Skip to main content

ဇွန်လ စတုတ္ထအပါတ် သတင်းစဉ်

 ၂၃.၆.၂၀၂၁
မြင်းခြံ
  • ထ၄၊ ထ၂နှင့် ချောင်းဒေါင်းလမ်းဆုံအနီး အသံဗုံးပေါက်၊ စခများ ရမ်းသန်းပစ်ခတ်
  • ဗုံးပေါက်မှုများကြောင့် မြို့အရှေ့ပိုင်း ထကျောင်းအနီး ကင်းများချ၊
  • BOC အနီးရခ ၂ကောင်အပစ်ခံရဟု သတင်းများထွက်နေ၊ အတည်မပြုပေးနိုင်
  • မနေ့ညက ငါန်းဇွန်မြို့ မင်းနေရဲကင်းစခန်းကို zeroပျောက်ကျားအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်၊ရခ ၂ယောက်ခန့်သေ
  • ငါန်းဇွန်မြို့နယ် သရက်ချိုပင်ရွာ၌ စခများဝင်မွှေ၊ ကင်းစခန်းတိုက် ခိုက်ခံရမှုနှင့် ဆက်စပ်နိုင်ဟု သုံးသပ်ကြ
NUG
  • ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း အိမ်ထောင်စုအဆင့် သတိပေးချက် အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
တိုက်ပွဲ သတင်း
  • မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားအနီးတွင် တိုက်ပွဲဖြစ်နေ၊ လက်နက်ကြီးသံများ ဆူညံနေပြီး စစ်ကောင်စီရဟတ်ယာဉ်သံပါ ကြားရဟုဆို
  • ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ဆက် တရော်ကျင်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဘက်က အယောက် ၂၀ခန့်သေ
  • CDF မင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား အချက် ၅ ချက်ကို သဘောတူထား
  • ပင်လယ်ဘူးမြို့နှင့် ၅မိုင်အတွင်းမှပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် ပင်လယ်ဘူးPDF သတိပေးကြေညာ
  • အခြားသော PDF များနှင့် ပူးပေါင်းကာ စစ်အုပ်စု တိုက်ခိုက်သွားမည်ဟု ရှမ်းပြည် တောင်ပိုင်း PDF က ထုတ်ပြန်ထား
  • လွိုင်ကော်၊ လွိုင်လင်လေးအရှေ့ဘက်နှင့် ဒီးမော့ဆိုအရှေ့ဘက်တို့တွင် စစ်အုပ်စုဘက်က တပ်အင်အား တိုးချဲ့မှုများ ပြုလုပ်နေ၊ KNPP နှင့် အချိန်မရွေးတိုက်ခိုက်မှုများ ရှိလာနိုင်ကြောင်းPKPF ကသတိပေးထုတ်ပြန်ထား
  • ပဲခူး၊ သိမ်ဇရပ်နှင့် မော်လမြိုင် PDFများ ဘုံသဘောတူညီချက် ၁၁ ရပ်ဖြင့် မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း
  • သာရေး သတင်း
  • ညောင်လေးပင်တွင် ရဲ ၇ ဦးသေဆုံးသော တိုက်ခိုက်မှု ၄င်းတို့လက်ချက်ဟု ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF က ကြေညာ
  • မြ၀တီမြို့ အမှတ် ၂ မြို့ပတ်လမ်းမှ ဆယ်အိမ်မှူး ဦးသန်းဌေး သေနတ်ပစ်ခံရပြီး သေဆုံးဖွယ်ရှိ
  • လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင်သတင်းပေးဟု အများက သတ်မှတ်ခံထားရသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး
  • သဲကုန်းမြို့အဝင် ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ် ထွေအုပ်ဝန်ထမ်းတဦး ဒဏ်ရာအနည်းငယ်ရ
  • စစ်ကိုင်းတိုင်းမှာ ၄ရက်အတွင်း ဒလန်၂၇ဦးရှင်းလင်းခဲ့
နိုင်ငံတကာ
  • UN အရေးပေါ်အစည်းအဝေးမတိုင်မှီ အကြမ်းဖက်စစ်ကောင်စီခန့် ကုလသံအမတ် မြင့်သူ တာဝန်မှရပ်စဲခြင်းခံရ
  • မန္တလေးက မနေ့က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ရေးတင်းမာလာမှာကို အမေရိကန်က စိုးရိမ်ကြောင်း ထုတ်ပြန်
  • ပြင်သစ်ကတော့ အာဆီယံ ခေါင်းဆောင်တွေနဲ့ သဘောတူထားတဲ့ အချက် ၅ ချက် အကောင် အထည်ဖော်ဖို့ပြော
  • USနိုင်ငံခြားရေးဒု၀န်ကြီး ၀မ်ဒီ ရှားမန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ယူအန်အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာ မနေ့က ဝါရှင်တန်တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့ကြ
  • မြန်မာသတင်းသမားများအပေါ် တိုက်ခိုက်ခြိမ်းခြောက်မှုများရပ်တန့်ရန် SEAJU တောင်းဆို
  • နော်ဝေနိုင်ငံရဲ့အကြီးဆုံးပင်စင်ရံပုံငွေကုမ္ပဏီ KLP ဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ Adani ဆိပ်ကမ်းတွေကနေ နုတ်ထွက်လိုက်ဟု ရိုက်တာကို ပြော
  • ရုရှား ဖအေခေါ်ခြင်း အနည်းငယ်အောင်မြင်
  • မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်မယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးပြော
  • စစ်သင်္ဘောများ ဆိုက်ကပ်ရေး ရုရှနှင့် မြန်မာစစ်ကောင်စီသဘောတူစာချုပ်ချုပ်
ဗုံး သတင်း
  • အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ မန္တလေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းဌေးရဲ့ နေအိမ်ဝင်းအတွင်း နေ့ခင်း ၁ နာရီခွဲက လက်လုပ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့
  • စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ဈေးအနီး ဇွန်လ ၂၃ ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးတွေ့ရှိခဲ့
CDM
  • စီမံ/ဘဏ္ဍာဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ၁၃ ယောက်နဲ့ ဦးစီးအရာရှိ ၆၃ ယောက် စုစုပေါင်း ၇၆ ယောက်ကို ရာထူးမှ ထုတ်ပစ်
  • ကြာအင်းဆိပ်ကြီးမြို့ CDM ဝန်ထမ်းများကို ပြည်သူများမှ အလှူငွေနှင့် စားသောက်ကုန်များ လှူဒါန်း
  • အချို့မြို့နယ်များတွင် Non CDM သမားများပင် CDM ပြုလုပ်လာမှုများ ရှိနေသည်။
အာဏာလုအဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းရဲ့ ရွာကို ဒီနေ့မနက်က စကစအဖွဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖျက်ဆီးပစ်ခတ်တာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့
  • နေပြည်တော်၊လယ်ဝေးမြို့နယ်တွင် ဒလန်သတင်းပေးမှုကြောင့် သားအဖနှစ်ဦးအဖမ်းခံရ
  • ယင်းမာပင်-ကနီနယ်စပ်တွင် မနေ့က အကြမ်းဖက် စကစတပ်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားပြီးနောက် ဘန့်ဘွေးတောပြင်မှပြည်သူများ၏ နေအိမ်၈ လုံးကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီး
  • ဇွန် ၂၁ရက်က မုံရွာတွင် ၄ နှစ်အရွယ်ကလေးအပါအဝင် အငြိမ်းစားကျောင်းဆရာမိသားစုကို စစ်တပ်ကဖမ်းဆီး၊ကလေးပြန်လွတ်
  • ရွှေဘို ဇီးတောကျေးရွာမှာ အန်အယ်လ်ဒီပါတီဝင် တစ်ယောက်ကို အကြမ်းဖက်စစ်တပ်က မနေ့က ညနေ ၄ ခွဲဝန်းကျင်က ဖမ်းဆီးသွား
  • တေဇပိုင် ပုသိမ်ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူငယ် ၆ ဦး ဖမ်းဆီးခံရ
  • ဗန်းမော်တွင် လူငယ် ၂၀ ခန့်ကို PDF ဟုစွပ်စွဲပြီး စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
  • ပွင့်ဖြူမြို့နယ်တွင် ရေခဲချောင်းရောင်းသည့် လူငယ် ၁ ဦးကို စစ်အုပ်စုက ဖမ်းဆီး
  • ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ပုဒ်မ ၂ ခုဖြင့် တရားစွဲခံရ
  • ကယားပြည်နယ်၊ လွိုင်လင်လေးတွင် စစ်ကောင်စီတပ်များက ကြက်ဘဲများ ခြံစည်းရိုးကျော်ဝင် ရောက်ခိုးယူ
  • စမ်းချောင်း ဝေဠုဝန်ရပ်ကွက်တွင် တာယာမီးရှို့သည်ဟုဆိုကာ မဆိုင်သည့်လူငယ်တချို့ အဖမ်းခံရ
  • ကလေးမြို့၊ ပင်လုံရပ်ကွက်၊ နယ်မြေ (၂) နေ လူငယ် ရှစ်ဦးခန့်အား စကစများက ယနေ့နံနက်ပိုင်းက ဝင် ရောက်ဖမ်းဆီးသွား
  • ကျိုင်းတုံတွင် ၁၉ရက်နေ့ညက စကစအုပ်စုက သားအဖနှစ်ဦး၏ဆိုင်ကယ်အား ကားဖြင့် တိုက်၊ ကလေး သေဆုံးခဲ့၊ ဖခင်အား လူသတ်မှုဖြင့် ထပ်မံတရားစွဲဆိုထား
အထွေထွေ
  • ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ငါးဦးကို စွဲဆိုထားတဲ့ လျို့ဝှက်ချက် ဥပဒေအမှုကို နေပြည်တော်မှာပြောင်းလဲစစ်ဆေးဖို့ စစ်ကောင်စီက တရား လွှတ်တော်ချုပ်မှာလျောက်လဲ
