Skip to main content

ဇွန်လ ပထမအပါတ်သတင်းစဉ်

 ၁.၆.၂၀၂၁
တိုက်ပွဲ သတင်း
ဖာပွန်မြို့နယ်တွင် KNU နှင့်စစ်တပ် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံး
ပူတာအိုလေယာဥ်ကွင်းကို KIA တပ်မတော်က ဒုံးကျည်ဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့
ကရင်နီပြည်နယ်က PDF များ ပူးပေါင်းပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဖွဲ့စည်းကြောင်းကြေညာ
မြဝတီမြို့နယ်မှာ စစ်တပ် BGF တို့ပူးပေါင်းပြီး ခွဲထွက် DKBA အဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၃ ဦးသေ
ကလေးမြို့နယ် သာစည်ရွာမှာ ခြိမ်းခြောက်လုယက်နေတဲ့ စစ်သားများကို PDF ဝင်တိုက်ခိုက်လို့ စစ်သား ၂ ဦးသေဆုံး
သိမ်ဇရပ်မြို့ ဆင်ဖြူတော်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ စစ်သားများကို PDF ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးသေ ၂ ဦးဒဏ်ရာရ
ပေါက်မြို့နယ်၊ ကြည့်ငိုတောင်မှာ ယမန်နေ့က PDF နှင့် စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့်သေဆုံး
မြဝတီမြို့နယ် ဖလူးရွာအနီး 1022 BGF တပ်ဖွဲ့နှင့် DKBA ခွဲထွက်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီးနောက် BGF အချိူ့ DKBA နှင့်ပူးပေါင်း
ကယား သတင်း
ဒီးမော့ဆိုမြို့နယ် ကုန်းသာတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၈၀ ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရ၊ KNDF တပ်သား ၁ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရ
ဒီးမော့ဆိုမြို့ အကြမ်းဖက်စစ်သား ၈၀ ကျော်သေဆုံးမှု လေယာဥ်ဖြင့်အချင်းချင်း ပစ်ခတ်မှုပါဝင်ဟုဆို
စစ်သား ၈၀ ကျော်သေဆုံးပြီးနောက် ဒီးမော့ဆိုမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှထပ်မံတိုက်ခိုက်နေ
ဒီးမော့ဆိုမြို့၊ ဒေါင်းငံခါးရပ်ကွက်အတွင်း စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးခက်ခဲနေပြီး မသန့်ရှင်းသောရေများ သောက်သုံးနေရ
ကယားပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ရှမ်းလူငယ်များစုပေါင်းပြီး ကူညီထောက်ပံ့
ဗုံး သတင်း
ပုသိမ်မြို့ ကညနရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား
ကျုံပျော်မြို့နယ် ပညာရေးမှူးရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား
မင်္ဂလာဒုံထောက်ပို့တပ် ရိက္ခာတင်ဆောင်လာတဲ့ကား ဗုံးပေါက်ကွဲမှုဖြစ်ပွား
လေးမျက်နှာမြို့နယ်တွင် တနေ့တည်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွား
ငါးသိုင်းချောင်းမြို့နယ် အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ဒလန်နေအိမ် ဗုံးပစ်ခံ
အသုတ်မြို့၊ ကြံ့ဖွံ့ပါတီဝင်နေအိမ်၊ ဒလန်နေအိမ်နှင့် စာသင်ကျောင်းရှေ့ ဗုံးပေါက်ကွဲမှုများဖြစ်ပွား
ကျောက်ပန်းတောင်းမြို့ EPC ရုံးတွင် ယမန်နေ့ညက ဗုံး ၃ လုံးပေါက်ကွဲမှုဖြစ်ပွား
ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ အထကကျောင်းအကြားမှာ ပေါက်ကွဲမှုဖြစ်ပွား
ဖားကန့်မြို့၊ ဆိပ်မူရပ်ကွက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်သားများပစ်ခတ်ရမ်းကားမှုကြောင့် ဆိုင်ကယ်စီးလာသူတဦး ကျည်ထိမှန် သေဆုံး
တောင်ဒဂုံမြို့နယ်၊ ၁၈ ကွေ့အနီးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွား
မန္တလေးမြို့ စိန်ပန်းရပ်နှင့် စက်မှုဖက်တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုများ၊ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား
CDM
CDM လုပ်ဆောင်နေသည့် တာချီလိတ်မြို့နယ် ပညာရေးမှူး ရာထူးမှထုတ်ပယ်ခံရ
မဘိမ်းမြို့နယ်က CDM ပညာရေးဝန်ထမ်း ၁၆၆ ဦး တာဝန်မှရပ်ဆိုင်းခံရ
ကလေးမြို့နယ် သာစည်ကျေးရွာက CDM ဆရာမနေအိမ်ကို အကြမ်းဖက်စစ်သားများ ဝင်ရောက်ဖျက်ဆီးပြီး ငွေ ၂၂ သိန်းကျော်ခိုးယူ
မိုးကုတ်မြို့နယ်မှာ စာသင်ကျောင်းဝင်းထဲက CDM လုပ်နေတဲ့ ဝန်ထမ်းများအဆောင် မီးလောင်ကျွမ်းမှုဖြစ်ပွား
ကျောင်းမတက်
စစ်တပ်ကဖွင့်တဲ့ စာသင်ကျောင်းများမှာ မတက်ကြဖို့ US ၊ ဂျပန်နှင့် ကိုရီးယားရှိ ဆရာမများ တိုက်တွန်း
ကလေး၊ ဖလမ်း နှင့် ဟားခါး၌ ကျောင်းတက်သူမတွေ့ဟု ဒေသခံများဆို
ခန္တီးမြို့နယ်တွင် စစ်ကျွန်ပညာရေးစနစ်အောက် ကျောင်းအပ်သူ ၂၀၀၀ ကျော်ရှိ
ပူတာအိုရှိ ကျောင်း ၂ ခုတွင် ကျောင်းတက်သူ ၆၀၀ ခန့်ရှိ
နမ္မတီး အထကကျောင်းမှာ ကျောင်းသား ၅၀၀ ကျော် တက်ရောက်
မိုးညှင်းမြို့နယ်က နန်းမားကျောင်းတွင် ကျောင်းအပ်သူ ၇၀၀ ခန့်ရှိ
အခြေခံပညာကျောင်းများ ပြန်ဖွင့်နေကြသော်လည်း ကျောင်းသားဦးရေထက် လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားဦးရေ ပိုများနေ
စစ်ကောင်စီ​၏ရက်စက်ယုတ်မာမှုများ
ကန်ကြီးထောင့်မြို့မစျေး မီးလောင်မှုတွင် ဆိုင်ခန်း ၁၇၅ ခန်းနှင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီး
ကချင်စစ်ဘေးရှောင်ပြည်သူများကို သွားရောက်ကူညီခဲ့တဲ့ ဆရာဝန်နှင့် လူငယ်များ ဝိုင်းမော်မြို့အနီးမှာ ဖမ်းဆီးခံရ
မတ္တရာမြို့နယ်၊ စကျင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်ပြီး ရွာသား ၂ ဦးဖမ်းဆီး
ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်နေ
မုံရွာ၊ ဗကသအဖွဲ့ဝင်ဟောင်း စစ်ဘေးရှောင်များကို ကူညီနေသူ မဖူးသိမ့်သိမ့်တုန် ဖမ်းဆီးခံရ
ဗန်းမော်မြို့၊ NLD ပါတီဝင် အလုပ်မှူဆောင်တစ်ဦးကို စစ်တပ်ကဖမ်းဆီး
အထွေထွေ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအခြေအနေ စိုးရိမ်ရကြောင်း NUG အစိုးရထုတ်ပြန်
မြန်မာပြည်မပျက်စီးအောင် စစ်ကောင်စီကို ဝိုင်းဝန်းဖိအားပေးကြဖို့ ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်များအဖွဲ့ The Elders တိုက်တွန်း
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦးအပါအဝင် ၅ ဦးအသတ်ခံရဟု YDF ထုတ်ပြန်
လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်က စစ်တပ်သတင်းပေး PPP ပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
မြိတ်မြို့အခြေစိုက် DVB နှင့် မဇ္ဇျိမသတင်းထောက်နှစ်ဦးကို မနက်ဖြန်အမိန့်ချမည်
လွိုင်ကော်မြို့၊ ကြံ့ဖွံ့ပါတီပြည်နယ်ရုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
မြန်မာ့အရေး အင်ဒိုနီးရှား ဦးဆောင်ကြိုးပမ်းမှုကို အမေရိကန်ကြိုဆို
ပြည်ကြီးတံခွန်မြို့နယ်၊ အထက ၃၂ ကျောင်းရှေ့ အစောင့်ချထားတဲ့ စစ်သားများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး
မြန်မာနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ကားနှင့် ဆိုင်ကယ်များကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
ဗိုလ်ချုပ်အောင်ဆန်းတံတားကို သံလွင်တံတား(ချောင်းဆုံ)အဖြစ် အမည်ပြောင်းပွဲ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
ဝိုင်းမော်မြို့နယ်မှာ စစ်တပ်မိသားစုဝင်များ စီးနင်းလာတဲ့ကား အရှိန်လွန်တိမ်းမှောက်ပြီး ၂ ဦးသေဆုံး
ရွှေဘိုမြို့နယ် သစ်ချိုပင်ကျေးရွာ မူလတန်းကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား
လပွတ္တာမြို့တွင် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကားနှင့် ဝင်တိုက်မိပြီး ပြည်သူတစ်ဦးသေဆုံး
သံလွင်မြစ်ကမ်းတလျှောက်ရှိ ကရင်စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ
ရေဖြူမြို့နယ် ဇာဒီကျေးရွာတွင် ဒလန်သတင်းပေးများကြောင့် ရွာသား ၂ ဦး ဖမ်းဆီးခံရ
ရန်ကုန်၊ လှည်းတန်းတွင် အင်္ကျီအနက်ရောင်ဝတ်ဆင်ထားသည့် လူငယ်များကို အကြမ်းဖက်စစ်တပ်က လိုက်လံဖမ်းဆီး
နန့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာအဝင်ရှိချောက်ထဲသို့ ကျောက်သယ်ယာဥ်ထိုးကျပြီး တစ်ဦးသေဆုံး
မင်္ဂလာဒုံအမျိုးသားအစည်းအရုံးနှင့် Run Free Education တို့ပူးပေါင်းပြီး အွန်လိုင်းတွင် ဘာသာရပ်မျိုးစုံ အခမဲ့သင်ကြားပေးမည်
သရုပ်ဆောင်ရဲတိုက်အမှု တရားလိုရောက်မလာသဖြင့် ရုံးချိန်းထပ်မံရွှေ့ဆိုင်း
မန်လီကျေးရွာ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်၊ နေအိမ်မီးရှို့ခံရသူများမပြန်နိုင်သေး
ပအိုဝ်းနှင့် ညီနောင်တိုင်းရင်းသားများ PNO ကို ယုံကြည်စွာပူးပေါင်းဆောင်ရွက်ကြဖို့ ထုတ်ပြန်
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြ
နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၈၄၀ ဦး နှင့် ဖမ်းဆီးခံရသူ ၅၅၅၄ ဦးရှိ
COVID-19
ဗီယက်နမ်၌ ကူးစက်မြန်နှစ်မျိုးစပ် COVID မျိုးစိတ်သစ်‌တွေ့ရှိ
ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား ၁၀၉ ဦးနက် ၇ ဦး ကိုဗစ်ရောဂါပိုးတွေ့
၂.၆.၂၀၂၁
အာဆီယံ
အာဆီယံခေါင်းဆောင်များ မြန်မာနိုင်ငံလာရောက်ရန် စီစဥ်နေဟုဆို
အာဆီယံအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်တစ်ဦး အမြန်ခန့်အပ်ဖို့လိုကြောင်း အင်ဒိုနိုင်ငံခြားရေးပြော
ကယားသတင်း
ဒီးမော့ဆိုတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဆီက လက်နက်များ သိမ်းဆည်းရမိဟု KNDF ပြော
ယမန်နေ့က သေဆုံးခဲ့သော စစ်သား ၈၀ ကျော်အလောင်းများ မီးရှို့ပေးနေတဲ့ KNDF ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်
ဒီးမော့ဆိုမြို့ရှိ နေအိမ်များကို စစ်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်ဖျက်ဆီးနေ
လွိုင်ကော်အခြေစိုက် ၁၀၂ တပ်ရင်းက ဒီးမော့ဆိုမြို့ကို လက်နက်ကြီးများနဲ့ ပစ်ခတ်နေ
PDF
ကသာမြို့၊ PDF နှင့် စစ်တပ်တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သားများ ထပ်မံသေဆုံးပြီး စုစုပေါင်း ၁၁ ဦးရှိ
ကသာမြို့တိုက်ပွဲအတွင်း ကျဆုံးသွားသူ PDF တပ်ဖွဲ့ဝင် ၅ ဦးအတွက် ဝမ်းနည်းကြောင်း PDF ထုတ်ပြန်
စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်၊ သင်တန်းအမှတ်စဥ် ၁၊ ၂၊ ၃၊ ၄/၂၀၂၁ စစ်သင်တန်းဆင်း
တိုက်ပွဲသတင်း
ဖလူးကျေးရွာတိုက်ပွဲ၊ စစ်သား ၂၉ ဦးနှင့် BGF ၃ ဦး စုစုပေါင်း ၃၂ ဦးသေဆုံး
မြဝတီမြို့နယ်၊ ဝေါလေမြို့ရဲစခန်း ပစ်ခတ်ခံရ၊ ဖလူးကျေးရွာအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ
မြဝတီခရိုင် ဝေါလေမြိုင်ရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် တပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေး၊ GE တပ် ဂိုဒေါင် မီးလောင်ကျွမ်း
ဗုံးသတင်း
ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား
မန္တလေး၊ မဟာအောင်မြေမြို့နယ်မှာ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒဏ်ရာရ
ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား
မန္တလေး၊ လေးမျက်နှာဘုရားဝင်းထဲ ဗုံးပေါက်ကွဲပြီး စစ်သား ၁ ဦးသေဆုံး၊ ပြည်သူ ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး နှစ်ဦး ဖမ်းဆီးခံရ
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းတွင် ဗုံး ၃ လုံးပေါက်ကွဲပြီး စစ်သား ၂ ဦး ဒဏ်ရာရ၊ ကလေးတစ်ဦး အနည်းငယ်ထိခိုက်
တာမွေမြို့နယ်၊ ယုဇနပလာဇာအနီးတွင် ယမန်နေ့ညက ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ
တန့်ယန်းမြို့၊ စစ်တပ်က လုံခြုံရေးယူနေသည့် မြန်မာ့စီးပွားရေးဘဏ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား
ယင်းမာပင်မြို့ အောင်ဇေယျစျေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား
ညောင်တုန်းမြို့ အထကကျောင်းအနီးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွား
ယင်းမာပင်မြို့ အထကကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား
ဘုရားသုံးဆူမြို့ စစ်တပ်သတင်းပေး ဒလန်တစ်ဦးနေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား
မိုးကုတ်မြို့ လျှပ်စစ်ရုံးအတွင်း အသံဗုံးပေါက်ကွဲမှုဖြစ်ပွား
ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုများဖြစ်ပွား
CDM
အင်ဂျန်းယန်မြို့နယ် CDM ပညာရေးဝန်ထမ်း ၂၇ ဦး ရာထူးမှထုတ်ပယ်ခံရ
ရှမ်းမြောက် ၈ မြို့နယ်မှ CDM ပညာရေးဝန်ထမ်းပေါင်း ၂၀၄၀ ဦး တာဝန်မှ ရပ်ဆိုင်းခံရ
တစ်နိုင်ငံလုံးရှိ ပညာရေးဝန်ထမ်းပေါင်း ၁ သိန်းခွဲခန့် တာဝန်မှ ရပ်ဆိုင်း/ထုတ်ပယ် ခံထားရပြီဖြစ်။
ချင်းပြည်နယ်၊ ရေဇွာနှင့် နှာရိန်းမြို့တွင် ၃ ရက်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၂ ဦး CDM ပူးပေါင်းပါဝင်လာ
စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများ
စစ်အာဏာသိမ်းမှုအပြီး စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲခန့်ရှိလာဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြော
အကြမ်းဖက်စစ်ကောင်စီက NLD ပါတီကို ဖျက်သိမ်းပစ်ရန် ကြံစည်နေ
ထိုင်းနိုင်ငံ မဲဆောက်ရှိ စစ်ရှောင်စခန်းထဲ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထိုင်းစစ်သားအပါအဝင် ဒဏ်ရာရသူများရှိ
မန္တလေး မစိုးရိမ်တိုက်၊ မေတ္တာပို့ဆုတောင်းနေတဲ့ သံဃာတော်များကို စစ်တပ်က ဆဲဆိုကြိမ်းမောင်းပြီး သေနတ်နဲ့ပစ်ခတ်၊ ရဟန်းတပါး ဒဏ်ရာရ
စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်ကို ပိတ်ထားလို့ မြန်မာအလုပ်သမား ၄၀၀ ခန့် ထိုင်းမှာပိတ်မိ
မိုးကုတ်မြို့ ပန်းမရပ်ကွက်နေ ပန်းရံဆရာတစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွား
ဝက်လက်မြို့နယ်တွင် ကျောင်းဖွင့်ချိန် သံပုံးတီးဆန္ဒပြသည့် ရွာသားများကို ရဲနဲ့စစ်တပ်က လာရောက်ဖမ်းဆီး
တောင်တွင်းကြီးမြို့၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုပြည့်ဖြိုးပိုင်ကို မဖမ်းမိ၍ အဘိုးဖြစ်သူကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးသွား
ရေစကြိုမြို့နယ် မအူအလယ်ရွာရှိ သပိတ်ခေါင်းဆောင်နေအိမ်ကို အကြမ်းဖက်စစ်တပ်က မွှေနှောက်ရှာဖွေ
ပခုက္ကူမြို့ အင်းဝဘဏ်ရှေ့တွင် လူငယ် ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်
မိုးကုတ်မြို့နယ် ပန်လင်ကျေးရွာ အုပ်အုပ်ရေးမှူးဟောင်းကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး
ကော့သောင်းမြို့တွင် ညတိုင်းနီးပါး ပြည်သူများဖမ်းဆီးခံနေရ
မုဒုံမြို့နယ်မှာ NLD ပါတီဝန်းရံသူများကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေ
အမ်းမြို့မှာ ဆရာတော်ဦးဥတ္တမကြေးရုပ်တု အသစ်တည်ဆောက်မည့်အစီအစဥ်ကို စစ်ကောင်စီ ကန့်ကွက်
ဖျာပုံမြို့နယ် ခါးပြတ်ကျေးရွာမှာ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း တကိုယ်တော်ဆန္ဒပြခဲ့တဲ့ အမျိုးသမီး ဖမ်းဆီးခံရ
လှိုင်သာယာမြို့နယ် ၊ အမှတ် ၇ ရပ်ကွက်က တွဲကားမောင်းသူတစ်ဦးကို စစ်တပ်ကဖမ်းဆီး
ကျိုင်းတုံမြို့တွင် စစ်တပ်ပိုင်ကျောင်းများအပါအဝင် စာသင်ကျောင်းများမှာ အလှည့်ကျကင်းစောင့်ရန် ပြည်သူများဖိအားပေးခံထားရ
