀ ခန့်က ဗုံးပေါက်ကွဲမှုထပ်ဖြစ်ပွား ၊
လိုင်စင်သက်တမ်းလာတိုးသူတစ်ဦး ဒဏ်ရာရ
ငါးသိုင်းချောင်းမြို့မှာ အကြမ်းဘက်စစ်တပ် တပ်စွဲထားတဲ့ မြို့အုပ်ချုပ်ရေးမှူးရူံး၊ ဆေးရုံနဲ့ အေဘဏ်ရှေ့မှာ ညက ရှေ့ဆင့်နောက်ဆင့် ဗုံးများပေါက်ကွဲ
ကြည့်မြင်တိုင် ညစျေး အများသုံးသန့်စင်ခန်းအနီး ညက ဗုံးပေါက်ကွဲ
ဖားအံမြို့တွင် အထက (၃)ကျောင်းနှင့် ကညန ရုံးအနီးအပါအဝင် နေရာ ၇ ခု ထက်မနည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့
မကွေးတိုင်း ပညာရေးမှုးရုံးအနီး ဗုံးကွဲ
ပုသိမ် စွာပိုတိုင်းစ် အထည်ချုပ်စက်ရုံ ဗုံးကွဲ
မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် အထက(၅) ကျောင်း ည ၈း၃၀ က မီးလောင်မှုဖြစ်

အကြမ်းဖက်အဖွဲ့၏ ယုတ်မာမှုများ
ရှမ်း/တောင် မိုးဗြဲ လွယ်ယင်းတောင်ခြေကျေးရွာတွင် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စေတနာရှင်များမှ လှူဒါန်းထားသည့် ဆန်အိတ်ပေါင်း ၈၀ ၊ ဆေးဝါးပစ္စည်းများနှင့် ကယ်ဆယ်ရေးကားတစ်စီးတို့ကိုအကြမ်းဖက်စစ်ကောင်စီစစ်သားများမှ ညက မီးရှို့ဖျက်ဆီး
ကယားတွင် ခရစ်ယာန်ဘုရားကျောင်း ၈ခု လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်ဖျက်ဆီးခံခဲ့ရ
ဒလရှိ အစ္စလမ်ဘာသာရေးစာသင်ကျောင်းမီးလောင်မှုဟာ စစ်တပ်နှင့် ပျူစောထီးလက်ချက်ဟု ဒေသခံများပြော၊ တော်လှန်ရေးကို ဘာသာရေး အဓိကရုဏ်း အသွင်ပြောင်းရန် ကြိုးစားနေဟုပြောဆိုနေ
ကွမ်းခြံကုန်းတွင် အကြမ်းဖက်စစ်ကောင်စီစစ်သားများနှင့်ကြံ့ဖွတ်ပါတီဝင်များက နေအိမ်များကို ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူများကို အကြောင်းမဲ့ရိုက်နှက်
ခရမ်းမြို့ ရွှေဘိုစုကျေးရွာမှာ ကျောင်းတတ်ရောက်မည့်သူမရှိ၍ အကြမ်းစစ်ကောင်စီတပ်တွေက သေနတ်ပစ်ခတ်ကာ အစည်းအဝေးခေါ်ယူ
ဖောက်ခွဲမှုနဲ့ လက်နက်မှုအပါအဝင် လူ ၆,၀၀ ကျော်ကို ဖမ်းထားတယ်လို့ စစ်ကောင်စီ လိမ်ညာထုတ်ပြန်
မြောင်းမြမြို့နယ်တွင် ကျောင်းမအပ်သည့် နေအိမ်များကို ခြိမ်းခြောက်စာရင်းကောက်နေ
ဘားအံတွင် စစ်အာဏာရှင်တော်လှန်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လူငယ် ၃၆ ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်
ရေနံချောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက တက္ကသိုလ်ကျောင်းသားအသက် ၁၉ နှစ်အရွယ် မောင်ချစ်ကိုဝင်းကို ယမန်နေ့ ညက ပစ်သတ်
ဒီမော့ဆိုတွင် အပြစ်မဲ့ပြည်သူ မောင်စောဘဲလခရင်းဟဲကို အကြမ်းဖက်စစ်တပ်က ပစ်သတ်သွား
မအူပင်မြို့တွင် စစ်သားက မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးကို သေနတ်ဖြင့် ပစ်ခတ်
ဖေဖော်ဝါရီ-၁ မှ ယခုလအထိ သံဃာတော် ၁၈ပါး ဖမ်းဆီးခံထားရ

