Skip to main content

Posts

Showing posts from 2025

The END of mm lib

စာရေးဆရာလို့ ခေါ်တဲ့ သူ တစ်ယောက်က လာပြောလို့ပါ။ Vision တွေ တူပေမယ့် mission တွေ မတူကြလို့ပါ တဲ့။ ကျွန်တော့် vision က လူတွေကို စာဖတ်စေချင်တယ်။ စာအုပ်တွေကို နေရာတိုင်းမှာ ရှိစေချင်တယ်။ ဒီအတွက်နဲ့ mm lib ကို လုပ်ခဲ့တယ်။ သိတာပေါ့။ copy right ပြဿနာရှိနေတယ်ဆိုတာကို။ အခု ခေါင်းထဲ ဖြတ်ခနဲ ဝင်လာတာက ကျွန်တော့် mm lib ကို ဖျက်ချခိုင်းတယ် ဆိုတော့ စာရေးဆရာတွေက လူတွေကို စာဖတ်စေချင်ကြတာလား။ သူတို့ စာအုပ်တွေကို ရောင်းအားတက်စေချင်တာလား။ ကိုယ် အားစိုက် အားထုတ်ပြီး ရောင်းရတဲ့ စာအုပ်လေးတွေ ရောင်းအားတက်စေချင်တော့ သဘာဝကျပါတယ်။ ဒါပေမယ့် လူတွေ စာဖတ်တာကို ကန့်ကွက်တာကြီးက ကျတော့ ကျွန်တော့်အတွက် အဆင်မပြေနေဘူးလေ။ ဒါပေမယ့် ကျွန်တော်က ကျွန်တော်ပဲလေ။ သူတို့ကလည်း သူတို့ပဲ။  တစ်ကွေ့မဟုတ် တစ်ကွေ့တော့ တွေ့မယ် ဆိုပြီး နေနေတာပဲ။ အခုတော့ တွေ့ပြီပေါ့။ အဲ့တော့လည်း mm-lib လေးကို ဖျက်ချပေးလိုက်တော့တာပါပဲ။ ဒါပါပဲ။ ၅ နှစ်လောက်တော့ အသက်ရှိသွားတာပါပဲ။  Web developer တွေ ဖြစ်တဲ့ ဖော့တုံး၊ ဟိန်းသူရဝင်း နဲ့ ကျော်ဇေယျ တို့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်။ Banner အတွက် ဓါတ်ပုံပေးခဲ့တဲ့ မရွှေဝါဖူး ကိုလည်း ကျေးဇူးတင်ပါတယ်။...

Smart Tags

     လူတွေက အလွယ်ပြောနေကြတာက GPS tracker တွေတဲ့။ တကယ်တော့ GPS tracker ဟုတ်မနေပါဘူး။      ကလေးတွေ ကို လိုက်ရှာရလွယ်အောင် ဘယ်နားရောက်နေလဲ သိအောင် ကလေးနဲ့အတူ ထည့်ထားပေးလို့ရတယ်။ စက်ဘီး တွေ ဆိုင်ကယ်တွေ ကို ဘယ်ရောက်နေလဲ သိအောင် ကြည့်လို့ရတယ်။ ကျွန်တော်က လေဆိပ်မှာ luggage ခဏတိုင်း လိုက်ရှာရလို့ luggage ထဲ ထည့်ထားတယ်။ ပိုက်ဆံအိတ် ဘယ်နားချထားမိမှန်းမသိလို့ ပိုက်ဆံအိတ်ထဲ ထည့်ထားတယ်။ အိမ်သော့ စက်ဘီးသော့ ခဏတိုင်းပျောက်လို့ သော့ချိတ်နဲ့ တွဲထားတယ်။ အဲ့တော့ ပျောက်ပြီဆိုရင် Apple Find My app ကနေ အသံနဲ့ပြန်ရှာလို့ရတယ်။ တည်နေရာကိုပြပေးတယ်။      ဒီကောင်တွေ အလုပ်လုပ်ပုံကို ရှင်းပြမှရမယ်။ GPS TRACKER လို့သာ အလွယ်ခေါ်တာ။ ဒီကောင်တွေကိုယ်တိုင်မှာ GPS မပါဘူး။ သူ့အနီးအနားမှာ ရှိတဲ့ Apple device တစ်ခုခု ကို ဒီကောင်က လှမ်းချိတ်တယ်။ အဲ့ကနေ GPS signal ကို ယူတယ်။ပြီးမှ ပိုင်ရှင်ဆီကို GPS location ပြန်ပို့တယ်။ အဲ့လိုပို့ဖို့ကိုလည်း ဘေးနားရှိတဲ့ apple device ကိုပဲ သူက သုံးရတာ။ ဒါက အလွယ်ကူဆုံး ရှင်းပြတာ။ အဲ့တော့ ဘာ မကောင်းဘူးလဲဆို သူ့ဘေးနားပတ်ဝန်းကျင်မှာ iPhone iPad မရှိရင် ...