ကျောက်မဲ - မိုင်းငေါ့လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် အကြမ်းဖက်စစ်တပ်က ဆက်ကြေးကောက်နေ
ပလက်ဝမြို့တွင် ချင်းလူငယ် ၂ ဦးထပ်မံဖမ်းဆီးခံရပြီး စုစုပေါင်း ၁၈ ဦးအထိရှိလာ
ဥသျှစ်ပင်မြို့မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်က ရှာဖွေနေသူမတွေ့ရှိ၍ မိခင်နှင့် ဇနီးဖြစ်သူကို ဖမ်းဆီးသွား
ပူတာအိုတွင် စစ်မှုထမ်းဟောင်းများ ပြန်လည်တာဝန်ထမ်းဆောင်ရန် အကြမ်းဖက်စစ်တပ်က ခေါ်ယူနေ
အထွေထွေ
ဇွန် ၃ ရက်နေ့မှာ ရန်ကုန်တိုင်း ၁၀ မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်
မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်
ဂျပန်နိုင်ငံ၊ တိုကျိုမြန်မာသံရုံးရှေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ
မိတ္ထီလာစက်မှုဇုန် အလယ်တန်းကျောင်းဆောင် မီးလောင်ကျွမ်းမှု ဖြစ်ပွား
တန့်ဆည်မြို့၊ ပေါ်ဦးရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ
ဖားကန့်၊ ဆိပ်မူကျေးရွာ NLD ရပ်ကျေးခေါင်းဆောင်ဟောင်း ဓားနဲ့ခုတ်သတ်ခံရ
မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ NMSP ကို ပြည်သူနဲ့အတူရပ်တည်ဖို့ ကျောင်းသားသမဂ္ဂ ၁၂ ဖွဲ့ တောင်းဆို
ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်မှာ Non-CDM ဝန်ထမ်းများကို သံပုံးတီးပြီးနှင်ထုတ်
တောင်တွင်းကြီးမြို့နယ်၊ တလုပ်ပင်ကျေးရွာရှိ မူလတန်းကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား
နန်းမားမြို့တွင် ကြံ့ဖွံ့ထောက်ခံသူ စစ်တပ်သတင်းပေးဒလန်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
ပြည်သူများ စစ်တပ်ယာဥ်များနှင့် အနီးကပ်မနေကြရန်၊ မသင်္ကါဖွယ်ပစ္စည်းများ မစူးစမ်းကြရန် FBF (ရှမ်းတောင်) သတိပေး
RCSS နဲ့ SSPP တိုက်ပွဲများကြောင့် ကျေးသီးမြို့ပေါ်ကို စစ်ဘေးရှောင် ၂၀၀ နီးပါး တိမ်းရှောင်လာ
ယဥ်ကျေးမှုတက္ကသိုလ် ဆရာများသမဂ္ဂ ပြန်လည်ဖွဲ့စည်းမည်
ဆရာများသမဂ္ဂဥက္ကဌကို တာဝန်မှ ရာသက်ပန်ထုတ်ပယ်ပြီး သမဂ္ဂသစ် ပြန်လည်ဖွဲ့စည်းမည်
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြ
နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၈၄၁ ဦး နှင့် ဖမ်းဆီးခံရသူ ၅၅၇၆ ဦးရှိ
ထိုင်း
ထိုင်းနိုင်ငံတွင် DVB သတင်းထောက် ၃ ဦးအပါအဝင် ၅ ဦး ထောင်ဒဏ်ခုနှစ်လစီ ချမှတ်ခံရ
မြန်မာ ၁၉ ဦးနှင့် လူကုန်ကူးသူ ၆ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
COVID-19
တွန်းဇံမြို့တွင် ကိုဗစ်လူနာသစ် ၃၃ ဦး ထပ်မံတွေ့ရှိ
ကိုဗစ်ရောဂါကြောင့် ခရစ်ယာန်အမှုတော်ဆောင်တဦး ကွယ်လွန်ပြီးနောက် ကျီခါးမြို့ကို ၁၀ ရက်ကြာ အဝင်အထွက်ကန့်သတ်
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ကိုဗစ်လူနာအမျိုးသမီးတစ်ဦး သေဆုံး
၃.၆.၂၀၂၁
NUG
NUG အစိုးရ ပညာရေးဝန်ကြီးဌာနက သင်ကြားရေးဆရာများနှင့် စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်
NUG အစိုးရကို ထောက်ခံရန် ပြင်သစ်လွှတ်တော်အမတ်များက အစိုးရကိုတိုက်တွန်း
ကျောင်းနဲ့ တက္ကသိုလ်များမှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်ကို NUG အစိုးရ ရှုတ်ချ
PDF
ပဲခူးမြို့ အထက ၆ ကျောင်းရှေ့ ဗုံးပေါက်ကွဲမှု PDF လက်ချက်မဟုတ်ဟု ထုတ်ပြန်
ပြည်သူများ ထိခိုက်နစ်နာစေမည့်အလုပ်များ လုံးဝလုပ်မည်မဟုတ်ကြောင်း ရန်ကုန်ရှိ PDF တပ်ဖွဲ့ ၉ ခုစုပေါင်းထုတ်ပြန်ကြေညာ
PDF တပ်ဖွဲ့ဝင်များအတွက် အထောက်အကူပစ္စည်းများဝယ်ယူရေး ငွေကြေးလှူဒါန်းကြရန် မော်ဒယ်ထားထက်ထက် မေတ္တာရပ်ခံ
အကြမ်းဖက်စစ်တပ်က ပစ်ခတ်နေလို့ ပြည်သူများမလိုအပ်ဘဲအပြင်မထွက်ကြရန် MBPDF သတိပေး
တိုက်ပွဲသတင်း
မင်းတပ်၊ ရွှေအောင်သာရွာမှာ CDF နှင့် စစ်တပ်တိုက်ပွဲဖြစ်ပွား၊ စစ်သား ၃ ဦးထက်မနည်းသေဆုံး
ဒေါ့ဖုန်းယန်မြို့အနီး KIA တပ်မတော်နှင့် စစ်တပ် တိုက်ပွဲပြင်းထန်၊ စစ်တပ်ဖက်က အကျအဆုံးများနေ
တနိုင်း၊ တရူးကျေးရွာမှာ စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ KIA တပ်သားတစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရ
ခန္တီးမြို့နယ် နန်စီပွန်ရဲစခန်းက ဒုရဲအုပ်အပါအဝင် ၁၅ ဦးကို လက်နက်အမြောက်အများနှင့်အတူ KIA ဖမ်းဆီးရမိသည့် ဗီဒီယိုဖိုင်ထွက်ပေါ်
မင်းတပ်မြို့အဝင်ကို စစ်တပ်က ပိတ်ဆို့တပ်စွဲထားသောကြောင့် CDF နဲ့ တိုက်ပွဲဖြစ်ပွား
ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက တင့်ကား ၂ စီးနှင့် စစ်ကား ၁၀ စီး စစ်ကူပို့ဆောင်
ကနီမြို့နယ်ကနေ စစ်တပ်အင်အားအချို့ ​ဆုတ်ခွာသွားဟု ဒေသခံများပြော
ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီးတွင် စစ်တပ်ရိက္ခာတင်သင်္ဘော ထပ်မံပစ်ခတ်တိုက်ခိုက်ခံရ
လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့အကြားရှိ ၆ မိုင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဝင်ရောက်တပ်စွဲထား
မြဝတီမြို့နယ်၊ ဖလူးကျေးရွာက ဘုန်းကြီးကျောင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ BGF တပ်စွဲထားလို့ ရွာလုံးကျွတ်ထွက်ပြေးနေရ
ဂန့်ဂေါ နှင်းခါးရွာကို သာသနာ့အလံထောင်ကားဖြင့်ပျူစောထီးအဖွဲ့ဦးဆောင်၍ စစ်တပ်မှစီးနင်းရှာ၊ ဒေသခံများရှောင်တိမ်းနေရ
ဗုံးသတင်း
တန့်ဆည်မြို့နယ် ရွာသာယာကျေးရွာ အထကကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
မုံရွာမြို့ ကားကွင်းရှိ ရွှေမန်းသူကားဂိတ်အပါအဝင် ၅ နေရာခန့် ဗုံးပေါက်ကွဲမှုများဖြစ်ပွား
မိုးညှင်းမြို့ အထက ၂ ကျောင်း အနီး ယမန်နေ့ညနေက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့
တွံတေးမြို့နယ်၊ တလုပ်ထော်ကျေးရွာရှိ မူလတန်းလွန်ကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား
သံဖြူဇရပ်မြို့ အထကကျောင်းအတွင်း ချိန်ကိုက်မိုင်း ၃ လုံးတွေ့ရှိ
တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ပျက်စီးမှုများရှိ
မုန်းမြို့နယ်၊ ခလရ ၅၉၀ တပ်ရင်းအနီးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား
ကျုံပျော်မြို့တွင် အထကကျောင်းရှေ့မှာ ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွား
ညောင်တုန်းမြို့၊ ထီဆိုင်တစ်ခုရှေ့မှာ ယမန်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွား
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ စစ်တပ်ပိုင်မြေများမှာ လုံခြုံရေးအတွက် မိုင်းများတပ်ဆင်နေဟုဆို
စစ်ကောင်စီ၏ရက်စက်ယုတ်မာမှုများ
ကန်ပက်လက်မြို့နယ်တွင် စစ်တပ်က လူငယ်နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းပြန်မပေး
လောင်းလုံမြို့နယ် ချောင်းဝပြင်ရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့တဲ့ အမျိုးသမီး ၂ ဦး အလောင်းပြန်မရ
မန္တလေး၊ စိန်ပန်းသပိတ်စစ်ကြောင်းမှာ ပါဝင်သူနှစ်ဦးကို အကြမ်းဖက်စစ်တပ်ဖမ်းဆီး
ကလေးမြို့နယ်တောင်ဖက် အရှေ့စည်းနဲ့ ဒိုးနွယ်အကြား စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး ဒဏ်ရာရ
ကန်ပက်လက်မြို့နယ် ကျေးရွာများရှိ နေအိမ်များကို စစ်တပ်က ဖောက်ထွင်းပြီး ငွေနှင့် အဖိုးတန်ပစ္စည်းများ ယူဆောင်သွား
ပုသိမ်မြို့မှာ လမ်းဘေးဂိမ်းထိုင်ဆော့နေတဲ့ လူငယ်များကို အကြမ်းဖက်စစ်သားများက ဗုံးနဲ့ပစ်