နိုင်ငံတကာ
မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေး အမေရိကန်နဲ့ တောင်ကိုရီးယားဆွေးနွေး
NUGကိုအသိအမှတ်ပြုရန် ပြင်သစ်အထက်လွှတ်တော်အမတ်များ လွှတ်တော်ကိုတောင်းဆို
မြန်မာဒီမိုကရေစီပြန်ရရေး ဂျပန်အထက်လွှတ်တော်ဆုံးဖြတ်
IMF၏ အထူးရန်ပုံငွေ မြန်မာမရ
ရုရှားနှင့်စီးပွားရေးတိုးမြှင့်နိုင်ရန် စစ်ကောင်စီကြိုးပမ်း
မြန်မာဘက်မှလာရောက်ခိုလှုံသူပိုများလာမည့်အရေး အိန္ဒိယစိုးရိမ်
ကိုရီးယားက မြန်မာအတွက်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁ ဒသမ ၃ သန်းလှူမည်

အထွေထွေ
သာကေတရှိ ဂျပန်တံတားနှင့် ကမာကြည်တံတားနှစ်စင်းကို နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်က တစ်နာရီကျော်ကြာ ပိတ်ဆို့ရှာဖွေခဲ့မှုပြူလုပ် NUG ဝန်ကြီးတစ်ဦးကို လိုက်ရှာနေဟုသိရ ၊ မတွေ့ပါ။
လူသတ်စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း နဲ့ အတွင်းရေးမှူး အောင်လင်းဒွေး မသေသေး
လားရှိုးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်မှနှုက်ထွက်ကြရန် KIA/KIO မှ သတိပေးထုတ်ပြန်
မြစ်ကြီးနား-တနိုင်း-လီဒိုလမ်းမ ည၇ မနက်၅ သွားလာခြင်းမပြုရန် KIAစာထုတ်
အဆိုတော်အေသင်ချိုဆွေ လွတ်မြောက်လာပြီဟုသိရ
မြန်မာအသင်း ကာဂျစ္စတန်ကို (၁-၈) ဂိုးဖြင့် ရှုံးနိမ့်
လျှပ်စစ်သုံး မော်တော်ယာဉ်နဲ့ ဆိုင်ကယ်များ ပိုမိုတင်သွင်းရန် စစ်ကောင်စီ စီစဉ်နေ
စစ်အာဏာသိမ်းမှုအပေါ် တရုတ် အားပေးနေပြီး မ​အေလိုးကို နိုင်ငံ့ခေါင်းဆောင်ဟု သုံးနှုန်းနေမှု မြန်မာအရပ်ဘက်အဖွဲ့ ၄၂၆ ခုက တရုတ်ကို ပြင်းထန်စွာ ရှုတ်ချ
ကန်ပိုက်တီနယ်စပ်မြို့တွင် တရုတ်ဆရာဝန်များက ကိုဗစ်ကာကွယ်ဆေးလာထိုးပေး
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူဆယ်တွင် ကားခိုးမှုနှင့် လောင်းကစားဝိုင်းများ ပိုမိုများပြားလား
ဖမ်းဆီးခံ ချင်းပြည်သူများကို ပြန်လွှတ်ရန် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်းဆို
ဧရာဝတီ မြို့နယ်အချို့၌ ဇွန်၁၀ရက်နောက်ဆုံးထားလက်နက်များအပ်နှံရန်ကြေညာသော်လဲ အပ်နှံသူမရှိ
သံတွဲPDFဖွဲ့စည်းမှု မြို့ခံများအကြား ဝေဖန်မှုရှိနေ
ဖားကန့် ညမထွက်ရအမိန့် ည၉ မနက်၄ ပြောင်း
စစ်ကြောရေးမှာ အကြမ်းဖက်အုပ်စုရဲ့ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးခဲ့ရသူ ၂၂ ယောက်နဲ့ အလောင်းပြန် မရသူ ၃ယောက်ရှိဟု AAPP သတင်းထုတ်ပြန်
အကြမ်းဖက်စစ်ခွေးများ အကြမ်းဖက်နေသော်လည်း နိုင်ငံအနှံ၌ ဆက်လက်ဆန္ဒပြလျှက်ရှိ
နွေဦးတော်လှန်ရေးတွင် ကျဆုံးသူ ၈၆၁၊ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၄၈၂၃ နှင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၉၃၆ ရှိဟု ယနေ့ AAPPထုတ်ပြန်ထား