Spotify Mod

Spotify ကို premium ဝယ်မသုံးချင်လို့ crack တွေ patch တွေ လိုက်ရှာရင်း အတုတွေပဲ တွေ့နေတော့ reddit မှာ သွားကြည့်တော့ revance ကို သွားတွေ့တယ်။  Spotify က premium ရပြန်တော့ မြန်မာ region မရပြန်ဘူး။ အဲ့တော့ VPN လိုပြန်ရော။ ဒါကလည်း မြန်မာကသုံးမှပဲ လိုတာ။ မြန်မာက မဟုတ်ရင် မလိုဘူး။ ကိုယ့် account ရဲ့ region အလိုက် VPN သုံးမှ Spotify က ရတယ်။ လိုအပ်တဲ့ app တွေက  Anti Split M သူက Play store က down ထားတဲ့ app ကို apk file အနေနဲ့ပြန်ထုတ်ပေးဖို့ လိုတာ။  https://github.com/AbdurazaaqMohammed/AntiSplit-M Revanced  သူကတော့ patch လုပ်ပေးတဲ့ app ပေါ့။  https://revanced.app/ အရင်ဆုံး Spotify app ကို Play store ကနေ download and install လုပ်။  ပြီးရင် Anti Split M ကနေ Spotify ကို apk အနေနဲ့ပြန်ထုတ်။ ပြီးရင် install ထားတဲ့ Spotify ကို uninstall လုပ်။ ပြီးရင် Revance app ကိုဖွင့်။ စောန Anti Split ကနေ ထုတ်ထားတဲ့ apk file ကို ရွေးပေး patch လုပ်။ patch လုပ်ထားတဲ့ apk ကို install လုပ်။ ပြီးရင် Spotify ကို email နဲ့ log in ဝင်။ သုံးလို့ရပြီ။

The Best Songs to Test IEMs

IEM စမ်းဖို့ Tidal Playlist ပါ။ https://tidal.com/playlist/f4b0775c-2f5a-4687-be5d-e6ccefd9e07f I. Sub-Bass Extension & Seal Integrity 1. "Angel” – Massive Attack 2. “Doin’ It Right” – Daft Punk 3. “Silent Shout” – The Knife 4. "m.A.A.d city” – Kendrick Lamar 5. "Hip Hop” – Dead Prez II. Mid-Bass Punch & Control 1. “When the Levee Breaks” – Led Zeppelin 2. “Wanna Be Startin’ Somethin'” – Michael Jackson 3. "Another One Bites the Dust” – Queen 4. "Intergalactic” – Beastie Boys 5. "Soutra” – Alpha Blondy III. Vocal Clarity & Midrange Presence 1. "Hallelujah” – Jeff Buckley 2. "Fields of Gold” – Eva Cassidy 3. "Lost on You” – LP 4. "Bridge Over Troubled Water” – Simon & Garfunkel 5. "Shallow” – Lady Gaga & Bradley Cooper IV. Treble Detail & Sibilance Control 1. "Style” – Taylor Swift 2. Vivaldi “Winter” – The Four Seasons 3. "YYZ” – Rush 4. "Aja” – Steely Dan 5. "Clarity” – Z...

MYANOCR

 ကို ငြိမ်းချမ်းကိုကိုရဲ့ Myan OCR ကို သုံးပြီး pdf file က မြန်မာစာတွေကို text အနေနဲ့ ပြန်ထုတ်တာကို video tutorial လုပ်ထားတာပါ။ MacOS မှာတော့ pdf file ကနေ စာမျက်နှာတွေကို ခွဲထုတ်လို့ လွယ်ပါတယ်။ Window နဲ့ Linux မှာတော့ ဘယ်လိုလုပ်ရမလဲ ရှာလိုက်ပါဦးမယ်။ 

Linux to Android & Android to Linux

 Linux သုံးတဲ့ သူတွေအတွက် android ဖုန်းတွေကနေ wireless file transfer လုပ်ဖို့ app အသစ်ထွက်လာပါပြီ။ ANDROID ရဲ့ Quick Share နဲ့ အလုပ်လုပ်တာဆိုတော့ android phone မှာ ဘာ app မှ ထပ်ထည့်ဖို့ မလိုတော့ဘူး။ စမ်းပြီးမှ post ကို update ထပ်လုပ်လိုက်မယ်။ အခုက တွေ့တွေ့ချင်း ရေးလိုက်တာမို့။ https://github.com/nozwock/packet

