Skip to main content

Ebook Format တွေ အကြောင်း

ယနေ့ခေတ်မှာလူတွေဟာ e-bookတွေကိုအရင်ကထက်ပိုပြီးတော့ စိတ်ဝင်တစားဖတ်လာကြပါတယ်။ စျေးသက်သာတာရယ် သယ်ဆောင်ရတာလွယ်တာရယ်ကြောင့်ပဲ e-bookတွေဟာ အမေရိကန်စာအုပ်စျေးကွက်ရဲ့၃၀ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒါပေမဲ့ဒါဟာ သတင်းကောင်းကြီးချည်းပဲတော့မဟုတ်ပါဘူး။ MP3 ဖိုင်အမျိုးအစားတွေလိုမျိုး တွေ့တဲ့music playerနဲ့ဖွင့်လို့မရတဲ့ e-booksတွေက တင်းကြပ်တဲ့ကုမ္ပဏီမူပိုင်ခွင့်အနေနဲ့ရော၊ တခြားအခမဲ့သုံးလို့ရတဲ့ ဖိုင်အမျိုးအစားတွေအနေနဲ့ပါ ရှိနေခဲ့တာပါ။

ဒါထက်ပိုပြီးရှုပ်ထွေးတာကတော့ e-readersတွေအကုန်လုံးက e-bookဖိုင်အမျိုးအစားတွေအကုန်လုံးကိုမဖတ်နိုင်ပါဘူး။ ဒီဆောင်းပါးမှာ လူသိများတဲ့ ဖိုင်အမျိုးအစားတွေအကြောင်းရယ်၊ သူတို့ရဲ့အားသာချက် အားနည်းချက်တွေရယ်နဲ့ ဘယ်e-readerက ဘယ်လိုဖိုင်အမျိုးအစားနဲ့ကိုက်ညီမှုရှိသလဲဆိုတာကို ရှင်းပြပေးသွားမှာပါ။


၁။ EPUB

EPUB ဆိုတာ အခုနောက်ပိုင်းမှာ အကျယ်ပြန့်ဆုံးသုံးလာတဲ့ ဖိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာဒီဂျီတယ်ပုံနှိပ်ဖိုရမ်  (လတ်တလောမှာတော့ World Wide Web (www) အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့အပိုင်းတစ်ခုပါ) ကနေစတင်ပေါက်ဖွားလာခဲ့တဲ့ EPUBဟာ ၂ဝဝ၇ခုနှစ်မှာ လွတ်လပ်စွာအခမဲ့အသုံးပြုလို့ရတဲ့ ebookဖိုင်အမျိုးအစားဖြစ်တဲ့ OEBရဲ့နေရာကိုကျော်ြဖတ်နိုင်ခဲ့ပါတယ်။


EPUBဟာ သုံးစွဲရတာလွယ်ကူတာရယ်၊ လွတ်လပ်စွာသုံးလို့ရတဲ့စံနှုန်းဖြစ်တာရယ်၊ ပြီးတော့ operating systemတော်တော်များများမှာ အလွယ်တကူသုံးလို့တာတွေကြောင့် ebookစာအုပ်စံနှုန်းတွေထဲမှာ လူသုံးအများဆုံးဖြစ်လာခဲ့ပါတယ်။ တွေ့မြင်နေကျ pdfဖိုင်အမျိုးအစားတွေနဲ့မတူပဲ EPUBက ebookတွေမှာ ရောင်စုံ image formatတွေကို မြင်ရအောင်ထောက်ပ့ံပေးတာကအစ SVGလို graphics တွေ၊ ဗွီဒီယိုဖိုင်တွေ၊နောက်ဆုံး စာလုံးသေးသေးလေးမမြင်ရလို့ zoomဆွဲဖတ်တာတွေ sizeပြာင်းတာတွေကအစ ကိုယ်ဖတ်လို့အဆင်ပြေမယ့် line spacingတွေအဆုံးပြောင်းလို့ရတာတွေအဆုံး အကုန်လုံးကိုအဆင်ပြေပြေသုံးလို့ရပါတယ်။

