Skip to main content

ဇွန်လ တတိယပါတ် သတင်းစဉ်

 ၁၆.၆.၂၀၂၁
မြင်းခြံ
အမှတ်(၇/ခ)မှ နေအိမ်တစ်အိမ်သို့ ရခများ ဝင်ရှာ။ကားဖြူတစ်စီး၊အရပ်ဝတ်ဆိုင်ကယ်အချို့နှင့်ရပ်ကွက်ထဲပတ်နေ
လယ်သစ်ရွာ ငွေကြယ်ဖြူစက်သုံးဆီဆိုင် ပေါက်ကွဲမူဖြစ်ပွားခဲ့
ယမန်နေ့ညက အမှတ်၁၅ ရပ်ကွက် ၊ SP ရုံးနား ဗုံးပေါက်ကွဲခဲ့
ယမန်နေ့က ကွမ်းစိုက်ရွာမှ ဒလန်တစ်ဦး ဓားထိုးခံရ
ကွမ်းစိုက်ရွာ စခများဝင်မွှေ။အယောက်(၅၀)ကျော်အဖမ်းဆီးခံရပြီး၊ကျန်ရွာသူရွာသားများထွက်ပြေးနေရ
အနိမ့်ကျေးရွာတွင် စကစခန့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ပျူစောထီးအဖွဲ့အား လက်နက်များပေးအပ်ပြီးဖြစ်၍ ည(၈)နာရီနောက်ပိုင်းမထွက်ကြရန် လော်စပီကာဖြင့်အော်ပြောကြေငြာ၊ ထွက်ခဲ့သော် ပစ်သတ်မည်ဟု ယနေ့ ညနေက ခြိမ်းခြောက်ကြေငြာသွား
EAO&တိုက်ပွဲ သတင်း
ကွတ်ခိုင် လရှီမန်မောဝ် လွယ်ကြော့အနီး မနေ့က ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်အား MNDAA မှ တိုက်ခိုက်
ကရင်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခထပ်မံမဖြစ်ပွားရေး ဆွေးနွေး
မင်းကင်းမှာ ပစထက စကစကို စစ်ကူပေး၊ Facebook မှာပုံတွေပြန့်ခဲ့လို့တပ်ဆုတ်ခဲ့ရဟု PDFထုတ်ပြန်
ကွတ်ခိုင် ကုန်းဆာမှာ စကစနဲ့KIA၊ လွယ်ကန်မှာ စကစနဲ့MNDAA၊TNLAတို့ တိုက်ပွဲဖြစ်
လူမှုကွန်ရက်၌ ပုံများပြန့်ခဲ့သဖြင့် တပ်ပြန်ဆုတ်ရဟု မင်းကင်းPDFထုတ်ပြန်
ကယားတွင် စစ်တပ် အကြမ်းဖက်မှုဆက်လုပ်နေပါကကြည့်‌နေမည်မဟုတ်ဟု KNPPဆို
ရှမ်းတောင် တောင်ကြီးရှိ PNOဌာနချုပ်တွင် ပေါက်ကွဲမှုဖြစ်
ပေါက်မြို့ ကိုင်းလယ်ရဲစခန်းမှ ဆိုင်ကယ် ၁၅ စီးဖြင့် လာသော အကြမ်းဖက်ရဲများ မနေ့က မိုင်းဆွဲခံရ၍ ၁၀ ဦးခန့် သေဆုံး
NUGကတိုက်ပွဲခေါ်သံပေးလျှင် မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ပဲခူးPDFဆို
မင်းတပ်စစ်ရှောင်များ တုပ်ကွေး ငှက်ဖျား ဝမ်းရောဂါတို့ခံစားနေရ
ဝါးခယ်မတွင် စစ်တပ်ကပြည်သူ့စစ်ဖွဲ့စည်းရန် ၁ရွာလူ ၂၀နှုန်း စုဆောင်းနေ
ဗုံး သတင်း
အင်းစိန် ဖော့ကန်ရပ်ကွက်ရုံး ယမန်နေ့ညက ဗုံးပေါက်ကွဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးခေါင်းထိ ရာအိမ်မှူး ဗိုက်ထိ ဒဏ်ရာရ
သန်လျင် လျှပ်စစ်မီတာရုံးရှေ့ ည ၇း၃၀ က ဗုံးပေါက်ကွဲ
ဖျာပုံ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲသို့ ည ၇ နာရီခွဲခန့်က
ဆိုင်ကယ်နဲ့ လူနှစ်ယောက်က ဗုံးပစ်ထည့်သွား၊ ဗုံးပေါက်ကွဲ၊ လူတစ်ဦးထိမှန်
တောင်ဒဂုံ ၇၁ ရပ်ကွက်ရုံး ဗုံးပေါက်ကွဲ ရုံးအနီး အလှပြင်ဆိုင်မှ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
သာရေး သတင်း
လှိုင်သာယာ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှဦး ပင်လုံစျေးမှတ်တိုင်အနီး ဦးခေါင်းသေနတ်တေ့ပစ်ခံရ၊ သေဆုံး
ကျောက်တန်းမြို့ရှိ CDM ဆရာ/ဆရာမများကို ဒလံလုပ်ကာ ဒုက္ခပေးခဲ့သော ဒုတိယ ပညာရေးမှူး အေးထွန်း သေနတ်ဖြင့်ပစ်သတ်ခံရ သေဆုံး
တန့်ဆည်မြို့ ဒေါင့်ကြီးရွာ အုပ်ကြီးအဟောင်း ဒလံ သန်းဝင်းဆိုသူ မနက် ၁၀း၅၀ က ဓားခုတ်ခံရ သေဆုံး
ပုသိမ်၌ စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်၊ ၁ဦးသေ
ဘုရားသုံးဆူတွင် သတင်းပေးဟုယူဆရသူ အသတ်ခံရ
အင်းတကော် ထောက်ပို့ တပ်ထဲ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ် တစ်ဦး ဦးခေါင်းကြေမွသေဆုံးဟုသိရ
အာဏာလုအဖွဲ့၏ ယုတ်မာရက်စက်မှုများ
ပဲခူး သနပ္ပင်မြို့ ကျူချောင်းကျေးရွာစာသင်ကျောင်းမှ အလယ်တန်းကျောင်းသူ ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီစစ်သားများက မုဒိမ်းကျင့်သတ်ဖြတ်၊ ကျောင်းသူ ၂ ဦးစလုံးသေဆုံး၊ အစာအဆိပ်သင့်တယ်ဆိုပြီး သတင်းဖြန့်ထား
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ထဲက လီဆူတိုင်းရင်းသား အမျိုးသမီး ၂ ဦး မိသားစုစားဖို့ မှိုသွားရှာရင်း ဇွန်လ ၁၄ ရက်မှာ စစ်ကောင်စီတပ်သားတချို့ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရ
အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးတင်ရှို့တဲ့ ပေါက်မြို့ ကင်းမရွာမှာ ဘိုးဘွား ၄ ဦး မီးလောင် သေဆုံး၊ အိမ်ခြေ ၂၀၀ခန့်မီးလောင်ခဲ့
ဇွန်လ ၁၄ရက်နေ့ညက ပြည်ကြီးတံခွန်တွင် စကစ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဗိုက်ကျည်ထိသော အသက် ၂၃ နှစ်အရွယ် မောင်ဆုပိုင်ထွေး ဆေးကုသခွင့်မရဘဲ သွေးလွန် သေဆုံးခဲ့
ကန်ပက်လက်မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကို စစ်ကောင်စီမှဖမ်းဆီး
အထွေထွေ
မိုးသည်းထန်၍ ရခိုင် သံတွဲလေဆိပ်ရေမြုပ်
တရုတ်နိုင်ငံနှင့်ပတ်သက်သော G7ထုတ်ပြန်ချက် ပြင်းထန်စွာကန့်ကွက်ကြောင်း တရုတ်စာထုတ်
မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ခေတ္တဆိုင်းငံ့ဖို့အတွက် မလေးရှားဘုရင့်လွှတ်တော်အစည်းအဝေး
ထိုင်းအစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ တွေ့ဆုံမည်
ဒေါ့ဖုန်းယန်မြို့ပြင်မှာ စကစက မြေမြုပ်မိုင်းအများအပြားချထား
ဒီးမော့ဆိုမှာ စကစသတ်ဖြတ်ထားတဲ့ အလောင်းများဆက်တိုက်တွေ့ရှိ
ဝေါလေသတ်ဖြတ်မှုကိုအရေးယူပေးရန် KNUကို စကစတိုင်းမှူးစာပို့
မြန်မာစစ်ရှောင်တွေကို မီဇိုးရမ်ပြည်နယ်အစိုးရက ငွေကြေးပံ့ပိုးမည်
၂၀၁၉ကရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးခဲ့သူများကို AAပြန်လွှတ်
ကူးစက်မြန်ကိုဗစ်မျိုးကွဲ ၃မျိုး(Alpha Delta နှင့် Kappa ) တွေ့ဟု စကစMoHSထုတ်ပြန်
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြ
နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၈၆၃ ဦး နှင့် ဖမ်းဆီးခံရသူ ၆၀၆၀ ဦးနှင့် ချုပ်နှောင်ခံထားရဆဲ ၄၈၉၃ ရှိဟု ၁၅ရက်နေ့က AAPPမှထုတ်ပြန်ထား
၁၇.၆.၂၀၂၁
မြင်းခြံ
၁၆ရက်နေ့ည၌ အမှတ်(၉)ရပ်ကွက်
ကိုကျော်သက်ဦး(ခ)ဖျော်တီး ဝင်ရောက်ဖမ်းဆီးခံရ။
ကျောက်ကန်ရွာ၌ စခများ ကား-၃စီးနှင့် ဝင်ရောက်၊ဒလန်မှ ည(၈)နာရီမှမနက်(၄)နာရီထိ မထွက်ဖို့ အသံချဲ့စက်အော်လန်နှင့်ကြေညာ၊စခ(၅)ဦး စာသင်ကျောင်း၌ကျန်ခဲ့၊ပျူစောထီး(၄)ဦးပူးပေါင်းဟု ရွာခံများ ခန့်မှန်း