  • လှိုင်းဘွဲ့မြို့နယ်အတွင်း BGF နှင့် စကစခန့် ကျေးရွာတာဝန်ခံများ ဦးဆောင်၍ လောင်းကစားဝိုင်းများ နေ့ညမပျက် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိ
  • ဟိုပုံးမှ တောင်ကြီးသို့ စစ်သားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင် ထားသည့် အစီးရေ ၂၀ ကျော်ပါ စစ်ယာဉ်တန်း တက်သွား
  • ကင်းမရွာနှင့် စစ်ဘေးရှောင်ဒေသများသို့ We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၄၀ ထောက်ပံ့
  • လားရှိုးမြို့ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၅ ဦးထိ ရှိလာတာကြောင့် မြို့မဈေးတို့ကို ဇွန်လ ၂၃ ရက်နေ့ကစ ဇူလိုင် ၆ ရက်နေ့ထိ၂ ပတ်တိတိ ယာယီပိတ်သွားမည်
  • ရခိုင်မှာ တစ်ပတ်အတွင်း ကိုဗစ် ကူးစက်ခံရသူ သုံးဦးရှိလာ၊ ပိုးတွေ့သူပေါင်း ၈၀ ဝန်းကျင်ထိမြင့်တက်
  • ကချင်ပြည်နယ်က စစ်တပ်အရာရှိမိသားစုများ တပ်တွင်းမှ တိမ်းရှောင်မှုများလာ
  • တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ် (TPDF) မွမ်းမံသင်တန်း အပတ်စဉ် (၁) စစ်သင်တန်းဆင်း
  • ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ရသူ ၄သောင်းကျော်ရှိလာပြီး အစားအသောက်ပိုင်း အဓိကအခက်အခဲကြုံနေရ
  • အဆိုတော် ရေမွန် ဆုံးပါး၊ အစာအိမ်သွေးကြောပေါက် သေဆုံးခြင်းဖြစ်ဟု နိုဗန်ထူးပြော
  • မိုးမောက်မြို့၊ ခါနန်ရပ်ကွက် အ.ထ.က (၁) ကျောင်းတွင် မနေ့က ဗုံးပေါက်ကွဲ၍ သုံးဦး ဒဏ်ရာရရှိပြီး ယနေ့ကျောင်းတက်သူတစ်ဦးမှ မရှိတော့
  • သရုပ်ဆောင်ပိုင်တံခွန်အမှု တရားလိုပြသက်သေ ဒုရဲမှူးမလာသဖြင့် ရုံးချိန်းရက်ရွှေ့ဆိုင်း
  • ကုမ္ပဏီ ၂၀ ခန့် ဖြူဖြူထွေးကြော်ငြာနှင့် လမ်းခွဲ
  • သရုပ်ဆောင်ရဲတိုက်အမှု တရားလိုသွင်းသည့် သက်သေကို ဥပဒေနှင့်မညီပေမယ့် တရားရုံးလက်ခံ
  • မန္တလေးတွင် ရှမ်းပြည်နယ်က လူငယ် ၄ ဦးကို စစ်တပ်က ပစ်သတ်၊ PDF ဟု စစ်ကောင်စီ သတင်းလိမ်ညာ ထုတ်လွှင့်
  • စကစမှ အကြမ်းဖက်နှိမ်နင်းနေသော်လည်း နိုင်ငံနှင့်တဝှမ်းတွင် ဆက်လက်ဆန္ဒပြလျှက်ရှိ
COVID သတိ အမြဲရှိ
  • ကိုဗစ်ကူးစက်မှု နယ်စပ်အနီး မြို့တွေမှာ တွေ့ရှိမှု တိုးလာနေ
  • ရခိုင်မှာ ကိုဗစ်ပိုး ခြောက်ဦးထပ်တွေ့၊ အကျဉ်းသားတွေလည်းပါဝင်
  • ကိုဗစ်ပိုးတွေ့၆၃၀ဖြင့် စံချိန်တင်မြင့်တက်

၂၄.၆.၂၀၂၁
မြင်းခြံ
  • ထ-၂ကျောင်းရှေ့ ဖုန်း၊ဆိုင်ကယ်များ ရှာစစ်၊ မနေ့ညနေကလည်း အနီးဝန်းကျင်ပတ်မွှေ ခြိမ်းခြောက်
  • ၂၀ရက်နေ့ ဖမ်းဆီးခံရသည့် ခေါင်းကွဲရွာသား(၆)ဦး ၂၂ရက်နေ့က ပြန်လွတ်ခဲ့
  • စခများ တန်ဆောင်း၊နတ်ညွှန်းရွာ ဝင်မွှေခဲ့
  • ခေါင်းကွဲတွင် တလုပ်ရွာသားနှစ်ဦး ရွာခံနှင့် အချင်းများရာမှ ဒလန်က စစ်တပ်အား လူသတ်မှုတွင်ပါသည်ဟု သတင်းမှားပေး၍ ဖမ်းခိုင်း၊ စစ်တပ်နှင့် ရဲစခန်းများတွင် မိသားစုမှ စုံစမ်းရာ မရှိဟုဆို
NUG
  • မန္တလေး PDF သည် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်လာမှု
  • အပေါ်ဥပဒေနှင့်အညီ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်ကြောင်း NUG အစိုးရထုတ်ပြန်
  • NUG အစိုးရသည် တော်လှန်ရေးအစိုးရ ပီသရန်နှင့် အကြံပြုချက်များ နားထောင်ရန် ကျောင်းသားသမဂ္ဂ ၁၆ ခုက အကြံပြုစာပေးပို့
  • စကစကိုလက်နက်မရောင်းဖို့ ရုရှားကို NUG တောင်းဆို
EAO & တိုက်ပွဲ သတင်း
  • မြစ်ကြီးနားမြို့၊ မိုင်းနားစုပေါင်းဂိတ်၊ ဗလမင်းထင်တံတားအနီး မနေ့ညက ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့
  • ယနေ့ မင်းကင်းတွင် PDF နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေ၊ PDF ၁ ဦး ကျဆုံး၊ ၃ဦးဒဏ်ရာရ
  • ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာအနီးမှာ ဒီနေ့ မနက် ၉ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီတပ်ကို ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ PDF တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပြင်းထန်တိုက်ပွဲဖြစ်ပွားနေ
  • တော်လှန်ရေးအောင်မြင်ဖို့ ပြည်သူကို ဗဟိုပြုကြဖို့ ကေအိုင်အိုသတင်းပြန်/ကြားတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေး
  • တာမွေမှ စစ်ကားဗုံးခွဲမှုအပါအဝင် တိုက်ခိုက်မှု ၃၀ ကျော်ပြုလုပ်ခဲ့ပြီး စကစဘက်မှ ၂၂ ဦး သေဆုံးကြောင်း ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ထုတ်ပြန်ကြေညာ
  • မကြာခင်မှာ စစ်ရှိန်မြင့်လာနိုင်လို့ တိုက်ပွဲသံ အမြဲနားစွင့်ဖို့ KIA ပြောကြားထား၊ ပြည်သူများသတိရှိကြပါ
  • ဖက်ဆစ်စစ်တပ်သုတ်သင်ရေး အထက်မြန်မာပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၄ဖွဲ့ ပူးပေါင်း
  • အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးကူညီသွားမည်ဟု ကေအန်ယူကြေညာ
သတိ
  • လေယာဉ်ဆီတင်သင်္ဘော၁ စီးရန်ကုန်ကိုဦးတည်လာနေ
  • မန္တလေးမှာစစ်တပ်က အရပ်ဝတ်များကိုစစ်သင်တန်းပေးနေ
  • လွိုင်ကော်သို့ စစ်ကား ၃၀ကျော် ထပ်ရောက်လာ
စစ်ဘေးရှောင် သတင်း
  • ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရဆဲ
  • ဒီးမော့ဆိုကစစ်ရှောင်များနေရပ်ပြန်ရန် စကစဖိအားပေးနေ
  • ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ၂ ပတ်စာသာ ကျန်ရှိ
  • ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာက အိုးအိမ်စွန့်ခွာသူတွေ အတွက် ဩစတြေးလျနိုင်ငံမှ Doctors, Nurses and Friends (DNF) အဖွဲ့က ကျပ်သိန်း ၁၃၁ ကို NUGမှ တဆင့် ဇွန် ၁၄ ရက်က ကူညီထောက်ပံ့ပေးအပ်ခဲ့
  • New York မှာ ကျင်းပတဲ့ အမေစုမွေးနေ့မှာ ရန်ပုံငွေ ဒေါ်လာ (၃၅၅,၇၉) ရရှိ၊ ထိုအလှူငွေများကို NUG CRPH CDM စစ်ရှောင်အတွက် လှူဒါန်းသွားမည်
သာရေး သတင်း
  • ပဲခူး ညောင်လေးပင်မြို့နယ် အုပ်ကြီး (၃) ဦးအားလက်နက်ကိုင် လူတစ်စုမှ ဖမ်းဆီးသွား၊ ရာအိမ်မှူး (၁) ဦး အသတ်ခံရ
  • လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက် ၊ရာအိမ်မှူးနေအိမ်ထဲ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွား၊ဇနီးဖြစ်သူ ပေါင်ထိမှန်
ဗုံးသတင်း
  • အောင်လံမြို့ ဒလန်အကြီးစား ကျော်သူရ ဆိုသူအိမ် မနေ့က ညနေ ၅ နာရီအချိန် ဗုံးပေါက်ကွဲ
  • တောင်ကြီးမြို့ရိုးမဘဏ်အနီး မနေ့ ည ၉း၁၅ ခန့်က ဗုံးတစ်လုံးပေါက်ကွဲ
  • ဒီပဲယင်းမြို့၊ ကံပြားရပ်ကွက်ရှိ အောင်သုခဆီဆိုင်မှာ မနက် ၁၁ နာရီလောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့
  • ဖျာပုံမြို့နယ်ပညာရေးမှူးရုံးရှေ့ ဗုံးပေါက်၊ကျောင်းသားများကို အိမ်ပြန်လွှတ်
  • ယနေ့ညဦး ၇နာရီခန့်က ပဲခူးခရိုင်ရုံးနှင့် အမှတ် ၂ ရဲစခန်းအနီးအပါအဝင် ၃ နေရာထက်မနည်း ဗုံးများပေါက်
အာဏာလုအဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • ကျောက်ပန်းတောင်း ဆင်တပ်ကျင်းရွာလမ်းခွဲအနီး ပိုက်လိုင်းစောင့် စစ်ခွေးများက ဆိုင်ကယ်သမားတွေတားပြီး ဖုန်းတွေ လုယူနေ၊ ဆန်ကားများကိုတားပြီး ဆန်အိတ်များတောင်းယူနေ ၊ အမဲသားသယ်ဆီမှလဲ အမဲသား (၄)ပိဿာ အတင်းတောင်းလုယူ
  • ကောလင်း၊ ဖလဲကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက် ဖျက်ဆီး၊ အမျိုးသမီးများကို သေနတ်ဖြင့်ထောက်၍ စစ်ဆေး၊ ရွှေငွေနှင့်ပစ္စည်းများ လုယူ