မိုးဗြဲမြို့၊ ပြည်သူနှစ်ဦးကို အကြမ်းဖက်စစ်တပ်က စနိုက်ပါနဲ့ပစ်ခတ်လို့ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်
ရန်ကုန်မြို့လယ်က တောင်တန်းပြည်မ ညီညွတ်ကြ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူငယ်တစ်ဦးဖမ်းဆီးခံရ
မိုးကုတ်မြို့နယ် ပန်လင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးပြီး အမှုဖွင့်ထား
ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာကို စစ်တပ်ကဝင်စီးပြီး တပ်မိသားစုအပါအဝင် ၅ ဦးဖမ်းဆီးသွား
ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာတွင် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး သေဆုံး
တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းအုပ်ဆရာမတစ်ဦးကို စစ်တပ်ကဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်
ကချင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဖမ်းဆီးခံရသူများအမှု လိုက်ပါကူညီပေးတဲ့ ရှေ့နေဦးသက်ထွန်းဦးကို စစ်တပ်ကဖမ်းဆီး
ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာအချို့မှာ စစ်တပ်ဝင်ရောက်လာလို့ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းမြို့က NLD ပါတီဝင် ရှေ့နေတစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွား
မိုးကုတ်မြို့ ပြောင်ခေါင်းဒေသက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅ ဦးကို စစ်တပ်ကဖမ်းဆီး
CDM
ဟုမ္မလင်းမြို့နယ် အမှတ် ၃၆၉ ခြေမြန်တပ်ရင်းက စစ်သားတစ်ဦး CDM ပူးပေါင်းပါဝင်လာ
CDM ကြောင့် အရေးယူထုတ်ပယ်ခံထားရတဲ့ ပညာရေးဝန်ထမ်းတွေ ကိုယ်တိုင်ခံဝန်ကတိနဲ့ တာဝန်ထမ်းဆောင်ဖို့ ဧရာဝတီတိုင်းပညာရေးက ထပ်မံဖိအားပေး
ပန်းတနော်မြို့နယ် မူလတန်းကျောင်းက Non CDM ဆရာမတစ်ဦး ဓားနဲ့ထိုးခံရ
မိုးကုတ်မြို့၊ ကသဲရပ်ကွက်ရှိ Non CDM ဆရာမတစ်ဦး၏ နေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား
မိုးကုတ်မြို့တွင် Non CDM ဆရာ/မများ အရပ်ဝတ်နဲ့ ကျောင်းတက်နေရ
ရွှေကူမြို့နယ်က CDM ပညာရေးဝန်ထမ်း ၂၁၁ ဦး ရာထူးမှထုတ်ပယ်ခံရ
အထွေထွေ
အာဆီယံအထွေထွေအတွင်းရေးမှူး မြန်မာပြည်ကို ယနေ့လာမည်
ကချင်ပြည်နယ်အစိုးရကို ဗမာနိုင်ငံရေး အင်အားစုများမပါဝင်ဘဲ ဖွဲ့စည်းမည်ဟု KNO ပြော
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လျှို့ဝှက်အက်ဥပဒေအမှုကို မစစ်ဆေးဘဲ ဇွန်လ ၁၇ ရက်နေ့ ထပ်မံရုံးချိန်း
ဖမ်းဆီးခံထားရတဲ့ သတင်းထောက်များပြန်လွှတ်ပေးဖို့ US နိုင်ငံခြားရေးတောင်းဆို
စစ်တပ်က အကာအကွယ်မပေးနိုင်လို့ ဒလန်များအတွက် အဖွဲ့ကိုတည်ထောင်ရကြောင်း ပျူစောထီး ပြောရေးဆိုခွင့်ရှိသူပြော
မြဝတီ၊ အာရှလမ်းမကြီးပေါ်ရှိ နတ်စင်ကွေ့တွင် တွဲကားတိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး
စစ်ကောင်စီထံ အမြတ်ငွေပေးချေမှုရပ်ဆိုင်းရန် TOTAL လုပ်ငန်းစုကို ပြင်သစ်တက်ကြွလှုပ်ရှားသူများ တောင်းဆိုဆန္ဒပြ
စစ်ကောင်စီက စစ်လက်နက်များထုတ်လုပ်ရန်အတွက် ဗဟိုဘဏ်ကနေ သိန်းခြောက်ထောင်ခန့်ထုတ်ယူ
တောင်ပြုံးပွဲတော်ကျင်းပရန် အကြမ်းဖက်စစ်အုပ်စုက စီစဥ်နေ
ရေတာရှည်မြို့နယ်၊ ခင်တန်းလေးရွာက စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
ပြင်ဦးလွင်၊ အုန်းချောရဲစခန်းက နယ်ထိန်းတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ဓားနဲ့ပါထိုးခံသတ်ခံရ
ယမန်နေ့ညက မိုးကုတ်မြို့တွင် မြို့နယ် ဒုစခန်းမှူး ဓားနဲ့ခုတ်ခံထားရပြီး ဒဏ်ရာပြင်းထန်၊ ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့
အင်္ဂပူမြို့နယ် မယ်ဇလီကုန်းနယ်မြေအတွင်း ကြံံ့ဖွံ့ပါတီဝင် စစ်တပ်သတင်းပေးဒလန်တစ်ဦး ပစ်သတ်ခံရ
ဖားကန့်မြို့နယ် NLD ပါတီဝင် မနုကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရမှု ပျူစောထီးအဖွဲ့လက်ချက်ဟု ဒေသခံများပြော
စစ်အာဏာသိမ်းပြီးနောက် ကျောင်းသုံးပစ္စည်းရောင်းချမှု ရောင်းအား ၈၀% ကျဆင်းသွား
အကြမ်းဖက်စစ်တပ်ရဲ့ ပစ်သတ်မှုများကြောင့် LGBTIQ ငါးဦးထက်မနည်းသေဆုံးပြီး ၄၀ ခန့် ဖမ်းဆီးခံထားရ
ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများအတွက် ဆောမြို့နယ်တွင် စစ်ရှောင်စခန်းဖွင့်လှစ်
မန္တလေးမြို့က ကိုယ်ပိုင်ကျောင်းများ အမြန်ပြန်ဖွင့်ရင် အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးနေ
မိုးကောင်းမြို့မစည်ပင်ဈေးကြီး မီးရှို့ခံရသော်လည်း အချိန်မီတားဆီးနိုင်ခဲ့
တာချီလိတ်မြို့၊ အလိုတော်ပြည့်ကျောင်းအနီးက လောင်းကစားဂိမ်းခုံများ ရိုက်ခွဲဖျက်ဆီးခံရ
ပြည်သူ့ဂုဏ်ရည်အသင်းက နွေဦးတော်လှန်ရေးကို ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်
မြန်မာစစ်ခေါင်းဆောင်များကို နောက်ထပ်ဒဏ်ခတ်အရေးယူရန်မရှိဟု သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ပြော
မြန်မာသမ္မတရုံး ဝဘ်ဆိုဒ်ကို ဟက်ကာများကဖောက်ထွင်းဝင်ရောက်ပြီး ဗိုင်းရပ်စ်ထည့်ထား
ဖလူးကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လေးကေကော်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာများလိုအပ်နေ
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြ
ICRC မှထောင်လေ့လာခွင့်နှင့် ပဋိပက္ခဖြစ်ရာဒေသများ၌ လူသားခြင်းစာနာမှုပိုမိုရရှိရန် စစ်ခေါင်းဆောင်ကို တောင်းဆို
မင်းတပ်၌စစ်ရှောင် ၁၀,၀၀၀ကျော်ရှိနေ
နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၈၄၂ ဦး နှင့် ဖမ်းဆီးခံရသူ ၅၆၀၉ ဦးရှိ
COVID-19
ချင်းပြည်နယ်၊ ကျီခါးမြို့မှာ ကိုဗစ်ရောဂါကြောင့် တနေ့တည်း ၃ ဦးသေဆုံး
ကလေးမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၇၃ ဦးရှိပြီး Stay at home ကြေညာ
၄.၆.၂၀၂၁
NUG
အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ညနေ ၅ နာရီအချိန်တွင် အွန်လိုင်းမှ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့်အချိန် အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဖြတ်တောက်
တိုက်ပွဲသတင်း
ဟားခါး CDF နှင့် စစ်တပ်တိုက်ပွဲတွင် CDF တစ်ဦးကျဆုံး၊ စစ်သား၈ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
မင်းတပ်မြို့နယ် ရွေအောင်သာရွာမှာ စစ်အင်အားရာချီပြီး CDF ကို ထိုးစစ်ဆင်နေ
ကလေးမြို့နယ် ဒိုးနွယ်ရွာအနီးရောက်လာတဲ့ စစ်တပ်ကို PDF တိုက်ခိုက်၊ စစ်သား ၄ ဦးထက်မနည်းသေဆုံးပြီး PDF ၃ ဦး ဒဏ်ရာရ
မင်းကင်းမြို့နယ်မှာ စာသင်ကျောင်းများကို ဖောက်ခွဲရန်ပြင်ဆင်နေသည့် ပျူစောထီးအဖွဲ့ဝင် လက်နက်ကိုင် ၃ ဦးကို PDF သုတ်သင်ရှင်းလင်း
၆ မိုင်တိုက်ပွဲတွင် စစ်တပ်က ဘုရားကျောင်းထဲတပ်စွဲပြီး တိုက်ခိုက်၊ KNDF တဦးကျဆုံး
ကချင်ပြည်နယ်တွင် KIA တပ်မတော်နှင့် စစ်တပ် ယမန်နေ့က သုံးနေရာတွင် တိုက်ပွဲဖြစ်
ဒေါ့ဖုန်းယန်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဖက်က အကျအဆုံးများပြား
ဆွမ်ပရာဘွမ်မြိုနယ်၊ အင်ဆိုင်းယန်ရွာအနီး စစ်တပ်က လက်နက်ကြီးများပစ်ခတ်နေ
ကရင်ပြည်နယ် ဝမ်းရေးမြို့နယ် တံခွန်တိုင်ရဲစခန်းမှာ ရဲ နဲ့ BGF ပူးပေါင်းအဖွဲ့နှင့် KNLA တိုက်ပွဲဖြစ်
ကယားပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးသူ ၃၇ ဦးရှိလာ
ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားရာနေရာကို အကြမ်းဖက်စစ်တပ်က ဝင်တိုက်၊ စစ်သား ၂ ဦးဒဏ်ရာရပြီး ပြန်ဆုတ်ခွာ
