Skip to main content

စပူတီဖိုင်း ဒေါင်းလုဒ်ဒါ

 အရင်က သီချင်းတွေ download လုပ်ချင်ရင် website ပေါင်းစုံ ရှာရဖွေရနဲ့ ဂျင်းမိတာတွေလည်း ရှိရဲ့။ အခုတော့ streaming တွေ လည်း ရှိလာတော့ အတော် အဆင်ပြေနေပြီပေါ့။ ပြဿနာက data ဈေးတွေက တက်၊ ကိုယ်ကလည်း အင်တာနက် အမြဲ မရနေတော့ offline နားထောင်တာကိုပဲ အားသန်နေတုန်း။ အဲ့တာနဲ့ ဆင်ကြံ ကြံရင်း spotify က သီချင်းတွေ ကို သွားတွေ့တယ်။ ဝယ်နားထောင်ဖို့ကလည်း လစဥ်ကြေးဖိုးက မနည်းဘူး။ ( အရင်က Joox က သီချင်းတွေ သွားသွား down နေတာလေ )




အဲ့တာ တချို့ spotify downloader တွေကလည်း ဝယ်ရတာများတယ်။ အဲ့တာ လိုက်ရှာရင်း ဒီ telegram bot လေးကို သွားတွေ့တယ်။ ဘာမှ မခက်ဘူး။ ကိုယ် download လုပ်ချင်တဲ့ သီချင်းရဲ့ spotify link ကို ဒီမှာ သွားပို့လိုက်တာနဲ့ သီချင်းကို download လုပ်ပြီး ပြန်ပို့ပေးတယ်။ အေးဆေး down ပြီး ဖုန်းထဲ ထည့်ယုံပဲ။ Album link ပို့လိုက်ရင် album တခုလုံးစာ ပြန်ပို့ပေးတယ်။






android ဖုန်း နဲ့ web telegram or telegram desktop app ကနေဆို ပိုအဆင်ပြေမယ်။ iOS ကတော့ သိတဲ့အတိုင်းပဲ Music ထဲ ရောက်မှာ မဟုတ်ဘူး။ 


https://t.me/Spotify_downloa_bot



တခါတလေ ဆာဗာ ကျရင်တော့ နည်းနည်း စောင့်ရတတ်တယ်။ လူသုံးနည်းသွားတဲ့အချိန်ဆို မြန်တယ်။ 

တင်ထားတဲ့ သီချင်း ပေါ် မူတည်ပြီး တချို့ သီချင်းတွေဆို flac Hi-Res တွေပါ ရတယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________