  • သီပေါမြို့မှာ ဆိုင်ကယ်စီးလာတဲ့ ကိုအောင်မင်းသူကို စစ်ကောင်စီတပ်က ပစ်သတ်
  • ကလေးမြို့တောင်ဖီလာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ချင်းလူငယ်တစ်ဦးသေဆုံး
  • မကွေးဝန်ကြီးချုပ် Dr.အောင်မိုးညိုနှင့်ဝန်ကြီး ၆ဦးအဂတိလိုက်စားမှုဖြင့်တရားစွဲခံရ
  • ကချင်ပြည်နယ် သူနာပြုဦးစီးမှူး ဆရာမကြီး လချိတ်လွမ်းညွယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇွန် ၂၃ ရက်ညက ချီဖွေမြို့ရှိ နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွား
  • DVBသတင်းထောက်ကိုအောင်ကျော်အပါအဝင် ၅၀၅(က)နဲ့ ထောင်ချခံထားရသူတွေ မြိတ်အကျဉ်းထောင်မှာ တစ်ရက်အလုပ်ကြမ်း ၈နာရီစေခိုင်းခံနေရ
  • ပွင့်ဖြူမြို့နယ်၊ ရှားတောကျေးရွာက ပြည်သူတစ်ယောက်ကို ယနေ့ မနက်ပိုင်းမှာ စကစတပ်တွေက ဖမ်းဆီးသွား
  • အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ ဦးထိရှိလာ
  • စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ကယားပြည်နယ်က စစ်ရှောင်ကူညီသူအယောက် ၃၀ ကျော် မလွတ်မြောက်သေး
အထွေထွေ
  • ဗိုလ်ထွန်းတောက်နိုင် ၎င်းတို့နှင့်အတူရှိဟု မန်း PDF ထုတ်ပြန်
  • စကစ ရဲ့ဘဏ်တွေ ငွေထုတ်မပေးနိုင်လို့ တင်ဒါဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်ဆိုင်းသွား
  • ကုလသမဂ္ဂ၏အသိအမှတ်ပြုမှု မရှိသော စစ်ကောင်စီက ICJ တရားရုံးတွင် အမှုရင်ဆိုင်ရန် အဖွဲ့ဖွဲ့ထား
  • စကစသိမ်းပိုက်ထားတဲ့ ဗဟိုဘဏ်ဟာ ယနေ့က နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၆ သန်းကို စျေးပြိုင်လေလံ ရောင်းချခဲ့၊ ၂လခန့်အတွင်း ၄၅သန်းရှိလာ
  • မိတ္တီလာမှ သေနတ်ထိမှန် ဒဏ်ရာရသော ၇ တန်းကျောင်းသူကို စစ်ဆေးရုံအပါအဝင် ဆေးရုံများက ဆေးကုပေးရန် လက်မခံ
  • မန္တလေး ငါန်းဇွန်ရဲကင်းတိုက်ခိုက်ခံရမှု ရဲ ၁ဦးသေဆုံးဟု စစ်ကောင်စီဆို
  • ဒီမိုကရေစီကိုကာကွယ်ရန် အာဏာသိမ်းခဲ့ဟု ရုရှရောက် မမင်းအောင်လှိုင် လိမ်ညာပြောဆို
  • ရခိုင် ကျောက်တော် ကန်စောက်စစ်ရှောင်စခန်း၌ ကလေးငယ်တချို့အရေပြားရောဂါဖြစ်
  • ထိုင်းက အထောက်အထားအတုနှင့်ခိုးဝင်မြန်မာ ၂၀ကျော်ဖမ်းဆီး
  • တရုတ်ကနယ်စပ်ခြံစည်းရိုးခတ်ရာတွင် မြန်မာဘက်ခြမ်းမှ မြေယာများပါဝင်နေသဖြင့် ဒေသခံများ ကန့်ကွက်
  • NLD အစိုးရလက်ထက် မကွေးတိုင်း၊အစိုးရအဖွဲ့၊
  • လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးကို မနေ့ ဇွန်လ ၂၃ ရက်နေ့ကပြန်လည်ဖမ်းဆီးခေါ်ဆောင်သွား
  • မန္တလေးအဝင် စစ်ဆေးရေးတင်းကျပ်၊ ရတနာပုံတံတားပေါ်ကားများ ပြည့်ကျပ်နေ
  • ဘိုကလေးမြို့နယ်မှာ စကစရဲ့ ရေတပ်က တရားမဝင်ငါးဖမ်းရေယာဉ်တွေထံကနေ ငွေကြေးတောင်းယူ ငါးဖမ်းခွင့်ပေးနေ
  • သဲကုန်းမြို့နယ်ထဲ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ဝက်ပုတ်နှင့် အင်းမမြို့များရှိ ပြည်သူများ စည်ပင်အခွန်ဆောင်ရန် ခြိမ်းခြောက်တောင်းနေ
  • စကစထောက်ခံသလိုလုပ်နေတဲ့ နေဆန်း၊ ဖြူဖြူထွေး၊ ခြူးလေးတို့နှင့် ပါတ်သက်သည့်ကြော်ငြာများကို လုပ်ငန်းရှင်များဖြုတ်ချ
  • စကစထုတ်ကုန်များမရောင်း/ဝယ် ရန်TNLAသတိပေး
  • နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုထဲမှာ မနေ့ညက ရွာသူကြီး ၁ ဦးနဲ့ ရွာသား ၂ ဦးတို့ကို TNLA ပလောင်တပ်ဖွဲ့က လာရောက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွား
  • စကစအဖွဲ့ အကြမ်းဖက်နေသည့်ကြားမှ နိုင်ငံနေရာအနှံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၈၀ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၁၀၄ ဦးရှိဟု ယနေ့ AAPPထုတ်ပြန်ထား
COVID သတိပြု
  • မအူပင်မြို့ အ.ထ.က (၁) အထက်တန်းကျောင်း ပဉ္စမတန်း မှာသင်ကြားနေသော ဆရာမ တစ်ဦး ကိုဗစ် -၁၉ ကူးစက်ခံခဲ့ရ
  • ကလေးမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦးနှင့် သံသယလူနာ ၁၃ ဦး ယနေ့သေဆုံး
  • စာမေးပွဲဖြေဆိုနေသည့် မော်လမြိုင်တက္ကသိုလ် ကျောင်းသူ ၂၀ ကိုဗစ်-၁၉ ကူးစက်ခံရ
  • ထိုင်းတွင် ဆန္ဒပြ
  • ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူ ရာနဲ့ချီတို့ ယနေ့ ဘန်ကောက်မြို့တွင်း စုဝေးချီတက်ခဲ့ကြပြီး စစ်အာဏာသိမ်း ၀န်ကြီးချုပ် ပရာယွတ်အစိုးရ နုတ်ထွက်ရေးအတွက် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့

၂၅.၆.၂၀၂၁
မြင်းခြံ
  • ရွှေခြံနယ်သူနယ်သားများခင်ဗျား စစ်ခွေးအုပ်ကိုလည်း ဂရုစိုက်ပါ။ ကိုဗစ်ကိုလည်း ဂရုစိုက်ကြပါခင်ဗျား။
  • မြင်းခြံ မီးရထား CDMဝန်ထမ်းတစ်ဦးအား မနေ့ည ၁၁ နာရီခန့်က ဖမ်းဆီးသွား
  • ထ၂နားဆိုင်ကယ်စစ်၊ လူငယ်များကို ပိုစစ်ဆေး
  • ပျူစောထီးအဖွဲ့ဝင်ဖြစ်သည့် လက်နှက်ကိုင်ဆောင်ထားသူ မသီတာယုမွန် (၁၉)ကွက်သစ်နေအိမ်တွင်းသို့လက်ပစ်ဗုံး ပစ်ခွဲ ခံရ
  • မြင်းခြံမြို့ လေးအိမ်တန်းရွာအုပ်စု ရွာဟောင်းကုန်းတောင်ဖက် တွင် ရေလုပ်သား နှစ်ဦးအား စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက်၍ ငွေမတရားတောင်း
  • အမှတ် ၁၆ မှ စောင်းကောက်ဆေးလိပ်ခုံ ဝင်ရောက်ရှာဖွေ
  • နေ့လည်က အမှတ် ၁၆ ဝန်ထမ်းကွက်သစ် တောင်ပိုင်း ရခများ ဝင်မွှေ
  • မြင်းခြံ ယနေ့ ကိုဗစ်ကူးစက်ခံရသူ ၂ ဦးတွေ့ရှိ
Breaking News
  • အကျဉ်းစခန်းများတွင်ထိန်းသိမ်းခံထားရသည့် နိုင်/ကျဉ်းအချို့ကိုမနက်ဖြန်တွင် စကစကလွှတ်ပေးမည်ဟုသတင်းထွက်နေ
  • စကစမှ နိုင်ငံတကာစာမျက်နှာအတွက် နိုင်/ကျဉ်းများ ပြန်လွှတ်ပေးဖို့ပြင်ခြင်းဖြစ်နိုင်ကြောင်း နိုင်ကျဉ်းအဖွဲ့ ဦးဆောင်ကော်မတီဝင်ပြော
  • PDFတွေနဲ့အဆက်အသွယ်ရှိသူ UNRAခေါင်းဆောင် မြဝတီမှာအဖမ်းခံရ
NUG
  • Crime Against Huminity၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ကပြော
  • စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ဆက်လက်ပေးပို့ကြရန် ဒေါက်တာဆာဆာတိုက်တွန်း
နိုင်ငံတကာ
  • စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများနှင့် အကြမ်းဖက်မှုတို့ကြောင့် လူပေါင်း ၂၂၅,၀၀၀ ကျော်နေအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်ကြရကြောင်း ကုလလူသားချင်းစာနာမှုအေဂျင်စီက ထုတ်ဖော်ပြောဆိုခဲ့
  • စစ်ကောင်စီကိုအရေးယူဖို့လက်တွန့်နေသော ဩဇီအစိုးရကို နိုင်ငံရေးပါတီများက ဖိအားပေး
  • မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံလုံးဆိုင်ရာ သာသာပေါင်းစုံ ဆုတောင်းပွဲကို တိုကျိုမြိ့မှာ ကျင်းပခဲ့
တိုက်ပွဲ သတင်း
  • ပုလဲနယ်မှာ စစ်ကောင်စီကား ၃စီး မိုင်းထိပြီး သေဆုံးမှုများရှိ ဟု ရဲတပ်ဖွဲ့ အတည်ပြု
  • စစ်ကောင်စီတပ်နှင့်ပတ်သက်ပါက အသက်အန္တရာယ်အာမမခံနိုင်ဟု ချင်းပြည်နယ်ကာကွယ်ရေးတပ် သတိပေး
  • မြစ်ကြီးနားမှ တနိုင်း၊ ဖားကန့်၊ ပူတာအို၊ စစ်ကိုင်းသို့ ညအချိန် ခရီးမသွားရန် ပြည်သူများသို့ KIA က သတိပေးချက်ထုတ်ပြန်
  • စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်ရေး ပြည်သူ့ကာကွယ်ရေး အဖွဲ့ ၆ ခု ပူးပေါင်းဟု ကြေညာ
ဗုံး သတင်း
  • နံနက်က လှိုင်မြို့နယ် လ၀ကရုံး ဘေးရှိ အမှိုက်ပုံးထဲမှ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး မကြာမှီ ဒုတိယတစ်လုံး ထပ်မံ ပေါက်ကွဲကြောင်း သိရှိရ