၁၅ရက်နေ့ ကွမ်းစိုက်ရွာ ဒလန် ဓားထိုးခံရ၍ စကစမှ ရွာသား ၃၈ဦးကို ဖမ်းဆီးခေါ်ဆောင်သွား၊ ၁၆ရက်နေ့တွင် ၃၆ယောက် ပြန်လွတ်ခဲ့၊ ကိုချစ်ကိုနှင့်ဦးစိန်ဝင်း တို့ စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း ရွာခံတစ်ဦးကပြော၊ Dead Body ပြန်မရသေး
ယနေ့ ည ခုနှစ်နာရီတွင် မော်မော်ထိပ် ၊S B ရုံးနား ၊အောင်ကမ္ဘာသံလမ်းကျော် ၊B M E ကျောင်းနား ဗုံးကွဲ
ရွာစည်၊ သဲဖြူဝ ၊ အနိမ့် ၊ ခေါင်းကွဲ ၊ လယ်သစ် တို့မှ ရွာခံ ပျူစောထီးများကို သေနတ်ပေးထားဟု မျက်မြင် တွေရှိခဲ့တဲ့ သူတချို့က ပြော
NUG
ကြားကာလပညာရေး၊ အင်တာနက်မရသည့်ဒေသများထိ NUG အစိုးရပညာရေးဌာနမှ စီစဉ်ပေးမည်ဟု ထုတ်ပြန်
အကြမ်းဖက်စစ်တပ်က ကင်းမရွာကို မီးတင်ရှို့မှုဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုဖြစ်ဟု NUG ထုတ်ပြန်
NDF အရာရှိငယ်သင်တန်း အမှတ်စဉ် (၁) နှင့် မြို့ပြပျောက်ကျား သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲပြုလုပ်
တိုက်ပွဲသတင်း
ကွတ်ခိုင်စကစနဲ့KIA တိုက်ပွဲပြင်းထန်
ကွတ်ခိုင်တိုက်ပွဲ မနေ့က
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၃ ယောက် သေဆုံးကြောင်း KIA မှ ထုတ်ပြန်
USDP ပါတီဝင်တွေ နှင့် အကြမ်းဖက်စကစတပ်တွေ ပေါင်းပြီး မင်းကင်း PDF နှင့် မနေ့က တိုက်ပွဲဖြစ် စကစဘက် (၄) ဦး သေ၊ PDF ထိခိုက်မှုမရှိ
စစ်ကောင်စီနဲ့ အပစ်ရပ်မယ်ဆိုတဲ့ထုတ်ပြန်ချက်သည် ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KPDF ပြောရေးဆိုခွင့်ရှိသူက DVBကိုပြော
ယာယီအပစ်ရပ်ပြီး ၂ရက်မြောက်မှာ ဒီးမော့ဆိုမှာ လက်နက်ကြီးနဲ့ပစ်
ပေါက်ကွဲ၊ မီးလောင်
ဗဟန်း ရွှေဂုံတိုင် NLD ရုံးချုပ်ရှေ့နဲ့ ဒေါက်တာဇော်ဝေစိုးနေအိမ်ရှေ့ ည (၈) နာရီကျော်က ဗုံးပေါက်ကွဲမှုများဖြစ်
ဟိုပင်မြို့ အင်းလေးကျေးရွာရှိ အ.လ.က(ခွဲ) ကျောင်း ည (၁၂)နာရီခွဲခန့်က မီးရှို့ခံရ
တောင်ကြီးမြို့မှာ ရှိတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဋ္ဌာနချုပ်ကို မနေ့က ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရ
ပဲခူး ပြင်စည်လမ်းမပေါ်ရှိ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဗုံး ကွဲ အုပ်ကြီးနှင့် ရုံးအကူ ဒဏ်ရာပြင်းထန်ရ၊ မြို့နယ်အခွန်ရုံးနှင့် မြို့နယ်လျှပ်စစ်ရုံးတွင် ပေါက်ကွဲခဲ့
မန္တလေး ၃၈-၈၇ လမ်း ငွေတောင်ကျောင်း အနောက်မြောက်ထောင့် ဗုံးပေါက်ကွဲ
ရန်ကုန် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် သက်သက်ခိုင်ရဲ့ 68 Resident ကွန်ဒိုမှာ ပေါက်ကွဲမှုဖြစ်ပွား ၊ ပျူစောထီးအဖွဲ့ရဲ့ ဖောက်ခွဲရေး ပစ္စည်းများ သိုလှောင်ထားရာမှ ပေါက်ကွဲဟုသိရ
သာရေး သတင်း
ကနီမြို့ ဒလန်မြင့်ဇော်ဆိုသူ မ​နေ့ ည ၈း၃၀ က ဦးခေါင်းကို သေနတ်ပစ်ခံရ သေဆုံး
ပခုက္ကူတွင် အကြမ်းဖက်စစ်ကောင်စီ သတင်းပေး ဒလံ PPP ပါတီဝင် ၁ ဦး၏ အလောင်းကို ဓားဒဏ်ရာများဖြင့်တွေ့ရှိ
စမ်းချောင်း သံတံတားရပ်ကွက်က
ဒလန် အုပ်ကြီး ငမိုးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရ၊နားရွက်ထိဆေးရုံရောက်
မိုးကုတ်မြို့တွင် ဒလန်ဟု နာမည်ကြီးနေသော အမျိုးသား ၁ ဦး သေနတ်ပစ်ခံရ
တောင်တွင်းကြီး စီးပွားရေးဘဏ်တွင် စခန်းချနေသည့် အကြမ်းဖက်ရဲများကို ည ၇း၃၀ က ဆိုင်ကယ်နဲ့လာသူနှစ်ယောက်မှ သေနတ်ဖြင့်ပစ်ခတ်သွား ရဲတစ်ဦးထိမှန်သေ
မန္တလေး လမ်း ၈၀ - ၉ လမ်းထောင့် ၊ အမှတ် ၄ ရဲစခန်းက သဲအိတ်ကားထားတဲ့နေရာကို ရဲလင်မယား ဆိုင်ကယ်နဲ့ ဝင်တိုက် နှစ်ဦးစလုံးသေ
ထိတ်လန့်နေဆဲ UN နှင့် နိုင်ငံတကာ
မြန်မာ့ လူ့အခွင့်အရေးအခြေအနေ ယိုယွင်းကျဆင်းမှု မြန်မာရှိကုလသမဂ္ဂအဖွဲ့အစည်းများ စိုးရိမ်ထိတ်လန့်
ကုလအစည်းအဝေး စကစတက်ခွင့်မရပြန်
ကင်းမရွာကို ရွာလုံးကျွတ်ပြာကျတဲ့အထိ မီးရှို့ခဲ့တဲ့ လုပ်ရပ်ဟာ စစ်တပ်က လူ့အသက်ကို လုံးဝဂရုမစိုက်ကြောင်း ဆက်လက်ပြသနေတာဖြစ်တယ်လို့ အမေရိကန် သံရုံးက ယနေ့ စာထုတ်ပြန်
စကစဟာကြောက်မက်ဖွယ်ရာဇဝတ်မှုများဆက်ကျူးလွန်နေဟုဗြိတိန်သံအမတ်ပြော
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးဖို့ တောင်ကိုးရီးယားနိုင်ငံမှ ကမ္ဘာ့ကုလသမဂ္ဂကို ဒေါ်လာ ကိုးသိန်း လှူ
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုခေါင်းစဉ်နဲ့ ကင်းမရွာ ရွာလုံးကျွတ်မီးရှိူ့ခံရမှုသတင်းများ ကမ္ဘာသတင်း Websites များတွင် ပုံနှင့်တကွ ပျံ့နှံ့ဖော်ပြခံထားနေရပြီ
မြန်မာ့နိုင်ငံရေးနဲ့ပတ်သတ်နေသော ပက်ထရိုနက်စ်ကုမ္ပဏီကို JPMorgan က စျေးကွက်ညွှန်းကိန်းမှ ဖယ်ရှားဖွယ်ရှိ
အာဏာလုအဖွဲ့၏ ရက်စက်ယုတ်မာမှုများ
ဒီမော့ဆိုမြို့ ငွေတောင်ကျေးရွာ အ.ထ.က (၂) ကျောင်းဝန်းထဲတွင် အကြမ်းဖက်စကစတပ်မှ ကြိုးတုတ်ဖမ်းဆီးထားသည့် ပြည်သူ ၄ ဦး
ရဲ့ ရုပ်အလောင်းများ တွေ့ရှိ
ကန့်ဘလူ ရီးထွေးရွာတွင် မနေ့က အကြမ်းဖက်စစ်ကောင်စီ အခိုင်းအစေ ကြံ့ဖွတ်ပါတီဝင်များက လက်နက်ကိုင် ခြိမ်းခြောက်၍ နေအိမ်လေးလုံးကို ဖျက်ဆီး
လှိုင်သာယာ ၁၃ရပ်ကွက်အုပ်ကြီးသေဆုံးသတင်းလူမှုကွန်ယက်ပေါ်တွင်မျှဝေသူ လူငယ် ၇ဦးကို စစ်ကောင်စီဖမ်းဆီး
မကွေး ကျောက်ထု၌ မင်းတပ်စစ်ရှောင်များအတွက် ဆေးဝါးနဲ့ရိက္ခာဝယ်ယူသူ ၃ဦးဖမ်းဆီးခံရ
ကန်ပက်လက်တွင် အကြမ်းဖက်စစ်ကောင်စီက ခရစ်ယန် ကက်သလစ်ဘုန်းတော်ကြီးနှင့် ကျောင်းသားတစ်ဦးကို ဖမ်းဆီး
ဟုမ္မလင်းတွင် ဆရာတော်အရှင်တေဇနိယကို လက်နက်များဖြင့် အမှုဆင် လူဝတ်လဲ ဖမ်းဆီး၊ တက်ကြွလှုပ်ရှားသူ ၂ ဦးလည်း အဖမ်းခံရ
ကျောက်ကြီးမှာ ကျောင်းပြန်မဖွင့်ရင်ရွာတွေမီးရှို့မည်ဟုစကစခြိမ်းခြောက်
ကင်းမရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးတင်ရှို့မှုဟာ ၎င်းတို့ လက်ချက်မဟုတ်ဟု ဝါဒဖြန့် သတင်း စာများတွင် ငြင်းဆိုထားမှုသည် အလိမ်အညာများဖြစ်သည်ဟု ဒေသခံများက ပြောဆို
CDM
တောင်တွင်းကြီးမြို့နယ်ပညာရေးဌာနက အာဏာဖီဆန် (CDM) မှာ ပါဝင်သူဦးရေတိုးလာ
ကန်ကြီးထောင့်မြို့မှာ ဆရာ ဆရာမ ၃၀ ဦး CDM မှာ ထပ်မံပါဝင်လာ
ပညာရေးဝန်ကြီးဌာန CDM သူရဲကောင်းဝန်ထမ်းတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ CDM Supporting Team ကနေ ငွေကျပ် ၂၆၃ သိန်း ထောက်ပံ့ပေးနိုင်ခဲ့
အထွေထွေ
