Skip to main content

Mi A1 နဲ့ မြန်မာစာ

မင်္ဂလာပါ MiA1 နဲ့ ပတ်သက်ပြီး တွေ့နေရတာတွေများလို့ post အနေနဲ့ရေးလိုက်တာပါ။ တစ်ယောက်ချင်းကို လိုက်ပြောနေတာ မပြီးတော့လို့ပိုစ်ရေးလိုက်တာပါ။MiA1 က Xiaomi နဲ့ Google ပူးပေါင်းပြီးထုတ်တဲ့ ဖုန်းပါ။ ပုံမှန်ဖုန်းတွေလို MIUI မဟုတ်ပဲနဲ့ Google ရဲ့ Pure Android လို့ခေါ်တဲ့ ဘာမှ အလှပြင်ထား ဆင်ထားတာမရှိတဲ့ android စစ်စစ် နဲ့ run ထားတဲ့ Android One ဖုန်းပါ။ Android version အသစ်ထွက်ရင် Android One ဖုန်းတွေက အရင်ဆုံး update ရတာပါ။ပြီးမှကျန်တဲ့ဖုန်းတွေကရတာပါ ။
Pure Android တိုင်း Default Myanmar Font က Unicode Font ဖြစ်တဲ့ Google NotoSan Myanmar font ပါပါတယ်။
အဲ့ဒါကို မြန်မာနိူင်ငံမှာက လူသုံးများတဲ့ ဇော်ဂျီ font ကို ထည့်ပြီးသုံးတဲ့အခါ System Update မရ ဖြစ်ကုန်ကြတာပါ။ဘာလို့မရသလဲဆိုတော့ ဇော်ဂျီfont ထည့်ဖို့ bootloader unlock လုပ်ပြီး TWRP recovery ထည့်ရပါတယ်။ အဲ့ဒီလိုထည့်လိုက်တဲ့အခါ System recovery ကို TWRP က replace လုပ်လိုက်တဲ့အတွက် system update လုပ်လို့မရဖြစ်သွားတာပါ။ အဲ့သလို system update fail ပြနေရင် full rom ကို PC ကနေတင်မှပဲရတော့မှာပါ။

ပြောလက်စနဲ့ ဆက်ပြောလိုက်ပါဦးမယ်။ ဘာလို့ Android One ကိုင်သင့်သလဲ ဆိုတဲ့ အကြောင်းပေါ့။ Android မှာ တစ်လတစ်ခါ security update ပေးပါတယ်။ အဲ့ဒါက antivirus definition update လိုပေါ့။

Virus တွေရဲ့  ရန်ကနေကာကွယ်ဖို့ မိမိရဲ့ဖုန်းမှာ latest security patch ဖြစ်နေဖို့လိုပါတယ်။ အဲ့အတွက် Android One တွေ မှာပဲ တစ်လတခါ update ရမှာပါ။ နောက်ပြီး OS update ပေးတာကလည်း ဖုန်းစထွက်ပြီး ၂ နှစ်ကြာတဲ့အထိ အဲ့ဒီဖုန်းကို Google က  update ပေးမှာပါ။ ဒါ့ကြောင့် Android version အသစ်ထွက်တာနဲ့ သုံးချင်တဲ့သူတွေအတွက် Android One က အဆင်ပြေမှာ  ဖြစ်ပါတယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________