ကယောင်ကတမ်းရေးမိတဲ့စာ

အစက ကိုယ် အသည်းကွဲနေတာကို လူသိအောင် ထုတ်ပြ ထုတ်ပြောဖြစ်တယ်။ နောက်ပိုင်းကျတော့ ကိုယ့်ဘေးက လူတွေပါ ပူလောင်လာတာကိုသိရတော့ ဘယ်သူ့မှ မပြောဖြစ်တော့ပဲ တိတ်တိတ်လေးပဲ အသည်းကွဲတော့တယ်။ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတဲ့ လူတစ်ယောက်က အခုကျတော့ ကိုယ်မပါပဲ ခရီးဆက်နေပြီပဲ မဟုတ်လား။ ကိုယ့်ကို မလိုအပ်တော့တဲ့ လူတစ်ယောက် အတွက်နဲ့ ကိုယ်လည်း စိတ်ညစ်မခံချင်တော့တာနေမယ်။ ဘာလို့အသည်းကွဲသလဲဆိုတော့ တခါတလေ သတိရမိသွားလို့ပေါ့။ သတိမရအောင်တော့ အတတ်နိုင်ဆုံးနေတာပဲ။ အကျိုးအကြောင်းတွေတိုက်ဆိုင်လာတဲ့အခါ သတိရမိသွားတာပေါ့။  Credit to Min PK      သူနဲ့ပတ်သတ်သမျှ အရာရာ မေ့ပစ်ထားခဲ့ မတွေးမိအောင် နေခဲ့ပေမယ့် အိပ်မက်တွေကိုတော့ တားလို့မရခဲ့ပါဘူး။ တခါတလေ အိပ်မက်ထဲမှာ လာငိုနေတော့လည်း ကိုယ်က ဒီအတိုင်း မနေနိုင်ပြန်ဘူးကွယ်။ သတိရမိပြန်တာပေါ့။ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး တွေးပူနေမိပြန်ရော။ ကိုယ်မရှိလည်း ဖြစ်တဲ့ လူတစ်ယောက်က ဘာလို့ အိပ်မက်ထဲအထိ လာပြီး ငိုပြနေရတာပါလိမ့်ဆိုတာလည်း ဆက်စပ်တွေးလို့ မရခဲ့ပြန်ဘူး။ အိပ်မက်တွေက တကယ်လား။ ရုတ်တရက် နားထဲကြားလိုက်ရတဲ့ ခေါ်သံတွေကရော တကယ်ပဲလား။ ဘယ်လိုမှ တားမရ ဖြစ်နေတဲ့အိပ်မက်တွေ ခေါ်သံတွေက...

Budget Android Tablet

 တကယ်လို့ မိတ်ဆွေက ဈေးနှုန်းသက်သာတဲ့ tablet တစ်လုံးကို ရှာနေတာဆိုရင် ဒီပိုစ့်က မိတ်ဆွေအတွက်ပါပဲ။ (ဟီး ဟို ရီဗျူးသမား အသံနဲ့ ရေးကြည့်တာ) Redmipad SE ပါ။ On Paper ပေါ်က Spec တွေ ရွတ်မပြတော့ပါဘူး။ သိချင်ရင် ဒီမှာ ဝင်ကြည့်ပါ။   redmi pad se specification on GSMArena Title က budget ဖြစ်နေပေမယ့် ၈ သိန်းတန်ကို budget လို့ ဘာလို့ပြောရသလဲ ဆိုပြီး မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ သူ့ထက် ဈေးနည်းတဲ့ tablet တွေလည်း ရှိပါတယ်။ သူနဲ့ ဈေးတူပြီး သူ့ထက် specification ပိုကောင်းတဲ့ tablet တွေလည်း ရှိပါတယ်။ Performance အကောင်းဆုံးနဲ့ ကျွန်တော့် စိတ်တိုင်းအကျဆုံး ကို ဈေးအနည်းဆုံး နဲ့ ရနိုင်တာ ဒီကောင်မို့ပါ။ ဥပမာ redmi pad 8.7 inch ဆိုရင် ဒီကောင့်ထက် ဈေးနည်းပါတယ်။ sim card ထည့်လို့ရပါတယ်။ ဒါပေမယ့် SoC က စုတ်နေတော့ လေးတာ နှေးတာတွေရှိပါတယ်။ ဈေးတန်းတူတာထဲကဆို huawei 11.5 matepad ရှိပါတယ်။ ဒါပေမယ့် Google apps တွေ သုံးလို့ အဆင်မပြေပါဘူး။ အဲ့ဒါကိုလည်း မြန်မာက ရီဗျူးလုပ်တဲ့သူတွေက သူတို့ video တွေထဲမှာ ရသလိုလို မရသလိုလို မရေမရာ ပြောပါတယ်။ honestly မပြောပါဘူး။ လမ်းကြုံလို့ ပြောရရင် မြန်မာပြည်က tech review သမ...