၁၂.၆.၂၀၂၁
မြင်းခြံ
အတားအဆီး အစစ်အဆေးများ နေရာစုံတွင် ထူထပ်စွာရှိနေ
ကျေးရွာများအား စခများ လှည့်ပတ်၍ တချို့ရွာများတွင် တပ်စွဲခြင်းများလုပ်
ကလေးများအား ကျောင်းတက်ကြရန် စကစခန့် အုပ်ကြီးများ နှင့် စခများ ပူးပေါင်းလုပ်ဆောင်နေ
အခြားထူးခြားမှုမရှိ

နိုင်ငံတကာ
ကုလ စီးပွားရေးနှင့် လူမှုရေးကောင်စီအစည်းအဝေးတွင် NUG Board အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ
စစ်ကောင်စီက ပြည်သူများအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်မှု ကုလသမဂ္ဂရှုတ်ချ
ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများမပြုလုပ်ရန် စစ်ကောင်စီကို UNတောင်းဆို
မြန်မာစစ်ခေါင်းဆောင်များအပေါ် ပြင်းထန်သည့် အရေးယူမှုများပြုလုပ်ရန် ပြင်သစ်သမ္မတကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တိုက်တွန်း
မြန်မာနိုင်ငံတွင် သေကျေပျက်စီးမှုများနဲ့ ဆင်းရဲဒုက္ခများထပ်ဖြစ်မည်ဟု UNHCR သတိပေး
အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး
အာဆီယံ သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ အရေးကြီးဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော
ဇွန်လ ၁၉၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် အပြည်ပြည်ဆိုင်ရာမြန်မာ့ တော်လှန်ရေးကျင်းပကြဖို့ နော်ဝေရှိ Aung San Suu Kyi Park သံတမန်များက နှိုးဆော်

တိုက်ပွဲ သတင်း
ချင်းပြည်နယ်၊ ၁ လအတွင်းတိုက်ပွဲ ကျဆုံးသူစာရင်း CDF ထုတ်ပြန်၊ CDF တပ်သား ၃၀ ကျဆုံးပြီး အကြမ်းဖက်စစ်သား ၁၆၅ ဦးသေဆုံး
ဒီးမော့ဆိုမြို့တွင် ရိက္ခာပြန်ယူသည့် စစ်ရှောင်ပြည်သူနှစ်ဦးက အကြမ်းဖက်စစ်တပ်က ပစ်သတ်
ဒီးမော့ဆိုမြို့တွင် ပြည်သူ့နေအိမ်များကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ဖျက်ဆီး
ဒီးမော့ဆိုမြို့တွင် ပြည်သူများကိုကယ်ထုတ်နေရင်း ကရင်နီတပ်မတော်က ဒုဗိုလ်တစ်ဦးကျဆုံးခဲ့
ဒီးမော့ဆိုမြို့တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ပရဟိတသမားတစ်ဦး ကျဆုံး
ဒီးမော့ဆိုမြို့နယ်တွင် အပြစ်မဲ့ပြည်သူတစ်ဦး ပစ်သတ်ခံရပြီး ကလေးနှစ်ဦး ကျည်ထိမှန်
ကယားပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်အထိရှိလာပြီး အရေးပေါ် အကူအညီများ လိုအပ်နေ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်မှူးငယ်နှင့် မြို့ပြပျောက်ကြား သင်တန်းဆင်းပွဲကျင်းပ
ကလေးမြို့ကနေ ဟားခါးမြို့ကို စစ်ကောင်စီက စစ်ကား ၆ စီး စစ်ကူပို့
SSPP နဲ့ RCSS တိုက်ပွဲများကြောင့် ကျေးသီးမြို့ကို စစ်ဘေးရှောင်ပြည်သူ အများအပြား ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီ၏ ယုတ်မာမှုများ
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတွင် ၁၄ နှစ်အရွယ် သီလရှင်တပါးကို အကြမ်းဖက်စစ်သားက မုဒိမ်းကျင့်မှုဖြစ်ပွား
တနိုင်းမြို့မှာ ဖမ်းဆီးခံလူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲရန် ရဲစခန်းအပ်
ပုသိမ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦး သင်္ကန်းဝတ်နဲ့ဖမ်းဆီးခံရ
မိုးမိတ်မြို့၊ ၁၅ နှစ်ဝန်းကျင် ကလေး ၃ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး
အမ်းမြို့နယ်မှာ စစ်တပ်က စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်လိုက်လို့ ရခိုင်ပြည်သူများ အခက်ကြုံနေ
မေလအတွင်း စာသင်ကျောင်းပေါင်း ၁၀၀ ကျော် တိုက်ခိုက်ခံရ