မြဝတီမြို့နယ် ဖလူးကျေးရွာမှာ စစ်တပ်နဲ့အတူ BGF တပ်ဖွဲ့ ပူးပေါင်းတပ်စွဲထား
ရန်ကုန်အမှတ်၃လမ်းဆုံစစ်ဆေးရေးဂိတ် ပစ်ခတ်မှု ၂ကြိမ်ဖြစ်
ဒီးမော့ဆို စံပြ ၆မိုင်ဘုရာကျောင်းက sniperနှင့်ပစ် ရိက္ခာဝင်ယူသူရွာသား ၁ဦးသေဆုံး၊ ငွေတောင်ဆည်အနီး စစ်တပ်နှင့် PDFတိုက်ပွဲဖြစ် စစ်တပ်ပြန်ဆုတ်
ကြာအင်းဆိပ်ကြီး တံခွန်တိုင်ရွာရဲစခန်းကို KNUတိုက်ခိုက်
ဗုံးသတင်း
မြန်အောင်မြို့၊ ကြံ့ဖွံ့ပါတီဥက္ကဌနေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
ယင်းမာပင်မြို့နယ်၊ အောင်ဇေယျစျေး ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့တဲ့ အငြိမ်းစားကျောင်းဆရာမကြီး ကွယ်လွန်
ဟင်္သါတမြို့ အမက ၁၁ ကျောင်းအနီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိ
ပုဏ္ဍားကျွန်းမြို့နယ်တွင် မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ထုခွဲကြည့်ရာ ပေါက်ကွဲပြီး အရပ်သား ၄ ဦးသေဆုံး
စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရပ်ကွက်ရုံးတွင် ယမန်နေ့ညနေက ဗုံးပေါက်ကွဲမှုဖြစ်ပွား
တန့်ဆည်မြို့ လဖက်ရည်ဆိုင်တခုရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူတစ်ဦး ဒဏ်ရာရ
စစ်ကောင်စီလက်ပါးစေများ ဝင်ထွက်သွားလာနေတဲ့ လဖက်ရည်ဆိုင်ကို ဖောက်ခွဲခဲ့ကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPC ပြော
ကသာမြို့၊ ၉ ရပ်ကွက် အိမ်ဆောက်ပစ္စည်းဆိုင်တွင် ယမန်နေ့ညက အသံဗုံးပေါက်ကွဲ
CDM
ရန်ကုန် စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာန၊ မဟာကျောင်းသား/သူ ၉၈ ရာခိုင်နှုန်း စီဒီအမ်ပြုလုပ်ဟု ကြေညာ
ရန်ကုန်၊ CDM စည်ပင်ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို စရဖ က တောင်းယူသွား
CDM ဆရာဝန်များကို နိုင်ငံခြားသွားလာခွင့် ပိတ်ခြင်း၊ ဆမ ပိတ်သိမ်းခြင်းနှင့် Passport ဖျက်သိမ်းရန် စစ်ကောင်စီညွှန်ကြား
ဖလမ်းမြို့ ရဲတပ်ဖွဲ့ရုံးက တပ်သားတစ်ဦး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာ
ပဲခူးတိုင်း၊ ပဲနွယ်ကုန်းအနီး၊ ကျောင်းစိုးကျေးရွာက CDM ကျောင်းဆရာ ၂ ဦးကို မဖမ်းမိ၍ မိသားစုဝင်များ ရိုက်နှက်ဖမ်းဆီးခံရ
မင်းတပ်တိုက်ပွဲတွင် ပြည်သူဖက်မှ ဝင်ရောက်တိုက်ခိုက်ပေးသည့် CDM ရဲတဦးကျဆုံး
စစ်ကောင်စီ၏ရက်စက်ယုတ်မာမှုများ
ချင်းပြည်နယ်က စစ်ဘေးရှောင်တွေကို စစ်ကောင်စီက ရိက္ခာဖြတ်တောက်ထား
ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်သားများက ရွာသား ၅ ဦးကို ရိုက်နှက်ဖမ်းဆီး
ယင်းမာပင်မြို့နယ်၊ ကွေ့ချောင်းရွာသား ၃ ဦးထက်မနည်း ဖမ်းဆီးခံရ
ဗန်းမော်မြို့က ပရဟိတအဖွဲ့ခေါင်းဆောင်တစ်ဦးကို အကြမ်းဖက်စစ်တပ်ကဖမ်းဆီး
လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် ဆိုင်ကယ်စီးလာသူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ပစ်သတ်
တောင်ဥက္ကလာမြို့နယ်၊ မိုးဆွေရပ်ကွက်တွင် လူငယ်များကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ တဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
ဖားကန့်၊ တာမခန်မြို့သစ် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ
မြိုင်၊ လယ်စုရွာသပိတ် ဆိုင်ကယ်နဲ့ ဝင်တိုက်ခံရပြီး ဝင်တိုက်တဲ့သူ သေဆုံး
ဗန်းမော်မြို့က ပရဟိတခေါင်းဆောင်တစ်ဦး အဖမ်းခံရ
တောင်ကြီးမြို့တွင် လူငယ်တစ်ဦးကို အကြမ်းဖက်စစ်တပ်က ရိုက်နှက်ဖမ်းဆီး
ဂန့်ဂေါမြို့နယ်၊ နှင်းခါးရွာမှာ နေအိမ်များထဲကို စစ်သားများစီးနင်းဝင်ရောက်ပြီး ရိက္ခာနှင့် အဖိုးတန်ပစ္စည်းများ ခိုးယူလုယက်
DKBA ဌာနချုပ်ရှိရာ သေဘောဘိုးကျေးရွာအထိ စစ်တပ်များဝင်ရောက်လာသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
ဘိုကလေး မြင်းကကုန်းရွာအုပ်ကြီးရွာသားများကို ခြိမ်းခြောက်ငွေ‌တောင်း
အထွေထွေ
စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုများ ထပ်မံပြုလုပ်ရန် EU စီစဥ်နေ
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံရန် ဘရူနိုင်း နိုင်ငံခြာရေးဝန်ကြီး ၂ နဲ့ အာဆီယံအတွင်းရေးမှုးချုပ်တို့ မြန်မာနိုင်ငံရောက်နေ
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရုပ်ရှင်အစည်းအရုံးဥက္ကဌအဖြစ် ခန့်စည်သူကို ခန့်အပ်
စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းများ Facebook, Viber, Gmail အသုံးပြုခွင့် ကန့်သတ်ခံရ
ကလေးမြို့နယ်မှာ အုပ်ချုပ်ရေးမှူး ၆ ဦး နှုတ်ထွက်စာတင်
လောင်းလုံမြို့နယ် ကမြောကင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ
ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသူရွာသားများကို ခြိမ်းခြောက်ပြီး ငွေတောင်းနေ
ထားဝယ် ကမြောကင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
နမ္မတူမြို့နယ်၊ RCSS နဲ့ SSPP တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်များအတွက် အကူအညီလိုအပ်နေ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျောင်းအားလုံးမှာ ကျောင်းအပ်သူကင်းမဲ့
ဗန်းမော်မြို့နယ် NLD ပါတီအတွင်းရေးမှူးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်
မိုင်းယောင်းမြို့က စာသင်ကျောင်းများတွင် တအိမ်တစ်ယောက် အလှည့်ကျကင်းစောင့်ပေးနေရ
ဟားခါးတိုက်ပွဲတွင် ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်အတွက် ဝမ်းနည်းကြောင်း၊ ဂုဏ်ယူလေးစားကြောင်း CDF ထုတ်ပြန်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းဥက္ကဌနဲ့ မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြ
နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၈၄၅ ဦး နှင့် ဖမ်းဆီးခံရသူ ၅၆၅၂ ဦးရှိ၊ မျက်ကွယ်သေဒဏ်ပေးခံရသူ ၃၁ ဦး
COVID သတိအမြဲရှိ
ကလေးမြို့တွင် တစ်ရက်အတွင်း ကိုဗစ်လူနာလေးဦး သေဆုံး
တာချီလိတ်မြို့၊ Quarantine ဝင်နေသူများထဲက ၃၀ ဦး ကိုဗစ်ရောဂါတွေ့ရှိ
ပိုလျှံ COVIDကာကွယ်ဆေး သန်း၈၀ USလှူဒါန်းမည်
ချင်း တွန်ဇံ၊ကျီးခါး ၂မြို့ပေါင်း COVIDတွေ့ရှိ ၂၄၂ဦး
၅.၆.၂၀၂၁
NUG&CRPH
အောက်ပါဝန်ကြီးများကို CRPH ခန့်အပ်
တရားရေး - ဦးသိန်းဦး
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ
ဦးထင်လင်းအောင်
လျှပ်စစ်နှင့် စွမ်းအင် - ဦးစိုးသူရထွန်း
အချိန်တန်ရင်တိုက်ပွဲခေါ်မယ်လို့ NUGပြော
ASEANပေါ်မျှော်လင့်ချက်ကုန်ပြီလို့ NUGပြော
တိုက်ပွဲသတင်း
ကျုံပျော်မြို့နယ်တွင် ပြည်သူတွေနဲ့ စစ်တပ်တို့ အကြား ပစ်ခက်မှုဖြစ်ပွား
ဗန်မော် - မြစ်ကြီးနား လမ်းပေါ်ရှိ အူထန်ယန်ရွာအနီးတွင် တိုက်ပွဲဖြစ်
CDFမင်းတပ်နှင့်မယ်လယ်ကုန်းရွာတိုက်ပွဲတွင်စစ်ကောင်စီတပ်က ရွာသား ၇ဦးကိုဒိုင်းအဖြစ်အသုံးပြု
ကျုံပျော်၊ လှေဆွဲရွာတိုက်ပွဲတွင် ပြည်သူ ၁၇ ဦး ကျဆုံး၊ ဒေသခံ ၂၀၀၀ ကျော် တိမ်းရှောင်နေရ
ရွှေကူ ဇင်းဘုံရွာသားများရွှေ့ပြောင်းထားရန်KIAအသိပေး
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ ၊ စစ်ကောင်စီအဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ပြည်သူ့တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
မိုးဗြဲတိုက်ပွဲမှာ MBPDF ၁ဦးကျဆုံး၊ တိုက်ပွဲပြင်းထန်ဆဲ
ဗုံးသတင်း
ကညွှတ်ကွင်းမြို့တွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ
နတ်တလင်း စမ်းကြီးရွာကျောင်းမှာဗုံးကွဲ ၃ဦးသေဆုံး
စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများ
ယင်းမာပင်မှာ လူငယ်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး
ရွှေဘိုမြို့နယ် NLD ဥက္ကဌကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်
ကျောက်ပန်းတောင်း စစ်တပ်ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူ ဆေးကုသခွင့်မရ၍သေဆုံး
မိုးဗြဲ ရထားလမ်းတိုက်ပွဲအပြီး အရပ်သားတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး
စကစ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူ မိသားစုဝင်အနည်းဆုံး ၇၆ဦးရှိပြီး ၄၈ဦးကို ဆက်လက်ချုပ်နှောင်ထားဆဲဟု AAPPထုတ်ပြန်
အထွေထွေ
စွမ်းအင်ကုမ္ပဏီ တိုတယ်ကို ဖိအားပေးရန်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကို အသိအမှတ်ပြုရန် ပြင်သစ်အစိုးရကို ပြင်သစ်လွှတ်တော်အမတ်များ တောင်းဆို
ဆီစျေးတွေ တက်လာစရာ အကြောင်းမရှိဘူးဟု စက်သုံးဆီ အတွင်းရေးမှုး အာမခံ
ရုပ်ရှင်အစည်းအရုံးဥက္ကဌအဖြစ် ခန့်စည်သူဖြစ်လာပြီးနောက် မင်းမော်ကွန်းအပါအဝင် နာမည်ကြီး အနုပညာရှင်တချို့ အစည်းအရုံးမှ နှုတ်ထွက်
ဂီအစည်းအရုံးဥက္ကဌအဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် အဆိုတော်ကိုင်ဇာ တင်ပြထား
အဖမ်းခံမိုးဗြဲဘုရားကျောင်းစောင့်များမှ ၁ဦးထွက်ပြေးလွတ်မြောက်
နိုင်ငံတကာတွင် စစ်ကောင်စီလက်အောက်က MOGEနှင့်ဘဏ်များကိုအရေးယူရန်တိုက်တွန်းမှု မြင့်တက်
ရခိုင်လူမျိုးများ ရိုဟင်ဂျာအရေးစိတ်မပူရန် NUGပြော
ရိုဟင်ဂျာအရေး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားကြေညာချက်ကို ကုလကိုယ်စားလှယ် ထောက်ခံကြိုဆို
ရခိုင်မှာ စစ်ကောင်စီက တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးပေးရန် လုပ်ဆောင်နေ
နေပြည်တော်ကိုရောက်နေတဲ့ အာဆီယံသံအဖွဲ့က စစ်ကောင်စီဥက္ကဌ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ နိုင်ငံခြားရေးနဲ့ လူကယ်ပြန် ဝန်ကြီးတွေနဲ့ပါ တွေ့ဆုံ
မြန်အောင်မြို့နယ်တွင် ရဲတပ်သားတစ်ဦး သေနတ်ဖောက်ပြီး ထွက်ပြေး
NLD အစိုးရ ရပ်ဆိုင်းခဲ့သော အထက်သံလွင်ရေအားလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီ ပြန်ပြီး အသက်သွင်း
မန္တလေး ကျောင်းသားများက စစ်ကောင်စီကို အသိအမှတ်ပြုရန် လုပ်ဆောင်နေသည့် အာဆီယံအလံကို မီးရှို့ပြီး ဆန္ဒပြ
ဟားခါးမြို့နေအိမ်နားပေါက်ကွဲမှု ၁ဦးသေ
ဇွန်၄ထိ ကျဆုံးပြည်သူ ၈၄၅၊ ဖမ်းဆီးခံရဆဲ ၄၅၆၅ ဦးရှိ
COVID သတိ
ကလေးမှာCOVIDနဲ့ ၁ရက်တည်း ၆ဦးသေဆုံး
ချင်း ကျီးခါးတွင် Covidဖြင့် ၁ဦးထပ်မံသေဆုံး
၆.၆.၂၀၂၁
NUG
NUG၏ရိုဟင်ဂျာသဘောထား UNကိုယ်စားလှယ်ကြိုဆို
NUG မှ Radio လိုင်းထုတ်လွှင့်မည့်အစီအစဉ်အား ယနေ့ စမ်းသပ်မည်ဟု သိရ
အာ စီရံ
အာဆီယံနဲ့ လက်တွဲဖို့ ဆန္ဒရှိဟု မအေလိုး မင်းအောင်လှိုင်ပြော
တရုတ် - အာဆီယံ အစည်းအဝေးတက်ရန် တရားမဝင်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို တရုတ်ဖိတ်
အာဆီယံ သဘောတူညီချက်များကို လုပ်ဆောင်ရန် စစ်ကောင်စီကို ထိုင်းတိုက်တွန်း
ASEANခရီးစဥ်မှာ ဘုံသဘောတူညီချက်ထဲမပါတဲ့ ရွေးကောက်ပွဲကိစ္စ စကစနဲ့ဆွေးနွေး၊ ရွေး/ကော်နဲ့လည်းတွေ့ဆုံခဲ့
China-ASEANတွေ့ဆုံပွဲမတိုင်မီ စစ်ခေါင်းဆောင်နှင့်ဝာရုတ်သံအမတ်တွေ့
တိုက်ပွဲ သတင်း
ကရင်နီပြည်မှာ မေ၂၁ မှ ၃၁အတွင်း စကစ အနည်းဆုံး ၁၇၆ဦးသေဆုံးခဲ့
မိုးဗြဲတိုက်ပွဲမှာ စကစ ၂၀ခန့်သေ PDFက လက်နက်များရခဲ့
မိုးဗြဲနဲ့ဒီးမော့ဆိုပြည်သူတွေ ရွှေ့ပြောင်းတိမ်းရှောင်ရန် စကစစာထုတ်
မိုးဗြဲတိုက်ပွဲ စစ်တပ် ၂၀သေ၊ လက်နက်ပါရဟု KNDFပြော
ဒီးမော့ဆို၌တိုက်ပွဲပြင်းထန်၊ ဒေါငံခါးငြိမ်းချမ်းခြင်းသခင်မကတ်သလစ်ဘုရားကျောင်းပျက်စီး၊ သတင်းများအတည်မပြုနိုင်
ထိုးစစ်ရပ်တန့်ပြီး စစ်ကောင်စီကိုအတူတိုက်ရန် SSPPကို RCSSတိုက်တွန်း
ကယားဘက်မှာ မနေ့က က KNDF နှင့် အကြမ်းဖက်စကစတပ်များ၏ တိုက်ပွဲများတွင် စကစဘက်မှ ၂၀ ခန့်သေဆုံး လက်နက်များ သိမ်းဆည်းမိ၊ KNDF အဖွဲ့ဝင် ၁ ဦး ကျဆုံး KNDF က တရားဝင်သတင်းထုတ်ပြန်
မုံရွာမြို့ မြစ်အနောက်ဖက် မြရိပ်/စည်လှောင် ဘက်မှာ တိုက်ပွဲဖြစ်ပွားနေ
ခန္တီးက အကြမ်းဖက်စကစနှင့် တရုတ်ပိုင် ကျောက်စိမ်းလုပ်ကွက်ကို KIA က တာဝေးပစ် ဒုန်းများဖြင့်ပစ်ခတ်ကာ မီးလောင်တိုက်သွင်း
ယင်းမာပင် စည်စွဲတောင်တိုက်ပွဲ ပြည်သူ ၁ဦးကျ
ရှမ်းမြောက်၊ ကွတ်ခိုင်နှင့် မုန်မစ်ဆင်လီကြား မန်ပိန်းရွာအထက်ဘက်ရှိ စကစ ပြည်သူ့စစ်အဖွဲ့အား KIA ယမန်နေ့ည က ဝင်ရောက်စီးနင်း၊ သေနတ်ပင် မဖောက်ခဲ့ရဘဲ လက်နက်နှင့် လက်လုပ်မိုင်းများ သိမ်းယူရရှိခဲ့
ပေါက်ကွဲမှုများ
သာကေတ၊ သုမနလမ်းမကြီးပေါ်ရှိ ကြံ့ဖွတ်အမတ်လောင်းတစ်ဦး နေထိုင်သည့် ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့
လှိုင်သာယာ ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်
ရွှေပြည်သာမြို့ (၁၀) ရပ်ကွက် ရတနာသီရိလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတွင် နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့
ရေကြည် အသုတ် မီးသတ်ရုံရှေ့
ဗုံးတစ်လုံးထပ်ပေါက်ကွဲ
ည ၈း၄၅ ခန့်က ဟင်္သာတ ၊ပန်းပဲတန်းရပ်ကွက် ၊ နတ်မော်လမ်းမကြီးပေါ်မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား
တောင်တွင်းကြီးမြို့ ဒလံတစ်ဦးအိမ် ည ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်
မြန်အောင်၊ အင်ပင်နယ်မြေရဲစခန်းက ရဲတပ်သား တစ်ယောက် သေနတ်တစ်လက်နဲ့ ထွက်ပြေးရင်း သေနတ် ၃ ချက်လောက် ပစ်ဖောက်သွား
မန္တလေး အောင်ပင်လယ်ရပ်ကွက်ရုံး ဗုံးထုခံရသဖြင့် အစောင့်စကစစစ်သားများက သေနတ်ဖြင့်ပြန်ပစ်ခတ်
စမ်းချောင်း၊ တကောင်းလမ်းမှ ဒလန်တစ်ဦးရဲ့ကားဗုံးပေါက်ကွဲ
ပုလဲမြို့နယ် ကန့်ခေါင့်ကျေးရွာမှာ ည ၇း၄၅ ခန့်က ရဲစခန်းဝန်းထဲ ဗုံးပေါက်ကွဲ
အာဏာအနုကြမ်းစီးများ၏ ရက်စက်ယုတ်မာမှုများ
တောင်ကုတ်မှာ ပညာဒါနကျောင်းဆောက်နေသူ ၇ဦးကို စစ်တပ်ကဖမ်းဆီး
မင်းကင်းမြို့နယ် ကြာပင် အထက ကျောင်းအား ပျူစောထီးအဖွဲ့က မီးရှို့၊ ကျောင်းပြာကျ
မန္တလေး မစိုးရိမ်တိုက်မှာ ပရိတ်ရွတ်နေစဉ် သံဃာတော်များကို အကြမ်းဖက်စကစတပ်မှ သေနတ်ဖြင့် ပစ်ခတ်မှုကို စကစရဲ့ သတင်းများတွင် မဟုတ်မှန်ပါဟု လိမ်ညာသတင်းလွှင့်
မနေ့က ဟားခါးပေါက်ကွဲမှု ၃ဦးသေဆုံး၊ စကစက လူ ၄၀ခန့်ဖမ်းဆီးထား
မြောက်ဒဂုံတွင် ရာအိမ်မှူးမလုပ်လိုတော့၍ ထွက်စာတင်သူအား ပုဒ်မတပ် အရေးယူမည်ဟု ဖိအားပေးခိုင်းစေမှုများ ရှိနေ
မိုးကောင်း၊ မန်ရွက်ကျေးရွာ NLD အမှုဆောင်နှင့် ရပ်ကျေးဥက္ကဋ္ဌ အား စစ်ခွေးများက ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွား
ဗန်းမော်တွင် ခရိုင် NLDအလုပ်အမှုဆောင်၊ မြို့နယ်ဘဏ္ဍာရေးမှူးနှင့် အလုပ်အမှုဆောင်အပြင် ညောင်ပင်ရပ်နှင့် မင်းကျောင်းကုန်းရပ်ကွက်မှ ပြည်သူ၂ဦး အား ယမန်နေ့ ညပိုင်းက ဖမ်းဆီးသွား
ပူတာအိုမြို့၊ ဆွမ်ပီယန်နှင့် အင်ဆိုင်းယန်မှ ဖမ်းဆီးသွားသည့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး ၁၇ ဦးအား စကစက လူသားဒိုင်းအဖြစ် အသုံးပြုကာ မူလာရှီးဒီးတံတားအနီးရှိ ၁၃၈ တပ်စခန်းဘက် အရောက်တွင် ပြန်လွှတ်ပေး
CDM
ဖြူးမြို့နယ်တွင် စစ်အုပ်စုအား ဆန့်ကျင်ကာ CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်းများအား Phyu Youth Alliance အဖွဲ့က ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ခဲ့