  • မနေ့ညက လှိုင်သာယာမြို့နယ် အ.ထ.က (၁၀) ကျောင်းအတွင်း ဗုံးပေါက်ကွဲ၊လူမထိခိုက်
  • သိပ်ဇရပ်မြို့ ထွေအုပ်ရုံးနှင့် အရာရှိဝင်းကြီးအနီးတွင် PDF သိမ်ဇရပ်က လက်လုပ်မိုင်းတစ်လုံး သတိပေးဖောက်ခွဲခဲ့
  • လုံခြုံရေးတင်းကြပ်ထားတဲ့ ပုသိမ်ခရိုင်ရဲရုံး ဗုံးပစ်ခံရ
သာရေး သတင်း
  • မန်း ချမ်းမြသာစည်မြိုနယ်မှ ကြံ့ခိုင်ရေးပါတီဝင် ကိုကျော်ကျော်မင်း (ဒလန်ဟုအမည်ထွက်နေသူ)ပစ်ခတ်ခံရ၊သေဖို့များ
  • ညောင်လေးပင်မှာ လက်နက်ကိုင်အဖွဲ့ကို သွားဖမ်းတဲ့ စစ်တပ်သတင်းပေး ရာအိမ်မှူး သန်းနွယ်အောင် ဖမ်းဆီး အသတ်ခံရ
  • ဒီပဲယင်းမြို့နယ်၊ ညောင်းလှစံပြကျေးရွာမှ စစ်ကောင်စီသတင်းပေးနှင့်ကြံ့ခိုင်ရေးပါတီဝင် ဦးနုတင်သိန်း ပစ်သတ်ခံရ
  • ကျောက်တန်းအနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်၊ အုပ်ချုပ်ရေးမှူး ဦးသန်းဇော် သေ၊ ရာအိမ်မှူးနှင့်အရပ်ဝတ်ရဲ ၁ ဦး ဒဏ်ရာရ၊ အရပ်ဝတ်ရဲက "မပစ်ပါနဲ့ ငါ SB ကပါ" ဟု တောင်းပန်ဟုဆို
အာဏာလုအကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • ကလေးမြို့တွင် ဆိုင်ကယ်စီးလာတာမရပ်လို့ဟု အကြောင်းပြ၍ ချင်းလူငယ် ၂ ဦးကို စစ်ကောင်စီတပ်များက ပစ်သတ်
  • ရွှေအိုးရရွာကို စစ်တပ်က နှစ်ရက်ဆက်တိုက် စီးနင်း၊ ရွှေ၊ငွေ၊ဆိုင်ကယ်အပြင် အင်္ကျီ လုံချည်ကအစ ယူ၍ ဖျက်ဆီးမှုများလုပ်
  • ၂ရက်နေ့ညက ထီးချိုင့်တွင် သေနတ် ၁ ချက်ထိမှန်ထားသူကို မိသားစုရှေ့မှာပင် ပစ်သတ်
  • လောင်းလုံးမြို့နယ် မြခါးပတ်ကျေးရွာ သပိတ်စစ်ကြောင်းကို အ​ကြမ်းဖက်အဖွဲ့မှ သေနတ်ပစ်ခတ် ဖြိုခွင်း၊ ဒဏ်ရာရသူ ဖမ်းဆီးခံရသူ စာရင်းမသိရသေး
  • ယနေ့မွန်းလွဲ ၃နာရီကျော်က မန္တလေး မဟာမိတ်တပ်ပေါင်းစုသပိတ်မစခင် ဖြိုခွင်းခံရပြီး ၆ ဦး ဖမ်းဆီးခံရ
  • လောင်းလုံးမြို့နယ်ရှိ လူငယ်စင်တာကို အကြမ်းဖက်စစ်ကောင်စီ ဝင်ရောက်စီးနင်းပြီး ဆိုင်ကယ် အစီး ၂၀ ခန့် လုယူသွား၊ လမ်းသွားလူငယ်နှစ်ဦးကိုဖမ်းဆီး
  • ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ရွာခံ ၂ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး
CDM
  • ပဲနွယ်ကုန်း ရဲစခန်းတွင် CDM ရဲ ၄ ဦးအထိရှိလာ
အထွေထွေ
  • ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ မနေ့ ညပိုင်းက မြို့မရဲစခန်းအတွင်း သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့တယ်လို့ သိရ
  • KNUနယ်၊ ဝင်းရေးမြို့နယ်အတွင်းရှိ Mytel တာဝါတိုင်များ မီးရှို့ခံခဲ့ရကြောင်း သိရ
  • မန္တလေးတွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စခများ အိမ်စီးကားဖြင့်လှည့်လည်နေ
  • စစ်ကိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၉ ဦးကို မနေ့က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
  • စစ်ကာင်စီက အကယ်ဒီ ဓိရာမိုရ်ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု
  • Raymond (Idiots)၏ ဈာပန ယနေ့နေ့လယ်ကပြုလုပ်
  • ဧရာဝတီတိုင်းထဲက ကျောင်းတွေမှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာပေမယ့် Maskတပ်ပြီး စာသင်ဖို့ စစ်ကောင်စီညွှန်ကြား
  • ပြည်သူ့အာဏာပြည်သူ့ပြန်ပေးဝတ်စုံဖြင့် အရုပ်မလေး မေမဒီ Miss Galaxy Doll 2021တွင် ဆု ရရှိ
  • စကစအဖွဲ့ အကြမ်းဖက်နေသည့်ကြားမှ နိုင်ငံနေရာအနှံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၈၁ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၁၅၉ ဦးရှိဟု ယနေ့ AAPPထုတ်ပြန်ထား
ကိုဗစ် သတိ
  • မြန်မာတွင် မနေ့က တစ်ရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့နှုန်း ၁၃ ဒသမ ၆၇ ရာခိုင်နှုန်းရှိ၊ ကူးစက်ခံရသူ ၁ သိန်းခွဲကျော်လာ

၂၆.၆.၂၀၂၁

NUG
  • အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်သွယ်တာတွေရှိနေ၊ စစ်ကောင်စီနဲ့ ဆက်ဆံနေရတာတွေရှိပေမယ့် စကစကို အသိအမှတ်မပြုကြောင်း အခိုင်အမာပြောကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက မနေ့က သတင်းစာရှင်းလင်းပွဲ မှာပြောဆို
  • အခြေခံဥပဒေသစ်ကို FCDCC အပေါ် အခြေခံမယ်လို့ NUG ပြော
  • စစ်ကောင်စီက တရားမဝင်ဟုကြေညာသည့် အလုပ်သမားအဖွဲ့များအား လွတ်လပ်စွာဖွဲ့စည်းလုပ်ဆောင်ခွင့်ရှိကြောင်း NUG ထုတ်ပြန်
  • ဒေသ PDF တွေကို အရန်အင်အားအဖြစ် သတ်မှတ်ထားတယ်လို့ NUG ပြော
မအလ
  • အကြမ်းဖက်စစ်ခေါင်းဆောင်မအလနဲ့ အဖွဲ့ လမ်းတဝက်ကနေ ရုရှားကို လှည့်ပြန်သွား
တိုက်ပွဲ သတင်း
  • စစ်သားများတင်လာသည့်သင်္ဘော မိုးတာရွာအနီးပစ်ခံရ၊ မီးလောင်၍ ကမ်းကပ်ထား
  • စကစတပ်ရဲ့ စစ်ကားအကြီး ခြောက်စီး ကို ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ် ကျေးရွာတစ်ခုအနီးမှာ PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်
  • MDY-PDF အင်တာဗျူးဖြေခြင်းများကို ခေတ္တ ရပ်နားထား
ဗုံး သတင်း မရှိပါ။
သာရေးသတင်း
  • ပြည်ကြီးတံခွန်မြို့နယ်က စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ဦးညိုအေး ဓါးဖြင့် ထိုးသတ်ခံရ
  • တောင်သာမြို့နယ် ပပဒပ်စာကုန်းရွာမှ ဒလန် လှခိုင်ကို ဖောင်းဒိုင်းလှူသွား
အာဏာလုဓားမြအဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • ကလေးမြို့တွင် သားအဖ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၂၄ နာရီ မပြည့်ခင် သားဖြစ်သူကို ကိုဗစ်ဖြင့် သေသည်ဟုဆိုကာ ချက်ချင်းသဂြိုလ်ပစ်
  • ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်မြို့တော်တွင် လူငယ်တချို့ကို စစ်ကောင်စီတပ်များက သေနတ်ဖြင့် လိုက်ပစ်၊ ကျည်ထိမှန်၍ ကား တစ်စီး ထိခိုက်ပျက်စီး
  • ပုလဲမြို့နယ် NLD ရုံးကို စစ်ကောင်စီတပ်များက ဖျက် ဆီး
  • စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနမှ သတင်းထောက် ကိုဒီမြတ်ငြိမ်းကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် နေအိမ်သို့ လာရောက်ဖမ်းဆီးသွား
  • မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လက်ပံနွယ်ကျေးရွာမှာ ယနေ့မနက်ပိုင်းက အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ထပ်မံဖမ်းဆီးသွား
  • ယနေ့နံနက်အစောပိုင်းက မြောင်းမြမြို့ ကရုဏာရှင်လူငယ်များအသင်းရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီး
  • မိုးညှင်းတွင် သားအဖနှစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး
  • တပ်မတော်ကို ဝေဖန်ခဲ့သူ ဗိုလ်မှူးဟောင်းကျော်စွာဝင်း ဖမ်းဆီးခံရ
  • ရန်ကုန်လူငယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ ၂ ဦးထက်မနည်းအဖမ်းခံရ
  • အပစ်ရပ်ထားတဲ့ လွိုင်ကော်မှာ စစ်ကောင်စီတပ်က နေအိမ်တွေကို ပစ်ခတ်
  • တောင်တွင်းကြီး ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ်ဖမ်းဆီး
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မနေ့ညဦးပိုင်းက စကစတွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွား
  • စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ထောင်ဒဏ် ၁နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကြံခင်းက ရဲဝန်ထမ်း ၂ ဦးရဲ့ ဖခင်ကို စကစက ထပ်မံဝရမ်းထုတ်