ပေါက်ကွဲ မီးလောင်
မြိုင်မြို့နယ် ပညာရေးမှူးရုံးရှေ့ ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွား
အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ ကား Showroom တခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
ရွှေတိဂုံဘုရား တောင်ဖက်မုခ်အနီးနှင့် စမ်းချောင်းမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

CDM
ရန်ကုန်တိုင်း မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က CDMer ၄၅ ဦး ရာထူးမှထုတ်ပယ်ခံရ
မှော်ဘီမြို့နယ်၊ အမှတ် ၃ လုံခြုံရေးတပ်ဖွဲ့ခွဲမှ ရဲဝန်ထမ်းတစ်ဦး CDM ပူးပေါင်းပါဝင်လာ
ခန္တီးမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ဦး CDM ပူးပေါင်းပါဝင်လာ
တောင်တွင်းကြီးမြို့နယ် CDM ပညာရေးဝန်ထမ်း ၃၉၀ ရာထူးမှ ထုတ်ပယ်ခံရ
နောင်ချိုမြို့နယ်၊ တာဝန်မှရပ်ဆိုင်းခံရတဲ့ ပညာရေးဝန်ထမ်း ၂၈၄ ဦးထဲက ၂၈၁ ဦး ရာထူးမှထုတ်ပယ်ခံရ
မိုင်းမောမြို့နယ်က ပညာရေးဝန်ထမ်း ၁၈ ဦး ရာထူးမှထုတ်ပယ်ခံရ
အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က CDM ဆရာ/မများ အလုပ်ထုတ်ပယ်ခံရပြီး ၆ လအတွင်း ချေးငွေပြန်မဆပ်ပါက တရားစွဲမည်ဟု စစ်ကောင်စီခြိမ်းခြောက်
မိုင်းဆတ်မြို့၊ ရာထူးကထုတ်ပယ်ခံထားရတဲ့ ဝန်ထမ်းများ အတိုးမဲ့ချေးငွေပြန်ဆပ်ကြရန် ပညာရေးရုံးက ဖိအားပေးနေ