iPhone Secondhand ဝယ်မယ်ဆိုရင်

 မဝယ်တာကတော့ အကောင်းဆုံးပေါ့။ ဝယ်ရင် အသစ်သာဝယ်။ အသစ်နဲ့ secondhand နဲ့ ခွဲရတာကလည်း iPhone က လွယ်တယ်။ IMEI ဒါမှမဟုတ် serial number ကို apple website မှာ ရိုက်ထည့်လိုက်တာနဲ့ အသစ်လား အဟောင်းလား တန်းသိတယ်။ Phone ထည့်တဲ့ ဘူးအခွံပေါ်က serial number ကို ဒီ website မှာ ရိုက်ထည့်ယုံနဲ့ ကြည့်လို့ရတယ်။ Check Your iPhone အဟောင်းဝယ်ရင် ကြုံရမှာတွေကတော့ အများကြီးပဲ။ ကျွန်တော် လက်လှမ်းမီသလောက်တော့ ပြောပြမယ်။  ရောင်းတဲ့သူကို Display  လဲ ထား မထား အရင်မေးကြည့်ရမယ်။  လဲထားရင် Face ID မရတာ ဖြစ်တတ်တယ်။ True Tone မရတာ ဖြစ်တတ်တယ်။ Apple Authorized မှာ လဲရင်တော့ အဲ့ error တွေ မရှိဘူး။ ခုနောက်ပိုင်း အပြင်က ဆိုင်တွေမှာပါ Face ID ရော True Tone ရော ရအောင် လုပ်လို့ရနေပြီ။ ဒါပေမယ့် အဲ့ စက်တွေက ဖုန်းပြင်တဲ့ ဆိုင်တိုင်းမှာ မရှိဘူး။ ဒီဟာက Display လဲထားပြီး True Tone အလုပ် မလုပ်တော့တာ။ ဒါက Original Display မှာ ပါတဲ့ True Tone နောက်တခုက Face ID ပြဿနာ။ သူကလည်း Depth camera ထဲ ရေဝင်တာ ဖြစ်ဖြစ်၊ Display လဲလိုက်တာ ဖြစ်ဖြစ် ဆို ပျက်တာပဲ။ Depth camera လဲရင်လဲ မဟုတ်ရင် original Display ကို apple authorized s...

Plain Text

 Blog မှာ စာရေးတာတွေကို တိုက်ရိုက် မရေးနိုင်ပါဘူး။ အင်တာနက် မရတဲ့ ဒေသမှာနေရတဲ့သူဖြစ်နေတာရယ်၊ chromium ရဲ့ မြန်မာစာ ပြဿနာရယ်နဲ့ တခါတည်း မရေးဖြစ်ပဲ ဖုန်းထဲက notepad လေးထဲမှာ အရင်ရေး၊ ပြီးမှ blogger မှာ လာပြီး paste လုပ်ရတာပေါ့။ အဲ့မှာ ဘာပြဿနာ ကြုံရသလဲဆိုတော့ formatting တွေ မတူတာပေါ့။ notepad ထဲက စာကို ဒီမှာ paste လိုက်တဲ့ အခါမှာ font သေးသွားတာတွေ၊ စာလုံးတွေ တအားကပ်သွားတာတွေ၊ font style ပြောင်းသွားတာတွေ နဲ့ ကြုံရပါလေရော။ အဲ့တာနဲ့ ဘယ်လို လုပ်ရပါ့ ဆိုပြီး လိုက်ရှာကြည့်တော့ ဒီ software ကို သွားတွေ့တယ်။ ဒီကောင် လုပ်ပေးတာ ရှင်းရှင်းလေးပဲ။ Copy ကူးလိုက်တဲ့ text တွေရဲ့ formatting တွေ ဖျက်ချပစ်ပြီး text only ပဲ ဖြစ်အောင် လုပ်ပေးတယ်။ ကျွန်တော် လိုချင်တာလည်း ဒါပဲ ဆိုတော့ ဒီကောင်လေးကို ဆက်သုံးဖြစ်နေတယ်။ ကျွန်တော့်လို လိုအပ်တဲ့သူတွေများ ရှိမလားဆိုပြီး လာပြီး sharing လုပ်တာပါ။  Remove all kinds of formatting from your copied text, instantly and automatically before you paste them out.  With one click, you can clear your copied text of all formatting, including font, size, color, and hype...