  • စစ်ကောင်စီရဲ့ အဟန့်အတားတွေကြောင့် ကင်းမရွာ ပြန်လည်ထူထောင်ရေး ခက်ခဲနေ
  • မတူပီမြို့သို့ ဆန်သယ်ယူခွင့် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်
  • ည ၇ နာရီခန့်က ကြို့ပင်ကောက်မြို့နယ် ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးအား ဖမ်းဆီးသွား
CDM
  • စီဒီအမ်မှာ ပါဝင်တဲ့ ဆရာဝန်တွေကို ၀န်ထမ်းအဖွဲ့က ထုတ်ပယ်တဲ့ အပြင် ဘွဲ့လွန်သင်တန်း အတွက် စစ်ကောင်စီ လျော်ကြေးပြန်တောင်း
အထွေထွေ
  • ဇွန် ၂၆ ရက်ကို ဆလိုင်းတင်မောင်ဦးနေ့အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂမှ တရားဝင်သတ်မှတ်ကြောင်း ထုတ်ပြန်
  • ကလေးမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ရဲတပ်သားတစ်ဦး တိုက်ပေါ်မှ ခုန်ချသေဆုံး
  • လွှတ်မည်ဟု မိသားစုဝင်များအား အကြောင်းကြားမှုများရှိသော်လည်း နိုင်ကျဥ်းများကို ယနေ့မလွှတ်
  • NLD အစိုးရလက်ထက် ထုတ်ပယ်ခံရတဲ့ညွှန်ချုပ်ကို သီလဝါ အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဋ္ဌအဖြစ် စကစခန့်အပ်
  • ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ပိန်ဈေး၏ တောင်ဖက်ထွက်ပေါက် အနီးတွင် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွား
  • အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်း မနက်ပိုင်းက ယာဉ်ပေါ် သေဆုံးနေတဲ့ အမျိုးသားမှာ ကိုဗစ်ပိုးတွေ့ရှိ
  • Frontier Myanmar အယ်ဒီတာ ဒန်နီ ဖန်စတာနဲ့ အမေရိကန်သံရုံး ဖုန်းပြောခွင့်ရ
  • ဖမ်းဆီးခံ သတင်းသမားတွေကို ပြန်လွတ်ပေးဖို့ ကုလသမဂ္ဂ တောင်းဆို။
  • မင်းတပ်ပြည်သူတွေ တောတောင်တွေမှာခိုလုံနေရဆဲဖြစ်ပြီး ကူညီထောက်ပံ့မှုတွေကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲ
  • စစ်အာဏာသိမ်းမှုကြောင့် ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေ
  • စစ်ကောင်စီဝင်များထံ စားနပ်ရိက္ခာပို့နေသူများကို တောင်တွင်းကြီး PDF သတိပေး
  • ပဲခူး၌ ပြင်ပဆရာဝန်များကို ပြည်သူ့ဆေးရုံတွင်ကုသရန် စစ်ကောင်စီဖိအားပေး
  • အလုပ်သမား ၅၀၀ကျော်ရှိ ဂျပန်အထည်ချုပ် ဇူလိုင် ၁ရက်နေ့ စနားမည်
  • ရေမွန်(Idiots)ဝတ်ခဲ့သည့်အင်္ကျီ နာရီပိုင်းအတွင်း ငွေကျပ် ၂၄ သိန်းဖြင့် လေလံအောင်
  • ဆလိုင်းတင်မောင်ဦးကျဆုံးသည် ၄၅နှစ် ပြည့်အထိမ်းအမှတ် နိုင်ငံအနှံ ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၈၁ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၁၅၉ ဦးရှိဟု ယနေ့ AAPPထုတ်ပြန်ထား
  • ကိုဗစ် သတိ
  • လားရှိုး စည်ပင်ရုံးမှ ဝန်ထမ်း ၆ဦး COVIDတွေ့၊ ကျန်ဝန်ထမ်းများ Stay At Home သတ်မှတ်
  • COVID ကူးစက်မှုအမြင့်ဆုံးအဖြစ် ကလေး၊ တမူး၊ လှည်းကူးနှင့် ဖလန်းအစဉ်လိုက်ရပ်တည်
  • မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၈၅၉ ဦးရှိ၊ ၇ ဦးထပ်မံသေဆုံး

၂၇.၆.၂၀၂၁
မြင်းခြံ
  • အမှတ်(၁)မြို့သစ်မှ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
  • ညောင်ပင်ရွာ(အနောက်)ရှိ နေအိမ်အချို့ ဧည့်စာရင်းစစ်သည်ဆိုကာ စခများ ဝင်စစ်
  • မနက်ပိုင်းက EPC ရုံးအနီး ဗုံးတစ်လုံးကွဲခဲ့
  • သဲဖြူဝရွာအုပ်ကြီး ဖောင်းဒိုင်းခံရ၊ ပြည်သူတချို့ကို အဓမ္မ ဖမ်းဆီးထား
  • တောင်သာတွင် Galaxy မှ ဆိုင်ပိတ်၍ ခေတ္တလာရောက်တည်းခိုသူ ဝန်ထမ်း ၃ဦးနှင့် လက်ခံသူ၏တူ ဖမ်းဆီးခံရ
စဥ်းစားဖွယ်
  • မြန်မာမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်နေသည်ဟု UN ရဲ့ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးက ထုတ်ပြန်လို့ စကစအဖွဲ့နှင့် ရှမ်းတပ်များလန့်ဖြန့်ပြီး မူးယစ်ဆေးများ အဖမ်းပြ မီးရှို့ပြ
  • KNU က သိမ်းဆည်းရမိတဲ့ ဒေါ်လာသန်း ၂၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဟာ တနင်္သာရီစစ်တိုင်းမှူးတာဝန်ယူထားရတဲ့ ပစ္စည်းတွေဖြစ်ဟုသတင်းထွက်
  • မြိတ်မြို့တွင် တနင်္သာရီတိုင်း စကစစစ်တိုင်းမှူး အချင်းချင်းလုပ်ကြံခံလိုက်ရဟု သတင်းထွက်
  • ကလောက ကြံ့ဖွတ်ကားပေါ်ဘိန်းဖြူမိ စကစဖုံးဖိနေ
  • ဒေါ်လာသန်း ၅၀ကျော်ဖိုးတန်ဖိုးရှိသော သတ္တုတွေစကစထုတ်ရောင်း
  • စစ်တက္ကသိုလ်မှာ အရပ်ဝတ်တွေကိုလေ့ကျင့်ပေးနေဟု သတင်းထွက်
တိုက်ပွဲ သတင်း
  • ဂန့်ဂေါမှ ကလေးသို့ လာသော အင်အား ၅၀ ပါ စစ်ကား ၃ စီးကို ကလေးPDF က ခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၉ ဦးကျဆုံး
  • ဇွန်လ ၂၂ ရက်နေ့ မန်းလေးတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၉ သေဆုံးဟု MDY-PDF ကြေညာ
  • ကျောက်တော်၊ မဟာမုနိ ဘုရားကြီးဝင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးကို AAက လက်နက်ချခိုင်းပြီး လက်နက်များ သိမ်း ဆည်း
  • Yangon Revolution Force - YRF {ရန်ကုန်တော်လှန်ရေးအင်အားစု}ကို ဖွဲစည်းထားပြီးကြောင်း မနေ့က တရားဝင်ထုတ်ပြန်ကြေငြာ
ဗုံး သတင်း
  • ဖားကန့်မြို့နယ် ၊ဟောင်ပါးကျေးရွာမှာ ဗုံး ၂လုံးဆက်တိုက်ပေါက်ကွဲ
  • ယနေ့ နံနက်ပိုင်း အင်းစိန်မြို့နယ်တွင် ဗုံး ၃ ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၊ ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရ
  • ယနေ့ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက် လ၀ကရုံး နောက်ကျောတွင်လည်း ယနေ့ မွန်းလွဲက ဗုံးပေါက်ကွဲ၊သေနတ်ပစ်ခတ်သံများကြားရ
  • သာကေတ၊ မြင်တော်သာလမ်းမပေါ်က လျှပ်စစ်မီတာရုံး ညနေက ဗုံးပေါက်ကွဲ
သာရေး သတင်း
  • ဒဂုံအရှေ့ ၂ ရပ်ကွက် ရာအိမ်မှူးဦးမျိုးအောင် ပစ်သတ်ခံရ
  • တာမွေ ပုသိမ်ညွှန့် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ဦးမြင့်ထွေး ဓားဖြင့် ၇ ချက် အခုတ်ခံရ
  • အကြမ်းဖက်အဖွဲ့၏ ယုတ်မာရက်စက်မှုများ
  • ဖမ်းဆီးခံထားရသည့် CDF-မင်းတပ်တပ်ဖွဲ့၀င် အပါအ၀င် ဒေသခံ ၅ ဦး မလွတ်မြောက်လာသေး
  • ညနေက ကုက္ကားကျေးရွာသပိတ်ခေါင်းဆောင် NLD ပါတီဝင်ကို စစ်အုပ်စုတပ်တွေ ဖမ်းဆီး
  • ကန်ကြီးထောင့်မြို့နယ်က ပြည်သူ့ပါတီအလုပ်အမှုဆောင် ကိုအာကာအောင်ကို စကစက PDF လို့ စွပ်စွဲကာ ဇွန် ၂၃ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့
  • ဒီပဲယင်းမြို့နယ်မှာ မနေ့က မြင်းတန့်ကျေးနဲ့ညောင်လှရွာကို စစ်တပ်က ကားကြီးနှစ်စီး ကားလေးနှစ်စီး ခန့်မှန်းအင်အား ၇၀လောက် ဝင်ရောက်စီးနင်း၊ ပစ္စည်းတွေယူသွားကြ၊ ပြည်သူတစ်ဦးကိုလဲဖမ်းဆီးသွား
  • စစ်ကိုင်းမြို့တွင် မနေ့ ညနေပိုင်းက သတင်းထောက်တစ်ဦးကို အကြမ်းဖက်တပ်က ထပ်မံဖမ်းဆီး၊ စုစုပေါင်း ၂ဦးရှိပြီဖြစ်
  • ည ၇နာရီကျော်က လှိုင်သာယာတွင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား စခများမှာ ရပ်ခိုင်းရာ မရပ်ပေးသဖြင့် သေနတ်ဖြင့်ပစ်ခတ်၊ ဆိုင်ကယ်မောင်းနှင်သူသေဆုံး
CDM
  • စစ်ကိုင်းတိုင်း CDM သမဝါယမဝန်ထမ်းများကို ကိုဗစ်ချေးငွေ ၂ လစာ ပြန်ဆပ်ရန် ဖိအားပေး
အထွေထွေ
  • စစ်တပ်အနေနဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ဖို့ ကုလ အထူးကိုယ်စားလှယ်က တောင်းဆို
  • အာဏာသိမ်းမှုကြောင့်နယ်စပ်စီမံခန့်ခွဲမှုအခြေအနေဆိုးဝါးလာဟုအမေရိကန်သံရုံးထုတ်ပြန်