အထွေထွေ
တပ်ထောက်ခံသူများ လက်နက်ကိုင်ဆောင်ခွင့်ပြုရန် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် အမျိုးသမီးတစ်ဦးကတောင်းဆို
NLD နာယကကြီး ဦးဝင်ထိန်အမှုမှာ တရားလိုသက်သေတွေကို လက်ခံကြောင်း စစ်ကောင်စီတရားရုံးက ကြားဖြတ်အမိန့်ချ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အဂတိအမှုနဲ့ တရားစွဲဆိုတာဟာ ခိုင်လုံမှုမရှိဟု ရှေ့နေပြောဆို
တောင်တွင်းကြီးမြို့နယ်တွင် ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ ၅၀ နီးပါးရှိ
ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပန်းချီဆရာဦးသက်နောင် ကျန်းမာရေးအခြေအနေ ဆိုးရွားနေ
လောင်းလုံမြို့တွင် ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ထုတ်ပြန်
စစ်ကိုင်း၊ ရှမ်းနှင့် တနင်္သာရီတိုင်း လေယာဥ်ခရီးစဥ်များ ယာယီရပ်ဆိုင်းထား
ရန်ကုန်၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံများ ယာယီရပ်ဆိုင်းထားပြီး ၃၀ အထိရှိလာ
မုဒုံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံရ
ယောဒေသရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက်ရှာဖွေမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
ပန်းတနော်မြို့နယ်တွင် စစ်ရဟတ်ယာဥ် လှည့်ပတ်ပျံသန်းနေသဖြင့် ပျက်ကျမှာစိုးရိမ်နေရဟု ရွာသားများပြော
တန့်ယန်းမြို့နယ်က ရွာသူကြီးတဦးနဲ့ မိုင်းရယ်မြို့နယ်က ရွာခံ ၁၀ ဦးကို SSPP အဖွဲ့က ဖမ်းဆီးသွား
မိုးနဲမြို့နယ်၊ နားခန်းကျေးရွာမှာ RCSS က လူသစ်စုဆောင်းနေလို့ ဒေသခံများ ထွက်ပြေးနေရ
ပုသိမ် အထည်ချုပ်စက်ရုံ ဗုံးပေါက်ကွဲပြီး ဖမ်းဆီးခံရသည့် ဝန်ထမ်း ၉ ဦး ပြန်လွတ်လာ
MAI လေကြောင်းလိုင်း ရန်ကုန် - ဘန်ကောက်၊ ဇွန်လအတွင်း ပြေးဆွဲမည်
ရန်ကုန်မှာ မြို့လုံးကျွတ်သပိတ်စစ်ကြောင်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်ကြိုးစားမည်ဟု သပိတ်ခေါင်းဆောင်တဦးပြောကြား
စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူများ အရင်လို ထောက်ပံ့ကြေးများမရရှိ
ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် မတရားဖမ်းဆီးခံရသူများအမှု လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ့နှစ်ဦး မြဝတီမှာ ဖမ်းဆီးခံရ
ဟားခါးမြို့၊ အင်းဝဘဏ်အနီးမှာ ပြည်သူများကို အကြမ်းဖက်စစ်သားများက တားဆီးစစ်ဆေးနေ
စစ်မက်ဖြစ်ပွားချိန် ခိုလှုံခွင့်ရှိသည့် ဘာသာရေးအဆောက်အဦ၊ ဆေးရုံနှင့် ကျောင်းများကို တိုက်ခိုက်ခြင်းမပြုရန် မြန်မာနိုင်ငံ ဿ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် မေတ္တာရပ်ခံ
သေနတ်နဲ့ပစ်သတ်ခံရတဲ့ ကြံ့ဖွံ့ကိုယ်စားလှယ် အသုဘကို ရေဝေးသုဿန်မှာ တိတ်တဆိတ်ပြုလုပ်
မြိုင်မြို့နယ်၊ ဌေးအောင်ရွာက စစ်တပ်သတင်းပေးဒလန် အုပ်ချုပ်ရေးမှူး ဓားထိုးခံရ
ခင်ဦးမြို့နယ်က ရဲစခန်းအဝင်အထွက်ရှိသူတစ်ဦး လက်နှစ်ဖက်ပြတ်ပြီး ဓားဒဏ်ရာနှင့် သေဆုံး
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြ
နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၈၆၂ ဦး နှင့် ဖမ်းဆီးခံရသူ ၆၀၁၃ ဦးရှိ