ထိုင်းစစ်တပ်ကြီးစိုးခြယ်လှယ်သည့် PR စနစ် ရွေးကောက်ပွဲနှင့် လွှတ်တော်များအကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများက စတင်ဖော်ပြ၊ ထိုင်းပုံစံ အတုခိုးရန် သေချာနေ
KNDO ၏ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အကြမ်းဖက်စကစ၏ စွတ်စွဲချက်ကို geneva convention ကို လိုက်နာသည့်အဖွဲ့အစည်းအနေဖြင့် စုံစမ်းစစ်ဆေးမည်ဟု KNU ထုတ်ပြန်
ကယား ဒီးမော့ဆို၊ မိုးဗြဲ စစ်ကောင်စီလက်ချက်ဖြင့် လူသူမသိသေဆုံး ၂၀ကျော်ရှိဟု KNDFပြော
ဒီးမော့ဆိုတွင် ပုပ်ပွသေဆုံးနေသည့်ရုပ်အလောင်းများကို စုပေါင်းသင်္ဂြိုလ်ပေးခဲ့
စစ်ကောင်စီကိုဆန္ဒပြခဲ့သည့် ဂိုးသမားပြည့်လျှံအောင်ဂျပန်တွင်နေခဲ့
ထိုင်းနိုင်ငံကို တရားမဝင်လာရောက်သည့် မြန်မာလုပ်သား ၃၅ ဦး မဲဆောက်တွင် အဖမ်းခံရ
စစ်အာဏာသိမ်းပြီးနောက် မိသားစု ၂၆% ဝင်ငွေကင်းမဲ့ဟု စစ်တမ်းတစ်ခု၌ဖော်ပြ
ဧရာဝတီ၊ဒေးဒရဲ၌လေပြင်းကြောင့် အိမ် ၈၉လုံးနှင့်ဘုန်းကြီးကျောင်း ၁ကျောင်းပျက်စီး
ပလက်ဝရွာတချို့တွင် AAက လူသစ်စုဆောင်းနေ
ဧရာ၀တီတိုင်းမှာ စစ်ကောင်စီက ပြည်သူ့စစ်များ စတင်စုဆောင်း၊ ဆယ်အိမ်မှူးတစ်ဦးလျှင် ပြည်သူ့စစ် ၂ ဦး စုပေးရ
၂ လစာချေးငွေများ အတင်းအကြပ်တောင်းနေသော စကစဝန်ထမ်းများ အသက်အာမ မခံဟု PDFသိမ်ဇရပ်ထုတ်ပြန်အသိပေး
သရုပ်ဆောင်ဇဏ်ခီနှင့်မိသားစု နေအိမ်အကျယ်ချုပ်မှလွတ်မြောက်
VOM အယ်ဒီတာချုပ် ဦးနေမျိုးလင်းနှင့် သတင်းထောက်ကိုရှိုင်းအောင် ပြန်လည် လွတ်မြောက်
မီးဘေးသင့် ကင်းမရွာသားများ စကစရန်ကြောင့်အိမ်မပြန်ရဲ
ရဟန်း၊ သီလရှင်တွေဧည့်စာရင်းတိုင်ရမည်
လားရှို-သိန္နီလမ်း ဟိုပိတ် ၉ မိုင်လမ်းခွဲကို မြေဖို့ပြီးပိတ်ထား
ငပုတောမှာ အကြမ်းဖက်စစ်ကောင်စီမှ စီစဉ်ပေးသော ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား (၆) ဦး ကိုဗစ်ကူးစက်ခံရ။
ကလေးမြို့ COVIDကူးစက်မှုစိုးရိမ်စရာဖြစ်နေပြီး မနက်က ၇ဦးသေဆုံးခဲ့
မနေ့ကCovidပိုးတွေ့ ၃၅၅ ဦးရှိ၊ သေဆုံးသူပေါင်း ၃၂၅၀ထိရှိလာ
စစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများကြားက နိုင်ငံအဝှမ်း အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြနေဆဲဖြစ်
နွေဦးတော်လှန်ရေးတွင် ယနေ့အထိ ကျဆုံးသူ ၈၆၅ ဦး နှင့် ဖမ်းဆီးခံထားရသူ ၄၉၆၂ဦး ရှိ
၁၈.၆.၂၀၂၁
မြင်းခြံ
မနေ့ ညက စစ်ကောင်စီမှ ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမှတ် ၆ သုံးဆူဘုရားအနီးရှိ အိမ်တစ်အိမ်အား ဝင်ရောက်ကာ လူငယ်တစ်ဦးအား အဓ္ဓမဖမ်းဆီးသွားခဲ့
အမှတ် ၁၉ စွန်းလွန်းမှာ ရာထူးကြီးကြီးစစ်ခွေးတစ်ကောင်လာရောက်ရန်ရှိနေစဥ် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ
အမှတ်(၁၄)မှ ပစ်သတ်ခံရသည့် ယာဥ်ထိန်းရဲမိန်းမနှင့် မတည့်သည့် အမျိုးသမီး(၄)ဦး၊အမျိုးသား(၁)ဦးကို ဖမ်းဆီးထား။
စခ ကား ၃စီး ကျွဲခြံသို့ဝင်ရောက်
မြင်းခြံမြို့ အမှတ်(၁) တိုးချဲ့ မြို့သစ် ဘက်တွင်ရှိသော မြေစာရင်း ရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့
ရွာအချို့မှ ပြည်သူ့လောက်ကောင် ပျူစောထီးများကို သေနတ်များထုတ်ပေးထား
၉နာရီကျော်တွင် ပေါက်ကွဲမှု ၂နေရာထပ်ဖြစ်
တိုက်ပွဲ သတင်း
မိုးမောက် ဒေါ့ဖုန်းယန်တွင် စစ်သား ( ၈၀၀) ခန့်ပါ စစ်ကားအစီး ၅၀ ခန့်ဖြင့် ချီတက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်အား မနက်က KIA မှ စောင့်ကြို တိုက်ခိုက် ၊ တိုက်ပွဲပြင်းထန် စကစဘက် အကျအဆုံးများနေဟုသိရ
မိုးမောက် အူထန်ယန်ကျေးရွာတွင်လည်း စစ်သား ၂၀၀ ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၇ စီးကိုလဲ မနက် ၁၀း၅၀ က KIA မှ မိုင်းခွဲတိုက်ခိုက် ၊ စကစဘက်အသေများ
ရှမ်း/မြောက် ကွတ်ခိုင် တရုတ်မန်တုံ နှင့် ပန်ကူရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းအား ညနေ ၅ နာရီက MNDAA နှင့် TNLA တပ်တို့မှ ပူးပေါင်းတိုက်ခိုက်
ကွတ်ခိုင်-နမ့်ဖတ်ကာမှာ တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်ကောင်စီတပ် ပစ္စည်းတင်လာသည့် တွဲကား (၃) စီး မီးရှို့ဖျက်စီးခံရ
ကယားနဲ့ကန်ပက်လက်မှာ စကစအင်အားဖြည့်နေ
တီးတိန်PDF စခန်းကို အောက်ကြေးစား Zomi Revolutionary Army (ZRA) အဖွဲ့ကဒုတိယအကြိမ်ဖျက်ဆီး
အမုန်းဆွဲမယ့် ဗုံး
တောင်ငူ ခပေါင်းတံတားရှိ အကြမ်းဖက်ရဲကင်းစခန်း မနေ့က ဗုံးပစ်ထည့်ခံရ ဗုံးပေါက်ကွဲ အသေများနိုင်
ကျောက်ဆည်မြို့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေး ဂိတ် မနေ့က ဗုံးပစ်ခံရ၊ ဗုံးပေါက်ကွဲ စစ်သား ၃ ဦးသေ ၂ ဦး ဒဏ်ရာရ
သရက်မြို့ ဆရာဝန်တစ်ဦးရဲ့ နေအိမ်နဲ့ စည်ပင်အရာရှိတစ်ဦး နေအိမ်တို့မှာ မနေ့က ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့ဟုသိရ
ရေစကြိုမှာ မနေ့ ညနေက Non-CDM ကျောင်းအုပ်ဆရာတစ်ယောက်ရဲ့ နေအိမ် ဗုံးပေါက်ကွဲ
မဒဂုံ ၃၅ ရပ်ကွက် ပျူစောထီးခေါင်းဆောင် ဒလံချုပ်အိမ် ညက ဗုံးပေါက်ကွဲ လွတ်သွားဟု သိရ
ရန်ကုန် ယုဇနဥယျာဉ်အိမ်ရာက မူလွန်ကျောင်းမှာ ကလေးများဆော့ကစားနေချိန် နေ့လည် ၁၂း၁၅ က ဗုံးပေါက်ကွဲ
သန်လျင် ဘုရားကုန်း ကျောက်ရေတွင်းကျောင်း မနက်က ဗုံးတစ်လုံး ပေါက်ကွဲ မပေါက်သေးသည့် ဗုံးနှစ်လုံးပါတွေ့
မြောက်ဥက္ကလာ အထက (၃)ကျောင်းနား ဗုံးပေါက်ကွဲမှုဖြစ်
ရန်ကုန် တာမွေ ၁၄၇ လမ်းထိပ် ကြံဖွတ်ရုံးအရှေ့မှာ ရပ်ထားတဲ့ စစ်ကားတစ်စီးပေါ်ညနေ ၃း၂၀က ဗုံးပေါက်ကွဲ ၊ ကားမီးလောင်လို့
တာမွေ ၁၅၅ လမ်းထိပ်တွင် ရပ်ထားသည့် တိုယိုတာဗစ့် Taxi တစ်စီးနား ဗုံးပေါက်ကွဲပြီး ၁ ဦး ထိခိုက်ပြီး ကျန်တစ်ဦးမှာ လက်ပြတ်သွားကြောင်းသိရ ၊ ထို Taxi ကားဟာ တာမွေထဲတွင် စစ်သားများ အမြဲစီးနေသည့် ဒလန်ကားတစ်စီးဖြစ်သည်ဟုသိရ
တာမွေတွင် စုစုပေါင်း ၂ ဦးသေ ၇ ဦးဒဏ်ရာရ
တာမွေ ရဲစခန်း အမှတ်၄၀ နားမှာလည်း ဗုံးထပ်ကွဲဟု သတင်းရ
တဥက္ကလာ မာဃလမ်း ၁၂ ရပ်ကွက်ရုံးအနီးရှိ ဒလန်အိမ်တစ်အိမ် ဗုံးပေါက်ကွဲ
လှိုင်သာယာမှာ နေ့လည်က မြို့နယ်ရုံးရှေ့ City Mark အနီးမှာ တစ်လုံး ၊ ကိုးရီးယားကျောင်းနား တစ်လုံးနဲ့ မီးပွိုင့်နားမှာ တစ်လုံး ဗုံးများဆက်တိုက်ပေါက်ကွဲ လူထိခိုက်မှုရှိ