  • ကိုဗစ် ကူးစက်မှုနှုန်းမြင့်နေချိန် စစ်ကောင်စီက အွန်လိုင်းမှတစ်ဆင့် ပညာရေးသင်ကြားမှုများ မပြုလုပ်ရန် ပိတ်ပင်
  • သီလဝါတွင် SANTYAအမည်ဖြင့် လေယာဉ်ဆီတင်သင်္ဘောဆိုက်ကပ်၊ စစ်တပ်ချထား
  • အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်/ချုပ် ဦးဇော်ဌေး နေပြည်တော်ရှိ စစ်ကြောရေး ရိပ်သာတွင် ထိန်းသိမ်းခံနေရာမှ ပြန်လည်လွတ်မြောက်
  • ကင်းမရွာက မီးထဲပါသွားခဲ့သော အဖိုးနှင့်အဖွားအတွက် နာရေးမကျင်းပနိုင်သေး
  • ကလေးမြို့၌ ဆေးရုံနှင့် COVIDစင်တာမရောက်ဘဲ ရပ်ကွက်ထဲသေဆုံးသူပိုများ၊ နာရေးအိမ်မလိုက်ဘဲ သုသာန်မှစောင့်၍ ဆာလံနှင့်ကောင်းချီးပေးမည်ဟု ကက်သလစ်ဘုန်းတော်ကြီးများကြေညာ
  • ကားဂိတ်များက ကယားသို့ ဆေးဝါးနှင့်ဆေးခန်းသုံးပစ္စည်းတင်ပို့မှု လက်မခံ
  • မိုးဗြဲPDFကဒလန်တွေနဲ့စစ်ကောင်စီကိုကူညီထောက်ပံ့သူတွေကိုသုတ်သင်ရှင်းလင်းပစ်မယ်လို့ကြေငြာ
  • အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းအနီးရှိ ချောင်းမကြီးရွာမှ သစ်တောရုံးတခုတွင် စုပုံထားသည့် သစ်ပုံကြီးများ ကို သစ်သူခိုးများက ကားအစီး ၃၀ ခန့်ဖြင့် ဝင်ရောက် ခိုးယူခဲ့
  • မော်လမြိုင်တက္ကသိုလ် ကျောင်းဆရာနှင့်ကျောင်းသား ၁၀၀ ကျော်မှာ ကိုဗစ်ပိုးတွေ့
  • ရခိုင်မှာ ကိုဗစ်ကူးစက်မှုတွေ တရက်ထက်တစ်ရက်မြင့်မားလာနေပြီး အခုဆို ပိုးတွေ့လူနာတွေထဲမှာ ၆ နှစ်အရွယ်ကလေးပါ ပါဝင်လာ
  • စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆိုးလ်မြို့ရှိ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြ
  • တာချီလိတ်ခရိုင်ရဲရုံးရှေ့ အတားအဆီးကို ကားတစ်စီးဝင်တိုက်၊ အစောင့်ရဲ သေနတ်ပစ်ဖောက်
  • ဖမ်းထားသူတွေကို နှိပ်စက်ပြီး စကစက သတင်းနှိုက်ထုတ်နေဟုပြန်လွတ်လာတဲ့ USနိုင်ငံသားခံယူထားသူ သတင်းသမား နေသန်မောင်က CNNကိုပြော
  • စကစအဖွဲ့ အကြမ်းဖက်နေသည့်ကြားမှ နိုင်ငံနေရာအနှံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၈၃ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၁၈၃ ဦးရှိဟု ယနေ့ AAPPထုတ်ပြန်ထား
  • အခမဲ့ SMS ရယူလိုသော ပြည်သူများအနေဖြင့် မိမိတို့၏ Telenor နှင့် Ooredoo မိုဘိုင်းလ်ဖုန်းနံပါတ် များကို ခေတ်သစ်မီဒီယာ၏ Chat Box သို့ ပေးပို့နိုင်၊
  • လုံခြုံရေးအရ MPT ၊ Mytel နှင့် MEC ဖုန်းနံပါတ်များကို SMS သတင်းများ လုံး၀ (လုံး၀) ပေးပို့မည်မဟုတ်ဟုဆို
ကိုဗစ်သတိ အမြဲရှိ
  • ၂၆.၆.၂၁ ရက်က ကိုဗစ်ပိုးတွေ့လူနာသစ် ၇၈၃ ဦးရှိ
  • နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ၁၀၉ ဦးဖြင့် အများဆုံး
  • လောက်ကိုင် ၅၀၊ နောင်ချို ၄၇၊ ကလေး၊ တမူး၊ လက်ပံတန်း တို့၌ အဓိကတွေ့ခဲ့။

၂၈.၆.၂၀၂၁
မြင်းခြံ
  • စခများ အင်အား(၅၀)ကျော်ဖြင့် ဆီးမီးခံနယ်လှည့်ပတ်၊ ကြည်ရွာတွင်လူ၂၀ခန့် ဖမ်းဆီ
  • ရိုက်နှက်၍ ပြန်လွှတ်ပေး
  • ထ-၂ရှေ့ ရခ(၈)ဦး ဆိုင်ကယ်များ မနက်ထဲကစစ်နေ
  • ညနေက မိန်းလမ်းဘေးရှိ STAR မုန့်ဆိုင်အား ဝင်၍ ဆိုပိုင်ရှင် အပါ ၄ဦးအား ဖမ်းဆီးသွား
  • (ယနေ့ည အဖမ်းအဆီးများ ရှိနိုင်)
သတင်းစကားပါး
  • ပြည်သူများ ကိုဗစ်ရောဂါကို အထူးဂရုစိုက်ရန် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး
  • NUG& CRPH
  • စကစက တရုတ်ကုမ္ပဏီတစ်ခုကို ကျွန်းသစ်တစ်ဧကကို $၃၇ ဒေါ်လာနဲ့ ဧကပေါင်း ၅သောင်း ကျော်ရောင်းချဟု ဒေါက်တာ ဆာဆာကပြောဆို
  • စစ်ကောင်စီအလိုကျ စီရင်အမိန့်ချနေသည့် တရားသူကြီးများ အရေးယူခံရမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ သတိပေး
စစ်ပွဲ သတင်း
  • ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးခန့် ကျဆုံး
  • KNU ထိန်းချုပ်နယ်မြေမှ ရွာသား ၁၃ ဦးကို စစ်အုပ်စု ဖမ်းဆီးပေါ်တာဆွဲ
  • မင်းကင်း PDF က စစ်ကောင်စီတပ်ဖွဲ့၀င်ထံမှ လက်နက် များ လုယူနိုင်ခဲ့ဟု မင်းကင်း PDF က အတည်ပြု
  • ကသာနဲ့ထီးချိုင့်မှာ PDF-KIA နဲ့တိုက်ပွဲ စကစ ၄၀ကျော်သေ
ဗုံး&မီး သတင်း
  • မနေ့ညက သာကေတမြို့နယ်၊ မြင်တော်သာလမ်းမပေါ်ရှိ လျှပ်စစ်မီတာရုံးတွင် ဒုတိယအကြိမ် ဗုံးထပ်ပေါက်
  • ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းမှာ မနေ့က ညပိုင်းက ဗုံးပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့
  • မုံရွာအမြင့်လမ်းခွဲတွင် ဗုံးကွဲ၊ စစ်ကောင်စီတပ်သား ၁ ဦးနှင့် ရဲ ၁ ဦး ဒဏ်ရာရ
  • ယနေ့မနက် ၁၁နာရီခန့်က ကလေးမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်အနီး ပေါက်ကွဲမှုဖြစ်ပွား
  • ကလေးမြို့ စုပေါင်းရုံရှေ့တွင် ယနေ့ညနေက ပေါက်ကွဲမှုဖြစ်ပွား
  • နမ့်ခမ်းမှာ SSPPဖမ်းထားစဥ်သေဆုံးသွားသူရဲ့အလောင်းပြန်ပေးဖို့ဆန္ဒပြချိန် ဗုံးကွဲ ၂ဦးသေ ၄ ဦး ဒဏ်ရာရ
  • ဘိုကလေးမြို့အဝင် သာပေါင်းစစ်ဆေးရေးဂိတ်က ကင်းတဲ မီးရှို့ခံရ
အကြမ်းဖက်အဖွဲ့၏ ယုတ်မာရက်စက်မှုများ
  • ယနေ့မနက်က မန္တလေး ၄၉ လမ်း၊ ၁၂၂ လမ်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုများ ပြုလုပ်
  • ပြည်ကြီးတံခွန်တွင် စစ်ကောင်စီအမာခံသတင်းပေးက မြေကွက်အပိုင်စီးမှု မြေရှင်နှင့်ရန်ဖြစ်စဉ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး ၁ ဦး ကျည်ထိသေဆုံး၊ ၁ ဦးဒဏ်ရာရ
  • မိုးကုတ်မှ ဆန္ဒပြသူတစ်ဦး၏ ဇနီးနှင့် သမီးနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီမှ နှစ်ပတ်ကျော်ကြာ ဖမ်းဆီးထား
  • ရေကြိုမြို့နယ် ခင်မွန်(ခွေးမြုပ်)ရွာက ဒေသခံပြည်သူ တစ်ယောက်ကို မနေ့က မွန်းလွဲပိုင်းက အကြမ်းဖက်စစ်အုပ်စုတွေ လာရောက်ဖမ်းဆီးသွား
  • မတ္တရာမြို့နယ်မှ ကျေးရွာတွေကို စကစအဖွဲ့က မနေ့က မနက်ပိုင်းက ဝင်ရောက်စီနင်းပြီး ဘက ကျောင်းဆရာတစ်ဦးနဲ့ ရွာသားတစ်ဦးကို ဖမ်းဆီးသွားကာ ပစ္စည်းတချို့လည်း ယူသွားကြ
  • မိုးဗြဲအနီးတွင် လူငယ် ၂ ဦးစီးနင်းလာသော ဆိုင်ကယ်ကို စစ်ကောင်စီတပ်များက ပစ်ခတ်၍ ၁ ဦးပွဲချင်းပြီး သေဆုံး
  • စစ်ကိုင်း ကန့်ဘလူ ရဲဒွေးရွာတွင် စကစ လက်သပ်မွေး သေနတ်ကိုင်ကြံ့ဖွံ့ပါတီဝင်များကြောင့် ရွာခံများတိမ်းရှောင်နေရ
စစ်ဘေးရှောင်
  • အကြမ်းဖက်စစ်တပ်ဘေးရန်ကြောင့် မင်းကင်းနယ်သားသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရ
  • ရသေ့တောင် စစ်ရှောင်စခန်း၁ခု အငတ်ဘေးရောက်နိုင်ခြေရှိ
သာရေးသတင်း
  • မကွေးတိုင်း၊ ရေစကြိုတွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရကာ ပျူစောထီးအဖွဲ့ဝင်ဟု ကိုယ်တိုင် ထုတ်ဖော်ကြေညာထားသူ ဦးညွန့်တင် သေနတ်ပစ်ခံရပြီး သေဆုံး
  • အောင်ပန်းကျေးရွာက ဒလန်တစ်ဦးကို PDF (ရေစကြို) သုတ်သင်ရှင်းလင်း
  • တန့်ဆည်တွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ ဦးကျော်ဆွေဦး ပစ်သတ်ခံရ
  • မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီခန့် နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးမြင့်လည်း သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွား
  • ယနေ့ညနေက တောင်ဒဂုံ၇၂ရပ်ကွက်ကရုံးစာရေးမတဦးပစ်ခတ်ခံရ
  • ပူတာအိုခရိုင်တွင်းရှိ ဒလန်များကို ကျည်ဆန်နှင့်အတူ သတိပေးစာပို့