မကွေးတိုင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းနှင့် အလယ်တန်းအဆင့် CDMကျောင်းအုပ် ၂၂၂ အား စကစမှ ရာထူးမှ ထုတ်ပယ်
အထွေထွေ
ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးပိုစတာများကို တံတားများပေါ်ချိတ်ဆွဲ
နယ်စပ်မှ ဆပ်ပြာ/မှုန့် သွားတိုက်ဆေးတင်သွင်းခွင့် စစ်ကောင်စီပိတ်
UK မြန်မာအထူးကုများ၏ ဆေးပညာသင်တန်း သတ်မှတ်ဦးရေထက်ကျော်လွန်တက်ရောက်
တနင်္သာရီမှ INGOရုံးခွဲများပိတ်ရန် စစ်ကောင်စီပြော
တောင်တွင်းကြီး ထ-၁၌ ကျောင်းအပ်ပြီး မတက်သူများကို ကျောင်းတက်ရန်ဖိအားပေး
ရွှေကူမြို့တွင် လိုင်းဆွဲနေသည့် မော်တော်များအား စကစက အဓမ္မ ချောဆွဲခိုင်းစေမှုများ ပြုလုပ်နေ၊ မမောင်းပေးသူများအား လိုင်စင် ပိတ်သိမ်းမည်ဟု ဆို
ကယားတွင် ဒေသခံ PDFနှင့် စစ်အုပ်စုအကြား တိုက်ပွဲဖြစ်နေပြီး ဆက်သွယ်ရေး လမ်းကြောင်းများအား စကစက ပိတ်ဆို့ထား၍ အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်မားလာလျက် ရှိ
လှိုင်းဘွဲ့၊အ.ထ.ကကျောင်းတွင် ယခင်က ၇၈၀ ခန့် ကျောင်းတက်ရာမှာ ယခုနှစ်တွင် ၁၁၅ ဦးတက်ရောက် ပြီး ကျောင်းသားမိဘများက တာဝန်ယူလုံခြုံရေးစောင့်ပေးနေရ
မန္တလေးမြို့အဝင် လမ်းဟောင်းနှင့် လမ်းသစ်တွင် စကစများ အင်အားအပြည့်ဖြင့် လုံခြုံရေးယူထားဆဲ၊ မြို့ပေါ်ရပ်ကွက်များတွင် လုံခြုံရေးချထားမှု လျော့နည်းလာ
ပဲခူး နန်းတော်ရာရပ်ကွက်တွင် ရပ်ကွက်တွင်း စာသင်ကျောင်းများ၌ ပြည်သူများအသုံးချ၍ လုံခြုံရေးယူကြရန် ရာအိမ်မှူးများအား စစ်အုပ်စုက တာဝန်ပေးထား
မိတ္ထီလာတက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ခွေး အချင်းချင်း ပစ်ခတ်မှုကြောင့် ယမန်နေ့ည ၉ နာရီခန့်က ရဲတပ်ကြပ်တစ်ဦး သေ
COVID သတင်း
မန္တလေး၌ COVID၇ဦးထပ်တွေ့
၇.၆.၂၀၂၁
NUG
မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီ၏ စစ်တပ်နှင့် ဆက်စပ်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် NUG ကြေညာ၊ နိုင်ငံတကာနှင့်ပူးပေါင်း၍ တိုက်ဖျက်မည်
အာ စီရံ
ASEAN က အထူးကိုယ်စားလှယ်ရွေးရန်စာရင်း စစ်ခေါင်းဆောင်ထံ ပို့ထား
နိုင်ကျဉ်းများလွှတ်ပေးရန် ASEAN ကိုယ်စားလှယ်အဖွဲ့တောင်းဆို
ဝာရုတ်နိုင်ငံခြားရေးဝန်ကြီး အာဆီယံ-ဝာရုတ်နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးနှင့် လန်ချန်း-မဲခေါင်နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတက်မည်
တိုက်ပွဲ သတင်း
Channel 4 သတင်းဌာက ထုတ်လွင့်သွားတဲ့ တောတွင်း တစ်နေရာက စစ်သင်တန်းကျောင်း KNU တစ်ခုတည်းတွင် သင်တန်း သား၇၀၀၀ ထောင်ရှိတယ်ဟု ဆို
ဒေါ့ဖုန်းယန်မြို့ဘက်သို့ စစ်အင်အား ၂၀၀ ခန့်တိုးချဲ့လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းကို KIA က ယနေ့ မနက် ၁၀နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်
ဒေါ့ဖုန်းယန်တွင် တပ်မ ၈၈ နှင့် ၇၇မှ အင်အား ၈၀၀ကျော်ချထား
ကွတ်ခိုင်တွင် ကိုးကန့် MNDAA နှင့် အကြမ်းဖက်စကစတပ်များ ဇွန်လ ၆ ရက်နေ့ တိုက်ပွဲဖြစ် စကစ တပ်မ ၉၉ ဘက်မှ ၉ ဦးသေဆုံးပြီး စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းမိ
မနေ့က CDF မင်းတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ချောင်းဆုံရွာအနီးတိုက်ပွဲစကစမှ(၄၀)ခန့်ကျဆုံး၊ CDF မင်းတပ်မှ(၂)ဦးကျဆုံး ၆ ဦးဒဏ်ရာရ
မိုးဗြဲတွင် စကစက လူနေအိမ်များကို မီးရှို့ဖျက်ဆီး
မနေ့က မင်းတပ်တိုက်ပွဲ စကစ ၅၀ခန့်သေ၊ CDF ၃ဦးကျဆုံး၊ ၂၀ ကျော်ဒဏ်ရာရ၊ တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲ
ယှက်ရွာတိုက်ပွဲ စကစမှ ၁၀ ဦးသေ၊ PDF မှ ၁ ဦးကျဆုံး ၁၅ ဦးဒဏ်ရာရ
ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာတိုက်ပွဲ စစ်ကောင်စီက ၁၀ ဦးထက်မနည်းသေ၊ ၅ ဦးကို အရှင်ဖမ်းမိ
ကနီ၊ ပုလဲတို့မှာစကစနဲ့PDFတိုက်ပွဲဖြစ်
ဗုံး သတင်း
တာချီလိတ် ခရိုင်ရဲရုံးတွင် ည ၈ နာရီခန့်က ဗုံးပေါက်ကွဲပြီး
GGH နိုက်ကလပ်တွင်လဲ ည ၈း၄၅ က သေနတ်ပစ်ခတ် ဗုံးပေါက်ကွဲ
ရန်ကုန် လှိုင် ၁၁ ရပ်ကွက် ဓမ္မာရုံလမ်း နဲ့ ခပေါင်းလမ်း နားတွင် ညက ဗုံးပေါက်ကွဲ
ကော့မှူးမြို့ ကျိုက်ထော်ကျေးရွာ(မြောက်) အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ လူထိခိုက်မှုရှိ
အမြန်လမ်း ၂၉၃ မိုင် ၃ ဖာလုံ
ရွှေအုန်းပင်စားသောက်ဆိုင် ညက ဗုံးပေါက်ကွဲ၊ ၁ ဦးသေဆုံး၊ ဆိုင်ဝန်ထမ်းများကို ဖမ်းဆီးထား
နတ်တလင်း အနောက်စု ဂျင်းယားကုန်း ကစ်စနာဘုံကျောင်း ညက ဗုံးပေါက်ကွဲ
မိုးကောင်း အ.ထ.က ၂ ကျောင်းဝင်းအတွင်း မွန်းလွှဲ ၁ နာရီခန့်အချိန် ဗုံးခွဲခံရ
ရှမ်း/တောင် ဟိုပုံးမြို့ ပညာရေးမှူးရုံးမနက် ၈ နာရီအချိန် ဗုံး ၂ လုံးပေါက်ကွဲ
ဝိုင်းမော် အထက (၂) ကျောင်းအုပ်ကြီးအိမ်ရှေ့ မနက်က ဗုံးပေါက်ကွဲ
သိန္နီမြို့ အထက ဗုံးကွဲ
အာဏာလုအကြမ်းဖက်အဖွဲ့၏ ယုတ်မာမှုများ
စစ်တပ်က ကြိုတင်မဲဖြင့် မဲခိုးခဲ့သည်ဟု လေတပ်သားတစ်ဦးထုတ်ဖော်
မြဝတီ ကော့ကရိတ် ကြာအင်းဆိပ်ကြီးနှင့် ဘားအံတို့ရှိ အာဇာနည်ဗိမာန်များကို ည ၈ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ဖြိုဖျက်ဖျက်ဆီး
မိုးဗြဲတွင် ပြည်သူများ၏နေအိမ်များကို ညက အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီး ပစ္စည်းများခိုးယူ
မရမ်းကုန်းရှိ အမှတ် ၁၇ အမကကျောင်းကို ပျူစောထီးအဖွဲ့ဝင် နှစ်ဦးက ညက မီးရှို့ရန်ကြိုးပမ်း၊ ရပ်ကွက်က အချိန်မီသိ၍ မီးမလောင်
မန္တလေး ပြည်ကြီးတံခွန် မင်းကြီးရန်နောင်လမ်းနှင့် ၄၇ လမ်းထောင့်တွင် ဆိုင်ကယ် ၂ စီးအား အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ အိမ်စီးကား (၃) စီးဖြင့် လိုက်တိုက်ရာ ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမြောင်းထဲ ထိုးကျ ကားပေါ်တွင် ပါလာသူ အများအပြားဒဏ်ရာရ ပြည်သူ နှစ်ဦး သေဆုံး
ကရင်ပြည်နယ် ၈ မြို့နယ်က အာဇာနည်ကျောက်တိုင်များကို စစ်တပ်က ဖြိုချဖျက်စီး
စစ်တပ်ကြောင့် ဂန့်ဂေါဒေသခံ ၂၀,၀၀၀ ကျော်ထွက်ပြေးနေရ
ကျုံပျော် လှေဆွဲရွာဝန်းကျင်မှ စစ်ရှောင်များကို ကူညီရန်ခက်ခဲနေ
ကျုံပျော် လှေဆွဲရွာပစ်ခတ်မှုအပြီး ၂၃ဦးဖမ်းခံရ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ကိုဇော်နိုင်ဝင်းကို ထောင်ဒဏ် ၇ နှစ်ချမှတ်
အထွေထွေ
အကြမ်းဖက်စစ်တပ်လော်ဘီအောင်မင်း မနက်က မရမ်းကုန်းတွင် သေနတ်ဖြင့် ပစ်ခံရကြောင်း ရန်ကင်းက ဒေသခံအချို့ အတည်ပြု
ရန်ကုန် သာကေတ ရဲ ၂ ဦး ယနေ့ နံနက် ၇ နာရီခွဲခန့်က ပစ်ခတ်ခံရပြီး ရဲ ၁ ဦးသေ ၁ ဦး ဒဏ်ရာပြင်းထန်
တန့်ဆည်မြို့ စိန်ကျေးကူရွာမှ ဒလံတစ်ဦး သေနတ်ဖြင့် ပစ်ခတ်အသတ်ခံရ၊ ဇနီးလည်း ဆီးခုံကို သေနတ်မှန်၊ ဒဏ်ရာ ပြင်းထန်ရ
စကစထံမှ ငွေကြေးနှင့်ရိက္ခာမယူချင်၍ ရှေ့နေအဖွဲ့ထံဒေါ်အောင်ဆန်းစုကြည်တောင်းခံ
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ အမှုတွေ၆လအတွင်းအပြီးစစ်မယ်လို့ဆို
မြောင်းမြ ၈ရပ်ကွက်အုပ်ကြီးက ဧည့်စာရင်းမတိုင်ပါကထောင်ချမည်ဟု ခြိမ်းခြောက်ငွေတောင်း
ချင်းမိုင်တွင် အဖမ်းခံရသည့် DVB အဖွဲ့သားများ တတိယနိုင်ငံတစ်ခုသို့ ဘေးကင်းလုံခြုံစွာရောက်ရှိ
ခန့်စည်သူ ရုပ်ရှင်အစည်းအရုံး ယာယီဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်