သင်္ဃန်းကျွန်း ငမိုးရိပ် ၅ လမ်း ရပ်ကွက်ရုံး ညနေ ၆း၂၅ က ဗုံးပေါက်ကွဲ ၊ စစ်သား ၃ ဦး ၊ ဒလန် ၁ ဦး ထိခိုက်ဒဏ်ရာ
သာရေး သတင်း
မန္တလေး ချမ်းမြသာစည် ဦးပွားဂုံးကျော်ရပ်ကွက်ရုံးမှ အုပ်ကြီး မနက်က သေနတ်ပစ်သတ်ခံရ
မိုးကုတ်မြို့က အကြမ်းဖက်စစ်သားတစ်ယောက်ရဲ့အဖေဖြစ်သူ ကိုမျိုးဆိုသည့် ဒလန် သေနတ်ဖြင့် အပစ်ခံရ
မုံရွာမြို့ မြဝတီဘဏ်တွင် စခန်းချနေသည့် အကြမ်းဖက်စစ်သားများ
ည 7:10 pm က သေနတ်ဖြင့် အပစ်ခံရ ထိခိုက်သေဆုံးမှုမသိရသေး
လှိုင်သာယာ ၁၉ ရပ်ကွက်က စကစသတင်းပေး ဒလံ ဆယ်အိမ်မှူးတစ်ဦး ဒီနေ့မနက်မှာ ပစ်ခတ်ခံရ
လှိုင်သာယာ ၉ရပ်ကွက် အုပ်ကြီး ဒီမနက် အသတ်ခံရ
ငမိုးရိပ်ရပ်ကွက်ရုံးဗုံးပေါက် စစ်သား ၂ဦးဒဏ်ရာရ
ဒီပဲယင်း သရက်ကန်အုပ်ကြီးအသတ်ခံရ
စိုးရိမ်တတ်တဲ့ UN နှင့် နိုင်ငံတကာ
အကြမ်းဖက်မှုကျူးလွန်နေသောစစ်ကောင်စီကို နိုင်ငံတကာစုပေါင်းတုံ့ပြန်ရန်လိုဟု ကုလအတွင်းရေးမှူးချုပ်၏ပြောခွင့်ရပုဂ္ဂိုလ်ပြော
လူ့အခွင့်အရေးချိုးဖောက်နေသည့် အကြမ်းဖက်စစ်ကောင်စီရဲ့ အမိန့်ပေးသူ အထက်အရာရှိ အဆင့်ဆင့်ကို အရေးယူဖို့ ရန်ကုန်ရှိ ကုလသမဂ္ဂရုံးခွဲက ကမ္ဘာ့ကုလသမဂ္ဂသို့ တင်ပြတောင်းဆို
အကြမ်းဖက်မြန်မာစစ်တပ်ကို လက်နက်မရအောင် တားဆီးရေးအတွက် ဒီနေ့ပြုလုပ်မဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆွေးနွေးကြမည်ဟုသိရ
အကြမ်းဖက်စစ်ကောင်စီဘက်က တင်သွင်းသော ကိုယ်စားလှယ်ခန့်အပ်လွှာကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ပယ်ချ
မြန်မာစစ်တပ် နောက်ကြောင်းအမြန်ပြန်လှဲ့ပါဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး သတိပေးပြောကြား
USနဲ့UKကို ကြံ့ဖွတ်တွေသတိပေးပြီ
ကင်းမရွာမီးရှို့မှုထုတ်ပြန်တဲ့ USနဲ့UKသံရုံးတွေကိုကြံ့ဖွံ့သတိပေး
အာဏာလုအဖွဲ့၏ ရက်စက်ယုတ်မာမှုများ
မကွေး သရက်၌ မနေ့ကဗုံးပေါက်မှုဖြင့် ၃၀ခန့်ဖမ်းခံရ
မင်းတပ် စစ်ရှောင် ၇လသားကလေး ဖျားနာပြီးဆေးဝါးမရ၍သေဆုံး
ပဲခူး ကျောက်တံခါး ဖဒိုမြို့ ၅ရပ်ကွက် ရပ်ကျေးရုံးရှေ့ပေါက်ကွဲမှု‌ကြောင့် ၂၀ကျော်ဖမ်းခံရ
ခင်ဦးမြို့၊ တဲစုကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ရွှေ ၆ ကျပ်သားနှင့် အဖိုးတန်ပစ္စည်းများခိုးယူသွားခဲ့
သန်လျင်-ကျောက်တန်း လက်ထောက်ပညာရေးမှူးအသတ်ခံရမှုဖြင့် ပန်းတောစံပြရွာကျောင်းအုပ်ဆရာမကိုဖမ်းဆီး
ဟုမ္မလင်း မြသိန်းတန်ဘုန်းကြီးကျောင်းစစ်တပ်ဝင်စီးပြီး ဆန်အိတ် ၁၀၀ကျော်ယူသွား
COVID တွေ့သောကမာရွတ်TTC နှင့် မော်လမြိုင် ထ-၉အပါ ကျောင်းအချို့ဆက်ဖွင့်ထား
အထွေထွေ
တရားမဝင်ဝင်လာသောမြန်မာနိုင်ငံသားများကို သတင်းပေးရန်ရွှေလီ၌ ဆုငွေထုတ်
စကစ သမဝါယမဝန်ကြီးဌာနဖွဲ့
ဗဟိုဘဏ်က ငွေသားထုတ်ပေးမှု ပိုမိုကန့်သတ်
ဌာနဆိုင်ရာများအတွက် စကစငှက်ပျောပင်ရောင်းမည်
မိုးမောက်မှာ စကစယာဉ်တန်းတိုက်ခိုက်ခံရ
မင်းတပ်CDF၊ မြို့မိမြို့ဖ နဲ့ စကစယနေ့ဆွေးနွေးမည်
ZRAလုပ်ရပ်ရှက်ဖွယ်ဟု ဇိုမီး ၅ဖွဲ့ထုတ်ပြန်
ရန်ကုန်က အထည်ချုပ်စက်ရုံ ၂၀၀ပိတ်ရန်ရှိနေ
တိုင်းရင်းသားတပ်တွေ NCAကိုလိုက်နာဖို့ထိုင်းဆန္ဒရှိ
COVID သတိပြု
ရန်ကုန် ပြည်လမ်းရှိ TTC ကျောင်းမှ ၈တန်း တန်းခွဲတစ်ခုက အတန်းပိုင် ကိုဗစ် positive ဖြစ်၊ ကလေးတွေပါ Q ဝင်ရမည်ဟုသိရ
ကလေးမြို့ ၃၄ဦး COVIDတွေ့၊ ၂ဦးသေဆုံး
ရှမ်းမြောက် နမ္မတူ လ-၂မှ ဆရာမ ၃ဦး COVIDတွေ့
လားရှိုးမြိုမဈေးကုန်စိမ်းတန်း Lockdown ၂ပတ်ချ
COVID ၃၆၂ဦးတွေ့
၁၉.၆.၂၀၂၁
ယနေ့အထူး
ယနေ့ ဇွန်လ ၁၉ရက်နေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်ပြည့်မွေးနေ့မင်္ဂလာဖြစ်၍ နိုင်ငံနှင့်အဝှမ်းရှိ ပြည်သူများမှ မွေးနေ့အထိမ်းအမှတ်နှင့် စစ်ခွေးဆန့်ကျင်ရေး ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြပါသည်။
မြင်းခြံ
ယခု အချိန်အခါတွင် ကိုဗစ် ၁၉ ရောဂါပြန်လည်ဖြစ်ပေါ်နေပါသောကြောင့် ရွှေခြံပြည်သူများအနေဖြင့် ကိုဗစ် ၁၉ အန္တာရယ်ကို ကြိုတင်ကာကွယ်ရန် အထူးလိုအပ်ပါသည်။
စခများအင်အားတိုး၍ မြို့ နေရာစုံ အထူးစောင့်ကြည့် တင်းကြပ်
ယမန်နေ့ညက မီးဖျက်၍ မြို့နယ် NLDရုံးအား စခလပ်သပ်မွေး ပျူစောထီးအဖွဲ့ မှ ဗုံးပစ်ဖောက်ခွဲသွားခဲ့
ရွာများတွင် မီတာကြေးဆောင်ရန်နှင့် ကလေးများ ကျောင်းအပ်ရန် စခများမှ သေနတ်ပြ စည်းရုံး
ယနေ့ညနေက အမှတ်၁ရဲစခန်း အနီး ဗုံးပစ်သွား၍ စခန်းအတွင်းရှိ ရဲခွေးများ သေနတ်များကို ဆက်တိုက်ပစ်ဖောက်
NUG
ပြည်သူလူထုအတွက် အခမဲ့တယ်လီကျန်းမာအစီအစဉ် NUGမိတ်ဆက်
CDMဝန်ထမ်းများကို ဖိနှိပ်သူ ၁၇ဦးကို NUGက အမည်ပျက်စာရင်းသွင်း
စစ်အာဏာရှင်တော်လှန်ရေးက ၄ပုံ ၃ ပုံခရီးရောက်နေပြီလို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆို
UN&နိုင်ငံတကာ
ပြန်လည်ရွေးချယ်ခံရသောကုလအတွင်းရေးမှူးချုပ်က စစ်တပ်အာဏာသိမ်းခြင်း ဖြစ်ရိုးဖြစ်စဉ်ဖြစ်လာခြင်းသည် လက်ခံနိုင်စရာမရှိဟုဆို
စစ်အာဏာသိမ်းမှု ရှုတ်ချပြီးရွေးကောက်ပွဲရလဒ်ကိုလေးစားရန်၊ ဖမ်းဆီးထားသူအားလုံးလွှတ်ရန်၊ လက်နက်စီးဆင်းမှု တားဆီးရန် ကုလညီလာခံဆုံးဖြတ် စကစသံတမန်ရေး အကြီးအကျယ်ရှုံးနိမ့်
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံ့အနှံ့ပန်းသပိတ်ပြုလုပ် ချက်နိုင်ငံ ဝန်ကြီးချုပ်သဝဏ်လွှာပေးပို့
အရပ်သားများအပေါ် အကြမ်းဖက်မှုမှ ရှောင်ရှားရန် မြန်မာအကြမ်းဖက်စစ်တပ်ကို သြစတြေးလျ ဒုကာချုပ် သတိပေးပြောကြား
ပေါက်ကွဲသတင်း
တ/ဒဂုံ အမက ၆(မူလွန်) ကျောင်းနားက ယာယီအုပ်ချုပ်ရေးမှူးရုံးရှိ ရဲကင်း ည ၈း၅၀ က ဗုံးပေါက်ကွဲ
အင်းစိန် ပေါက်တောဝ Mytel ရုံးရှေ့ ည ၈း၄၅ က ဗုံးပေါက်ကွဲ
မန္တလေး ပြည်ကြီးတံခွန် (စ)ရပ်ကွက်ရုံး ည ၈း၃၀ က ဗုံးပေါက်ကွဲ
တောင်ကြီးမြို့မှာ ရှိတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဋ္ဌာနချုပ်ကို ညနေ ၅း၂၀က ဗုံးနဲ့ ထပ်မံပစ်ပေါက်ခံခဲ့ရ
ကနီ ကင်းရွာအဝင် ဗုံးပေါက်၊စစ်သားအချို့သေဆုံးဟု နယ်ခံများပြော
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှာ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲခဲ့
မီးသတင်း
မုံရွာမြို့၊ နမခအကြမ်းဖက်စစ်ဌာနချုပ်အနီး အလုံမြို့တပ်နယ်ဈေး မနေ့ညက မီးလောင်မှု ဖြစ်ပွား
လပွတ္တာမြို့ရှိ လျှပ်စစ်အင်ဂျင်နီယာရုံးမီးလောင်