Mijia Coffee Capsule Machine

 ဒါကတော့ Xiaomi က ထုတ်တဲ့ mijia capsule coffee machine ပါ။ Nespresso capsule ထည့်ရပါတယ်။ espresso နဲ့ americano ၂ မျိုး ထုတ်လို့ရပါတယ်။ ဟိုးအရင်ကတော့ local ကနေ capsule တွေ မထုတ်တော့ Starbucks ကိုပဲ အားကိုးခဲ့ရတာပါ။ အခုတော့ Genius နဲ့ SawBwar Coffee ကနေပြီး nespresso capsule တွေ ထုတ်လာပါပြီ။ Genius က capsule တစ်ခုကို ၉၀၀ ဝန်းကျင် နဲ့ စော်ဘွားကတော့ တစ်ခုကို ၃၀၀၀ ဝန်းကျင်လောက် ကျပါတယ်။ Starbucks ကလည်း capsule တစ်ခုကို ၂၇၀၀ ဝန်းကျင် ကျပါတယ်။ Starbucks ကတော့ ရောင်းတဲ့ဆိုင် အပေါ်မူတည်ပြီး ဈေးကွာပါလိမ့်မယ်။ ကျွန်တော့် personal taste အရဆိုရင် စော်ဘွားကော်ဖီက Starbucks အရသာကို မှီပါတယ်။ ကော်ဖီ bean ကျ စော်ဘွားက Starbucks ထက် တစ်ဝက် ဈေးသက်သာပါတယ်။ Capsule ကျမှ ဈေးကြီးနေတာပါ။      ခလုတ်က ၂ ခါ ပါပါတယ်။ တစ်ခုက espresso ထုတ်ပေးပြီး နောက်တစ်ခုက americano ထုတ်ပေးပါတယ်။ ကော်ဖီသောက်ချင်လို့ အိမ်အလည်လာမယ်ဆို ကိုယ့်ဟာကိုယ် capsule ဝယ်ခဲ့ကြပါနော်။ ကျွန်တော်လည်း capsule ဖိုးမရှိလို့ ကော်ဖီ မသောက်ရတာ ကြာနေပါပြီ လို့။ 

Flashing Stock Pixel rom on Mac OS

အရင်ဆုံး stock rom ကို down ပြီး extract လုပ်ပါ။  Stock Rom ကို Download လုပ်ရန် Link https://developers.google.com/android/images ပြီးရင် Android SDK ဖြစ်တဲ့ adb and fastboot ကို down ပြီး extract လုပ်ပါ။  https://developer.android.com/tools/releases/platform-tools Android SDK ကို extract လုပ်ပြီး ရလာတဲ့ file တွေကို စောန stock rom ကို extract လုပ်ထားတဲ့ folder ထဲ အတူတူထည့်ထားလိုက်ပါ။  ပြီးရင် fastboot ကို permission ပေးရပါ့မယ်။  Sudo chmod +x fastboot  လို့ ရိုက်ပါ။  Permission ပေးပြီးရင် stock rom folder ထဲက flash all . sh file ကို text editor တစ်ခုခုနဲ့ ဖွင့်ပါ။ အထဲက command တွေကို terminal မှာ တစ်ခုပြီး မှ တစ်ခု ရိုက်ပါ။  

ဒါက လိုတိုရှင်းနဲ့ အမြန်ဆုံး stock rom flash တဲ့နည်းပါ။ ဒီနည်းကို Linux နဲ့ Window မှာလည်း သုံးနိုင်ပါတယ်။ 

Useful blog

 ဆရာဖြိုးကျော်ရဲ့ စာမူတွေကို ဖတ်ပေးနေရင်း တချို့စာလုံးတွေ သတ်ပုံတွေ ဘယ်ဟာအမှန်လဲ လိုက်ရှာရင်းနဲ့ ဒီ blog လေးကို တွေ့တာနဲ့ ဒီမှာ လာ သိမ်းဖြစ်တာ။ သူ့ဆီမှာ ရေးထားတာတွေ အကုန်က မြန်မာစာ အတွက် တကယ်ကို အသုံးဝင်တယ်။  https://saiaungwon.blogspot.com/