ဦးဇင်ဝိုင်း ယနေ့ မနက် ၁၁ နာရီ၀န်းကျင်က အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ဆရာဝန်များသတိပေး
ကရင် လှိုင်းဘွဲ့ အထကကျောင်းလုံခြုံရေး မိဘများတာဝန်ယူနေရ
NUG၏ရိုဟင်ဂျာမူဝါဒ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကန့်ကွက်
NUGရဲ့ရိုဟင်ဂျာမူဝါဒဟာ အရေးပါသောလုပ်ဆောင်ချက်ဟု USအတွင်းရေးမှုးပြော
၄နာရီအတွင်း စစ်ကြောရေးမှာသေဆုံးသူ ၂၀ကျော်ရှိ
သတိ
ချင်းသာသနာပြုဆရာတော်တစ်ပါး သတ်ဖြတ်ခံရဟု စကစ သတင်းမှားထုတ်ပြန်၊ ဘာသာရေး အဓိကရုဏ်းပုံစံ ဖန်တီးရန် ကြိုးစားမှုဟုဆို
သတင်းမှားထုတ်ပြန်သည့်စစ်ကောင်စီကို မစိုးရိမ်တိုက်သစ်အဖွဲ့ရှုတ်ချ
စစ်တပ်က ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုရှိ ဘုရားကျောင်းနဲ့ လူနေအိမ်များ ပျက်စီး
မော်လမြိုင် အမှတ် ၉ အထကတွင် ကျောင်းတက်နေသော
ရှစ်တန်းကျောင်းသား/သူ ၈ ယောက်အား CDM ဆိုသော စာများရေးနေ၍ စကစမှ ဖမ်းဆီး၊ ကလေးများကို ပြန်လွှတ်ပေးပြီး မိဘများအား အစာထိုးဖမ်းဆီးထား
ရပ်/ကျေး အုပ်ကြီးများနှင့် စာရေးများကို လက်နက်များကိုင်ဆောင်ထားကြရန် ထွေ/အုပ်ရုံးများမှ ညွှန်ကြားထား


၈.၆.၂၀၂၁
လူထုခေါင်းဆောင်သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ဆေးမှု အိန္ဒီယ စောင့်ကြည့်သွားမည်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အကူအညီပေးမှုတွေကို လက်ခံဖို့မရှိကြောင်း ရှေ့နေပြော
NUG
မအလကို မြန်မာခေါင်းဆောင်လို့ သုံးနှုန်းလိုက်သည့် တရုတ်အစိုးရသို့ NUG နိုင်ငံခြားရေးဝန်ကြီးမှ ကန့်ကွက်စာပေးပို့
အမျိုးသားညီညွတ်ရေးအစိုးရက ၂ လအတွင်း အကူအညီ သိန်း ၃,၀၀၀ ကျော် ပေးခဲ့
အဂတိတိုက်ဖျက်ရေးကြောင့် ထိခိုက်မည်ကြောက်၍အာဏာသိမ်းခြင်းဖြစ်ဟု သံအမတ်ဦးကျော်မိုးထွန်းပြော
စစ်ကောင်စီကို တရားစွဲနိုင်ရန် တိုင်ကြားစာများ ပေးပို့နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေး ထုတ်ပြန်
စကစ အလိုတော်ရိ non-CDMဝန်ထမ်းဆိုးများကို စာရင်းပြုစုအပြစ်ဒဏ်ပေးသွားမည်ဟု NUGကြေညာ
အာ စီရံ နှင့် နိုင်ငံတကာ
မြန်မာ့အခြေအနေ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ၁၀၉ကြိမ်မြောက်အထွေထွေညီလာခံသို့ စစ်ကောင်စီကနေ တင်သွင်းတဲ့ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အသစ် တက်ရောက်ခွင့်မရ
အာဆီယံစိတ်ပျက်မှုနှင့်အတူ စစ်ကောင်စီ သံတမန်ရေး ရှုံးနိမ့်နေ
စကစအား လုံးဝလက်မခံကြောင်း ဂျပန်အောက်လွှတ်တော် အတည်ပြု
China-Aseanအစည်းအဝေးတွင် မြန်မာနိုင်ငံရေးပဋိပက္ခဖြေရှင်းမှုနှေးခြင်းကိုစိတ်ပျက်ကြောင်း စင်္ကာပူပြော
မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဂျပန်အောက်လွှတ်တော် ရှုတ်ချ
မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေး အာဆီယံဦးစားပေးဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီးပြော
တိုက်ပွဲ သတင်း
မိုးဗြဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူနေအိမ်များကို မီးရှို့၊ ဖျက်ဆီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး ဒုတိယအကြိမ်ဟုသိရ
ရခိုင်တွင် ပထမဆုံး PDF အဖွဲ့ကို သံတွဲ၌ စတင်ဖွဲ့စည်း
လိုင်ဇာ၊ မိုးမောက်နဲ့ ရွှေကူမှာ စကစယာဉ်တန်း၊ သင်္ဘောတွေကို KIAတိုက်ခိုက်
ထန်တလန်မှာ စကစအင်အားဖြည့်နေ
ဒီပဲယင်း PDFနဲ့တိုက်ပွဲမှာ စကစ ၃ဦးသေ
ဧရာဝတီတိုင်းPDFဖွဲ့စည်း
စကစနဲ့ တိုက်ပွဲများမှာ မင်းတပ်CDF ကျဆုံးသူ၂၁ဦးရှိပြီဖြစ်
ယင်းမာပင်တိုက်ပွဲဒေသခံ ၂ဦးသေဆုံး၊ စစ်သား၅ဦးPDFဖမ်းထား
စစ်ရိက္ခာယာဉ်တန်း လဂျားယန်ရွာအနီး KIAမှတိုက်၊ ကား ၄စီးပျက်စီး
စစ်ကိုင်း ကနီနှင့်ယင်းမာပင်နယ်စပ် စစ်ကောင်စီတပ်နှင့် SPDFတိုက်ပွဲဖြစ်
မင်းတပ်တွင်အထိနာနေသည့်စစ်တပ် လေကြောင်းအပြင် ဓါတုလက်နက်ပါသုံးဟု CDFပြော
ကချင် နန့်စီးအောင်ဂိတ်အနီး ဆီကားနှင့်ကုန်ကား ၁၀၀ကျော်ရပ်ထား
ကယားတွင် စစ်ဘေးရှောင် ၁သိန်းကျော်ရှိဟု KNDFပြော
ဒီပဲယင်းမြို့နယ် ယဉ်ကျေးကျေးရွာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်ပွား ၊ စစ်သား ၃ ဦး မိုင်းထိ သေဆုံး
မင်းတပ်တွင်အခြေခံစားသုံးပြတ်လပ်မည့်အရေးကြုံတွေ့
ဗုံးသတင်း
ဟင်္သာတ ညက မြို့နယ်တရားရုံးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနားမှာ ဗုံးပေါက်ကွဲ
ပြည်လမ်း အင်လျားကန်ဘောင်အနီး ဗုံး ၂ လုံးပေါက်
သာရေးသတင်း
တာမွေ ကျောက်မြောင်း သတိပဋ္ဌာန်လမ်းအုပ်ကြီးမ စိုးစိုးလွင် ကားထဲမှာရှိနေစဉ် သေနတ်ဖြင့် အနီးကပ် နှစ်ချက်ပစ်ခံရ သေဖို့များ
မန္တလေး၊ ပုသိမ်ကြီးမှာ ရဲ ၂ ဦး အပစ်ခံရ၊ ၁ ဦးသေ ၁ ဦး အပြင်းအထန် ဒဏ်ရာရ
မိုးကုတ် ပိန်းပြစ်ရွာရဲစခန်းမှ ရဲနှင့် မိသားစုများတိမ်းရှောင်
မိုးကုတ်မြို့ အချုပ်ထောင်ရှေ့တွင် ရဲကို လူ ၁ ဦးက တုတ်ဖြင့် ဝင်ရိုက်ပြီး ထွက်ပြေး
CDMစစ်သား ၈၀၀ခန့်ရှိလာ၊ ၇၅%က PDFနဲ့ပူးပေါင်းသွားမည်
အကြမ်းဖက်အဖွဲ့၏ ယုတ်မာမှုများ
မဥက္ကလာတွင် ပြည်သူ့ဆိုင်ကယ် အစီး ၃၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ပြ ခြိမ်းခြောက် လုယူ
မန္တလေး အောင်ပင်လယ်သပိတ် လူစုခွဲချိန် ဖြုခွဲခံရ၊ ၂ ဦး အဖမ်းခံရ
ချောင်းဦးမြို့နယ် သပိတ်ခေါင်းဆောင် သေနတ်ပစ်ဖမ်းဆီးခံရ
လှိုင်မြို့နယ် သပိတ်ကို အရပ်ဝတ်တွေနဲ့ ဝင်ဖမ်း၊ ကျား ၁ မ ၁ အဖမ်းခံရ
စစ်တပ်လက်ချက်ကြောင့် လက်တစ်ဖက်ပြတ်ခဲ့ရသည့် ကိုလျှံဖြိုးအောင်ကို မကွေးထောင်သို့ ပို့ဆောင်
ဒီးမော့ဆိုတွင် စစ်တပ်က လူနေအိမ်များ ဖျက်စီးပြီး ရပ်ကွက်အတွင်း မိုင်းထောင်
မင်းတပ်အချုပ်တွင် အရပ်သားများကို အစားအသောက် အလုံအလောက် မကျွေးပဲ နှိပ်စက်နေ
ရှမ်းတောင် မိုင်းပွန်း ဟွေယုတ်လှိုင်ဂူမှရှေးဟောင်းဘုရားများဖျက်ဆီးခံရ
သားသမီးမကောင်း မိဘခေါင်း၊ ကျောက်မဲ KTVမှာသောင်းကျန်းသောရဲ ၅ယောက် စစ်တပ်ကရိုက်နှက်ဆုံးမ
အထွေထွေ
မကွေးလေတပ်စခန်းဌာနချုပ်အတွင်း မနေ့ညက ပစ်ခတ်မှုဖြစ်ပွား
လေရှီးမြို့နယ် ဆွမ္မရာမြို့ အထကကျောင်း ည ၈ နာရီကျော်က မီးလောင်မှုဖြစ်ပွား
ရေစကြို ၊ ဇီးတောစံပြကျေးရွာစာသင်ကျောင်း မီးလောင် ၊ ဒလန်အုပ်ကြီးဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ရဲ့ လက်ချက်ဖြစ်သည်ဟု ရွာသားမျာပြော
လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် မိတ္ထီလာရွှေအုန်းပင်ထမင်းဆိုင်နဲ့ဟိုတယ်အပိတ်ခံရ
ကဗျာဆရာ မောင်ယုပိုင်ကို ထောင် ၂ နှစ်ချမှတ်
ကသာ မိုးတားလေးရွာအနီး မြစ်ရေချိုးနေသူများကို ပစ်ခတ်သွားသော စစ်သင်္ဘော ရွှေကူအရောက်တွင် ပစ်ခတ်ခံရ
အင်းစိန်ထောင်တွင်းမှ လူကယ်များကို ပြန်လွှတ်ပေးမည်ဆိုပြီး မိသားစုထံက ငွေတောင်းမှုများရှိနေ
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စာသင်ကျောင်းအချို့ Stay at Home အကြောင်းပြကာ ကျောင်းများစတင်ပိတ်
စကစက သစ်များထပ်ထုတ်ရောင်းမည်
ဗဟိုဘဏ်မနေ့ကဒေါ်လာ ၃သန်းထပ်ရောင်း၊ ၁လခွဲအတွင်း ၃၉သန်း ရောင်းခဲ့ပြီးဖြစ်
ညမထွက်ရအချိန် နောင်ချို မြို့မစျေးကြီး မီးလောင်
နာဂဒေသ ဆွမ္မရာမြို့ရှိ အထက်တန်းကျောင်း မီးလောင်
ချင်းတွင်းမြစ်အတွင်း တရားမဝင် ရွှေမျောတိုက်လုပ်ငန်းများ ပြန်စနေ
တော်လှန်ရေးကာလတွင် ကျဆုံးသူ ၈၅၇၊ဖမ်းဆီးခံရသူ ၅၈၅၈ရှိ၍ ချုပ်နှောင်ခံထားရသူ ၄၇၀၄ရှိ၊ ဝရမ်းထုတ်ခံရသူ ၁၉၃၇ရှိဟု AAPPထုတ်ပြန်


Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________