COVID သတိပြု
ဖလမ်းမြို့က ခရစ်ယာန်အမှုတော်ဆောင်တဦး ကိုဗစ်ရောဂါကြောင့် ကွယ်လွန်
ချင်းပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄၈၁ ဦးနှင့် သေဆုံးသူ ၁၂ ဦးရှိလာ
ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေတဲ့ ကလေးမြို့မှာ အောက်စီဂျင်ဘူးပြတ်လပ်နေပြီး အကူအညီများလိုအပ်နေ
ထိုင်း-မြန်မာနယ်စပ်ရှိ ထမ့်ဟင် ကရင်စ်ဘေးဒုက္ခသည်စခန်းတွင် ကိုဗစ်ကူးစက်မှုများရှိနေဆဲ

၁၄.၆.၂၀၂၁
မြင်းခြံ
ဆိုင်ကယ်၊ကားများ စစ်ဆေးဖမ်းဆီးမှုများ နေ့စဥ်ရက်ဆက်ပြုလုပ်
အရပ်ဝတ်၊ ယူနီဖောင်းဝတ် ပုံစံမျိုးစုံဖြင့် မြို့တွင် လှည့်ပတ်နေ
နယ်ခြားရွာမှ ဒလန် ကိုကြည်လင် ဓားထိုးခံရ၍ သေဆုံးသည် ဟုကြားသိရ
ညနေက အနိမ့်ရွာ စခ(၄)ကောင်၊ဒလန်(၂)ကောင်ဖြင့် ရွာတောင်ပိုင်းတစ်ဖွဲ့၊ရွာအလယ်ပိုင်းတစ်ဖွဲ့ ခွဲ၍ ဒလန်ပြသည့်နေအိမ်များသို့ ဝင်၍ ဖုန်းများအားအဓမ္မသိမ်းယူ
ညနေ၅နာရီ၄၅မိနစ်ခန့်က အမှတ်၁၆ အတွင်းရှိ ရထားသံလမ်း တစ်နေရာပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

EAOs & တိုက်ပွဲ
ဘားအံခရိုင် လေးဝါတွင် ၇၂ ကြိမ်မြောက် ကော်သူးလေနေ့ ကျင်းပပြုလုပ်
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်သွားမည်ဟု ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ RSO ကြေညာ
စစ်တပ်ကအရပ်သင်္ဘောများကိုသဲအိတ်ကာ၍ ဗန်းမော်သို့ စစ်ကူ/ထောက်ပံ့ ပို့ရန်စီစဉ်
ထန်တလန်မြို့နယ်၊ တိုက်ပွဲများကြောင့် ကျေးရွာ ၁၃ ရွာက ဒေသခံများ ထပ်မံတိမ်းရှောင်နေရ
KNU၊ DKBA၊ KNU/ KNLAPC၊ BGF တို့တွေ့ဆုံဆွေးနွေးရန်ရှိ

နိုင်ငံတကာ
G 7 အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်အားလုံးက " မြန်မာစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ပြင်းထန်တဲ့ ရာဇသံ ပေး
မြန်မာလက်နက်ကိုင်ပဋိပက္ခကြောင့်လူအများအပြားသေဆုံးနိုင်ဟု ကုလလူ့အခွင့်အရေးမင်းကြီးပြော
အိန္ဒိယကစစ်ကောင်စီကို ရေဒါနည်းပညာကူညီမှုရပ်ရန် Justice for Myanmar တောင်းဆို
မြန်မာစစ်ဘေးရှောင်ပြည်သူများအား နယူးဇီလန်က ဒေါ်လာ ၂.၇၅ သန်း ထောက်ပံ့ကူညီမည်

ဗုံး သတင်း
တောင်ကြီး စိန်ပန်းရပ်ကွက်ရှိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအရှေ့ မနေ့ ညနေက ဗုံးပေါက်ကွဲမှု ဖြစ်ပွား
တောင်ကြီး၊ အေးသာယာစက်မှုဇုံ အထက တောင်ကျောင်းအနီး ည ၇း၃၀ က ပေါက်ကွဲမှုဖြစ်
ဖျာပုံမြို့ ပန်းခြံ ရွှေရတုခမ်းမ ညကဗုံးပေါက်ကွဲ
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် NLD ရုံးအတွင်း ဗုံးပစ်ခံရ
မြန်အောင်မြို့နယ်၊ ကြံ့ဖွံ့ပါတီဥက္ကဌနေအိမ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့် သုံးဘီးမောင်းသူတစ်ဦးကို စစ်တပ်က ဖမ်းဆီး