  • မင်းလှမြို့နယ်အပိုင် စစ်ကွင်းရဲစခန်းတွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူ ၂၇ ဦးတွေ့ရှိ
အထွေထွေ
  • လားရှိုးမြို့နယ် က အခြေခံပညာကျောင်းတွေကို ယာယီပိတ်လိုက်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးခွဲက မနေ့ညမှာ ထုတ်ပြန်
  • SSPP ဖမ်းသွားသည့် နမ့်ခမ်းရှမ်းလူငယ်အဖွဲ့ဒုဥက္ကဋ္ဌ သေဆုံး၊ အလောင်းပြန်ရရေး တောင်းဆို
  • စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်အပြီးမှာ လက်နက်ဝယ်ယူမှု ပိုတိုးလာနိုင်
  • စစ်တပ်ကအင်အားသုံးဖြိုခွင်းရင် အရင်းအနှီးကြီးမယ်လို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICG သတိပေး
  • သဲကုန်းမြို့နယ်မှာ PDF မရှိကြောင်းနဲ့ ဒလန်သဘောမျိုး အသုံးချရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဒေသခံတွေပြောဆို
  • ပြည်ပကုန်သွယ်မှု ယခင်နှစ်ထက် $သန်း ၅၀၀၀ကျော်လျော့ကျ
  • နိုင်ငံတကာက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကို ဒဏ်ခတ်နိုင်ခြေများလာဟု ကျွမ်းကျင်သူများဆို
  • မန္တလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာ တစ်ရက်ထက် တစ်ရက်များလာပြီး ကုသရေးနေရာတော်တော်များများ လူနာပြည့်နေပြီလို့ လူမှုကူညီရေးအသင်းတွေက ပြော
  • မနက်ဖြန် မနက်ပိုင်းက စတင်ပြီး မိတ္ထီလာ သီးကုန်း ၂၈၅မိုင် ယာဉ်ရပ်နားစခန်းမှာ ကိုဗစ်၁၉စစ်ဆေးရေး စခန်းထားမည်
  • ရခိုင်မျိုးချစ်ပါတီဥက္ကဋ္ဌဟောင်းကို အမည်မသိ လက်နက်ကိုင်တွေဖမ်းဆီးသွား
  • စကစအဖွဲ့ အကြမ်းဖက်နေသည့်ကြားမှ နိုင်ငံနေရာအနှံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၈၃ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၂၀၂ ဦးရှိဟု ယနေ့ AAPPထုတ်ပြန်ထား
ကိုဗစ် သတိပြု
  • COVID-19 အတည်ပြုလူနာအသစ် တစ်ထောင်ကျော် တွေ့ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ချက်အရ သိရ

၂၉.၆.၂၀၂၁
မြင်းခြံ
  • သားသတ်ရုံမှပြန်လာသည့်လုပ်သားတစ်ဦးအားဓားပါလာ၍ဟုဆိုကာ ရခများမှ ဖမ်းဆီခေါ်ဆောင်သွားခဲ့
  • အမှတ်-၄မှ လူငယ်(၃)ဦး စခ၊ရခများဖမ်းဆီးသွား
  • အမှတ်(၁၇)ရပ်ကွက်မှ စကစခန့် စစ်ပြန်အုပ်ကြီး ဦးကျော်ဝင်း ညနေက သေနတ်ပစ်ခံရ၊လက်မှန်(မသေ)
NUG
  • အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးစာစဉ် အတွဲ(၁) အမှတ်(၁) ကို ထုတ်ဝေခဲ့
  • စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတွေကဆီကနေ အခွန်ငွေကျပ်သိန်း ၄၀၀၀၀ နီးပါး ရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ပြော
  • မြန်မာနိုင်ငံတွင်းမှာ အရွယ်မရောက်သေးသူတွေ အပါအဝင် ပြည်သူ ၆၄ ယောက်ကို စစ်ကောင်စီ အကြမ်းဖက်အဖွဲ့က သေဒဏ်ချထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြော
  • အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနနှင့် ပူးပေါင်းသည့် ကုမ္ပဏီလုပ်ငန်းရှင်များကို အမည်ပျက်စာရင်းသွင်း၍ အရေးယူမည်ဟု NUG အစိုးရသတိပေး
  • D-Day ရောက်ရှိလာတော့မည်ဟု NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်သူများသို့ အသိပေး
ယနေ့ ဟာသ
  • အနောက်နိုင်ငံများ မြန်မာ့အရေး ဝင်စွက်ဖက်နေဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
တိုက်ပွဲ သတင်း
  • ဒီပဲယင်းနယ်မှာ မြို့နယ်ရဲမှူးအပါ တပ်ဖွဲ့၀င် ၃ ဦး မိုင်းထိ၍ စိုးရိမ်ဒဏ်ရာရ
  • သထုံ ပိန်နဲတောစခန်းတွင် စနိုက်ဘာဖြင့် ပစ်ခံရ၍ စကစ ၁ဦးသေ
  • ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း
  • သိန္နီတွင် SSPP/SSA က အတင်းအဓမ္မ လူသစ်စုဆောင်းနေသဖြင့် ဒေသခံများ ထွက်ပြေး

ဗုံး သတင်း
  • မနေ့ည ၉နာရီခန့်က ရန်ကုန်မှာ အလွန်ကျယ်လောင်သော အသံများဖြင့် မြို့နယ် ၃ခုတွင် ဗုံးများပေါက်
  • ကရင်ပြည်နယ် မြဝတီမြို့ရဲစခန်းနှင့် တရားရုံးနား ဗုံးပေါက်ကွဲ
  • ယနေ့မနက်၁၀နာရီကျော်ခန့်က ကျိုက်လတ်မြို့အထက(၁)နားမှာဗုံးသုံးလုံးဆက်တိုက် ပေါက်လို့ကျောင်းသားမိဘတွေကကလေးတွေလာပြန်ခေါ်သွား
  • ကန်ကြီးထောင့်မြို့နယ်မှာ ညနေပိုင်းက လုံခြုံရေးတင်းကျပ်ထားတဲ့ ရုံးပေါင်းစုံရှိရာ အမှတ် ၃ ရပ်ကွက်မှာ ဗုံးပေါက်ကွဲခဲ့
  • ကျိုက်လတ်မြို့ ပညာရေးမှူးရုံးအနီး ဗုံး ၃ လုံး ဆက်တိုက်ပေါက်၊ လူ ၄ ဦး ဒဏ်ရာရ
  • ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် မြက်တိုရပ်မှာရှိတဲ့ မြို့နယ်ပညာရေးမှုးရုံးဝန်းအတွင်းမှာ ည ၇ နာရီ မိနစ် ၂၀ လောက်က ဗုံးပေါက်ကွဲခဲ့
  • မိုးကုတ်အရှေ့ပိုင်း စည်ပင်ရုံးရှေ့ ည ၇:၃၀ က ဗုံး ၂ လုံး ဆက်တိုက်ကွဲ
သာရေး သတင်း
  • တာမွေစီးပွားရေးဘဏ်ရှေ့တွင် ရဲတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
  • စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းတွင် ရဲတပ်သားသက်ပိုင်က ရဲကင်းမှူး ဒုရဲအုပ်ရွှေစိန်ဦးကို ပစ်သတ်
  • ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရ
  • သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ ကျားကြီး ပစ်သတ်ခံရ
  • တောင်သာ ဇီးပင်ကန်ရွာမှ ထွေအုပ်စာရေး ဒလန် ပစ်သတ်ခံရ
  • မြောက်ဥက္ကလာ ၆ ကွေ့ ခေမာသီ
  • ဒလန် အောင်လင်းဦး နားအုံ ဂျင်ကလီဖြင့် အပစ်ခံရ၊
  • ပုလောမြို့နယ် မြို့ဟောင်းရွာ ဒလန်အုပ်ကြီး မြင့်နိုင် မနေ့ ညနေက ဓားခုတ်ခံရပြီး သေဆုံး
အကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • တာမွေ ဗလီထိပ်တွင် ပြည်သူတချို့ကို စစ်ကောင်စီတပ်က ပစ်ခတ်၍ ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရ
  • ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ အသက် (၁၃)နှစ်အရွယ် သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကောင်စီတပ်သားက ၎င်းအနေနဲ့ လက်ကိုင်တာနဲ့ ပါးနမ်းရုံလောက်သာ လုပ်ဆောင်ခဲ့ကြောင်း ထွက်ဆိုထား
  • ငါန်းဇွန်မြို့နယ်၊ ကုလရွာမှ စကစ အုပ်ချုပ်ရေးမှူး အောင်ဇော်မင်း ရမ်းကားနေ၊ ရွာခံလူငယ် ၃ ဦးကို ကားဖြင့် လိုက်တိုက်၊ အခြားရွာသား ၃ ဦး ဖမ်းဆီးခံရ
  • သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာက သပိတ်ခေါင်းဆောင် အပါအဝင် (၆) ဦးကို မနက် (၅) နာရီခွဲလောက်က ဖမ်းဆီးခံရ
  • မြန်အောင်မြို့ အရက်ဆိုင်တခုတွင် လေသေနတ်တွေ့သဖြင့် ဆိုင်ရှင်ကို ဖမ်းဆီး
CDM
  • ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်က CDM ပညာရေးဝန်ထမ်း ၁၆၀၀ ကျော် အလုပ်ထုတ်ခံရ
အထွေထွေ
  • သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ၅၀၅ (ခ) အတွက် သက်သေခံတင်သွင်းမှု တရားရုံးလက်ခံ
  • US အစိုးရ မှ Action, Statements ၁၈ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီကို တုံ့ပြန်မည်ဟုကြေညာ
  • ၅၀၅-က နဲ့ အမှုဖွင့်ထားတဲ့ အနုပညာရှင် ၂၄ ဦးကို အမှုက ရုပ်သိမ်းလိုက်တယ်လို့ ကြေညာ
  • ညောင်လေးပင်တွင် ရဲတပ်ကြပ် ၁ ဦး အပါအဝင် ၄ ဦး ကိုဗစ်ပိုးတွေ့ရှိ
  • ကွယ်လွန်သွားပြီဖြစ်တဲ့အဆိုတော်ရေမွန် အတွက် Raymondtree Campaing ကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်
  • တပ်ထဲမှာ ဖရဲသီးစစ်ဆင်ရေးဟုဆိုကာ ပြည်သူဘက်ပါသောအရာရှိစစ်သည်များကိုစောင့်ကြည့်နေ