ဒါကြောင့်မို့ပဲ EPUBက သီချင်းformatအမျိုးအစားမျိုးစုံကိုဖွင့်လို့ရတဲ့ သုံးနေကျMP3တွေလိုမျိုးပဲအသုံးကျယ်ပြန့်လာတာပါ။ နာမည်ကြီး E-Readers တွေနဲ့ ကွန်ပျူတာoperating systems အများစုက EPUBဖိုင်အမျိုးအစားကိုအထောက်အပ့ံပေးပေမယ့် ebookထုတ်လုပ်သူတွေဟာ Digital Rights Management (DRM) လို့ခေါ်တဲ့ သူတို့စိတ်ကြိုက်ဒီဂျီတယ်မူပိုင်ခွင့်နဲ့အတူ စာအုပ်တွေကိုထုတ်တတ်ပါတယ် (ဒါပေမယ့် DRM တွေကို ဖယ်ထုတ်ပေးတဲ့software တွေသပ်သပ်ရှိပါတယ်)။

EPUBရဲ့တစ်ခုတည်းသော အားနည်းချက်က E-readerထုတ်လုပ်သူ ဘုရင်တစ်ဆူဖြစ်တဲ့ Amazonရဲ့ Kindle e-readerတွေမှာ ဖတ်လို့မရတာပါ (EPUBကိုဖတ်လို့ရတာက Kindle Fire tablet တစ်မျိုးတည်းပဲရှိတာပါ)။ Kindle e-reader​ေတွမှာ EPUBတွေကိုဖတ်ချင်ရင်တော့ တခြားformatတွေကိုပြောင်းပေးနိုင်တဲ့Calibre software နဲ့မှပဲအဆင်ပြေနိုင်မှာပါ။

၂။ MOBI

EPUBလိုပဲ လူသိများတဲ့နောက်ထပ်ebookဖိုင်အမျိုးအစားတစ်မျိုးကတော့ MOBIပါ။
ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့Mobipocketကနေပြီးတော့ သူရဲ့Mobipocket Reader softwareနဲ့အတူတွဲဖက်သုံးလို့ရတဲ့ MOBIကို၂၀၀၀ခုနှစ်မှာ စျေးကွက်ကိုမိတ်ဆက်ပေးခဲ့တာပါ။
Amazonက Mobipocketကို ၂၀၀၅ခုနှစ်မှာဝယ်ယူခဲ့ပြီးတော့ ၁၁နှစ်ကြာအောင် အဲဒီကုမ္ပဏီကိုဆက်လက်လုပ်ကိုင်ခွင့်ပေးထားခဲ့ပါတယ်။ Amazonက၂၀၁၆ခုနှစ် အောက်တိုဘာမှာ Mobipocketရဲ့websiteနဲ့ဆာဗာတွေကို ပိတ်သိမ်းခဲ့ပေမယ့် MOBIဖိုင်အမျိုးအစားကိုတော့ ဒီနေ့အထိဆက်ပြီးအသုံးပြုနေတုန်းပါပဲ။   EPUBနဲ့MOBIမှာ ကွဲပြားခြားနားတဲ့အချက်လေးတချို့ရှိပါတယ်။ သိသာထင်ရှားတဲ့အချက်ကတော့ MOBIက open sourceမဟုတ်သလို အသံနဲ့ဗွီဒီယိုဖိုင်တွေကိုဖွင့်လို့မရတဲ့အတွက် EPUBလိုကျယ်ကျယ်ပြန့်ပြန့်သုံးလို့မရပါဘူး။
စျေးကွက်မှာထင်ရှားတဲ့e-readerအများစုမှာMOBIကိုဖတ်လို့ရပေမယ့်  သူ့ရဲ့အားနည်းချက်ကတော့ Barnes and Nobleရဲ့e-readerတွေမှာ ဖတ်လို့မရတာပါ။ MOBIရဲ့ကောင်းတဲ့အချက်ကတော့ Product Representation Compact(PRC)လို့ခေါ်တဲ့ 3Dဒေတာတွေကိုအသုံးပြုလို့ရတဲ့ extensionကိုအသုံးပြုထားတာပါပဲ။ အဲဒီအတွက်ကြောင့် 3Dရုပ်ပုံတွေကို ကြည့်တာ သိမ်းတာတွေကို EPUBလိုပဲ လုပ်ဆောင်နိုင်ပါတယ်။