သာရေး သတင်း
ဒီမောဆိုးတွင် အကြမ်းဖက်စစ်ကောင်စီစစ်တပ် တပ်မ ၆၆ မှ ဒုတပ်ရင်းမှူး တစ်ဦး သေဆုံး၊ ထိုဒုတပ်ရင်းမှူးဟာ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ရိက္ခာများကို မီးရှို့ဖျက်ဆီးခိုင်းသူဖြစ်ပါကြောင်းသိရ
ကျိုက်ထိုမြို့၊ ကင်မွန်းစခန်းတွင် ရဲများပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာ အုပ်ချုပ်ရေးမှူး၏ အစ်ကိုဖြစ်သူ ပစ်သတ်ခံရ
ဒီပဲယင်းမြို့နယ်၊ ကြည်ရွာ အုပ်ချုပ်ရေးမှူး၏ သမီး ၂ ဦး ဓားခုတ်ခံရပြီး သေဆုံး
လောင်းလုံမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းက တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ
ကျုံပျော် လှေဆွဲရွာမှာ အကြမ်းဖက်စစ်တပ်ဗိုလ်မှူးတစ်ဦးအား အမျိုးသမီးတစ်ဦးမှ ဓားဖြင့် ဝင်ထိုးဟုသိရ၊ ဗိုလ်မှူးသေ၊ အမျိုးသမီးလဲ သေ

အာဏာလုအဖွဲ့၏ ယုတ်မာရက်စက်မှုများ
မင်းတပ်မြို့နယ်က ရေသန့်စက်ရုံတခုကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်ဆီး
မင်းတပ်မြို့နယ် ယှက်ရွာတွင် အကြမ်းဖက်စစ်တပ်က လူနေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီး
မင်းတပ်မြို့တွင် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများ၊ မိခင်နှင့် ကလေးငယ်များ မိုးထဲရေထဲတွင် ကူကယ်ရာမဲ့နေ
မြန်အောင်မြို့နယ်တွင် PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး အမျိုးသား ၆ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး
ညောင်ဦးမြို့တွင် အမျိုးသမီး ၄ ဦးနှင့် အဖိုးအို ၁ ဦးကို စစ်တပ်ကဖမ်းဆီး
သင်္ကန်းကျွန်းမြို့နယ်တွင် ရဲနှင့် စစ်သားများက နေအိမ်တံခါးများ လာရောက်ဖျက်ဆီး
ချိတ်ပိတ်ခံထားရသည့် NLD မန္တလေးတိုင်းရုံးကို အကြမ်းဖက်စစ်သားများ ဝင်ရောက်ဖျက်ဆီး
တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် NLD အလုပ်မှုဆောင်ကို မဖမ်းမိ၍ မိသားစုဝင်များကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး
ကန်ပက်လက်မြို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အဦနှင့် လူနေအိမ်များ ပျက်စီး
ကယားပြည်နယ်က စစ်ဘေးရှောင်တစ်သောင်းကျော် ရိက္ခာပြတ်လပ်မည့် ဒုက္ခကြုံ

CDM
တနင်္သာရီရေတပ်စခန်းဌာနချုပ်(ကျွန်းစု)မှ စစ်သားများ CDM လုပ်ထွက်ပြေးမှုများပြားဟုသိရ
မိုးကုတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင် ၇ လအထက်နှင့် မွေးဖွားပြီး ၆ လအထိ CDM ပညာရေးဝန်ထမ်းများ ထောက်ပံ့ကြေး လျှောက်ထားနိုင်
ဧရာဝတီတိုင်း ကျန်းမာရေးဌာနက CDM ဝန်ထမ်းများ အိမ်ရာကနေ နှင်ချခံရ