စစ်ခွေးအုပ်၏ ယုတ်မာရက်စက်မှုများ
စကစ မင်းကင်းမှာ တစ်ပတ်အတွင်းရွာ၂၉ရွာဖျက်ဆီးခဲ့
ဒီးမော့ဆိုမှာ အပစ်ရပ်ထားချိန် စကစကစစ်ရှောင်စခန်းများအထိ တပ်စွဲလာ
ရခိုင်စစ်ရှောင်စခန်း တဲအိမ် ၆၀၀ခန့်ပျက်စီး၍ဒုက္ခသည်များအခက်ကြုံ
ဟားခါး ဇီးအုန်းနှစ်ခြင်းအသင်းတော်ခြံကို စစ်ကောင်စီဝင်စစ် လူ ၄ဦးဖမ်းဆီး
ချောင်းဦးမြို့၊ ကျီးကုန်းကျေးရွာမှာ ဇွန်လ ၁၉ ရက် မနက်အစောပိုင်းက အန်အယ်လ်ဒီပါတီ ရပ်ကျေးရုံးကို စစ်တပ်က ဖျက်ဆီးသွား
ကွတ်ခိုင်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေသဖြင့် ဒေသခံများ စိုးရိမ်
ပြင်ဦးလွင်မှာ ပန်းဝေလို့ အဖမ်းခံရတဲ့ Cafe 99 ဆိုင်ရှင်နှင့် အလုပ်သမား ၁၂ ဦး အခြေအနေ မသိရသေး
ပြင်ဦးလွင်၊ ကျောက်မဲအပါ ပန်းသပိတ်လုပ်တဲ့ ဒေသအချို့မှာဖမ်းဆီးခံရသူတွေရှိ
ယနေ့ မင်္ဂလာနေ့ဖြစ်၍ ခွေးရှင်းခြင်းမရှိပါ။
အထွေထွေ
အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် သက်သက်ခိုင် စီးတဲ့ကားမှာ နောက်တစ်ခါ နင့်အလှည့်ဆိုပြီး သတိပေးစာများ ကပ်သွားဟုသိရ
ဘဏ်ဝန်ဆောင်မှု ကန့်သတ်နေရင်လုပ်ငန်းအများစုရပ်ဆိုင်းသွားနိုင်ဟုလုပ်ငန်းရှင်တွေပြော
မန္တလေးကိုစောင့်ကြည့်မည့် ဟွာဝေးကင်မရာများစကစကိုအပ်နှံ
မုဒိမ်းစစ်တပ် အမြစ်ဖြတ်ဟု ကြွေးကြော်ကာ ဂျပန်ရောက်မြန်မာလူငယ်များ ချီတက်ဆန္ဒပြ
ဒီးမော့ဆို၌ KNDFနှင့်စစ်တပ်အပစ်ရပ်၊စစ်ရှောင်အချို့နေရပ်ပြန်ခွင့်ရ
ခင်ဦးမှာ PDFနဲ့စကစ တိုက်ပွဲဖြစ်
အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အထိမ်းအမှတ် နိုင်ငံအနှံ့ပန်းသပိတ်ကျင်းပ
ဇွန် ၁ မှ ဇွန် ၁၈ ထိ စစ်ကြောရေးတွင်သေဆုံးသူ ၂၄ဦးရှိ
ကိုဗစ်သတိ အမြဲရှိ
လှည်းကူးရှိ မဘသ မဟော်သဓာကျောင်းက ဆရာ၊ ဆရာမ guide ကျောင်းသား ကျောင်းသူ ထမင်းချက် driver သန့်ရှင်းရေး စုစုပေါင်း ၅၀၀ နီးပါး အကုန် ကိုဗစ် positive ဖြစ်၊
ကျောင်းထဲမှာ တပ်စွဲထားတဲ့ အင်းတကော်တပ်က ပိုးပါလာတာဟုဆို
သီပေါ နမ့်လန်တွင် ၃နှစ်ကလေးအပါ ၃ဦး COVIDတွေ့
တီးတိန် COVID ၉၃ဦးတွေ့
လားရှိုးတွင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် သတ်မှတ်
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅ ဦး စံချိန်တင်တွေ့ရှိ
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၃၀၁ ယောက် ရှိဟု တရားမဝင် စကစ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား
၂၀.၆.၂၀၂၁
မြင်းခြံ
ခေါင်းကွဲရွာမှနွားကျောင်း ၆ယောက် သရက်ပင်အောက်လူစုထိုင်နေစဉ်
လူစုတွေ့၍ ဝင်ရောက်ဖမ်းသွား
အမှတ်(၆)မှ လူငယ်(၁)ဦးနှင့် အမှတ်(၁၁)မှအမျိုးသမီး(၁)ဦးကို စခများ ဖမ်းဆီး
၇နာရီခန့်က အမှတ်၁၁မှ ကောင်လေးတစ်ဦးအား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့
ယနေ့ ပြည်သူ ၉ ဦးခန့်အား အကြမ်းဖက်အဖွဲ့ အဓမ္မ ဖမ်းဆီးခဲ့ပါသည်။
ယနေ့ည ဆက်လက်ဖမ်းဆီးမှုများရှိနိုင်ပါသည်။
စစ်ဘောမနှင့်ကြံဖွတ်များအတွက် သတင်းကောင်း
ကလေးမြို့ အင်းယားကုန်းရပ်ကွက်ရှိ စစ်တပ်နှင့် ကြံ့ဖွတ်ထောက်ခံသူ မိသားစုတစ်စုရဲ့ အိမ်သို့ ညက အကြမ်းဖက်စကစစ်သားများဝင်ရောက်ပစ်ခတ်၊ အိမ်သား ၃ ဦးစလုံးသေ၊ ရွှေ ငွေ ပစ္စည်းများနှင့် ဆန်အိတ်များပါ လုယူသွား
တိုက်ပွဲ သတင်း
ဖလမ်းမှာ စကစ အင်အားဖြည့်တင်းနေ
မင်းကင်းမှာ စကစနဲ့PDFတိုက်ပွဲဖြစ်နေ
ခင်ဦးမှာတိုက်ပွဲဖြစ် PDF၂ ဦးကျဆုံး ၅ ဦးအဖမ်းခံရ
သာရေး သတင်း
ရသိန္နီမြို့ နမ့်စလပ်ရွာအုပ်ကြီးစီးလာသည့်ကားအား ဆိုင်ကယ်နှင့် လူနှစ်ယောက်က တားပြီး ပစ်သတ်သွား
ပေါက်ကွဲသတင်း
ညောင်ရွှေ အထက ၁ ကျောင်းအနီး ည ၈ နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲ
သာကေတ ၇ အရှေ့ရပ်ကွက် အုပ်ကြီးနေထိုင်သည့် အောင်သပြေ အနောက် ၇ လမ်းတွင် ဗုံးပေါက်ကွဲ
မီးလောင်သတင်း
ကျောက်တံတား မင်္ဂလာတောင်ညွန့်နှင့် ဗဟန်းရှိ စကစဗိုလ်ချုပ်တစ်ဦးနှင့် အိန္ဒိယသူဌေးတစ်ဦးရှယ်ယာ ပိုင်သည့် One Stop Mart ၃ ဆိုင် မနက် ၄ နာရီခန့်က မီးလောင်
အကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
ဗဟန်း ဆာဖိုးသာခြံရပ်ကွက်ထဲသို့ ညက အကြမ်းဖက်စစ်ကောင်စီစစ်သားများမှ ဝင်ပစ်ခတ်ရာ ၁၃နှစ်ရွယ် ကလေးတစ်ဦးသေဆုံး၊ အလောင်းသယ်သွား
မိုးညှင်းတွင် ကျောင်းတက်သွားတာ ခုနှစ်ရက်ခန့် ပျောက်ဆုံးနေသည့် ၇ တန်းကျောင်းသူနှစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
စစ်ကောင်စီ media သတင်းအမှားများထုတ်လွှင့်ဟု ကင်းမရွာသားများပြော
မြောက်ဥက္ကလာပ၊ မေဓာဝီလမ်းဆုံတွင် မနေ့က ချိတ်ဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ပိုစတာနဲ့ပတ်သက်ပြီး စခများက အနီးအနားမှဆိုင်ကယ်ကယ်ရီသမားနဲ့ ဈေးသည် ၅ ယောက်ထက်မနည်းကို ဖမ်းဆီးသွား
မနေ့က ကနီမြို့နယ် ကင်းစံပြရွာတွင် စစ်တပ်က နေအိမ်များကိုဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို ရိုက်နှိက်
ကနီမြို့နယ် မိကျောင်းတွင်းရွာသား ၁ ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်သတ်
ကလေးတွင် မနေ့က ဖမ်းဆီးသွားသော ၁၅နှစ်သား ဆယ်ကျော်သက် ၁ဦး ယနေ့ စစ်ကြောရေးမှာသေဆုံး
ကလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဓားပြတိုက်လုယက်မှုများ ဆက်တိုက်လုပ်နေ
အထွေထွေ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ KNU တပ်မဟာ ၁ တွင် ကျင်းပ
စကစရဲ့အကြမ်းဖက်သတ်ဖြတ်နေမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာများကို ယာယီလက်ခံထားဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG အစိုးရ တောင်းဆို
မန်းရေနံမြေ CDM သူရဲကောင်း ၃၈၈ ဦးအား ငွေကျပ် ၁၅၆ သိန်း ထောက်ပံ့
ကုလ ညီလာခံဆုံးဖြတ်ချက် အကြမ်းဖက်စစ်ကောင်စီ ကန့်ကွက်
စစ်ကောင်စီက အကြီးအကျယ်ကန့်ကွက်နေသည့် ကုလသမဂ္ဂညီလာခံ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ကြိုဆိုဟု အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံက ကြေညာ
ကုလ ညီလာခံဆုံးဖြတ်ချက် မလေးရှားနှင့် ဗီယက်နမ်အစိုးရ ထောက်ခံကြိုဆို
စစ်ကိုင်း မြောင်၌ သာဂေါင်ပရဟိတအသင်းလူနာတင်ယာဉ်ပစ်ခံရ၊ ၃ဦးသေဆုံး