၃။ AZW and AZW3

AZW နဲ့AZW3 ဖိုင်အမျိုးအစားတွေကတော့ Amazonရဲ့နောက်ထပ်အသုံးများတဲ့formatတွေပါ။ AZWကတော့ ဖိုင်အမျိုးအစားအဟောင်းဖြစ်ပြီး ၂၀၀၇ခုနှစ်ကထွက်ခဲ့တဲ့ ပထမဆုံးKindle e-reader နဲ့အတူပွဲထွက်ခဲ့တာပါ။ AZW3ကတော့ ၂၀၁၁ခုနှစ်ကမှထွက်ရှိခဲ့တဲ့ Kindle Fire readerမှာ စတင်အသုံးပြုခဲ့တာပါ။

Amazon ကနေ ဘယ်e-bookကိုပဲဝယ်ဝယ် AZW ဒါမှမဟုတ် AZW3ဖိုင်အမျိုးအစားတစ်ခုခုအနေနဲ့ရရှိမှာပါ။ AZW3ကတော့ ဖိုင်အမျိုးအစားအသစ်ဖြစ်တာနဲ့အညီ စာအုပ်ဖတ်တဲ့နေရာမှာစာလုံးတွေ စာမျက်နှာမျက်နှာပြင်အနေအထားတွေကို ချိန်ညှိတဲ့နေရာမှာ AZWထက်ပိုပြီးတော့ သာလွန်ပါတယ်။

AZWရောAZW3ရော MOBIဖိုင်အမျိုးအစားလိုပဲ ebookတွေကို နောက်ကွယ်ကနေထောက်ပ့ံပေးတဲ့နေရာမှာ အလုပ်လုပ်ပုံချင်းအတူတူပါပဲ။ ထွက်လာခဲ့တဲ့သတင်းတွေအရတော့ Mobipocketကို Amazonဝယ်ယူခဲ့တာဟာ သူတို့ဖန်တီးမယ့်AZWဖိုင်အမျိုးအစားအတွက် Mobipocketရဲ့နည်းပညာတွေကိုအသုံးပြုချင်လို့ဆိုတာပဲဖြစ်ပါတယ်။ MOBIနဲ့မတူတာကတော့ Amazonရဲ့ဖိုင်အမျိုးအစားတွေဟာ ဗွီဒီယိုဖိုင်ရော ရုပ်ရောအသံပါအသုံးပြုလို့ရတာပဲဖြစ်ပါတယ်။

AZWဟာ Amazonကမူပိုင်ခွင့်ရယူထားတဲ့ဖိုင်အမျိုးအစားဖြစ်တာကြောင့် Kindle e-readerတွေကလွဲလို့ e-readerတော်တော်များများမှာ အထူးသဖြင့် လူသိများတဲ့Nookနဲ့Kobo e-readerတွေမှာ EPUBနဲ့MOBIလိုမျိုး အသုံးပြုလို့မရပါဘူး။ Android နဲ့ iOS operating systems နှစ်မျိုးစလုံးမှာ AWZဖိုင်အမျိုးအစားကိုဖတ်နိုင်သလို တခြားအသုံးများတဲ့ e-bookစာအုပ်ဖတ်လို့ရတဲ့ Calibreနဲ့Alfaလိုမျိုး applicationsတွေကနေလည်း AWZဖိုင်စာအုပ်တွေကို အလွယ်တကူဖတ်ရှုနိုင်မှာပါ။

၄။ IBA

နောက်ထပ်လူသိများပြီးတော့ ကျော်ကြားတဲ့e-bookဖိုင်အမျိုးအစားကတော့ Appleရဲ့ iBooksစာရေးသူတွေအသုံးပြုတဲ့ IBAပဲဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ EPUBနဲ့IBAဟာ အလုပ်လုပ်ပုံချင်းဆင်တူပါတယ်။ ဒါပေမဲ့လည်း IBAကတော့ Apple Books applicationမှာပါဝင်တဲ့ codeတွေနဲ့သာအလုပ်လုပ်နိုင်တဲ့အတွက် IBAဖိုင်အမျိုးအစားတွေဟာ e-readersတွေအကုန်လုံးမှာအလုပ်မလုပ်ပါဘူး။

IBAဖိုင်အမျိုးအစားဆိုတာက Appleရဲ့iBooksအတွက်စာရေးသူတွေအသုံးပြုတဲ့ ဖိုင်အမျိုးအစားသပ်သပ်သာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် iTunes Store ကနေပြီးတော့e-bookဝယ်မယ်ဆိုရင်တော့ DRMပါဝင်ပြီးဖြစ်တဲ့ EPUBဖိုင်အမျိုးအစားကိုပဲ လက်ခံရရှိမှာပါ။ ဒီiBook ဖိုင်အမျိုးအစားဟာ EPUBလိုပဲ လုပ်ဆောင်ချက်အများအပြားကိုပြုလုပ်ပေးနိုင်ပါတယ်။