အထွေထွေ
ငွေကျပ် ၅၀၀ ဘီလီယံတန်ဖိုးရှိ ငွေတိုက်စာချုပ်များကို အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် ထုတ်ရောင်းဖို့စီစဥ်
မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တွင် ညမထွက်ရအမိန့်ထုတ်ထားမှုကြောင့် ဓာတ်အားပြတ်တောက်ပါက ဆောင်ရွက်မပေးဟု ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ကြေညာ
ချင်း သွားလာရေးခက်ခဲနေ၊ ဆေးဝါးရှားပါးပြီးဆရာဝန်/သူနာပြုလိုအပ်လျက်ရှိ
ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် ဘုန်းကြီးနှင့် စစ်တပ်ပေါင်းပြီး ကျောင်းဖွင့်
ဘာသာရေးအဆောက်အဦနှင့် လူနေအိမ်များမီးရှို့ခံရမှု CDF လက်ချက်မဟုတ်ဟု ထုတ်ပြန်
စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ကြရန် ပြည်သူများကို မန္တလေးကျောင်းသားသမဂ္ဂများ တိုက်တွန်း
လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်မှတ်တိုင်မှာ ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သူများရှိ
ကလောမြို့နယ်၊ အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆီဘောက်ဆာတစ်စီး တိမ်းမှောက်
ရန်ကုန်၊ တာမွေမြို့နယ်မှာ အာဆီယံအလံကို မီးရှို့ပြီး ဆန္ဒပြ
မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး ၅ ဦးထက်မနည်း ဖမ်းဆီးခံရ
RCSS ကဖမ်းဆီးထားတဲ့ ကျောက်မဲနှင့် နန့်ဆန်က ဒေသခံငါးဦး ၅ လနီးပါးကြာသည်အထိ ပြန်မလွတ်သေး
ရေဦးမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ကတ်သလစ်ဘုန်းတော်ကြီးများကို စစ်တပ်ကပြန်လွှတ်ပေး
ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်ရှိလာသည့် မြန်မာ ၁၇ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ
ဟုမ္မလင်းမြို့နယ်၊ အရှေ့ကမ်းကျေးရွာမှာ ကျောင်းမအပ်တဲ့မိသားစုများကို စစ်တပ်က ဖိအားပေး ခြိမ်းခြောက်နေ
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် PDF ရန်ပုံငွေဖလား ဘောလုံးပြိုင်ပွဲကျင်းပ
ငါန်းဇွန်မြို့နယ်တွင် ညသပိတ်ဦးဆောင်သူ လူငယ်များကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး
တာချီလိတ်မြို့၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းအချို့တွင် အကြမ်းဖက်စစ်သားများ တပ်စွဲထား
ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် အမေရိကန်နိုင်ငံသား ကိုနေသန်မောင်ကို စစ်တပ်ကအမှုရုတ်သိမ်းပေးပြီး ပြန်လွှတ်
ချီဂွေဗာရားမွေးနေ့ သပိတ်စုံသူပုန်ထ အမည်ရ သပိတ်များပြုလုပ်
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြ
နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၈၆၂ ဦး နှင့် ဖမ်းဆီးခံရသူ ၆၀၁၃ ဦးရှိ

COVID သိပြု
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်ကူးစက်မှုများတိုးပွားနေပြီး ရောဂါကြောင့် တစ်ဦးသေဆုံး
မော်လမြိုင်တွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံး
ကလေးမြို့တွင် ကိုဗစ်ရောဂါကြောင့် လူနာ ၄ ဦးသေဆုံး
တမူးမြို့တွင် ကိုဗစ်လူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိ
တာချီလိတ်မြို့၊ လမ်းမကြီး၏ အချို့နေရာများပေါ်တွင် ရဲနှင့်စစ်သားများ လမ်းပိတ်စောင့်ကြပ်နေ
ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသည့် မန္တလေးစည်ပင်ဌာနမှူးနှင့် မိသားစုမှာ ကိုဗစ်ပိုးတွေ့
ရန်ကုန်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်လူနာ သစ် ၂၁၁ ဦးတွေ့ရှိ
မြန်မာနိုင်ငံတွင် တစ်ရက်တည်း ကိုဗစ်ရောဂါတွေ့ရှိသူ ၃၇၃ ဦးရှိဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနကပြော

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________