စစ်တပ်ကပိတ်ဆို့ထား၍ မင်းတပ်စစ်ရှောင်များသေဆုံးမှုတိုးလာနိုင်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူပြော
ရှမ်းမြောက် မိုင်းရယ်၌ SSPP၏ ဖမ်းဆီးခံရသူ ၃၃ဦးရှိ
မင်းတပ်မှာ မြို့ခံတွေအိမ်ပြန်နိုင်ဖို့ ၁၄ရက်ကြာအပစ်ရပ်သဘောတူ
မြို့နယ်အချို့မှာ မီတာခ ၅လစာအထိကောက်ခံမှုရှိနေ
"စစ်ကောင်စီကိုဆန့်ကျင်ခဲ့တာ နောင်တမရဘူး"ဟု ဂိုးသမား ပြည့်လျှံအောင်က ပြော
ဒီးမော့ဆိုစစ်ရှောင်များအတွက် အထိုင်ဆေးခန်းမှာ စကစ ဝင်ရောက်နေရာယူ
CDM ၉၀%ရှိတဲ့ မင်းတပ်ဆေးရုံကြီးပြန်ဖွင့်ရန်စီစဥ်နေ ဆက်တိုက်ဖမ်းဆီးမှုများကြောင့် စစ်ရှောင်များအိမ်မပြန်ရဲ
လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို လက်နက်အဖြစ် စကစအသုံးပြုနေခြင်းအား ရပ်တန့်ရန် CSO ၄၈၈ ဖွဲ့က နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်ရှောင်ဒေသ ၅ ခုသို့ ကျပ်သိန်း ၂၀ လှူဒါန်း
စစ်ရှောင်စခန်းရှိ ရခိုင်ဒုက္ခသည်များ နေထိုင်ရေးအခက်ကြုံ
ဒီဗွီဘီအယ်ဒီတာချုပ်အပါအဝင် ၄ ဦး CPJ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆု ရရှိ
တာမွေတွင် စစ်ကားဗုံးခွဲခံရသည့် ဗီဒီယို လူမှုကွန်ရက်တွင် ပြန့်နှံ့လာ
ဂန့်ဂေါခရိုင် ဘော်ပြင်းရွာလူ၂ဦးသေဆုံးမှု အဖွဲ့နှင့်မဆိုင်၊ စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဟု YDF ထုတ်ပြန်
မင်းတပ်တွင် စစ်ဘေးရှောင်ရင်း ဒေသခံ ၇ ဦးထက်မနည်း သေဆုံး
အကြမ်းဖက် စစ်တပ်၏ ဖိနှိပ်မှုများရှိနေသော်လည်း နိုင်ငံအနှံတွင် အကြမ်းမဖက်ဆက်လက်ဆက်ဆန္ဒပြလျှက်ရှိ
သေဆုံးနွေဦးတော်လှန်ရေးတွင် ကျဆုံးပြည်သူ ၈၇၂ ဦးနှင့် အဓ္ဓမတရားမဲ့ ဖမ်းဆီးခံရသူ ၅၀၃၃ဦးရှိပြီဖြစ်
COVID သတိ အမြဲရှိ
ကိုဗစ်ကြောင့် ရွှေကုက္ကိုလ်တရုတ်မြို့သစ်စီမံကိန်းကို Lockdownချ
စကစလက်ထက် ကိုဗစ်တိုက်ဖျက်ရေး ပရဟိတကူညီလိုသူလျော့နည်း
ဧရာဝတီတိုင်းအဝင် COVID စစ်ဆေးရေးဂိတ်များပြန်ဖွင့်
ဖြူးမြို့ ညောင်ပင်သာ အထကကျောင်းရှိ ဆရာမ၊ အရပ်သား၊ ကျောင်းသားကျောင်းသူ ၂၈ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ
COVIDကူးစက်နှုန်းတက်လာ၍ နေပြည်တော်ဝင်/ထွက်ကန့်သတ်၊ Stay At Home မြို့မှလာလျှင် Q ၁၀ရက်၊ ဆေး ၂ကြိမ်စစ်၊ ကုန်ကျစရိတ်ခရီးသွားသူကျခံရမည်
ပဲခူး လက်ပံတန်း Stay At Home ကြေညာ
ဟင်္သာတ My Hope ဆေးဝါးကျွမ်းကျင်နှင့်အကူသူနာပြုသင်တန်းမှာ COVID ၂၃ဦးတွေ့
မနေ့က ကလေးမြို့ COVID ၃၀ဦးတွေ့၊ ၃ဦးသေဆုံး
ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅၄၆ ဦး၊ သေဆုံးသူ ၇ ဦးရှိ
၂၁.၆.၂၀၂၁
မြင်းခြံ
မနေ့ညက အမှတ်၆ထဲ ဆင်းလာသော စခများအား ZERO ပြောက်ကျားတပ်ဖွဲ့မှ ချိန်ကိုက်ဗုံး တစ်လုံး ဖောက်ခွဲပေးခဲ့
တောင်းဆိုသော ရပ်/ ကျေးအုပ်မှူးများအား စကစမှ သေနတ်များထုတ်ပေးထား
မြင်းခြံမှ ခရီးသွားမည်သူများ ရပ်ကွက်ထောက်ခံစာ (သို့) မှတ်ပုံတင်ပါမှ လိုက်ပါစီးနင်းခွင့်ပြုရန်၊ ကုန်စည်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ပါမှ တင်ရန် ခရီးသည်တင်ယာဥ်ပိုင်ရှင်များအား သေနတ်ထောက် အမိန့်ပေး စာထုတ်
သူတို့ပြောစကား
ဘာသာရေးနေရာတွေကိုလေးစားဖို့နဲ့စစ်ရှောင်တွေထံကယ်ဆယ်ရေးလမ်းဖွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီးပန်ကြား
မွေးနေ့ဆုတောင်းပေးတဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဇွန် ၂၁ရက်နေ့ ရုံးချိန်းမှာပြောဆို
NUG
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဌာန လေးခု၏ တရားဝင် website များ ထုတ်လွှင့်
မီးရှို့ခံရသော ကင်းမရွာ ပြန်လည်ထူထောင်ရေး အခက်ကြုံ၊ NUGက ၁၈၂.၆သိန်းလှူဒါန်းထား
တိုက်ပွဲ သတင်း
ကွတ်ခိုင် လွယ်ကန်ရွာအနီး စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် MNDAA+TNLAမှ အလောင်း ၃လောင်းနှင့်လက်နက်အချို့ရ
မနေ့က အလော့ဘွမ်တိုက်ပွဲမှာ
KIA က တိုက်ခိုက်လို့ အကြမ်းဖက်စစ်ကောင်စီစစ်သား ၅၀ သေဆုံး
အရပ်သားကားဖြင့် စစ်တပ်အတွက် ရိက္ခာ သယ်ယူမှု KNU က သိရှိ၍ မီးရှို့ဖျက်ဆီး
တပ်မဟာ(၁) တွင်တိုက်ပွဲ( ၄)နေရာဖြစ်၊အကြမ်းဖက်စစ်အုပ်စုမှ (၈ )ဦးသေ၊(၄)ဦး ဒဏ်ရာရ
စစ်ကိုင်း မင်းကင်းတွင် PDFနှင့်စစ်ကောင်စီတပ် ညတိုက်ပွဲဖြစ်
NUG၊ KIA တို့နှင့်ပူးပေါင်း၍ စစ်ကောင်စီကိုတိုက်မည်ဟု မိုးကုတ်-PDFကြေညာ
ကရင်နီပြည်သူများအထူးညီညွတ်ဖို့လိုကြောင်း ကရင်နီအမျိုးသားနေ့၌ KNPP ဥက္ကဋ္ဌကပြော
မြို့ပြပြောက်ကြားတိုက်ခိုက်မှုတွင် အတွင်းစည်းမှ ကူညီမှုရရှိဟုပြောက်ကြားအဖွဲ့ဝင်ပြော
မိုးညှင်းမှာ စကစနဲ့KIAတိုက်ပွဲဖြစ်နေ
မိုင်းယော်ပြည်သူ့စစ်ကို KIAက၂ရက်အတွင်းတပ်ဆုတ်ခိုင်း
ဗုံး သတင်း
ပုသိမ်မြို့ ဆောက်လုပ်ရေး (ယန္တရား) ရုံး နဲ့ ပုသိမ်ဟိုတယ်ရှေ့မှာ မနေ့ ညက ဗုံးပေါက်ကွဲခဲ့၊ထိခိုက်မှုမရှိ
သာကေတ ၇ အရှေ့ရပ်ကွက်အုပ်ကြီး ညက ဗုံးဖြင့် အပစ်ခံရ၊ မပေါက်ကွဲ လွတ်သွား၊
မန္တလေး၊ အောင်မြေသာစံ၊ အနှိပ်တော်ရပ်ကွက် ရာအိမ်မှုးနေအိမ်ရှေ့ ဗုံးပစ်ပေါက်မှုဖြစ်
၁၈ရက်နေ့ညက ဧည့်စာရင်းလာတိုင်သူ အမျိုးသမီး (၂) ဦးက သင်္ဃန်းကျွန်း ငမိုးရိပ်အုပ်ကြီးရုံးကို ဖောက်ခွဲသွားဟုသိရ၊ ရုံးရှိ အကြမ်းဖက်စခ နှစ်ဦး ဒဏ်ရာပြင်းထန်
မီး သတင်း
အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ ဗလီကျောင်းမီးလောင်
တောင်ဒဂုံ ၁၉ ရပ်ကွက်၊ ဥယျာဉ်လမ်း၊ အမက(၃)ကျောင်း မနက် ၂နာရီခန့်က မီးလောင်
အာဏာလုအကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာမှာ မနေ့ညက လူငယ်နှစ်ဦးကို စကစမှ သေနတ်နဲ့ပစ်ခဲ့၊တစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရရှိခဲ့
စဉ့်ကူးတွင်ပစ်သတ်ခံရသူမှာ ဖိတ်စာလိုက်ဝေတဲ့ သတို့သားလောင်းဖြစ်နေ
မော်လမြိုင်မှာ မနေ့ညက လူငယ် ၂ ဦး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခြင်း ခံခဲ့ရ
ဗဟန်းတွင်စစ်ကောင်စီက ဖမ်းဆီးသွားသော အလီ(ခ) သက်ပိုင်ထူးလည်း စစ်ကြောရေးတွင် ယနေ့ သေဆုံးသွား၊မနေ့က အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးဆုံး
ရိုက်နှက်စစ်မေးခံရလို့ မှော်ဘီကအမျိုးသမီးတစ်ဦးကိုယ်ဝန်ပျက်ကျ
လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာကို မနေ့ညက စကစအဖွဲ့ ဝင်ရောက်၊ တစ်ရွာလုံးရှာဖွေ၊၁၀ ဦးထက်မနည်း ဖမ်းဆီးသွား
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်လိုက်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုး၏ အလောင်းပြန်ရ
ကလေး- ဖလမ်းကားလမ်းမပေါ်ရှိ Tuphei ရွာတွင် စစ်ကောင်စီ စခန်းချစဉ် ကျောင်းပစ္စည်းများဖျက်ဆီးခဲ့
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တွင် စစ်ကောင်စီနှင့်အပေါင်းပါများ သစ်ခိုးထုတ်နေ
CDM
ထောက်ရှာပင်၊ ထန်းကိုင်း၊ ရေနံမ ရေနံမြေမှ စကစအလုပ်ထုတ်တဲ့ CDMဝန်ထမ်း ၄၅၉ ဦး အကူအညီလိုနေ
သာရေး သတင်း
ကြည့်မြင်တိုင် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးဓားဖြင့်ခုတ်ခံရ
မွန်ပြည်နယ်၊ သထုံမြို့နယ် ၊နောင်ဘိုကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်း ယနေ့ ပစ်သတ်ခံရ
မန္တလေး လမ်း ၉၀-၃၀ ယာဉ်ထိန်ရုံးရှိ အကြမ်းဖက်ရဲများ ည ၉နာရီက သေနတ်ဖြင့် အပစ်ခံရ၊ လူမထိဟုသိရ
၄လကျော်အတွင်း အုပ်ကြီး ၁၃ဦးထက်မနည်း အသတ်ခံခဲ့ရ
အကူအညီ
ကျောင်းသားဦးရေတိုးလာတဲ့အတွက် ကော်သူးလေကျောင်းတွေမှာ အကူအညီ လိုအပ်နေ
ကလေးမှာအစ်ကိုကိုမမိလို့ ညီနဲ့ ဦးလေးကိုဖမ်းဆီး၊ ဦးလေးအနံ့ပျောက်နေလို့ ၂ ယောက်စလုံးပြန်လွတ်
အထွေထွေ
စစ်ကောင်စီအပြင် NUGနှင့်ပါ တွေ့ဆုံစကားပြောနေဟု ဂျပန်ဆိုင်ရာအိန္ဒိယသံအမတ်ပြော
ကင်းမကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၁၅၃စုအား အလှူရှင်တွေကိုယ်စား ကျေးလက်မြေအဖွဲ့က အလှူငွေများ ပေးအပ်ခဲ့
ကင်းရွာရွာခံတွေကို စကစက ဓားဖြင့်မွှန်းနှိပ်စက်ခဲ့
လှိုင်သာယာ Unique HTT စက်ရုံယာယီပိတ်သိမ်းမှု လေးလနီးပါးကြာမြင့်လာ၊အလုပ်သမား ၁၀၀၀ ကျော် အခက်အခဲဖြစ်
စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအထည်ချုပ်စက်ရုံ ၁၅၀ ခန့်ပိတ်သိမ်းသွား၊အလုပ်သမား ၂သိန်းခန့် အလုပ်လက်မဲ့ဖြစ်
မြောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို ရဲနှင့်စစ်တပ်က ဝင်ရောက်ရှာဖွေ ဖျက်ဆီး
မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် ရုရှားနိုင်ငံသို့ သွားရောက်
စကစ ဖမ်းဆီးထားသည့် အသက် (၁၅) နှစ်အရွယ်မောင်ကျော်မင်းခန့်မောင် သေဆုံးခြင်းမရှိသေး
တန့်ဆည်နဲ့ ကနီမှာသစ်ခိုးတာရပ်ဖို့ PDFများသတိပေး
WFPက လှိုင်သာယာရှိပြည်သူ ၃သိန်းကျော်ကို စားနပ်ရိက္ခာထောက်ပံ့
မီဇိုရမ်အားကစားဝန်ကြီး မိသားစုမှ ကျန်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ကူညီထောက်ပံ့
၅နှစ်ခန့်ရပ်နားထားသောပူတာအိုခရိုင် နောင်မွန်လေဆိပ်တည်ဆောက်ရေး စစ်ကောင်စီပြန်စနေ
တရုတ် AIIBဘဏ် နဲ့ ကမ္ဘာ့ဘဏ်အုပ်စု မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်များအား ငွေကြေးထောက်ပံ့မှုများရှိနေ
အလုံမြို့နယ် အီဒ်ဂါဗလီ မီးလောင်မှုတွင်တာဝန်ရှိသူ ၂ ဦးကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်
တိုက်ပွဲခေါ်သံစသည့်နေ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်များက အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်သွားမည်ဟု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီ ပြောကြာ
မုံရွာပင်မ သပိတ်စစ်ကြောင်း မြို့လယ်ခေါင်အထိ ချီတက် သပိတ်မှောက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကမ္ဘောဇဘဏ်က ထုတ်ငွေတွေကို ဒီနေ့ကစပြီး ကန့်သတ်လျှော့ချလိုက်
ရှမ်းမြောက်က တရုတ်နိုင်ငံသားများပြန်လာရန်တရုတ်အစိုးရဆင့်ခေါ်
ရုရှားဖက်စပ်သံမဏိစက်ရုံစကစပြန်ဖွင့်
အိမ်မဲလေပြင်းတိုက် အိမ် ၂၄လုံးပျက်စီး
စကစမှ အကြမ်းဖက်နေသည့်ကြားမှ နိုင်ငံနေရာအနှံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ
နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၇၃ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၀၅၄ဦးရှိ
ကိုဗစ်သတိ အမြဲရှိ
ကိုဗစ် ကူးစက်ခံရတဲ့ ကျောင်းသား/သူ ၅ ဦး ဇွန် ၁၉ က မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကို ရောက်လာခဲ့
ကိုဗစ်ကူးနှုန်း များလာသဖြင့် မြောင်းမြ စာသင်ကျောင်းအချို့ ကျောင်းသားများကို အိမ်ပြန်လွှတ်
နေပြည်တော်၊ဇေယျာသီရိ၊စစ်ရုံးချုပ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူများပြားနေ
ယနေ့ ဇွန်လ ၂၁ ရက်နေ့ တီးတိန်မြို့၊ CCJ ခန်းမတွင် Covid စစ်ဆေးသူ ၁၀၁ ဦးရှိရာ ၄၅ ဦးတွင် Covid ပိုးတွေ့ရှိ
သထုံမြိုနယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦး ထပ်တွေ့။
လားရှိုးမြို့ပေါ်ရပ်ကွက်အချို့ အသွားအလာကန့်သတ် လော့ဒေါင်းချ
မြစ်ကြီးနား ကချင်စုမူလွန်ကျောင်းမှဆရာမတွင် COVIDတွေ့
နေပြည်တော်၊ မစိုးရိမ်တိုက်သစ်မှ သံဃာတော် (၇၂)ပါး COVID -19 ရောဂါပိုး ကူးဆက်ခံရ
မီဇိုရမ်ပြည်ရှိ မိဘမဲ့ကလေးနှင့် မူးယစ်ဆေးစွဲသူ ထိန်းသိမ်းပြုစုရာ TNT ဂေဟာတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၅၀၀ ကျော် တွေ့ရှိ
ကိုဗစ်ပိုးတွေ့ လူနာနှင့် ဆက်စပ်သူရှိနေသောကြောင့် မြစ်ကြီးနား အ.ထ.က ၄ စာသင်ကျောင်းကိုယာယီ ပိတ်ထား
နေ့ကလေးထိန်းဌာနများ၊မူလတန်းကြိုကျောင်းများ၊အထူးပညာရေးကျောင်းများဖွင့်လှစ်ရန်ညွန်ကြားချက်ပြန်ရုပ်သိမ်း
COVIDဖြစ်ပွားမှုတိုးလာသော်လည်း ပရဟိတကူညီသူနည်းနေ
ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်ကြရန်ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်
၂၂.၆.၂၀၂၁
မြင်းခြံ
မြင်းခြံ တောင်သာကြားရှိ တိုးဂိတ်အား စကစမှ ပိတ်ဆို့ တားဆီး စစ်ဆေး
မြို့တောင်ပိုင်းတွင် စကစအဖွဲ့ အတားအဆီး အစစ်အဆေးများ ပြုလုပ်ခဲ့
အမှတ် ၁၇မှ လူငယ် ၆ ဦးအား ဖမ်းဆီးခံရ၍ ၂ ဦး ပြန်လွတ်လာ
၅၀၅က CDMerများ၊ Supporterများအား လိုက်လံဖမ်းဆီးမည်ဟု သတင်းထွက်နေ၊အထူးဂရုစိုက်ရန်လို
အမှတ် ၁ တိုးချဲ့ မြို့သစ်ရှိ မန္တလေးမှ ရှောင်လာသော ဒလန်အိမ်ဟု နာမည်ထွက်နေသောအိမ် ဗုံးကွဲ
NUG
ဒုတိယသမ္မတအား ယာယီသမ္မတ (Acting President) အဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲမည်