  • ပဲတန်ချိန် ၃သိန်းခွဲတင်ပို့ရန် အိန္ဒိယနဲ့ စကစလက်မှတ်ထိုး
  • SPP/SSA လုပ်ရပ်ကိုကန့်ကွက်ရှုတ်ချကြောင်းရှမ်းအဖွဲ့ ၁၈ဖွဲ့ထုတ်ပြန်
  • မကွေးတွင် ကိုဗစ်လူနာ ၁၃ ဦးတွေ့ရှိ၊ ဆေးကုမပေးဘဲ နေအိမ်ပြန်လွှတ်
  • မြစ်ကြီးနား ဗလမင်းထင်တံတား ဖြတ်သန်းချိန်ပြောင်းလဲ လုံခြုံရေးတင်းကျပ်
  • ကလေး၌ ကိုဗစ်လူနာ ပျမ်းမျှ ၁ရက် ၁၀ဦးနှုန်း သေဆုံးနေ
  • ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကပစ (၁၉) မှ တောအရာခံဗိုလ်သင်တန်းတက်ရောက်ပြီး ပြန်လာသည့် စစ်သား ၃ ဦး Covid ရောဂါပိုးတွေ့ရှိခဲ့
  • ဆေးတက္ကသိုလ်-မကွေးမှ ဖမ်းဆီးခံကျောင်းသားများ ဖမ်းဆီးခံရပြီး ၁၂၁ ရက်အကြာ ပြန်လည်လွတ်မြောက်လာ
  • တောင်ငူအကျဉ်းထောင်မှာ ယနေ့ အကျဉ်းသားနဲ့ အချုပ်သား အယောက် ၆၀ Covid ကူးစက်ခံထားရ၊ ထောင်ကို Lock Down ချလိုက်ရ
  • ပြည်ပချေးငွေ စနစ်တကျ စိစစ်သုံးသပ်ပြီးယူရန် စစ်ကောင်စီ၏သြဇာခံ ဗဟိုဘဏ် တာဝန်ရှိပြော
  • မုံရွာရှိ အန်အယ်လ်ဒီအမတ်အပါအဝင် ဝန်းရံပြည်သူ ၄၈ ဦးကို သတ်ပစ်မည်ဟု ပျူစောထီးအဖွဲ့ ခြိမ်းခြောက်
  • သံတွဲမြို့ ၌ ကျောင်းသားနှင့် ဆရာများ ကိုဗစ်-၁၉ ကူးစက်ခံနေရသော်လည်း ကျောင်းပိတ်ခွင့်မရ
  • စကစအဖွဲ့ အကြမ်းဖက်နေသည့်ကြားမှ နိုင်ငံနေရာအနှံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ
  • ကိုဗစ် သတိပြု
  • ကိုဗစ် ကူးစက်သူ အသစ် ၁၃၁၂ ဦးတွေ့၊ ၁၁ ဦး သေဆုံး

၃၀.၆.၂၀၂၁

အမှာစကားပါး
  • ပြည်သူတွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နေကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရှေ့နေကတဆင့်မှာကြား
EAO & တိုက်ပွဲသတင်း
  • မြစ်ကြီးနား ၂၁ မိုင်စုပေါင်းဂိတ်ကို KIA ဝင်ပစ်၍ ရဲတစ်ဦး အပါအဝင် ၂ ဦးသေဆုံး၊ ရဲ ၁ဦးဒဏ်ရာရပြီး ၁ ဦးပျောက်နေ၊ စစ်ကောင်စီက KIA တပ်ရင်းတစ်ခုကို ဗုံးကျဲ လက်တုံ့ပြန်
  • KNU/KNLA တပ်မဟာ(၇) တပ်မဟာမှူးအသစ်အဖြစ် ဗိုလ်မှူးကြီး စောဖောဒိုဖြစ်လာ
  • RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ PPSTဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်လိုကြောင်း မနေ့က စာပို့ခဲ့
  • ချင်းပြည်နယ် ဘုံဇုန်းတွင် CDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံး
  • တန့်ဆည် PDF က ဗုံးခိုကျင်း၊ လုံခြုံရေး ထွက်ပေါက် စီမံထားကြရန် ပြည်သူသို့ အသိပေးချက် ထုတ်ပြန်
  • ရန်ကုန်က မြေအောက်ပြောက်ကျား တော်လှန်ရေးအဖွဲ့၁၁ဖွဲ့ ပေါင်းစည်း
ဗုံးသတင်း
  • ပုဇွန်တောင် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်၊ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
  • ည ၇နာရီခန့်က မူဆယ်မြို့ ပြည်သူ့စစ်ပိုင် လောင်းကစားဒိုင်အနီး ဗုံးကွဲ
  • ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ မနေ့က ညပိုင်းက ဗုံး ၅ လုံးလောက်ဆက်တိုက်ပေါက်ကွဲခဲ့
  • စစ်ကိုင်းတိုင်း၊ ကသာမြို့ အထက ၁ ကျောင်းရှေ့မှာ ဇွန်လ ၃၀ ရက် မနက် ၅ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ခဲ့
  • မနေ့ညက ကျိုက်လတ်တွင် ဗုံး ၄ လုံးပေါက်ကွဲ၊ ပြည်သူ ၇၀ ကျော်ကို ဖမ်းဆီး
သာရေး
  • မန္တလေး ကျုံးရေပြင်ထဲ ရေဆင်းချိုးတဲ့ စစ်ကောင်စီ တပ်သား နိုင်လင်းကျော် သေဆုံး
  • ယနေ့ နံနက်က အင်းစိန်မြို့နယ် ၊ပိန္နဲကုန်းရပ်ကွက်မှာ သတင်းပေးလို့နာမည်ထွက်နေတဲ့ မောင်မောင်သေနတ်ဖြင့်ပစ်သတ်ခံရ
  • ထား၀ယ်မြို့ ၊ပုလောမြို့နယ်၊ မြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည်ဇွန်လ ၂၈ ရက် ညနေပိုင်းတွင်ဦးခေါင်းဓားခုတ်ဒဏ်ရာဖြင့်လမ်းဘေးတွင်သေဆုံးနေ
  • ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လတ် ကို ပစ်သတ်မှု ၄င်းတို့လက်ချက်ဟု ပဲခူး BDF ကြေညာ
  • ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာတွင် ဒလန် ၂ ဦး အသတ်ခံရ
နိုင်ငံတကာ
  • မြန်မာအကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးပတ်သက်ဆက်နွယ်နေမှုများ အမြန်ဆုံး ရပ်တန့်ပေးဖို့ ဆွစ်ဇာလန်ထိပ်တန်းဘဏ်များကို တောင်းဆို
  • မြန်မာပြည်ထဲ အကူအညီပေးရေး လုပ်ဆောင်ဖို့ မလွယ်ကူနိုင်ဖြစ်နေဆဲလို့ ယူနီဆက်ဖ်ပြော
  • ဖမ်းထားသူတွေပြန်လွှတ်ရေး စစ်ကောင်စီကို ဂျပန် ဆက်လက်တောင်းဆိုမည်
အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာမှုများ
  • ပြည်ကြီးတံခွန်တွင် စစ်ကောင်စီ သတင်းပေးနှင့် မြေပိုင်ရှင် အိမ်ဝိုင်းပိုင်ဆိုင်မှု့ အငြင်းပွားရာမှ စစ်တပ် ပစ်ခတ်မှု့ကြောင့် ကျဆုံးသူ ကိုဝေဖြိုးအောင် အလောင်းပြန်မရ။ ခန္ဓာကိုယ်မဲ့ နာရေး မိသားစုလုပ်ရ
  • ငါန်းဇွန်၊ ကုလကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲ၊ အုပ်ချုပ်ရေးမှူးက ရွာသားတချို့ကို တွေ့လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်
  • ထားဝယ်မြို့ အဝင်အထွက်ဂိတ်အားလုံး စစ်တပ်က လက်နက်အပြည့်အစုံဖြင့် စစ်ဆေးမှုကြမ်း၊ မြို့အဝင်အထွက် ပြည်သူများ လက်မှတ်ထိုးရ
  • မတရားဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေတနေကုန်စောင့်ဆိုင်းနေသော်လဲ ညမှစလွှတ်
  • CDM နဲ့ NLD တွေကိုမလွှတ်ပေးဖို့ စကစစာထုတ်
  • ကချင်စစ်ဘေးရှောင်ပြည်သူတို့၏ နေအိမ်များ ဖျက်ဆီး ခိုးယူခံရ
  • သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက ပြည်သူ ၆ ဦး မနေ့ မနက် က ဖမ်းဆီးခံလိုက်ရ
ကျောင်းပုံပြင်
  • ပုသိမ်မြို့၊ အ.ထ.က (၂) ကျောင်းမှာ ကျောင်းသား တစ်ဦး ကိုဗစ်ရောဂါပိုးတွေရှိခဲ့တာကြောင့် ယာယီ ကျောင်းပိတ်
  • မင်းလှက ကျောင်းဆရာတဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့၊ စာသင်ကျောင်း ၂ ပတ်ပိတ်
  • ထီဗျို့
  • ဒီလထီ သိန်း၅၀၀၀နဲ့ သိန်း၁၀၀၀ ၁ဆုစီသာပါမည်
  • ထီရောင်းချရမှုနှုန်း အလွန်နည်းပါးသဖြင့် ထီလုပ်ငန်းလုပ်ကိုင်သူများ ရပ်တည်ရခက်ခဲလာ
CDM
  • မင်းလှမြို့နယ်က ပညာရေးဝန်ထမ်း ၄၈ ဦး အလုပ်ထုတ်ခံရပြီး ၂၄ ဦး ယာယီရပ်ဆိုင်းခံရ
  • ကျန်းမာရေး၊ ပညာရေး CDM သူရဲကောင်း ၅၀၁ ဦးအတွက် We Pledge CDM အဖွဲ့က ငွေ ကျပ်သိန်း ၂၅၀ ထောက်ပံ့
အထွေထွေ
  • စစ်ဘေးရှောင်ကလေးငယ်တွေ ပညာရေးအဆက်မပြတ်စေရေး ကိုယ်ထူကိုယ်ထ ပညာသင်ကြားဖို့ ယာယီစစ်ရှောင်စခန်းတွေမှာ ပြင်ဆင်လာ
  • အမေရိကန်နှင့် ဆွစ်ဇာလန်က မြန်မာသံတမန်ဝန်ထမ်း ၁၁ ဦး နေရင်းနိုင်ငံ ပြန်ရန် ငြင်းဆန်ထား
  • ကိုဗစ်ပိုးတွေ့လူနာအသစ် ၁၃၀၀ ကျော်တွင် တိုင်းနှင့်ပြည်နယ်မြို့ပေါင်း ၁၅၀ ကျော်မှ ပါဝင်လာ
  • အင်းစိန်အကျဉ်းထောင်မှလွတ်မည့်သူများထဲ နာမည်ကြီးအနုပညာရှင်များ မပါ
  • ဖမ်းဆီးခံရသူများကို မန္တလေးအိုးဘိုအကျဉ်းထောင်မှ ၃ ရက် ခွဲပြီးလွှတ်မည်
  • PDF သင်တန်းတက်ပြီး ပြန်လာသူများကို ဖမ်းဆီးရန်တိုင်းစစ်ဌာချုပ်ညွှန်ကြား
  • အင်းစိန်ထောင်ကနေ သတင်းထောက်(၅)ဦးအပါအဝင် အကျဉ်းသား(၇၂၀)ကျော်ကို ညနေပိုင်းမှာ လွှတ်ပေး
  • စကစအဓမ္မဖမ်းထားသူ ၂၀၀၀ခန့် ပြန်လွတ်လာ
  • ဖမ်းဆီးထားသူတွေကို လွှတ်ပေးပြီး နိုင်ငံတကာအသိအမှတ်ရရှိရေး စစ်ကောင်စီကြိုးပမ်းနေလို့ AAPP ပြော
  • နိုင်ငံအနှံ စကစအား ဆန့်ကျင်ဆန္ဒပြနေဆဲ

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________