Skip to main content

LensBaby Trio

Lensbaby ကို စတွေ့ကတည်းကသဘောကျပေမယ့် ဝယ်ဖို့ ပိုက်ဆံမတတ်နိူင်တာရော online ကဝယ်မှပဲ ရတာကြောင့်ရော ဘယ်mount အတွက်ဝယ်ရမယ်မှန်းဆုံးဖြတ်လို့မရတာကြောင့်ရော မဝယ်ဖြစ်ခဲ့ဘူး။ အဲ့ဒါနဲ့ ခုကျတော့ အမတစ်ယောက်က သူ့ဆီမှာ lens တစ်ခု အပိုရှိနေတယ်။ သူက canon ပဲကိုင်တာ ဆိုတော့ သူလည်း မသုံး ၊ကျွန်တော့်မှာ fujifilm xt20 ရှိမှန်း သိသွားတော့ x mount နဲ့ lens အပိုကို ကျွန်တော့်ကို လက်ဆောင် ပေးလိုက်တာနဲ့ အတော်ပဲ    ဖြစ်သွားရော။


Lensbaby trio ဆိုတဲ့အတိုင်း sweet, valvet နဲ့ twist သုံးခုစလုံးကို lens တစ် ခုထဲမှာသုံးလို့ရအောင် လုပ်ပေးထားတာပါ။ Fuji xt20 မှာ တပ်သုံးတာဆိုတော့ fuji ရဲ့ film simulation တွေနဲ့ ပေါင်းသုံးလိုက်တော့ အတိုင်းထက်အလွန်ပေါ့။ Fuji မှာ တပ်သုံးဖို့ အရင်ဆုံး auto focus ကို manual ကို ပြောင်းရပါတယ်။ နောက်ပြီးတော့ setting ထဲမှာ shoot without lens ကို on ပေးရပါမယ်။ ပြီးရင် manual focus ဖြစ်တဲ့အတွက် focus peak ကို ဖွင့်ပေးရပါမယ်။ ကျွန်တော်ကတော့ Red ကိုပဲ သုံးပါတယ်။ ( Focus peak ဆိုတာ lens က manual focus ဖြစ်တဲ့အတွက် ဘယ်နေရာကို focus ဖြတ်တယ်ဆိုတာ သိဖို့အတွက် focus ဖြတ်တဲ့ နေရာကို အနီရောင်နဲ့ ပြပေးတာဖြစ်ပါတယ် )
  Trio 28 ဆိုတဲ့အတိုင်း 28mm ဆိုတော့ fuji ရဲ့ crop factor 1.5 နဲ့ မြှောက်လိုက်ရင် 42mm full frame equivalence တော့ ရပါတယ်။ နောက်ပြီး f 3.5 နဲ့ aperture အသေပါ။ lens ရဲ့ sharpness ကလည်း တော်တော်ကိုကောင်းပါတယ်။
တစ်ချို့ဓါတ်ပုံတွေကတော့ စမ်းစရာ မော်ဒယ် မရှိလို့ ကိုယ်ကိုယ်တိုင်ပဲ မော်ဒယ်လုပ်ထားရတာပါ။ရုပ်ဆိုးဆိုးကြီးကို သည်းခံကြည့် ကြပါကုန်။

Sweet

Sweetနဲ့ရိုက်ထားတဲ့ ပုံပါ ။ Photo Courtesy of Ye Thway.

Twrist

Twist ကို ဘာသဘောကျသလဲဆိုရင် အလယ်က subject ကလွဲလို့ ကျန်တဲ့ ပတ်ပတ်လည်က အကုန် curve တွေ ဖြစ်ကုန်တာပဲ။ line တွေ များတဲ့နေရာမှာရိုက်မယ်ဆိုရင် တော်တော်လှမယ်လို့  ထင်ရတာပဲ။


Portrait




Valvet
Valvet ကတော့ ပုံရဲ့အလယ်မှာ focus ပြတ်ပြီး ဘေးတွေမှာ glow နေတာကို တွေ့ရမှာပါ။


Double Exposure

နောက်ဆုံးအမိုက်စားတစ်ခုက effect တွေ ကို သူ့ marking နေရာ တည့်တည့်မထားပဲ ကြားထဲထား လိုက်တဲ့အခါမှာ double exposure ပုံတွေ ထွက်လာတာကိုပဲ။
Camera နဲ့ပဲ creative optical effects တွေ ဖန်တီးလိုတဲ့သူတွေအတွက်တော့ lensbaby က တော်တော်လေးကို အသုံးဝင်ပါတယ်။

ဒီဗီဒီယိုကတော့ lensbaby ရဲ့ official tutorial ပါ။

 

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________