တိုက်ပွဲ သတင်း
မနေ့က အရပ်သားကား ၄စီးဖြင့်တာမခန်သို့တက်လာသော စစ်တပ်ကို KIAတိုက်ခိုက်၊ စစ်တပ် ၈ဦးထက်မနည်းသေ
ယင်းမာပင်၊ တရော်ကျင်းကျေးရွာအနီး စကစတပ်နဲ့ PDF ဒီနေ့ နေ့ခင်း ၂ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့
ဇိုမီးတပ်မတော် ZRA ကို အချင်းချင်းမတိုက်ရန် CDFကသတိပေး
ယနေ့ မန္တလေးသတင်း
MPDFမှ ၈ ဦးကျဆုံး ၈ဦးဖမ်းမိဟု စကစမှ ထုတ်ပြန်၊
PDF တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံး၊ ဒဏ်ရာရသူ ၂ ဦး အပါအဝင် ၆ ဦး အဖမ်းခံရဟု MPDFထုတ်ပြန်
မန္တလေး ထွန်တုံးမြို့သစ် ပစ်ခတ်မှုတွင် ဆန်အိတ်သွားပို့သည့်လူငယ်နှစ်ဦး ပစ်ခတ်ခံရ၊ လူငယ်တစ်ဦး နောက်ကျောနှင့် လက်တွင် ကျည်ဆံထိမှန်
မန္တလေးမြို့မှာ ပစ်ခတ်မှုဖြစ်ပြီးနောက် နေရာတော်တော်များများ လက်လုပ်မိုင်းကွဲပြီး၊ ကားတာယာများ မီးရှို့ကာ ပိတ်ဆို့တာတွေလုပ်
မန္တလေးတွင် စစ်ကောင်စီစစ်ကြောင်းမှူးနှင့် စစ်သားတချို့ သေဆုံး
PDF-MDY ကိုကူညီတိုက်ခိုက်ပေးသည့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ၂ဦးကျ၊ ၃ဦးဆက်သွယ်မရ
PDF-MDY ကို စစ်ရေးကူညီရန်အသင့်ဟု PDF(POL)ကြေညာ
မန္တလေးမြို့ တိုင်းဒေသကြီးရဲရုံးရှေ့ လုံခြုံရေးယူနေသည့်ရဲလေးယောက်ကို ဆိုင်ကယ်နဲ့လာပြီး သေနတ်၊လက်လုပ်ဗုံးတို့နဲ့ပစ်သွား၊ရဲတစ်ဦးသေ၊ သုံးဦးဒဏ်ရာ
နိုင်ငံတကာ
ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင်းက မြန်မာ့အရေး ဆွေးနွေး
စစ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်း ၂ ခုကို ယူကေက ပိတ်ဆို့ဒဏ်ခတ်အရေးယူ
စစ်မှုထမ်းဟောင်းအဖွဲ့ အပါအဝင် လူ(၈)ဦး၊ စီးပွားရေး(၃)ခုကို အီးယူ ထပ်တိုးအရေးယူ
မြန်မာအရပ်ဘက်လူထုအဖွဲ့ ၃၉၇ ခုက ဂျီဆဲဗင်း (G7) ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာပေးပို့
ရုရှားသမ္မတပူတင်အနေဖြင့် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရန်မရှိ
မန္တလေး ပစ်ခတ်မှုနှင့် အရပ်သားများ သေဆုံးမှုအပေါ် ကနေဒါ၊ ပြင်သစ်၊ အမေရိကန်၊ နယ်သာလန်အပါအဝင် သံရုံးများက သတိပေးတောင်းဆိုချက်များ ထုတ်ပြန်
ဗုံး သတင်း
မနေ့ညပိုင်းက ရန်ကုန်မြို့၊ တာမွေ မအူကုန်းလမ်းကျယ်၊ ၁၃၅လမ်းရှိ ရပ်ကွက်အုပ်ချူပ်ရေးမှူး
ရုံးနားတွင် ပေါက်ကွဲမှု နှစ်ခုဆင့်ဖြစ်ခဲ့
ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ ယနေ့ မနက်ပိုင်းက အထက်တန်းကျောင်းထဲ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့
မုံရွာမှာ အလံနက်ထောင်ထားတဲ့ ချင်းတွင်းရတနာ‌စျေးအနီး ဗုံးပေါက်ကွဲ
သာရေး သတင်း
ဖားကန့်မြို့နယ် နန့်ယား ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဖမ်းဆီးသတ်ဖြတ်ခံရ
မနေ့ညက မိုးမောက်မြို့နယ်စာရင်းရုံး မြို့နယ်ဦးစီးအရာရှိ၏ အစ်ကိုဖြစ်သူ သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး
ယနေ့ ကြည့်မြင်တိုင်၊ထွေအုပ်ရုံးထဲသို့တကိုယ်တော်ဓားသမားဝင်ခုတ်၊ တစ်ဦးလက်ဒဏ်ရာရ
မိုးကုတ်မြို့ ဒလန် ငမျိုးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရ
ရန်ကုန် အရှေ့ ဒဂုံ ၅ ရပ်ကွက်အုပ်ကြီး ဓားထိုးအသတ်ခံရ
အာဏာလုအဖွဲ့၏ ရက်စက်ယုတ်မာမှုများ
မုံရွာမြို့နယ်၊ လယ်ဇင်ရွာမှ မနေ့ညက ဖမ်းသွားသည့် ပြည်သူတစ်ဦးကို ယနေ့ အလောင်းလာထုတ်ခိုင်းခဲ့
မော်လမြိုင်တွင် လူငယ် ၂ ဦး ပစ်သတ်ခံရမှုကို MRTV က သတင်းမှားထုတ်လွှင့်
စစ်ကိုင်းတိုင်း၊ မုံရွေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ရွာသား ၁ ဦးကို ဓားဖြင့်ခုတ်
ပဲခူးမြို့က စာရေးဆရာ ငြိမ်း(ပဲခူး) နဲ့ အသက် ၁၆ နှစ်အရွယ် တူဖြစ်သူ ယနေ့နံနက် နေအိမ်မှာလာရောက် ဖမ်းဆီး
မြောင်းမြက စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို မိဘတွေလာခေါ်လည်း ပြန်မလွှတ်ဖို့ စစ်ကောင်စီဖိအားပေး
ညနေ ၆နာရီက မန္တလေး မြရည်နန္ဒာအိမ်ရာစျေးတွင် စကစများက ရမ်းသမ်းပစ်ခတ်၊ ပြည်သူများ ထွက်ပြေးရ၊ မန္တလေးမြို့ ခြောက်ကပ်သွား
ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် ကျဆုံးပြည်သူ ၇၁ ယောက်အထိရှိလာ
အထွေထွေ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ မီးရထားရဲစခန်းမှ ရဲဝန်ထမ်း ၇ ဦးတွင် ကိုးဗစ်ပိုးတွေ့ရှိခဲ့
တောင်တွင်းကြီးမြို့ လျှပ်စစ်အင်ယာရုံး မန်နေဂျာက မီတာစာရေးတွေကို ဓာတ်အားသုံးစွဲခတွေကောက်ခံဖို့ ဖိအားပေးနေ
မိုးကုတ်မြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
Feb-1နောက်ပိုင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများလာ
ကချင် ဝိုင်းမော် ရွှေညောင်ပင်ဂိတ်တွင် ခရီးသွား ၅ဦးကိုစစ်ကောင်စီကဖမ်းဆီး
ကယားပြည်နယ်၊ လီဝိုရွာက စစ်ရှောင် ၂၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ
မင်းတပ် စစ်ရှောင်ပြည်သူများအတွက် စေတနာလုပ်အားပေး ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေ
အမေရိကန်နိုင်ငံရှိ မြန်မာစစ်သံမှူးနေအိမ်ရှေ့တွင် Terrorist စာတမ်းဆေးမှုတ်
မူဆယ်မြို့က တရုတ်နိုင်ငံသားတွေ ကာစီနိုရုံတွေ ပိတ်ပြီး သူတို့နိုင်ငံကို ပြန်နေ
မြန်မာပြည်မြောက်ပိုင်းမှာ စီးပွားရှာနေတဲ့ တရုတ်များ လုပ်ငန်းနှင့်တကွ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့ထုတ်ပြန်။
မြန်မာတရုတ် နှစ်နိုင်ငံကုန်သွယ်ရာ ကြူကုတ်- ပန်ဆိုင်းရှိ ဝမ်တိန်ဂိတ်ကို နှစ်နိုင်ငံ အဝင်၊အထွက် ပိတ်မည်
မင်းတပ်ပြည်သူ ၇၀%ခန့် စစ်ကောင်စီကိုမယုံ၍ နေရပ်မပြန်
တောင်သာ ကျွဲဇင်းရွာတွင် ဒလန်အချို့၏တိုင်ကြားမှုကြောင့် တိုင်ကြားခံရသူ၏ မိသားစု၀င်များအားစစ်ကောင်စီမှ ဖမ်းဆီး
ဒဂုံတက္ကသိုလ် ကျောင်းသား ဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့် နှစ်ဝက်စာမေးပွဲဖြေဆို
စကစမှ အကြမ်းဖက်နေသည့်ကြားမှ နိုင်ငံနေရာအနှံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ
နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၇၅ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၀၅၃ ဦးရှိ
COVID သတိ အမြဲရှိ

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________