5။ PDF

E-bookဖိုင်အမျိုးအစားတွေထဲမှာ နောက်ထပ်လူသိများတဲ့တစ်ခုကတော့ PDFပဲဖြစ်ပါတယ်။ Websiteတွေမှာဖတ်လို့ရတဲ့formatနေနဲ့ အောင်မြင်လာရာကနေပြီးတော့ e-bookလောကကိုဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

အကြီးမားဆုံးအားနည်းချက်ကတော့ PDFဟာ တခြားe-bookဖိုင်အမျိုးအစားတွေနဲ့မတူပဲ Reflowingလို့ခေါ်တဲ့ screenအရွယ်အစားနဲ့အညီ စာဖတ်သူလိုချင်တဲ့ စာရွက်ပုံစံအနေအထားကိုချိန်ညှိမပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ အဲဒီချို့ယွင်းချက်ကို Tagsတွေကိုအသုံးပြုပြီးတော့ ပြုပြင်နိုင်ပေမဲ့လည်း tagsလုပ်ထားတဲ့PDFဖိုင်တွေဟာ e-book readers တွေမှာ ပြည့်ပြည့်ဝဝအလုပ်မလုပ်နိုင်သေးပါဘူး။

အကောင်းဘက်ကနေကြည့်မယ်ဆိုရင်တော့ လူသိများတဲ့ဒီစာအုပ်ဖိုင်အမျိုးအစား၅မျိုးထဲမှာမှ PDFဟာ ၂၀၀၈ခုနှစ်မှာ ISO 32000 ဖြစ်လာခဲ့ပြီးတော့ EPUBပြီးရင် ဒုတိယမြောက်လွတ်လပ်စွာအခမဲ့သုံးလို့ရတဲ့ဖိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။

အထက်မှာဖော်ပြထားခဲ့တာကတော့ လူသိအများဆုံး e-bookဖိုင်အမျိုးအစား၅မျိုးဖြစ်ပြီးတော့ တခြားသောနောက်ထပ်လူသိပ်မသိသေးတဲ့ ဖိုင်အမျိုးအစားတွေကိုတော့ အောက်မှာဆက်လက်ဖော်ပြထားပါတယ်။

၆။ LRS, LRF, and LRX


LRS၊ LRF နဲ့ LRX ဖိုင်အမျိုးအစားတွေကတော့ Sonyကနေသူ့ရဲ့e-book readersတွေအတွက် ထုတ်လုပ်ထားတဲ့ BBeBလို့လူတွေသိကြတဲ့ Broad Band e-Bookအမျိုးအစားတွေပဲဖြစ်ပါတယ်။

LRSကတော့ ဒီနေ့အချိန်အထိ လွတ်လပ်စွာအခမဲ့အသုံးပြုလို့ရနေပြီးတော့ LRF နဲ့ LRXကတော့ အသုံးပြုလို့မရတော့ပါဘူး။ EPUBတွေအသုံးပြုမှုကျယ်ပြန့်လာအောင်အားပေးတဲ့အနေနဲ့ Sonyကနေပဲ သူ့ရဲ့ဖိုင်အမျိုးအစား၃ခုစလုံးကိုပိတ်ပစ်ခဲ့တာပါ။

၇။ FB2

Websiteမှာအသုံးပြုတဲ့ XML-based standardကိုအခြေခံထားတဲ့FB2ဖိုင်အမျိုးအစားက ရုရှားက နေစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ စာအုပ်ရေးသူ၊ စာအုပ်နာမည်၊ စာအုပ်ထုတ်ဝေသူ၊ စာအုပ်အကျဉ်းစတဲ့ metadataတွေကို e-bookထဲမှာပဲသိမ်းထားနိုင်တဲ့အချက်က e-bookစုဆောင်းသူတွေ FB2ကိုသဘောကျစေတာပဲဖြစ်ပါတယ်။ E-bookသိမ်းဆည်းသူတွေအနေနဲ့လည်း FB2ဖိုင်အမျိုးအစားအနေနဲ့သိမ်းထားမယ်ဆိုရင် တခြားဖိုင်အမျိုးအစားတွေကိုအလွယ်တကူပြောင်းလို့ရပါသေးတယ်။

၈။ DJVU

DJVUဖိုင်အမျိုးအစားကတော့ သိပ္ပံနယ်ပယ်ထဲမှာလူသိများပါတယ်။ သူ့ရဲ့ဖိုင်ချု့ံနိုင်အားဟာ PDFဖိုင်ထက်၁၀ဆပိုမိုကောင်းမွန်ပါတယ်။ PDFဖိုင်တွေကို toolတွေအသုံးပြုပြီးတော့ အရွယ်အစားချုံ့နိုင်ပေမယ့် DJVUဟာ မူလဖိုင်အမျိုးအစားအတိုင်းကိုပဲ အဖြူအမည်းစာရွက်ပေါင်း၁၀၀ကျော်ကို ၁မီဂါဗိုက်ထက်နည်းတဲ့ပမာဏနဲ့သိမ်းဆည်းပေးနိုင်ပါတယ်။

၉။ LIT

LITကတော့ Microsoftကပိုင်ဆိုင်တဲ့ e-bookဖိုင်အမျိုးအစားဖြစ်ပါတယ်။ DRMပါဝင်ပြီးသားဖြစ်တဲ့ LITဖိုင်တွေကို Microsoft Reader applicationနဲ့ပဲဖတ်ရှုနိုင်မှာပါ။ ၂၀၁၁မှာ Microsoftက LITကိုဆက်လက်အသုံးပြုခြင်းမရှိတော့ပဲ ၂၀၁၈အစောပိုင်းမှာလည်း Reader application ကို ဖျက်သိမ်းခဲ့ပါတယ်။

၁၀။ RFT
Rich Text Format (.rft) ကဖိုင်အမျိုးအစားကတော့ စျေးကွက်ထဲမှာရှိတဲ့e-readerတိုင်းနဲ့ဖတ်လို့အဆင်ပြေပါတယ်။ Text (.txt)နဲ့မတူပဲ ထူးခြားတာကတော့ သာမန်စာလုံးတွေနဲ့မတူတဲ့special charactersတွေကိုသိမ်းပေးထားနိုင်သလို E-reader screenအရွယ်အစားနဲ့အညီ စာဖတ်သူလိုချင်တဲ့ စာရွက်ပုံစံအနေအထားကိုချိန်ညှိပေးနိုင်တာရယ် စာလုံးတွေကိုစိတ်ကြိုက်ပြောင်းလဲလို့ရတာတွေရယ်ပဲဖြစ်ပါတယ်။

EPUBရယ် MOBIရယ် AZWရယ်ထဲမှာ ဘယ်ဖိုင်အမျိုးအစားကအကောင်းဆုံးဖြစ်မလဲ။

အခုလောက်ဆိုရင်တော့ e-bookဖိုင်အမျိုးအစားတော်တော်များများကို စာဖတ်သူသိလောက်ပြီထင်ပါတယ်။ ဖိုင်အမျိုးအစားအမျိုးမျိုးထဲကနေမှ စာဖတ်သူကိုခေါင်းစားစေမယ့်ရွေးချယ်မှု၃ခုကတော့ EPUB၊ MOBI နဲ့ AZWတို့ပဲ ဖြစ်ပါတယ်။

စာဖတ်သူက e-readerတော်တော်များများဖတ်လို့ရမယ့်ကွန်ပျူတာထဲမှာ အရွယ်အစားတော်တော်ကြီးမယ့်e-book စာအုပ်စင်တစ်ခုကိုလိုချင်တယ်ဆိုရင်တော့ EPUBကိုရွေးချယ်ပါ။ Kindleနဲ့ပဲအဓိကထားပြီးစာဖတ်မယ့်သူဆိုရင်တော့MOBIက ပိုပြီးသင့်လျော်ပါတယ်။ AZWလိုမျိုး လုပ်ဆောင်ချက်အများကြီးမပါပေမယ့် e-readerတော်တော်များများမှာ MOBIဖိုင်အမျိုးအစားတွေကိုဖတ်လို့ရပါတယ်။

​ဒီဆောင်းပါးကိုဖတ်ပြီးရင်တော့ ကိုယ့်e-readerနဲ့ကိုက်ညီတဲ့ e-bookဖိုင်အမျိုးအစားကို သေချာစွာရွေးချယ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________